News @ M-Media

Blog

  • ဘားအံတွင် မြန်မာမွတ်စလင်တစ်ဦးကို ဆွမ်းခံကြွ ဘုန်းကြီးများ ရိုက်နှက်ပြန်

    ဘားအံတွင် မြန်မာမွတ်စလင်တစ်ဦးကို ဆွမ်းခံကြွ ဘုန်းကြီးများ ရိုက်နှက်ပြန်

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂

    M-Media

    သတင်း-ဇာဏီ

     

    စက်တင်ဘာ ၁၇ ရက်နေ့ မနက် (၈ ) နာရီခန့်တွင် ဘားအံမြို့အမှတ်(၅) ရပ်ကွက် ရော်ဘာခြံလမ်းထိပ် ဗိုလ်ချူပ်လမ်းမပေါ်တွင် မြန်မာမွတ်စလင်မ် တစ်ဦးအား ဆွမ်းခံကြွ ဘုန်းကြီးတန်းမှ  သံဃာတပါးက ထိုသူ၏ ဦးခေါင်းကို ရိုက်နှက်ခဲ့မှု့ ဖြဖ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

    အရိုက်ခံရသူ မြန်မာမွတ်စလင်မ် အမျိုးသားမှာ လှိုင်းဘွဲမြို့ ကျောက်တောင် ကျေးရွာနေထိုင်သူဖြစ်ပြီး ဘားအံ့မြို့သို့ နာရေးကိစ္စဖြင့် ရောက်ရှိနေသူဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သံဃာများ ဆွမ်းခံကြွနေချိန်မှာ အရိုက်ခံရသူမှာ မော်တော်ဆိုင်ကယ်ရပ်ပြီး စောင့်ဆိုင်းနေစဉ် ဆွမ်းခံ ဘုန်းကြီးတန်းမှ သံဃာတပါးက ထွက်လာပြီး ၄င်းရဲ့ ဦးခေါင်းကို ရိုက်ခြင်းဖြစ်ကြောင်း ၊ အရိုက်ခံရသူမှာ မိမိ ဆွမ်းခံတန်းကို ဖြတ်သွားတာမဟုတ်ကြောင်း ရပ်စောင့်နေတာဖြစ်ကြောင်း ပြန်လည်ရှင်းပြရာ ထပ်ပြီး နှစ်ချက်ပြန်ရိုက်နှက်ကြောင်း အခင်းဖြစ်ပွားရာမှ မျက်မြင်သက်သေများမှ ပြောကြားပါတယ်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာမွတ်စလင်မ်အမျိုးသားရေးရာ အဖွဲ့ချူပ် ကရင်ပြည်နယ် အဖွဲ့ခွဲမှာ  ကရင်ပြည်နယ် ဝန်ကြီးချူပ်သို့  အဆိုပါဖြစ်စဉ်တွင် မိမိတို့ဘက်မှ သံဃာများကို တစုံတရာ ပြန်လည်တုံ့ပြန်ခြင်းမရှိကြောင်းကို  စာပို့အကြောင်းကြားကြောင်း သိရှိရပါတယ်။

    လွန်ခဲ့တဲ့ စက်တင်ဘာ(၅) ရက်နေ့ကလ ဘားအံမြို့ပေါ်မှာ မနက်အစော ဗလီမှ ပြန်လာသော အသက် ၇၄-နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကရင်လူမျိုး အဖိုးအိုတစ်ဦးအား ဘုန်းကြီး ၃-ပါးက ၀ိုင်းဝန်းထိုးနှက်ကန်ကျောက်မှုကြောင့် အဖိုးအိုမှာ ဒဏ်ရာများရရှိပြီး နံရိုးကျိုးကာ ဆေးရုံတင်ခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

    ယခုလို အစ္စလာမ်ဘာသာဝင်များကို သံဃာများမှ ရိုက်နှက်သည့်ဖြစ်စဉ်မှာ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သီရိမဏ္ဍိုင်ကျောင်းတိုက်နဲ့ သရက်တောကျောင်းတိုက်မှ ဘုန်းကြီးများက အများဆုံး ပြုလုပ်ကြကြောင်း ဘားအံ့မြို့ခံ မွတ်စလင်မ်တယောက်က ပြောပါတယ်။

    မြန်မာမွတ်စလင်မ်အမျိုးသားရေးရာ အဖွဲ့ချူပ် ကရင်ပြည်နယ် အဖွဲ့ခွဲမှ ကရင်ပြည်နယ် ဝန်ကြီးချူပ် အကြောင်းကြားတိုင်ကြားစာ
  • ဘာစန်းသီး၊ အောင်မေသုနှင့် အမှတ်ရစရာ အမှတ်မှားမှုများ (မျိုးမြင့်ချို)

    ဘာစန်းသီး၊ အောင်မေသုနှင့် အမှတ်ရစရာ အမှတ်မှားမှုများ (မျိုးမြင့်ချို)

    စက်တင်ဘာ၊ ၁၈ ၊ ၂၀၁၂

    မျိုးမြင့်ချို

    “နင့် နာမည်လေးက အတော်လှတာပဲ” ဟုပြောလိုက်ချိန်တွင် မစန်းသီမျက်နှာ ဝင်းကနဲဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ “လူကော..ဦးလေး”တဲ့ “အင်း…လူလား..လူလည်းချောပါတယ်ဟာ” တကယ်က မစန်းသီသည် ချောသည့်လှသည့်မိန်းမများထဲတွင် စာရင်းဝင်သည်ဟု မဆိုနိုင်သော်လည်း ဟိန္ဒူသွေးစစ်စစ်ဖြစ်သည့် အတိုင်းမျက်လုံးမျက်ခုံး နှာတံပေါ်ပေါ်နှင့်ကြည့်ကောင်းသည်။ မျက်နှာချို၏။ စိတ်ထားကောင်း၏။ ဗမာစကားကို အိန္ဒိယတိုက်သားအသံထွက်နှင့် တတ်နိုင်သလောက် သိမ်သိမ်မွေ့မွေ့ကြိုး စားပြောတတ်၏။  အသားမဲသည်ဆိုသော်လည်း ခြောက်ခြောက်သွေ့သွေ့တော့ မဟုတ်။ စိုစိုပြေပြေရှိသည်။ စာမတတ်၊ ကျောင်းမနေ ဖူးသူ။ လမ်းထိပ်က ထမင်းဆိုင်တွင်တောက်တိုမယ်ရ အလုပ်သမား။ နိုင်ငံရေးနှင့်စကြဝဋ္ဌာတခုစာလောက်ဝေး၏။

    ဦးအောင်မေသု (ခ) ဦးသုရဲ့ နောက်ဆုံးခရီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့စဉ်က

    ၁၉၈၉ ခုနှစ်။ အင်းစိန်ထောင် တိုက်ဝင်းများရှိ ၄ တိုက် ၃ ခန်း။ ၁၂ ပေ ၈ပေ အခန်းကျဉ်းလေးတခု။ အတူနေသူများက ဦးအောင်မေသု(မင်းလှ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်)၊ ကိုမြင့်လှိုင်(ခေါ်) ကိုမြင့် (မင်္ဂလာဒုံ)၊ ကိုမျိုးကြည်(မှော်ဘီ)၊ ကိုသိန်းထူး (ခေါ်) ကိုသက်ဇင်(ပုသိမ်)နှင့်ကျနော်။ အားလုံးတွင် ဦးအောင်မေသုက အသက်အကြီးဆုံး။ ကျနော်တို့က သူ့ကို ဦးသု..ဟုခေါ်သည်။ အစ္စလာမ်ဘာသာဝင်။ လူမျိုးကတော့ ဘာလူမျိုးလည်းကျနော်မမေးမိခဲ့။  ၅ ယောက်ထဲတွင် နိုင်ငံရေးဘဝ အတွေ့အကြုံအစုံလင် ဆုံး။ ကျွန်းပြန်။ ၉  တန်းကျောင်းသားဘဝမှ စတင်ခဲ့သည့် သူ့နိုင်ငံရေးလမ်းတလျှောက်လုံး ဆူးညှောင့်ခလုပ်ကန်သင်းများနှင့် တင်းကြမ်း။ မဆလ တခေတ်လုံး လှုပ်မရလွန့်မရအောင် နှိပ်ကွပ်ခံရသည့်ကြားမှ ဘဝကိုတပင်တပမ်းထူထောင်ခဲ့ရသူ။ အသားညိုညို၊ လူကောင် သေးသေး၊ ခါးကလည်း မဆိုစလောက်လေးခပ်ယိုင်ယိုင်၊ အူကျရောဂါဆိုးဆိုးရွားရွား၊ မိသားစုထောင် ဝင်စာဆိုသည်ကလည်း  လာတချက်မလာတချက်။ သို့နှင့်တိုင် ဘယ်တော့မှ ဘဝကိုစိတ်မပျက်။ မငြီးညူတတ်။ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နှင့် ကြိတ်မှိတ်ပေတေပြီးခံ၏။

    တယောက်ကိုတယောက် တနေ့လျှင် ၂၃ နာရီခန့် မျက်နှာချင်းဆိုင်ချင်ချင်၊ မဆိုင်ချင်ချင် ဆိုင်နေရသည့်အနေအထား။ အိပ်ချိန်မှတပါး စကားတွေပြောကြသည်။ နိုင်ငံရေး၊ စာပေအနုပညာ၊ လောကအကြောင်း၊   သူ့အကြောင်းကိုယ့်အကြောင်း အကြောင်းပေါင်းလည်းစုံသလို၊ တခါတရံမှာလည်း မတူသည့်အမြင်များက လေးလေးနက်နက်ပြင်းပြင်း ထန်ထန် ငြင်းကြခုံကြ ဆီသို့ဆိုက်သွားသည်လည်းရှိ၏။ ထိုအခါမျိုးတွင် သူကဘယ်တော့မှ ခုံသမာဓိမလုပ်သလို သူ့တရားကိုလည်း ဇွတ်ထူထောင်လေ့ မရှိ။  သူ့အမြင်သူပြောပြီး သူ့ရပ်ခံချက်အတိုင်းသရပ်သည်။

    “မဟာအောက်တိုဘာတော်လှန်ရေးကြီးအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီးနှောင်းပိုင်းကာလတွေမှာ ကမ္ဘာ့ပြည်သူတွေရဲ့ တိမ်းညွှတ်မှုက လက်ဝဲတိမ်းညွှတ်မှုနဲ့ဆိုရှယ်လစ်ရေး၊ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးဗျ.. အခုဟာက လက်ယာတိမ်းညွှတ်မှုနဲ့ဈေးကွက်စီးပွားရေး၊ ပါတီစုံဒီမိုကရေစီ ထူထောင်ရေးဗျ… ဆိုတော့ ကျနော်တို့အမြင်တွေတင်မကဘူး လုပ်ဟန်နည်းနာတွေပါ ပြောင်းကိုပြောင်းရမယ်။ မပြောင်းရင် ပြတ်ကျန်ခဲ့လိမ့်မယ်ဗျ…”

    “ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်တာဟာ..ဒီမိုကရေစီရေးတိုက်ပွဲဝင်တာဖြစ်တယ်… ကွန်မြူနစ်ကိုတိုက်ဖို့ဆို  စစ်အာဏာရှင် နဲ့တောင်ပေါင်းမယ်… ဆိုတဲ့ အတွေးအခေါ်ရှိသူတွေရဲ့ နိုင်ငံရေးလားရာကို ဘာမှပြောစရာမရှိပါဘူး.. သူတို့ရွေးချယ်တဲ့လမ်းက သူတို့ကို ခေါ်ဆောင် သွားမှပါဗျာ”

    “ဒီမှာ..ကျနော်ပြောမယ်..နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့လုပ်ရတာပဲ.. တနည်းပြောရရင် အာဏာလိုချင်လို့ဗျာ.. အာဏာလိုချင်တယ်ဆိုတာကလည်း ပဒေသရာဇ်တွေစကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ…တခုပဲရှိတယ်… ရှင်ဘုရင် လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူးဗျ… ညံတဲ့ကောင်လည်းဘယ်တော့မှရှင်ဘုရင်မဖြစ်ဘူး..”

    သူပြောခဲ့ဖူးသည့်စကားများစွာအနက်မှ တချို့ကို ယခုတိုင်ပင်မှတ်မှတ်ရရရှိနေသေး၏။

    တနေ့ကျနော်က သူ့ကို “ဦးသုရဲ့နာမည်က တော်တော်ထူးခြားတယ်နော်.. အောင်မေသုဆိုတဲ့ ဒီလိုနာမည်မျိုးက အမှည့်နည်းတယ် လို့ ကျနော်ထင်တာပဲ…ဟုဆိုကာ သူ့အမည်ကိုစပ်စုမိ၏။ သူက ထုံးစံအတိုင်း တချက်ပြုံးလိုက်ပြီး .. “ကျနော်က အရင်တုန်းက နီအောင်မေသု ဗျ… ဗိုလ်စက်ရောင်ကတော့ ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ..ဧဝံမေသုတံ..တဲ့..ကျနော်တို့ခေတ်က နီ ဆိုတာကို လက်ဝဲအတွေးအခေါ်ရှိတဲ့ လူငယ်တွေတော်တော်များက နာမည်ရှေ့မှာ မြတ်မြတ်နိုးနိုးတပ်ကြတာဆိုတော့ ကျနော်လည်း တပ်တာပေါ့ဗျာ..” တဲ့။ “ကျနော်ဆိုလိုတာက အောင်မေသုဆိုတာကိုပါ..ရုတ်တရက်ဆို ပါဋ္ဌိလိုလိုဘာလိုလိုနဲ့..ဥပမာဗျာ သုမောင် ဆိုပါတော့ ကောင်းသောလူကလေး.. ဆိုတာမျိုး..” ဆိုတော့ သူပြုံးသာနေသည်။ ဘာမှမပြော။ သည်တော့မှ ကျနော်က မစန်းသီ အကြောင်းသူ့ကိုပြောပြသည်။

    “ဒါနဲ့..မစန်းသီ..နင့် ဒီနာမည်ကို ဘယ်သူပေးတာလဲဟ..ပြောပြပါဦး..နင့်မိဘပေးတာလား” ဗမာစကားပင်အနိုင်နိုင်ပြောနေကြရသည့် မစန်းသီ၏မိဘများက မစန်းသီဆိုသည့် နာမည်လှလှလေးကို ရွေးပေးနိုင်လောက်မည် မထင်သဖြင့် မေးမိလိုက်၏။ “မဟုတ်ဘူး ဦးလေး.. ကျမ ၁၃ နှစ်လောက်က ရပ်ကွက်ထဲကို မှတ်ပုံတင်ရုံးကလူကြီးတွေလာတယ်။ မှတ်ပုံတင်မရှိသေးသူတွေကို မှတ်ပုံတင်လုပ်ပေးတော့ အမေနဲ့ကျမသွားတယ်… အဲဒီ စာရေးတဲ့လူကြီးက ကျမနာမည်မေးတော့ ကျမကနာမည် ပြောပြတယ်… ကျမမှာဗမာနာမည် မရှိဘူး… ကုလားနာမည်ပဲရှိတယ်…ဟိန္ဒူလို ဘာစန်းသီး လို့ ခေါ်တယ်… ဘာစန်းသီးလို့ပြောတော့… သူက ၂ ခါ ၃ ခါပြန်မေးတယ်….. ကျမကလည်း ဘာစန်းသီး..ဘာစန်းသီး လို့ပဲပြန်ပြန်ဖြေတယ်… သူက ဘယ်လိုကြားသလဲတော့မသိပါဘူး ဦးလေးရာ… နောက်တော့ မှတ်ပုံတင်ရရော… ရတော့မှ ဘေးအိမ်ကလူကိုပြတော့ သူက “ဟဲ့..နင်က ဗမာနာမည်တွေ ဘာတွေနဲ့ပါလား” လို့ ပြောပြီး “ဒီမှာလေ နင့်နာမည်က ဘာစန်းသီးကနေ မစန်းသီဖြစ်သွားပြီ…” တဲ့ “အဲဒီလိုနဲ့ မစန်းသီဖြစ်လာတာပါဦးလေးရာ..”တဲ့။

    ကျနော့စကားဆုံးတော့ ဦးသုက “ခင်ဗျားက ကျနော့နာမည်ကိုရော ဘယ်ကနေဘယ်လို ဖြစ်လာတယ်ထင်လို့လဲ..” တဲ့။ “ကျနော့် အသိထဲမှာ ရမ်းမသူးတို့ အူမူရ်သူးတို့ ဆိုတဲ့နာမည်နဲ့ မွတ်စလင်မ်တွေရှိတယ်…ဘာလူမျိုးတွေလည်းတော့ ကျနော်လည်း မသိပါဘူး… ဗမာစကား ပြောရင်တော့ မစန်းသီလိုပဲ ခပ်ယိုင်ယိုင်ရယ်…တခါ ဦးသုကလည်း အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ် နာမည်လည်းရှိမှာပေါ့၊ နောက်ပြီး.. ဦးသုပြောသလောက်ကလည်း ဦးသုအဖေက ဗမာလိုသိပ်မပြီဘူးဆိုတော့… ကျနော်တွေး မိတာက.. ဘာစန်းသီးကနေ မစန်းသီဖြစ်သလိုမျိုး… မှတ်ပုံတင်အရာရှိ၊ ဒါမှမဟုတ်လည်း ကျောင်းစအပ်တုန်းက ကျောင်းစာရေးက အကြားလွဲပြီး ရမ်းမသူးတို့ အူမူရ်သူးတို့ကနေများ အောင်မေသု ဖြစ်လာသလားလို့ပါ..”

    သူ၏ ထူထဲရှည်လျားလှသည့် မျက်ခုံးမွှေးကြီးများကို အသာအယာဆွဲယူပွတ်သတ်နေရင်းက “ခင်ဗျားဗျာ.. တော်တော်ကြံကြံဖန်ဖန် ဆက်စပ် တွေးတဲ့သူပါလား… အကျိုးအကြောင်းလည်းဆီလျော် ယုတ္တိယုတ္တာလည်းကျ၊ ဟုတ်လည်းအဟုတ်ပဲ… ဒါပေမယ့် ခင်ဗျား တွေးမိသလို ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် ဒီ..အောင်မေသုဆိုတဲ့နာမည်က ကျနော့်အဖေကိုယ်တိုင်ရွေးပြီးပေးခဲ့ တာဗျ- ဘာပဲ ဖြစ်ဖြစ်လေ… ရမ်းမသူးကနေ ဒါမှမဟုတ် အူရ်မူသူးကနေ အောင်မေသုဖြစ်တာဖြစ်ဖြစ်… အောင်မေသု ကနေ ပဲ အောင်မေသု ဖြစ်တာဖြစ်ဖြစ် ပါ.. အရေးမကြီးပါဘူး… ကျနော် အောင်မေသုအဖြစ်နဲ့ အောင်မေသုဖြစ်နေရတာ ကိုပဲ ကြိုက်ပါတယ်…နောက်လည်း အောင်မေသုပဲဖြစ်နေဦး မှာပါ” ဟု ဆိုကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံး…သည်လိုနှင့် သည်ညနေခင်းကား ကုန်ဆုံးသွားရပြန်သည်။

    ကျနော်မြင်ခဲ့ဖူးသည့်အောင်မေသုကား အောင်မေသုအဖြစ်နှင့်သာ နေသွား သေသွားခဲ့ပါသည်။

    မျိုးမြင့်ချို FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • ၁၈-ရက် စက်တင်ဘာ. (ကဗျာ)

    ၁၈-ရက် စက်တင်ဘာ. (ကဗျာ)

    စက်တင်ဘာ၊ ၁၈၊ ၂၀၁၂

    M-Media

    ဝိုင်း

    ဘယ်တော့မှ မမေ့ဘူး။

    ၄-တန်းကျောင်းသူအရွယ်

    နုနယ်တဲ့ နှလုံးသားမှာ

    တဒိုင်းဒိုင်းနဲ့ သေနတ်သံတွေ

    ဖုံးလွှမ်းရာကို သိသောနေ့ . . . ။

    ရှစ်လေးလုံးရဲ့

    နောက်ဆက်တွဲ အကျိုးဆက်အဖြစ်

    မိခင်နဲ့ဖခင်ရဲ့ ပြန်လာချိန်ကို

    စိုးရိမ်ကြီးစွာ စောင့်မျှော်ခဲ့ရတဲ့

    နုနယ်တဲ့ နှလုံးသားမှာ

    သောကများစွာ

    စတင် ဖုံးလွှမ်းသောနေ့.  . . . ။

    အိမ်ပေါ်ထိ စစ်ခြေနင်းတွေ စီးနင်းပြီး

    ရိုင်းစိုင်းတဲ့ အပြုအမူတွေကို

    မျက်ဝါးထင်ထင်မြင်တွေ့ရပြီး

    စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို

    နာကျင်မှု စတင်ခဲ့သောနေ့.  . . . ။

    ၁၈-၉-၁၉၈၈ မှသည် ၁၈-၉-၂၀၁၂ သို့ . . .

  • မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ ဒဿမ အကြိမ်မြောက် စုပေါင်းသွေး လှုဒါန်းပွဲပြုလုပ်မည်။

    မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ ဒဿမ အကြိမ်မြောက် စုပေါင်းသွေး လှုဒါန်းပွဲပြုလုပ်မည်။

    စက်တင်ဘာ၊ ၁၇ ၊ ၂၀၁၂

    M-Media

    သတင်း- ကိုကို

    မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့
    မ-မ-လဌာနချူပ်မှ ကြီးမှူးရ်ျ ပုံမှန်ကျင်းပလျက်ရှိသော  ဒဿမ အကြိမ်မြာက်
    စုပေါင်းသွေးလှူဒါန်းပွဲကြီးကို 23-9-2012(တနင်္ဂနွေနေ့)နံနက်(83း0)နာရီတွင်
    ရန်ကုန်ပြည်သူဆေးရုံကြီးအမျိုးသား သွေးလှူဘဏ်တွင် ပြုလုပ်ပေးလှူမည်ဖြစ်ပါ၍
    မွန်မြတ်သော သွေးလှူဒါန်းခြင်းကိုအင်တိုက်အားတိုက်ပါဝင်ကြပါရန်  လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

    ဒါနသရဖူ-သွေးအလှူ
ံ
    မြတ်သည့်ဒါန   –   အစဉ်ပြုက
    ကာလသုံးပါး    –   ရွှင်လန်းစရာ
    မြင့်မြတ်လူသား –  ကယ်တင်ခြင်းမှာ
    လူလိုလူသား     –  ပီသစေရာ
    ပစ္စည်း ဥစ္စာ      –   ပိုလျှံစေကာ
    သဒ္ဓါတရား       –   ပေးကမ်းခြင်းထက်
    ခန္ဓာတည်ရာ     –   နှလုံးသွေးမှ
    ပေးဆပ်ခြင်းမှာ  –   ဒါနသရဖူ
    မြတ်သည့်အလှူ –   မြတ်ပေတကား

    ကိုယ်ခြင်းစာနာတတ်ခြင်းသည်ပင်လျှင် တရားစစ်တရားမှန်ဖြစ်သည်။

    သွေးလှူဒါန်းလိုသူများ  မိမိတို့ဧ။်အမည်စာရင်းကို
    21-9-2012 (သောကြာနေ့)နောက်ဆုံးထားရ်ျ ဌာနချုပ်ရုံးခန်းသို့
    စာရင်းပေးသွင်းနိုင်ပါသည်။
    အမှတ်-(194/196) အခန်း(4-A) ဗိုလ်ဆွန်ပက်လမ်း၊
    ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
    ဖုန်း  241212-25799

    မှတ်ချက်- လူဦးရေကန့်သတ်ထားခြင်းမရှိပါ။။

    ဆော်သြရေးမှုး
    သွေးလှူးဒါန်းရေးတာဝန်ခံ

  • (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ

    (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂

    Source: RFA

    (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ

    ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာနှစ်ရက်ကြာ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ရခိုင်နဲ့ မွတ်စ်လင် ခေါင်းဆောင်တွေ က ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစု အရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထားဆွေးနွေးခဲ့ကြပါတယ်။

    (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသား လက္ခဏာ ကပ်ဆိုက်မှုဖြစ်ပြီး ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် အများပါဝင်တဲ့ ဘုံအဖြေတစ်ခု ရှာဖွေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဆွေးနွေးပွဲမှ မြန်မာမွတ်စလင်များဘက်မှ ခေါင်းဆောင် ဒေါက်တာမြင့်သိန်း (ဓါတ်ပုံ The Voice

    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်အမျိုးသားတွေရဲ့ သဘောထားအမြင်တွေကို တင်ပြခဲ့သလို မွတ်စ်လင် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာမြင့်သိန်းနဲ့ ဦးကျော်ဝင်းတို့ကလည်း မွတ်စ်လင် ဘာသာဝင်တွေရဲ့ သဘောထားအမြင်တွေကို ဆွေးနွေးတင်ပြကြပါတယ်။

    ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ဦးသူရ (ခေါ်) အနုပညာရှင် ဇာဂနာက မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေးလက္ခဏာ ကိစ္စတွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

    ဒီကနေ့ဆွေးနွေးပွဲမှာ စာရေးဆရာ ဦးကျော်ဝင်း၊ ကရန်းပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ လူမှုရေးရေးရာကိစ္စတွေ ပါဝင်ဆောင်ရွက်နေသူ ဦးအောင်ကိုကိုတို့ကလည်း ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်

    ဒီဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်းတက်ရောက်ခဲ့ပါတယ်။