News @ M-Media

Blog

  • သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

    သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

    ရဲရင့်သစ္စာ

     

    စကားပလ္လင်

    ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ“ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်” လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ရဲ့ဘွဲ့အမည် ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော် ကတော့ အဲဒီစာအုပ်ကိုသမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင် လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။

    အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်းဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာ ရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင် မဟုတ်ဟုသာ ယူဆမိပါသည်။) အတွက် သမိုင်းကြောင်းတွေကို နားမလည်တာ၊ အလွဲအမှားတွေရေးတာဟာ မထူးဆန်းလှ ပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန် (အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။)  ဖြစ်နေလို့ပါဘဲ။ အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ်အမှာစာ စာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်းဖြတ်ပေးခဲ့တဲ့ ဆရာကြီးများ ရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ထားပါတယ်။

    ကျွန်တော့် အနေနဲ့ အဲဒီ အမှာစာပါ ဆရာကြီးများရဲ့ အမည်တွေကို ကူးယူ ဖော်ပြပေးချင်ပါတယ်။

    ၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်

    ၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘွဲဂျွန်

    ၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်

    ၄။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊

    ၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ)      ဆရာကြီး ဦးထွန်းအောင်ချိန်

    အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့ အစည်းတွေ ကလေးစားအပ်တဲ့ပညာရှင်ကြီးများ ကိုယ်တိုင်စာမူကို ဖတ်ရှုတည်း ဖြတ်ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်းအကြောင်းအရာ အတော်များများဟာ အလွဲ ကြီးလွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်း မိပါတော့တယ်။

    ကျွန်တော်ဟာ သမိုင်းပညာရှင်တစ်ဦး လုံးဝမဟုတ်ပါဘူး၊သို့သော် သမိုင်း ပညာရပ်နဲ့ပညာရှင်တွေကို ချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်း ပညာရပ် ကို သီးသန့်အချိန်ပေးအလွတ်တမ်း လေ့လာလိုက်စားဖြစ်ပါတယ်။

    ကျွန်တော်လေးစားရတဲ့မြန်မာနိုင်ငံကသမိုင်းပညာရှင်ကြီးတွေထဲက ပညာ ရှင်ကြီးအချို့ရဲ့ အမည်တွေကိုရွတ်ပြရရင်ဖြင့်…..

    ၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း

    ၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်

    ၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်

    ၄။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း

    ၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်

    စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင် ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့သမိုင်းကိုသစ္စာဖောက်တဲ့၊ မတည်ကြည် မဖြောင့်မတ်တဲ့ လူ သားတစ်ယောက် အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။

    အဲဒီအဖြစ်မျိုး ရောက်မှာကိုတော့အလွန်ရွံကြောက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာ အယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင် ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကိုသိသိကြီးနဲ့အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက် တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ်ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်း သဘောတူမယ်လို့ ယုံကြည်မိပါတယ်။

    တာလီဘန် နှင့် ဗာမီယန်

    လေးစားအပ်တဲ့စာရှုသူတို့ခင်ဗျား- အခုအချိန်ကစလို့ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ရေးသားပြီး ခေတ်ပညာတတ်ဆရာကြီးများကိုယ် တိုင်ဖတ်ရှုတည်းဖြတ် ပေးထားတဲ့ “ဗုဒ္ဓဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့်”စာအုပ်ပါ သမိုင်းအလွဲအမှားတွေကို ကျွန်တော်အခိုင်အမာသိသလောက် ပြင်ဆင်ပေးမှာဖြစ် သလို စာဖတ် သူတွေအထင်အမြင်လွဲမှားစေမယ့်အရေးအသားတွေ ၊ ကောက် ယူဆင်ခြင်မှုတွေ ကိုလည်း အကိုး အကားအထောက် အထားအတိအကျတွေနဲ့ ထောက်ပြပြင်ဆင် ပေးသွားမှာဖြစ်ပါ တယ်။ စာရှုသူများကို ပထမဆုံးသိစေချင်တဲ့ သမိုင်းအမှန် တစ်ကြောင်း ကတော့…

    အာဖဂန်နစ္စတန်က တာလီဘန်တွေ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော် တွေကို ဖျက် ဆီးမယ်လုပ်တုန်း က OIC (Organization of Islamic Conference) လို့ ခေါ်တဲ့၊ မွတ်စ်လင်မ် member နိုင်ငံပေါင်း ၅၄ နိုင်ငံ နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးက အစည်းအဝေးခေါ်ပြီး statement ထုတ်ကန့်ကွက်ခဲ့ပါတယ်။ Islamic နိုင်ငံလို့ ကြေညာထားတဲ့ဆော်ဒီအာရေဗျနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့က ရုပ်ပွါးတော် တွေကို မဖျက်ဆီးဖို့တားမြစ်ကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်သမ္မတပရ်ဝေးဇ်မုရှရ်ရဖ် (ပါဗဇ်မုရှာရတ်) က သူ့ရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ Lieutenant General မုအီနွတ်ဒီးန် ဟိုင်ဒရ် ကို ကဘူလ်မြို့အထိစေလွှတ်ပြီး၊ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော်တွေ ကိုမဖျက်ဆီးစေဖို့တာလီဘန်တွေနဲ့ ညှိနှိုင်းစေခဲ့ပါတယ်။ (ကိုးကား-ထိုစဉ်ကရုပ်သံသတင်း/ သတင်းစာ/ ဂျာနယ်များ)

    အစ္စလာမ်သာသနာ ရဲ့အဆုံးအမကို မှန်ကန်စွာသိနားလည် ကျင့်သုံးတဲ့ဘယ် အစ္စလာမ်ဘာသာဝင်ကမှ အဲဒီလုပ်ရပ်ကို မထောက်ခံပါဘူး။ ပြင်းပြင်းထန်ထန်ကိုရှုံ့ချ ပါတယ်။ အာဖဂန်မှာကိုးကွယ်သူ မဲ့စံပယ်နေတဲ့ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖျက်ဆီးတဲ့လုပ် ရပ်ကိုအပြင်းအထန်ရှုံ့ချသလို၊ ဝတ်ပြုသူ တွေနဲ့ပြည့်နှက်နေတဲ့ ဗလီဝတ်ကျောင်းတွေကို ဝင်ရောက်လုယက် အကြမ်းဖက်ဖျက်ဆီးတဲ့ လုပ်ရပ်ဟာလည်း ပြင်းပြင်းထန်ထန် ရှုံ့ချစရာပါဘဲ။

    အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာမျက်နှာ (၄၂၊၄၃) မှာ ရေးသား ထားတာက- “အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသ၌ ယင်းသို့မတည်မငြိမ်ဖြစ်နေချိန်၌ ထိုဒေသ မြောက်ဖက်နယ်နိမိတ်အနီးတွင်အာရပ်မွတ်ဆလင်စစ်တပ်ကြီးဆိုက်ရောက်နေပေ သည်။ ထိုအာရပ်လူမျိုးတို့သည် နယ်မြေ ချဲ့ထွင်ရုံတစ်ခုတည်းမဟုတ်ပေ။ ကမ္ဘာ ကြီး တစ်ခုလုံးကို အစ္စလမ်ဘာသာ ထီးရိပ်အောက် သွတ်သွင်းရေး ဟူသော ရည် ရွယ်ချက်ဖြင့်အင်အားသုံး၍စစ်ပွဲဆင်နွဲနေသူများ ဖြစ်သည်။”

    အထက်ပါအတိုင်းရေးသားထားတဲ့အတွက်….

    အာရပ်မွတ်စ်လင်မ်တွေဟာ အိန္ဒိယကို စတင်ခြေချရောက်ရှိတာဟာ စစ်ပြု နယ်ချဲ့လိုခြင်းရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး၊ အာရပ်မွတ်စ်လင်မ်တွေဟာနယ်ချဲ့ ဝါဒ ကိုကိုင်စွဲသူတွေသာဖြစ်ကြောင်း၊ အင်အား သုံးစစ်ပွဲဆင်နွှဲပြီး လူတွေကို အစ္စလာမ် ဘာသာဝင် ဖြစ်စေဖို့ အစ္စလာမ်ဘာသာ က သင်ကြားထားကြောင်း တည့်တည့် ကြီးဆိုလိုထားသလိုပါဘဲ။ အဲဒီစာပိုဒ်မှာအလွဲကြီး တွေပါရှိပါတယ်။ တစ်ချက်ခြင်းစီ ပြင်ပေးပါ့မယ်။

    (က)    အာရပ်မွတ်စ်လင်မ်တွေ အိန္ဒိယကိုစတင်ခြေချရောက်ရှိခဲ့တာဟာ စစ်တိုက်ဖို့အတွက်မဟုတ်ပါဘူး။ အာရေဗျပင်လယ်ကတစ်ဆင့်အာရပ်ကုန်သည် တွေဟာ ရေကြောင်း ကုန်သွယ်မှုကို အခြေခံပြီး အိန္ဒိယအနောက်တောင် ကမ်းရိုး တန်းမှာ ခရစ် (၇) ရာစုအဆုံးပိုင်းကတည်း ကရောက်ရှိအခြေချ နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှအိန္ဒိယကိုတိုက်ခိုက်ဖို့စရောက်လာတာ လုံးဝ မဟုတ်ပါဘူး။ အာရပ် မွတ်စ်လင်မ်တွေနဲ့အိန္ဒိယဒေသခံဟိန္ဒူဘာသာဝင်၊ဗုဒ္ဓဘာသာဝင်တွေဟာ ကမ်းရိုး တန်းဒေသတစ်လျှောက် မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ပါတယ်။ စီလွန် (သီရိလင်္ကာ) မှာလည်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာအခြေချ နေထိုင်ခဲ့ ပါတယ်။ အဲဒီလိုအတူယှဉ်တွဲနေထိုင်ရင်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာ အစ္စလာမ်ဘာသာကို ဟောပြောပို့ချခဲ့ကြပါတယ်။

    မိမိသဘောဆန္ဒ အလျောက် အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်တဲ့ ဒေသခံတွေအများကြီး ရှိ လာပါတယ်။ ဒီအကြောင်းကို Tara Chand က သူ့ရဲ့ Influence of Islam on Indian Culture စာမျက်နှာ (၃၂) မှာ H G Rawlinson, Francis Day, Sturrock တို့ရဲ့ စာအုပ်တွေ ကိုကိုးကားပြီး အခိုင်အမာကိုရေးသားထားပါတယ်။ မလဘာရ်(Malabar) ခရိုင်ရဲ့ collector တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့တဲ့ စကော့လူမျိုးအရာရှိကြီး William Logan (၁၈၄၁-၁၉၁၄) ရဲ့ Malabar Manual အရဆိုရင် အိန္ဒိယတောင်ပိုင်းချေရာ မင်းဆက် (Chera Dynasty) ရဲ့ ဘုရင် တစ်ပါးဟာ အစ္စလာမ် ဘာသာကိုလက်ခံခဲ့ပြီးနောက် သူ့ရဲ့အထောက်အပံ့နဲ့ မလ ဘာရ်ခရိုင် “ကိုဒွန်ဂုလုရ်” မှာ အေဒီ ၆၂၉က ဗလီဝတ်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီ ဗလီ ကို “ချေရာမန်ဂျုမာ” ဗလီလို့ ခေါ်ပါတယ်။ ယနေ့တိုင်တည်ရှိပါတယ်။ မလဘာရ် ဒေသခံ မွတ်စ်လင်မ် တွေကို မလဘာရီ မွတ်စ်လင်မ် လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ သူတို့ဟာ “ကာကာ” အဖြစ် လူသိများပါတယ်။ သူတို့ဟာ အိန္ဒိယတိုက်ငယ်ရဲ့ ပထမဦးဆုံး အစ္စလာမ်ဘာသာ ဝင် လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာ့သမိုင်းမှာ ထင်ရှားပါတယ်။

    (ခ)     သမိုင်းအမှားကြီးနောက်တစ်ခုကတော့ ဆင်းဒ်ပြည်နယ်(ယခုပါ ကစ္စတန်၏ပြည်နယ်) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အာရပ်မွတ်စ်လင်မ် စစ်တပ် အိန္ဒိယကို စတင်ရောက်ရှိခြေချခဲ့တဲ့ခုနှစ်ပါ။ အေဒီ (၇၂၀) လုံးဝမဟုတ်ပါဘူး။ အေဒီ (၇၁၁-၇၁၂) ပါ။  အဲဒီစစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ အိန္ဒိယ ကို တိုက်ခိုက်နယ်ချဲ့ဖို့မဟုတ်ပါ။ တောင်ပိုင်းဆင်းဒ်ကို အုပ်ချုပ်တဲ့ Rajput ရာဇပုတ္တ စော်ဘွား ရာဂျာဒဟီးရ် ထောက်ပံ့ထားတဲ့ ပင်လယ်ဓားပြတွေ က အာရပ်မွတ်စ်လင်မ်တွေ ရဲ့ ကုန်သင်္ဘော ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရတဲ့အခါ အဲဒီ ပယ်လယ်ဓားပြ တွေကို အရေးယူပေးဖို့ အာရပ်တွေဟာ ရာဂျာဒဟီးရ် ထံ သံအဆက်အသွယ် နဲ့ ငြိမ်းချမ်းစွာကမ်းလှမ်းခဲ့ပါသေးတယ်။ အဲဒီပင်လယ် ဓားပြတွေဟာ သူ့အုပ်ချုပ်မှု အောက်မှာမရှိတဲ့ အတွက်သူအရေးမယူနိုင်ပါလို့ ရာဂျာဒဟီးရ် က ပြန်ကြားခဲ့တဲ့ အတွက် အာရပ်တွေက ရာဂျာဒဟီးရ် ကို ပြန်လည်တိုက်ခိုက်ခြင်းသာဖြစ်ပါတယ်။ ဒါဟာ ဘာသာရေးနယ်ချဲ့တာ မဟုတ်သလို အာရပ်အမျိုးသားရေးစစ်ပွဲ လည်း မဟုတ်ပါဘူး။ နိုင်ငံရေး သက်သက် ကို အခြေခံတဲ့ စစ်သာဖြစ်ပါတယ်။ ဒီသမိုင်း ကြောင်း ဟာ အိန္ဒိယသမိုင်း စာအုပ်တိုင်းလိုလိုမှာ ပါရှိပါတယ်။ နမူနာ အနေနဲ့ C.F De La Fosse ရဲ့ History of India စာမျက်နှာ (၈၆)ကိုရှုပါ။ အာရပ်မွတ်စ်လင်မ် ဗိုလ်ချုပ် မုဟမ္မဒ်ဘင်န်ကာစင်မ် ရဲ့စစ်တပ် ဆင်းဒ်ပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက် ခဲ့တဲ့ ခုနှစ်ဟာ အေဒီ ၇၂၀ မဟုတ်ဘဲ၊ အေဒီ (၇၁၁-၇၁၂)သာ ဖြစ်ကြောင်း ကမ္ဘာ့သမိုင်းစာအုပ်တိုင်း မှာ ဖော်ပြ ပါရှိပါတယ်။ သာဓကအနေနဲ့ ဗြိတိသျှစွယ်စုံကျမ်း (Encyclopaedia Britannica) မှာ လေ့လာကြည့်လိုက်ပါ။

    အာရပ်မွတ်စ်လင်မ်စစ်တပ်ဟာ အေဒီ (၇၁၂) မှာ ဆင်းဒ် ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် အခြားပြည်နယ်၊ ဒေသတွေကို ဆက်လက်တိုက် ခိုက်ခြင်းမပြုတော့ဘဲ ရပ်တန့်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်ဟောင်း ပဏ္ဍိတ် ဂျဝါ ဟရ်လားလ်နေရူး ကိုယ်တိုင်က The Discovery of India စာမျက်နှာ (၂၂၇) မှာ အတိအလင်းရေးသားထားပါတယ်။ဒါ့အပြင် မွတ်စ်လင်မ်တွေ သိမ်းပိုက်ခဲ့တဲ့ဆင်းဒ် ပြည်နယ်နဲ့အိန္ဒိယ ရဲ့ အခြားနယ်ပယ်တွေ အကြား သံတမန်ဆက်ဆံမှုတွေ အပြင်၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ ငြိမ်းချမ်းစွာရှိခဲ့တယ် လို့ အဲဒီစာအုပ်စာမျက်နှာ (၂၂၉) မှာရေးထားပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် (အစ္စလာမ် က နယ်ချဲ့ဝါဒ လား?-တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ)

    အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းရေးသားထားတဲ့

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူရင်းစာအုပ်လင်ခ့်

  • မမေးလည်းဖြေ(၁၁)- ” ၇၈၆” ဆိုသည်မှာ ( By စိန်ဌေးဟန်)

    မမေးလည်းဖြေ(၁၁)- ” ၇၈၆” ဆိုသည်မှာ ( By စိန်ဌေးဟန်)

     မေး။              ။ အစ္စလာမ် ဘာသာဝင်များဧ။် ဆိုင်များ လုပ်ငန်းဌာနများဧ။် ဆိုင်းဘုတ်များတွင် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ဟူသော ကိန်းဂဏန်း တစ်ခုကို တွေ့ရတတ်ပေရာ ယင်း ‘786 ‘ ဟူသည် 7+8+6=21 ကိုကိုယ်စားပြုပီး (၂၁ ) ရာစုတွင် အစ္စလာမ်သာသနာသည် ကမ္ဘာကိုလွှမ်းရမည်ဟူသော အတိတ် နမိတ်ကိုဆောင်ယူကာ အစ္စလာမ် ပြန့်ပွားရေး စီမံကိန်းအား နှိုးဆော်နေသော ကိန်းတစ်ခုဆိုသည်မှာ မှန်ပါသလား ? ။

    ဖြေ ။         ။ မွစ်စလင်မ်တို့ဧ။် တိုက်တာအိုးအိမ် အဆောက်အဦး ပစ္စည်းပစ္စယများ  အထူးသဖြင့် ဈေးဆိုင်များတွင် 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်)ဟူသော ကိန်းဂဏန်းတစ်ခုကိုတွေ့ရတတ် ပေရာ ယင်းကိန်းဂဏန်း၏ အဖြေမှာလည်း အင်မတန်ရိုးရှင်းလှပါသည်။

    သို့ရာတွင် အချို့သောပုဂ္ဂိုလ်တို့မှာ ယင်း ‘786‘ ကိန်းဂဏန်း၏ သဘောသဘာဝကို ရိုးသားစွာ မသိ နားမလည်ခြင်းကြောင့် လည်းကောင်း ၊ အချို့မှာ အစ္စလာမ်အပေါ်တွင် အကောက်ကြံလိုခြင်းကြောင့် လည်းကောင်း ‘786‘ တွင် ပါဝင်သော 786 ကိုပေါင်းလျှင် ၂၁ရသဖြင့် (၂၁)ကို ကိုယ်စားပြုသည် ယင်းသည် ၂၁ရာစုတွင် တစ်ကမ္ဘာလုံး၌ အစ္စလာမ် ပြန့်ပွားရေးအတွက် နိမိတ်ဆောင် စကားလုံး လှုံ့ဆော် စကားလုံးဟု အယူမှားသူကမှား အပူပွားသူက ပွားကြပါတော့သည်။

    အမှန်ဆိုရသော် ထိုသို့ လားလားမှ မဟုတ်ရပါ။

    အာရဗီစာပေတွင် ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်(၂၈)လုံးရှိပီး ဗျည်းအက္ခရာ တစ်လုံးချင်းစီအတွက် ကိန်းဂဏန်းများဖြင့် အက္ခရာတန်ဖိုး သတ်မှတ်ထားပါသည်။ အစ္စလာမ်သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည်လည်း အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ပို့ချပေးခြင်း ခံရလေရာ ရံဖန်ရံခါ၌ ကုရ်အာန်ကျမ်းဂန်လာစာသားများအား အသုံးပြုရာတွင် မူရင်းအတိုင်း အက္ခရာများဖြင့် မရေးသားပဲ အက္ခရာများ၏ ကိန်းဂဏန်း တန်ဖိုးစုစုပေါင်းကိုသာ သင်္ကေတ ဆောင်ပြီး ရေးသားအသုံးပြုခြင်းသာဖြစ်လေသည်။ ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်လုံးဧ။် ကိုယ်ပိုင်တန်ဖိုးအသီးသီးမှာ

    ဤကိန်းဂဏန်းများကို အခြေခံကာ “786” ဟူသော ကိန်းဂဏန်းတစ်ခု ဖြစ်ပေါ်လာရခြင်း ဖြစ်တော့သည်။ ယင်း ကိန်းမှာ ကုရ်အာန်ကျမ်းမြတ်၏ ပထမဦးဆုံး အာယသ်တော်ဖြစ်သည့် ကုရ်အာန် အဖွင့်ကဏ္ဍ၊ ပါဒ ၁ ဖြစ်သော…..

    (၁း၁) ကို အက္ခရာတန်ဖိုးတွက်ထုတ်ထားခြင်းသာလျှင်ဖြစ်ပေသည်။ဤအာယသ်တော၏ အဓိပ္ပါယ်မှာ … ” အနှိုင်းမဲ့ ဂရုဏာရှင်၊ ထာဝရ ဂရုဏာရှင် အလ္လာဟ၏နာမတော်ဖြင့် “ ဟု အဓိပ္ပါယ်ရပါသည်။

    ဤ အာယသ်တော်၌ အာရဗီအက္ခရာ ၁၉ လုံးဖြင့်ဖွဲ့စည်းထားပြီး ယင်းအက္ခရာ19 လုံးဧ။် အက္ခရာတန်ဖိုး စုစုပေါင်းမှာ

    အလ္လာဟ်အသျှင်သည် မွတ်စလင်မ်တို့အား မည်သည့်အလုပ်ကိုမဆို စတင်ကြံရွယ်ပြုလုပ်သောအခါ ဤအာယသ်တော်အား တသ ဆင်ခြင် နှလုံးသွင်းရန် ညွှန်ကြားထားပါသည်။( ကုရ်အာန် တမန်တော်ဟူးဒ်ကဏ္ဍ၊ပါဒ ၄၁၊ ကုရ်အာန် ပုရွက်ဆိတ်ကဏ္ဍ၊ပါဒ ၃၀၊ကုရ်အာန် ဖတ်ရွတ်လော့ ကဏ္ဍ၊ပါဒ ၁)

    သည့်အတွက်ကြောင့်ပင် မွတ်စလင်မ်တစ်ဦးအဖို့ မည်သည့် အလုပ်ကို ပြုမူကျင့်ကြံသည်ဖြစ်ပါစေ မိမိဧ။် တစ်ပါးတည်းသော အရှင့်နာမတော်ကို ရှေ့တန်းတင်သည့်အနေဖြင့်  “အနှိုင်းမဲ့ဂရုဏာရှင်၊ ထာဝရဂရုဏာရှင် အလ္လာဟ်၏ နာမတော်ဖြင့်”ဟုရွတ်ဆိုကြရပါသည်။

    ထို့အပြင် (ကုရ်အာန်အထူးဂရုဏာတော်ရှင်ကဏ္ဍ။ပါဒ ၇၈) တွင်

    “အသင့်အား ဖန်ဆင်းတော်မူသော ဘုန်းတော်အနန္တအရှင်၊ ကျေးဇူးတော်ရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် အတိပြီးလေဧ။်” ဟုဆိုထားသဖြင့် မွတ်စလင်မ်တစ်ဦးအဖို့ မိမိအရှင်သခင်၏ နာမတော်ကို စတင်နှလုံးသွင်း တသမိသည်နှင့် တစ်ပြိုင်နက် သစ္စာမာန်တင်းကာ ” ငါ့အရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာရှိ၏ ထို့အတွက် ငါသည် ထိုအရှင၏ နာမတော်ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ရကား ငါနှင့် အမင်္ဂလာအလုပ်သည် မအပ်စပ်၊မထိုက်တန်သည်ဖြစ်သဖြင့် ငါမလုပ်၊ ငါသည်မင်္ဂလာရှိသော အလုပ်ကိုသာလုပ်ရမည်” ဟူသော အသိတရားဖြစ်ပေါ်စေရန်ပင်ဖြစ်သည်။

    သို့ရှိရာ မွတ်စလင်မ်မှန်လျှင် အလ္လာဟ့်နာမတော်ကို အစဉ်သဖြင့်ဦးထိပ်နှလုံးသွင်း အမှတ်ရကာ မင်္ဂလာကျက်သရေရှိသော အလုပ်ကိုသာ ရွေးချယ်ပြုမူရသည့်အတွက် အလ္လာဟ်၏ နာမတော်ကို တသ သတိရသောအခါ၌ ဖြစ်စေ၊ ယင်းဧ။်အထိမ်းအမှတ် လက္ခဏာဖြစ်သော “786” ဟူသော ကိန်းဂဏန်းကို တွေ့မြင်ရသော အခါ၌ဖြစ်စေ၊ မင်္ဂလာတရားကို မျက်ခြေမပျက်စေရန် အတွက် မိမိကိုယ်ကိုမိမိ ပြန်သတိပေးရာရောက်သဖြင့် တရားသတိ အစဉ်နိုးကြားနေလေတော့သည်။

    ဤသို့ရှိပါလျှင် “786” ဧ။် အနှစ်သာရများ အနက်တစ်ချက်မှာ ကျက်သရေ မင်္ဂလာရှိသောအလုပ်ကိုသာ လုပ်ကြရန်အတွက် နှိုးဆော်နေသော “မင်္ဂလာတရားနှိုးဆော်ချက် ” ဖြစ်သဖြင့် လောကဓာတ်ကြီးအတွက် မင်္ဂလာရှိစေသဖြင့် ကောင်းမြတ်လှပါဘိတကား။

    ဤဖော်ပြချက်များသည် အမှန်ကို ဆိုထားခြင်းသာဖြစ်ပါသည်။’786‘ တွင်ပါသော ဂဏန်းသုံးလုံးကိုပေါင်းလျှင် 7+8+6=21 ဖြစ်သဖြင့် 21 ဂဏန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် သုံးထားခြင်းသာဖြစ်ရမည်ဟူသော စွပ်စွဲပြောဆိုချက်များ အတွက် မွတ်စလင်မ်တို့ပင် တအံ့တသြဖြစ်ကြရပါသည်။ အကြောင်းမှာ အာရဗီ အက္ခရာတန်ဖိုးအား ထိုသို့ ထပ်ဆင့်ပြန်ပေါင်းလို့မရပါ။ အဓိပ္ပါယ်လည်းရှိမည် မဟုတ်တော့ပါ။ဤယူဆချက်မှာ မွတ်စလင်မ်တို့၏ အယူအဆမဟုတ်ဘဲ အစ္စလာမ်အပေါ် အများသူငါတို့ အကြည်အညို ပျက်လာစေရန် မသမာသူတို့၏ ထွင်လုံးတစ်ခုသာဖြစ်ပါသည်။

    ယခုကဲ့သို့ အာရဗီအက္ခရာများကို ဂဏန်းတန်ဖိုးများ သတ်မှတ်ထားခြင်းမှာ မွတ်စလင်မ်တို့သည် ကိန်းဂဏန်းများနှင့် ယဉ်ပါးလျက်ရှိနေနိုင်သဖြင့် အများနှင့်ယှဉ်လျှင် သင်္ချာပညာ၌ နောက်ကျကျန်ရစ်မည်မဟုတ်တော့ရန် အတွက်ပင် ဖြစ်ပါသည်။ထို့ကြောင့်လည်း အလ္လာဟ်ကကုရ်အာန်တွင် ကိန်းဂဏန်းများကိုဖော်ပြထားရာ၌ ဒသမကိန်းသုညဒသမတစ်၊( ၀.၁)ကို ဖော်ပြထားသကဲ့သို့ သိန်းဂဏန်း (တစ်သိန်း) ၁၀၀၀၀၀ ကိုလည်းဖော်ပြထားခြင်းဖြင့် သင်္ချာပညာ မထွန်းကားသေးသော အခါသမယ၌ပင် သင်္ချာပညာကို မွတ်စလင်မ်တို့စိတ်ဝင်စားမှု့ ရှိလာစေရန်၊ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်ချက်လည်း တစ်ချက်ပါဝင်ပါသည်။

    အစ္စလာမ်သည် ၂၁ ရာစုကျကာမှ ကမ္ဘာကို လွှမ်းမိုးရမည်ဟု ယူဆသူတို့မှာ ကုရ်အာန်ကိုလည်း နားမလည်၊ အစ္စလာမ်ကိုလည်း မလေ့လာလို့သာဖြစ်ပါလိမ့်မည်။ အလ္လာဟ်သည် တမန်တော်မုဟမ္မဒ်(ဆွ)ကို စေလွှတ်ခဲ့ရာတွင် “ယှဉ်တွယ်ကိုးကွယ်သူများ မနှစ်မြို့သော်ငြားလည်း ထိုအရှင်မြတ်သည်မိမိဧ။် ရစူလ်တမန်တော်အား အလုံးစုံသောဝါဒ လမ်းစဉ်များထက်ဝယ် ထင်ရှားပေါ်လွင်စေရန် တရားလမ်းညွှန်နှင့် ၀ါဒလမ်းစဉ်အမှန်ဖြင့် စေလွှတ်တော်မူ ခဲ့လေသည်။” (ကုရ်အာန် အစီအတန်းများကဏ္ဍ ၊ ပါဒ ၉)

    သို့ရှိလေရာ “ထင်ပေါ်ရင် စင်တော်ကကောက်” ဆိုသကဲ့သို့ ဤအာယသ်တော်တွင် အရာ ခပ်သိမ်းတို့ထက်ဝယ် လွှမ်းမိုးထင်ပေါ်မှု့ဟူသည်

    (၁) လမ်းညွှန်နိုင်သော တရားလမ်းညွှန်ဖြစ်ခြင်း

    (၂) လမ်းစဉ်မှန်ဖြစ်ခြင်း

    တို့အပေါ်၌သာ မူတည်နေပါသည်။အစ္စလာမ်သည် ထိုအချက်နှစ်ချက်ပေါ်တွင် လုံးဝအခြေခံ တည်ဆောက် ထားသည်ဖြစ်ရာ မနာလိုမရှုစိမ့်သူတို့ လုပ်ကြံတားဆီးကြ လင့်ကစား ထင်ရှား ပေါ်လွင်နေမည်သာဖြစ်တော့သည်။

    “ထိုသူတို့သည် အလ္လာဟ၏ တရားအလင်းရောင်ကို မိမိတို့၏ ပါးစပ်များဖြင့် ငြိမ်းသတ်လိုကြ၏  ၊ သွေဖီငြင်းပယ်သူတို့မနှစ်မြို့ငြားလည်း အလ္လာဟ်သည် မိမိဧ။် တရားရောင်ခြည်ကို ကုံလုံပြည့်စုံအောင် ပြုထားတော်မူလေသည်” (ကုရ်အာန် အစီအတန်းများကဏ္ဍ ပါဒ ၈)

    ” ညံ့ဖျင်းမှူ့ဖြင့် ရနံ့သင်းမှု့ကို မတည်ဆောက်နိုင်ပါ ဖြစ်လာသမျှကို သစ္စာအလှဖြင့်သာ ရင်ဆိုင်ကျော်လွှားနိုင်ပါမည်”

    မွတ်စလင်မ်တို့ဧ။်ဆိုင်များတွင် ‘786‘ ရေးထားခြင်းမှာ မွတ်စလင်မ်အချင်းချင်းကိုသာ အားပေးကြရန်ဖြစ်သည်ဟု စွပ်စွဲသူတစ်ချို့လည်း ရှိပါသည်။ မွတ်စလင်မ်တစ်ဦးအဖို့ရာတွင် အစားအသောက်စားသုံးရာ၌ တရားစည်းကမ်းများကို လိုက်နာရပါသည်။ စားချင်ရာစား သောက်ချင်တိုင်းသောက်လို့မရပါ။ ဤသို့ စားသောက်မိပါလျှင် အလ္လာဟ်၏ အမိန့်တော်ကို မနာခံရာရောက်သဖြင့် လွန်စွာမှပင် အပြစ်ဖြစ်ရပါသည်။

    ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်က မွတ်စလင်မ်တို့အား

    “အသင်တို့သည် စင်ကြယ်သန့်ရှင်းသော အစာအဟာရများကို စားသုံးကြပီး အကျင့်ကောင်းကိုကျင့်ကြလော့ ” (ကုရ်အာန် ယုံကြည်သူများကဏ္ဍ၊ ပါဒ ၅၁)

    ” အသင်တို့သည် အလ္လာအသျှင်ပေးသနားထားတော်မူသည်များအနက် တရားဝင် ခွင့်ပြုထားသော သန့်စင်ြပီး ဥပါဒ်ကင်းသော အစာအဟာရများကို စားသုံးကြလော့ ” (ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၈၈ )

    “အလိုအလျောက်သေသော တိရိစ္ဆာန်၊ သွေး ၊ ၀က်သား ၊ အလ္လာဟ်အသျှင်မြတ်အပြင် အခြားသောအရာကို ရည်စူးထားသော တိရိစ္ဆာန် ၊ လည်လိမ်ညှစ်ပီး သေသောတိရိစ္ဆာန် ၊ရိုက်နှက်ခံရပီး သေသောတိရိစ္ဆာန် ၊ အမြင့်မှကျပီး သေသောတိရိစ္ဆာန် ၊ ဦးချိုဝှေ့ခံရသဖြင့် သင်တို့ ဇဗဟ်လှီးဖြတ်နိုင်သော တိရိစ္ဆာန်မှအပ သားရဲတိရိစ္ဆာန်များမှ ကိုက်ခဲသတ်ဖြတ်ထားသော တိရိစ္ဆာန်များ ၊ ရုပ်ထု ရုပ်ပွားများထားရှိရာဌာနများ၌ ပူဇော်ပသားရန် လှီးဖြတ်ထားသော တိရိစ္ဆာန်နှင့် မဲမြှားတို့ဖြင့် ကံစမ်းခြင်းသည် အသင်တို့အဖို့ “ဟရာမ်” စားသုံးခွင့်မရှိဟု တားမြစ်ထားပြီး ဖြစ်လေသည်။ ဤသည်တို့မှာ ပြစ်မှူ့ဒုစရိုက်များပင်။(ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၃ )

              ဤသို့အားဖြင့် အလ္လာဟ် တားမြစ်ထားသော အစားအသောက်များကို ရှောင်ရှားနိုင်စေရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ မွတ်စလင်မ်တို့သည် မွတ်စလင်မ်တို့အချင်းချင်း လှီးဖြတ်ချက်ပြုတ်ထားသော မွတ်စလင်မ်ဆိုင်များတွင် စားသောက်ခြင်းမှတပါး အခြားမရှိနိုင်ပါ။

    တရားတော်က တားမြစ်ထားသော အရာမဟုတ်သည့် အခြားအစားအစာများကိုမူ စားသုံးခွင့်ထားရှိပါသည်။ သည့်အတွက်ကြောင့်ပင် ဘာသာခြားသူတို့ ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်များ၌ပင် မွတ်စလင်မ်တို့ လက်ဖက်ရည် သောက်နေမှူ့များကို လက်တွေ့တွေ့မြင်နိုင်ကြပေသည်။ အခြားသော လူသုံးကုန်ပစ္စည်းများကိုလည်း ဘာသာခြားတို့ရောင်းချသော ဆိုင်များတွင် အပြန်အလှန် ၀ယ်ယူနေကြသည်မှာလည်း မငြင်းနိုင်သော သက်သေ သာဓကတစ်ရပ်ပင်။ “ခင်ရာဆွေမျိုး၊မြိန်ရာဟင်းကောင်း” ဆိုသည့် ရှေးလူကြီးသူမတို့ဧ။် ဆိုရိုးစကားကိုလည်း မမေ့အပ်ပါ။

        ဘာသာတရားတိုင်းသည် သဘောထားကြီးမှု့ကိုသာ သင်ကြားကြပါသည်။ သို့ရာတွင် ဘာသာတရား၏ သင်ကြားချက် စည်းဘောင်ထက်ကျော်လွန်ကာ ဘာသာဝင်တစ်ချို့တွင်ကား အယူသည်း အစွန်းရောက်မှု့ များလည်း ဘာသာတရားအသီးသီးဧ။် ဘာသာဝင်တိုင်းတွင် ရှိနိုင်ပါသည်။ဤသည် ထိုပုဂ္ဂိုလ်များဧ။် ကိုယ်ပိုင်ပြသနာသာ ဖြစ်ပါသည်။

    အစ္စလာမ်သည် အယူသည်းမှု့ကို ဘယ်အခါမျှအားမပေးပါ မတိုက်တွန်းပါ။သင်ကြားမှု့လည်းမရှိပါ။ အောက်တွင်ဖော်ပြထားသော ကုရ်အာန်အာယသ်တော်နှင့် တမန်တော်မြတ်ကြီးဧ။် မိန့်ခွန်းများသည် ၀င့်ဝင့်ကြွားကြွား သက်သေခံပါလိမ့်မည်။

       ” အသင်တို့သည် ဘာသာသာသနာရေးရာ၌ အယူသည်းအစွန်းရောက်ခြင်း မပြုကြလေနှင့်” (ကုရ်အာန် အမျိုးသမီးများကဏ္ဍ ပါဒ ၁၇၁ )

        ” ဘာသာတရား၌ အယူသည်းအစွန်းရောက်မှူ့အား အထူးရှောင်ရှားကြလေကုန်။ အသင်တို့အရင်ကရှိခဲ့ကြသော သူတို့သည် ဘာသာသာသနာအရေး၌ အယူသည်း အစွန်းရောက်မှု့ ကြောင့်သာလျှင် ပျက်စီးခဲ့ကြရလေသည်။”

    (မုဟမ္မဒ်သခင်၏ ဟာ့ဂ်ျမိန့်ခွန်း)

     

  • A 74-year-old Myanmar Muslim was intentionally and brutally attacked by a group of Buddhist Monks in Hpa-an

    A 74-year-old Myanmar Muslim was intentionally and brutally attacked by a group of Buddhist Monks in Hpa-an

    September.5.2012

    M-Media

    the victim in the hospital

    In Hpa-an, the capital of Kayin State, U Jaahal, a 74 years old Myanmar Muslim, was savagely beaten by terrorist Buddhist Monks during going to the River Bank Mosque for early morning prayer at round about 5 am on 5th September 2012. On his way, near the bazaar, he met with a row of monks who went round the town to accept offerings of food and so waited together with other two peoples to pass this row. When the row was suddenly sparse, they both went through it firstly and then he followed them to pass it. At that time, a monk who left behind ran and kicked him so that he fell down. Then at least four monks attacked collectively him. Although the local residents who felt this was unseemly requested the monks to discontinue their attack on him, they did not stop and continued beating until they wanted and then left him alone on the road. Because of their brutal attack, he was badly injured and even hospitalized.

    Islamic Religious Organizations had already informed officially this case to local authority but no action is taken up to now.

    “Here, this kind of attack is not uncommon. Usually occur in Pa-an. Mostly in Block (2) and (4). But this attack is the worst. The worst monks are ones who live in Thiri Mandine and Thayettaw Monasteries. In this case, the old man is 74 and also has poor sight. So it is easy to trick him. When the monks saw an old man with beard and skullcap, they intentionally scattered the row and allow one to two people to pass. But at the old man’s turn, they fraudulently deceive him and attack him. For this attack, there is no retaliation and revenge of the Muslim Community at all. The monks of these monasteries frighten Muslims not to dare buy houses and disturb in different ways unable to live in case Muslims even buy houses in Hpa-an. The condition becomes worse and worse day by day because there is no effective action taken even though these issues are reported to the local authority,” a local resident disappointedly said.

     

    the victim in the hospital
    Official letter informed by a Myanmar Muslim Organization to local authority for this issue

    Ref: M.M.M

  • အမျိုးသားညီညွတ်ရေး ကွန်ဂရက်(လျှောက်ထားဆဲ)ပါတီ အထက်ဗမာပြည် အမှုဆောင်များတွေ့ဆုံခြင်း

    အမျိုးသားညီညွတ်ရေး ကွန်ဂရက်(လျှောက်ထားဆဲ)ပါတီ အထက်ဗမာပြည် အမှုဆောင်များတွေ့ဆုံခြင်း

    M-Media

    သတင်း – ဇာဏီ

    အမျိုးသားညီညွတ်ရေးကွန်ဂရက်(လျှောက်ထားဆဲ)ပါတီ၏ အထက်ဗမာပြည်အမှုဆောင်(၁၀)ဦးရဲ့ (၃/၂၀၁၂) တွေ့ဆုံခြင်းကို ဇွန်လ (၂)ရက် တနင်္ဂနွေနေ့က မန္တလေးမြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

    အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီသည် ပါတီတည်ထောင်ခွင့်ကို ၂၀၁၂-ခု မေလ (၂၈)ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ရွေးကောက်ပွဲ ကော်မရှင် (နေပြည်တော်)သို့ လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ပါတီဖွဲ့စည်းခွင့် ပြန်လည်မရရှိသေးကြောင်းသိရသည်။ ယင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီအမည်ဖြင့် ပါတီဖွဲ့စည်းခွင့်မလျှောက်ထားမီအလျင် ပသီအမျိုးသားကွန်ဂရက်ပါတီအမည်ဖြင့် ၂၀၁၂-ခု ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလွှာ မှတ်ပုံတင်အမှတ်(၅၆)ဖြင့် လျှောက်ထားခဲ့သည်။

    ယင်းသို့လျှောက်ထားဆဲကာလ ၂၀၁၂-ခု ဧပြီလတွင် ရွေးကောက်ပွဲကော်မရှင်မှ ပသီအမျိုးသား ကွန်ဂရက်ပါတီ တည်ထောင်လိုသူများထံသို့လိပ်မူပြီး ပြန်ကြားစာပို့ခဲ့ကြောင်း၊ ၎င်းပြန်ကြားစာတွင် ယင်း ပါတီ တည်ထောင်လိုသူများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညီညွတ်ခြင်း ရှိ/မရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ပေးပို့စိစစ်စေခဲ့ရာ ပါတီတည်ထောင်လိုသူများအနက် တစ်ဦးမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် ယခင်ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်ပုံစံ(၁)၏အမည်မှာ ကွဲလွဲနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ ပြန်ကြားလာသဖြင့် ပြန်လည်စိစစ်တင်ပြရန်ဟုပါရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအမည်ကွဲလွဲသူသည် ဤကိစ္စနှင့်ပတ်သက်၍ ပါတီတည်ထောင်ခွင့်ကြန့်ကြာမည်ကို စိုးရိမ်သဖြင့် ပါတီ တည်ထောင်လိုသူများ၏ အမည်စာရင်းမှ ၎င်း၏အမည်ကိုနှုတ်ထွက်ခွင့်ပြုရန် မေတ္တာရပ်ခံစာနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ ၁၉၈၈-ခုနှစ် ဖေဖော်ဝါရီလ ရက်စွဲဖြင့် သူ၏ မှတ်ပုံတင်တွင်အမည်ပြောင်းလျှောက်ထားခြင်း၊ ၁၉၈၈-ခုနှစ် အောက်တိုဘာလ ရက်စွဲဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အမည်ပြောင်းလဲခြင်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စာရွက်စာတမ်းများနှင့်ပူးတွဲ၍  ရွေးကော်ပွဲကော်မရှင်ထံ ၂၀၁၂-ခု ဧပြီလမှာပင် ပါတီတည်ထောင်ခွင့် ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။

    ယင်းသို့လျှောက်ထား ထားစဉ် ၂၀၁၂-ခု မေလ(၁၀)ရက်တွင် ‘ပါတီ၏အမည်ကို အသစ်ပြန်လည်ရွေးချယ်တင်ပြရန် အကြောင်းကြားခြင်း’ဟူသည့် အကြောင်းအရာဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(နေပြည်တော်)မှ ပသီဦးမောင်မောင်စိုး၊ ကိုယ်စားလှယ်(ပသီအမျိုးသားကွန်ဂရက် ပါတီတည်ထောင်လိုသူများ)ထံသို့ ပြန်ကြားစာပို့ခဲ့ကြောင်း ယင်းပြန်ကြားစာတွင် “နိုင်ငံတော်မှ အသိအမှတ်ပြုထားသော လူမျိုးစာရင်းတွင် ‘ပသီလူမျိုး’ ပါဝင်ခြင်းမရှိသဖြင့် ပသီအမျိုးသားကွန်ဂရက် ပါတီအမည်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄(က)တို့ရ ပြဋ္ဌာန်းချက်နှင့် သွယ်ဝိုက်ငြိစွန်းသည့် သဘောသက်ရောက်နေသဖြင့် ပါတီ တည်ထောင်လိုသူများအနေဖြင့် တည်ထောင်လိုသောပါတီ၏အမည်သစ်ကို ပြန်လည်ရွေးချယ်၍ ၃၁.၅.၂၀၁၂ ရက်နေ့ (ကြာသပတေးနေ့)အရောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပုံစံ(က)ဖြင့် တရားဝင်ပြန်လည်တင်ပြ လျှောက်ထားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပါက တင်ပြထားသော ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းအား ပုဒ်မ ၄(ခ)အရ ငြင်းပယ်မည်ဖြစ်ကြောင်း” ပြန်ကြားလာခဲ့သည်။

    ထို့ကြောင့် ‘ပသီအမျိုးသားကွန်ဂရက်ပါတီ’ တည်ထောင်လိုသူ အမှုဆောင်များ ညှိနှိုင်းဆုံးဖြတ်ပြီး ၂၀၁၂-ခုနှစ် မေလ(၂၈)ရက်နေ့တွင် ‘အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ’အမည်သစ်ဖြင့် ပါတီတည်ထောင်ခွင့်ကို မှတ်ပုံတင်အမှတ်စဉ်(၆၄)ဖြင့် ကော်မရှင်ရုံးသို့ လျှောက်ထားခဲ့သော်လည်း ယနေ့အချိန်ထိ ပါတီတည်ထောင်ခွင့်ပြန်လည် မရရှိသေးကြောင်းသိရသည်။

    ယင်းကိစ္စနှင့်ပတ်သက်ပြီး ပါတီတည်ထောင်လိုသူများထဲမှ တစ်ဦးက “ပထမအကြိမ် ပသီအမျိုးသား ကွန်ဂရက်ပါတီ”တည်ထောင်ခွင့်စလျှောက်ပြီး တည်ထောင်ခွင့် လျှောက်ထားသူများထဲမှ တစ်ယောက် နာမည်က နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အမျိုးသားမှတ်ပုံတင်ပုံစံ(၁) နာမည်ကွဲလွဲချက်ကလည်း ဟိုးအရင်ကတည်းက လူဝင်မှုကြီးကြပ်ရေးက တရားဝင် ပြောင်းလဲခွင့်ပြုထားပြီးသားဖြစ်တယ်။ ဒါပေမယ့် အဲဒီကိစ္စရပ်ကြောင့် ပါတီ တည်ထောင်ခွင့်ကြန့်ကြာနေမှာစိုးလို့ သူက နှုတ်ထွက်ပြီး ပြန်တင်လိုက်တယ်။ အဲဒါလည်း တည်ထောင်ခွင့်ချမပေးသေးပဲ နောက်တော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(က)တွေနဲ့ ငြိစွန်းတယ်ဆိုပြီး အကြောင်းပြန်လာတယ်။ ဒါပေမယ့် အဲဒီ ဥပဒေပုဒ်မက ပါတီအမည်၊ အလံနဲ့ တံဆိပ်တွေက ဘာသာ သာသနာနဲ့ ဆက်သွယ်တာ ဒါမှမဟုတ် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေတဲ့ အမှတ်အသားမဖြစ်စေရဆိုတာပါ။

    အဲဒီပုဒ်မနဲ့ ငြိစွန်းတယ်လို့ပြောရအောင် ပထမအကြိမ် ကျွန်တော်တို့စတင်တဲ့ ပါတီတည်ထောင်ခွင့်လျှောက်လွှာနဲ့အတူ အလံတွေ၊ တံဆိပ်တွေကို ပူးတွဲပြီး တင်ပြတာမျိုး မရှိခဲ့သေးပါဘူး။ အဲလို ဘာမှ မတင်သေးတာကို အဲဒီပုဒ်မတွေနဲ့ ငြိစွန်းလို့ ပြန်လည်လျှောက်ထားရမယ်လို့ပြောတယ်။ ပါတီတည်ထောင်ခွင့်မပေးချင်လို့ တမင်သက်သက် လုပ်နေမှန်း ကျွန်တော်တို့သိပါတယ်။ ဒါကြောင့်ပဲ သူတို့ပြန်ကြားစာအရ နောက်ထပ် အမည်သစ်ပြောင်းပြီး လျှောက်ထား တာလည်း အခုထိ ပါတီတည်ထောင်ခွင်ပြုကြောင်း ပြန်မလာသေးပါဘူး”ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့က ဘာသာရေး အစွဲပြုပါတီမဟုတ်ပါဘူး။ အမျိုးသားနိုင်ငံရေးပါတီပါ။ SB, စသုံးလုံး၊ စအဖ ကလူတွေကလည်း ပါတီတည်ထောင်ခွင့် လျှောက်ထားသူ(၂၁)ဦးလုံးကို အိမ်တိုင်ရာရောက် လာရောက် စုံစမ်းမေးမြန်းသွားတာ ပသီအမျိုးသား ကွန်ဂရက်အမည်နဲ့ တည်ထောင် ခွင့်လျှောက်ထားကတည်းကပါ။ အခုလည်း အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီတည်ထောင်ခွင့် လျှောက်ထားတာလည်းကြာပါပြီ။ ပါတီနာမည်ပြောင်းလဲ လျှောက်ထားကိုလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ စိစစ်သုံးသပ်နေခြင်းကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့ သိရတယ်။ ပါတီတည်ထောင်ခွင့်ပြန်ချ မပေးတာကြောင့် အကြောင်းကိစ္စကို သိချင်လို့ ကျွန်တော်တို့ ခဏခဏ ဖုန်းဆက်မေးပါတယ်။ ဒါပေမယ့် လူကြီးတွေ အစည်းအဝေးသွားနေတယ်ဆိုပြီး အကျိုးအကြောင်းပြန်ကြားချက် မသိခဲ့ရဘူး။ အခုထိလည်း ဘာအကြောင်းပြန်ကြားချက်မှ မသိရဘူး။ ဒါဟာ ကျွန်တော်တို့ကို ပါတီတည်ထောင်ခွင့် မပေးချင်လို့ တမင်လုပ်နေတာပါ။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးထံ အကျိုးအကြောင်းတင်ပြပြီး အကူအညီတောင်းခံပါမယ်၊ နောက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မရှင်အဖွဲ့ထံလည်း အကျိုးအကြောင်းနဲ့ဖြစ်ရပ်မှန်တွေကို တင်ပြပြီး ပါတီလျှောက်ထားမှုကို ကူညီဆောင်ရွက်ပေးဖို့ တင်ပြအကူအညီတောင်းခံမယ်လို့ အမှုဆောင်တွေရဲ့ ဒီနေ့တွေ့ဆုံခြင်းမှာ ဆုံးဖြတ်ချက်ချပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟူ၍ ပါတီတည်ထောင်လိုသူများကိုယ်စား ပသီဦးမောင်မောင်စိုးမှ M-Media သို့ ပြောကြားခဲ့ပါသည်။

  • မလေး NGO အဖွဲ့ နှင့် အတူပါသွားသော မြန်မာမွတ်စလင်မ်တစ်ဦးကို စစ်တွေတွင် ရခိုင်လူမျိုးများ အကြမ်းဘက်တိုက်ခိုက်

    မလေး NGO အဖွဲ့ နှင့် အတူပါသွားသော မြန်မာမွတ်စလင်မ်တစ်ဦးကို စစ်တွေတွင် ရခိုင်လူမျိုးများ အကြမ်းဘက်တိုက်ခိုက်

    စက်တင်ဘာ၊ ၁၃ ၊ ၂၀၁၂
    စစ်တွေ

    ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လူသားချင်းဆိုင်ရာ အကူအညီများပေးရန် ရောက်ရှိနေသော မလေးရှား NGO အဖွဲ့ နှင့် အတူ ပါသွားသော မြန်မာ မွတ်စလင်တစ်ဦးဖြစ်သူ ကိုရှိုင်းမင်းမှာ  အသက်ဘေး ထိခိုက်အောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရကြောင်း သိရပါတယ်။

    Malaysian Relief Agency (MRA)အဖွဲ့သားများ စစ်တွေမြို့မှာ သံဃာတော်များနှင့် တွေ့ဆုံစဉ်
    အင်္ကျီ အဝါရောင် ဝတ်ဆင်ထားသူမှာ အကြမ်းဘက်တိုက်ခိုက်ခံရသော ကိုရှိုင်းဖြစ်ပါသည်။

    ” ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဖြစ်ပြီး မြန်မာ မွတ်စလင် တစ်ဦးလည်းဖြစ်တဲ့    ကိုရှိုင်း ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လူသားချင်းဆိုင်ရာ အကူအညီများပေးရန် အတွက် မလေးရှား NGO အဖွဲ့ တစ်ခုဖြစ်သော (MRA) နှင့် အတူ ရက်အနည်းငယ် အရင်က ရောက်ရှိသွားခဲ့ပါတယ်။ စင်ကာပူ နိုင်ငံသား နှစ်ဦး နှင့် မလေးရှားနိုင်ငံသား နှစ်ဦး ပါဝင်သော သူတို့ အဖွဲ့သည် စစ်တွေမြို့  ရှိ  မွတ်စလင် နှင့် ဗုဒ္ဓဘာသာ နှစ်ဘက်စလုံး၏ ဒုက္ခသည် စခန်းများသို့ အကူအညီပေးရန် သွားရောက်ခဲ့ ကြပါသည်။ အမှန်တကယ်အားဖြင့် ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် များအနေဖြင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နှင့် ကနဦး သဘောတူညီချက် ရယူကာ ဤ အကူအညီ ပေးရေး ခရီးစဉ် ကို သွားရောက်ခဲ့ကြခြင်းဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) မှ အဖွဲ့ ၀င်များလည်း သူတို့ အဖွဲ့ နှင့် အတူတကွ လိုက်ပါခဲ့ ကြပါသည်။

    ရန်ကုန်မှ ရရှိသော နောက်ဆုံး သတင်းများအရ မြန်မာ မွတ်စလင် တစ်ဦးလည်းဖြစ်တဲ့ ကိုရှိုင်း  ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့  မြို့ မဈေးကြီး ၌ မွတ်စလင် နှင့် ဗုဒ္ဓဘာသာဝင်  ရခိုင် ဒုက္ခသည်များကို ပေးရန် အတွက် အကူအညီ ပစ္စည်းများဝယ်ပြီး ရပ်နေစဉ် တိုက်ခိုက် ခံရခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုး နှစ်ဦး မှ စတင် တိုက်ခိုက်ခြင်းဖြစ်ပြီး များမကြာမီ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး အယောက် ၅၀၀ လောက် ၀ိုင်းရံ ရောက်ရှိလာပါတယ်။ အချို့ ရခိုင်များမှ သူကို ဆိုင်တစ်ခု အတွင်း ဆွဲခေါ်သွားခဲ့ပြီး ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြပါတယ်။ ရခိုင်တစ်ယောက်မှ သူ၏ခေါင်းကို တူဖြင့် တိုက်ခိုက်ပါတယ်။ သူအနေနဲ့ စစ်တွေမြို့  ရှိ  မွတ်စလင် နှင့် ဗုဒ္ဓဘာသာ နှစ်ဘက်စလုံး၏ ဒုက္ခသည် စခန်းများသို့ လူသားချင်းဆိုင်ရာ အကူအညီများပေးရန် မလေးရှား NGO အဖွဲ့   နှင့် အတူ လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း ကြိုးစား ဖြေရှင်းပြောပြသော်လည်း ရခိုင် အကြမ်းဖက်သမား များမှ သူကို သေအောင် ရိုက်နှက်ရမည်ဟု အော်ဟစ်နေပြီး ၊ သူအနေဖြင့် မလေးကုလား အဖွဲ့ များနှင့် အတူတကွ သွားရောက် ခဲ့ခြင်းဖြစ်သောကြောင့် သေအောင် ရိုက်သတ်သင့်ကြောင်းအော်ပြောနေကြပါတယ်။

    သူကိုရခိုင်တစ်ယောက်က ဓားနဲ့ထိုးလိုက်စဉ်မှာ သူ့ မှာပါလာတဲ့အထုပ်(အိတ်ကလေး)နဲ့ ကာကွယ်လိုက်  နိုင်ခဲ့ပါတယ်။  အဲဒီအချိန်မှာပဲ ရဲတစ်ဦးကဆိုင်ကယ်နဲ့  ကိုရှိုင်းကိုကယ်ဖို့ကြိုးစားပါတယ်။ ဒီလိုရဲကကယ်ဖို့ကြိုးစားနေချိန်မှာ ရခိုင်နောက်တစ်ဦးက ဓားရှည်နဲ့  လျှက်တစ်ပြက် ဝင်ပိုင်းတာကို ကိုရှိုင်းကအိတ် နှင့်  ထပ်မံကာလိုက်ပါတယ်။  နောက်ဆုံးမှာတော့ ရခိုင်နောက်တစ်ယောက်က တူနဲ့ဝင်ထုလို့  ကိုရှိုင်းခေါင်းမှာဒဏ်ရာရသွားပါတယ်။  အဲဒီနောက်တော့ သူ့ကိုရဲတွေကဆေးရုံပို့လိုက်ကြပြီး အဲဒီကမှတဆင့်ရဲစခန်းကို ပို့လိုက်တယ်။

    ကိုရှိုင်းကို မလေးNGOအဖွဲ့နဲ  အတူစက်တင်ဘာ၁၄ရက်နေ့ မှာ လေယာဉ်နဲ့ရန်ကုန်ကိုပို့ဆောင်ကြပါလိမ့်မယ်။  ဒီသတင်းကို ကိုရှိုင်း အတိုက်ခိုက်ခံရတဲ့  စက်တင်ဘာ၁၃ရက်မှာ ပေးပို့တာဖြစ်ပါတယ်။

    အခုလို လူမျိုးရေးမုန်းတီးသူ  အကြမ်းဖက်သမားရခိုင်များကို  ဗမာအပါအဝင်တခြားတိုင်းရင်းသားများကလဲ  မျိုးချစ်စိတ်ဓာတ်ထက်သန်သူများအဖြစ် ချီးမွမ်းထော်မနာပြုနေခဲ့တာ ကြာပါပြီ။  နိုင်ငံတကာအဖွဲ့အစည်းများကလဲ လူမျိုးရေးမုန်းတီးသူအကြမ်းဖက်သမားရခိုင်များကို ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ အခုအချိန်အထိဒီလိုတိုက်ခိုက်မှုမျိုးကိုနေရာအချို့မှာ မကြာခဏကြုံတွေ.နေရပေမဲ့ အပေါ်ယံမျက်နှာစာမှာတော့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နဲ့ ပြည်နယ်အစိုးရကတော့ မရှိမဲ့ရှိမဲ့ ကောင်းကွက်ကလေးတွေကိုပဲ လက်ညိုးထိုးပြနေကြပါတယ်။

    ဒီအကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေသာ မွတ်စလင်မ်တွေ ဖြစ်ခဲ့မယ်ဆိုရင် သူတို့အနေနဲ့ အရေးယူမှုကို ချက်ချင်းလျှင်လျှင်မြန်မြန် ဆောင်ရွက်ကြပါလိမ့်မယ်။ ဒီကနေ့ ရခိုင်တွေဟာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မွတ်စလင်တွေရဲ့ လုံခြုံရေးကို အထူးခြိမ်းခြောက် နေပါတယ်။  တစ်ချို့လူတွေဟာ  ဘာမှခြေခြေမြစ်မြစ် သိရှိလေ့လာခြင်း မရှိဘဲ မြန်မာနိုင်ငံက  မွတ်စလင်မ်တွေဟာ ဘင်္ဂလီတွေ၊ နိုင်ငံခြားသားတွေဖြစ်တယ်ဆိုပြိး   ရခိုင်အမျိုးသားရေးဝါဒီတွေကို ထောက်ခံပြောဆိုနေကြပါတယ် တကယ်တန်းပြောရရင် မြန်မာမွတ်စလင်မ် အများစုဟာ ဒေသခံတွေ ဖြစ်ကြပြီး အချို့ဟာ ဆိုရင်လည်း လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံသားတွေသာ ဖြစ်ပါတယ်။

    အထူးသဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့၊ တိုင်းရင်းသားအချို့နဲ့ ဘာသားရေးအစွန်းရောက်သမား အချို့တို့က ရခိုင်မွတ်စလင်တွေ၊ ကမန်မွတ်စလင်တွေနဲ့ အခြားနိုင်ငံသား မွတ်စလင်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်အကြမ်းဖက်နေမှုကို ကာလရှည်ကြာစွာကပဲ ဥပက္ခာ ပြုထားခဲ့ကြပါတယ်။

    ဒီ မွတ်စလင်မ် ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေ စတင်ချိန်ကစလို့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့နဲ့ သူငယ်ချင်းအချို့က ကျနော့်ကို အဆက်အသွယ် မလုပ်ကြတော့ဘဲ ရခိုင်အမျိုးသားရေး အစွန်းရောက်သူတွေရဲ့ စကားကိုပဲ ယုံကြည်နေကြတော့တာဟာ ကျနော်တော်တော် အံ့အားသင့်ခဲ့ရပါတယ်။ ကျနောတို့အိမ်ကို ရခိုင်အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဖျက်စီးခြင်းခံခဲ့ရပြီး ကျနော့်မိသားစုဟာ ဒုက္ခအတွင်း ကျရောက်နေတယ်လို့ ပြောပြတာကိုလည်း လုံးဝမယုံကြပါဘူး။ ရခိုင်အမျိုးသားရေး အစွန်းရောက်ဝါဒီတွေ ပြောသမျှသာ အမှန်ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

    ကျနော့်ရဲ့ခံယူချက်ကတော့ ဘယ်ဘာသာဝင်၊ ဘာလူမျိုးပဲ ဖြစ်နေပါစေ၊ တရားမျှတတဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် မှန်ကန်တဲ့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးမှာပါ။

    (အကြမ်းဘက်တိုက်ခိုက်ခံရသူ ကိုရှိုင်းမင်း ရဲ့ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေ တစ်ဦးရဲ့ FB စာမျက်နှာမှ ဖော်ပြချက်ကို ဘာသာပြန် ဖော်ပြခြင်းဖြစ်ပါတယ်။)