News @ M-Media

Blog

  • တိုင်းပြည်အတွက် အုတ်တချပ် သဲတပွင့်ပမာ အကျိုးပြုချင်တဲ့ MMSY မန်ဘာများ ရဲ့ လုပ်ဆောင်မှုတစ်ခု

    တိုင်းပြည်အတွက် အုတ်တချပ် သဲတပွင့်ပမာ အကျိုးပြုချင်တဲ့ MMSY မန်ဘာများ ရဲ့ လုပ်ဆောင်မှုတစ်ခု

    စက်တင်ဘာ ၉၊ ၂၀၁၂

    သတင်း/ဓါတ်ပုံ – ပြည့်ပြည့်

    မန္တလေး။         ။ MMSY (Myanmar Muslim Students & Youth မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များအဖွဲ့) မန်ဘာဝင်များ သည့် ပြည်တွင်းရှိ ဘေးသင့် ဒေသများသို့ လှူဒါန်းနိုင်ရန် အ၀တ်အထည်များကို မန္တလေး MMSY မန်ဘာဝင်များထံမှ အလှူခံယူပြီး နိဗ္ဗာန်ဆော် အဖွဲ့သို့ ၉.၉.၂၀၁၂ တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

    MMSY မန်ဘာဝင် လူငယ်များဟာ အမိမြန်မာ့မြေမှ လူသားအားလုံးအတွက် တတ်စွမ်းနိုင်သလောက် အုတ်တချပ် သဲတပွင့်ပမာဆောင်ရွက်ရန် အမြဲနှလုံးသွင်း၍ ပရဟိတလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယခင်ကလည်း လုပ်ဆောင်ခဲ့သလို ယခုလက်ရှိမှာလည်း ဆက်လက် လုပ်ဆောင်နေကြောင်း၊ နောင်များမှာလည်း တတ်စွမ်းသရွေ့လုပ်ဆောင်ကြမှာဖြစ်ကြောင်း၊ ယခုလုပ်ဖြစ်တဲ့ အစီအစဉ်ဟာ ဘေးသင့်ဒေသက ဒုက္ခရောက်နေသူများ အတွက် ရည်စူးပြီး MMSY မန္တလေး မှ မန်ဘာဝင်များက အ၀တ်အစားများကို အလှူခံခဲ့ကြကြောင်း၊ အလှူခံရာတွင်လည်း အ၀တ်အစားတစ်ပတ်နွမ်းများကိုသာ အလှူခံခဲ့သော် အသစ်များကိုလည်း ၀ယ်ယူလှူဒါန်း ပေးအပ်ခဲ့ကြသူများလည်း ရှိကြောင်း၊ MMSY မန်ဘာဝင်များ ပေးလှူသော အ၀တ်အစားများကို မနေ့ကတော့ အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ စုဆောင်းခဲ့ကြပြီး နိဗ္ဗာန်ဆော်အဖွဲ့သို့ တဆင့် လွှဲအပ်လှူဒါန်းခဲ့တယ်လို့ ပါဝင်ဆောင်ရွက်ခဲ့သူ လူငယ်တစ်ဦးမှ ပြောပြခဲ့တယ်။

    “MMSY မန်ဘာဝင်တွေဟာ ပရဟိတ လုပ်ငန်းလေးတွေကို စိတ်ဝင်စားတဲ့ သူတွေစုပြီး တတ်နိုင်သလောက် လုပ်ဆောင်နေကြတယ်လေ။ အခုအချိန်မှာ ဘေးသင့်ဒေသတွေကို MMSY မိသားစုဝင်တွေကိုယ်တိုင် သွားရောက်ဖို့ဆိုတာလည်း မလွယ်ကူပါဘူး။ MMSY လူငယ်တွေက အလုပ်တစ်ဘက် ကျောင်းတဘက်တွေနဲ့ဆိုတော့ အဲလိုမျိုး တိုက်ရိုက်မသွားရောက်နိုင်ပါဘူး။ ဒါကြောင့် အားလုံးလုပ်နိုင်တဲ့ တထောင့်တနေရာကနေ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ အခုလို အလှူခံရရှိတဲ့အ၀တ်အစားတွေကို နိဗ္ဗာန်ဆော်ကို တဆင့်ပေးလှူရတာက ခုနကပြောသလို  ကိုယ်တိုင်သွားရောက် မလှူဒါန်းနိုင်တဲ့အတွက် နိဗ္ဗာန်ဆော် အဖွဲ့ကို ပေးလှူတာပါ။ နိဗ္ဗာန်ဆော် အနေနဲ့ကလည်း ဘယ်အချိန် ဘယ်နေရာဒေသကပဲဖြစ်ဖြစ် လူမျိုးဘာသာမခွဲခြားပဲ ကူညီပေးနေတဲ့အဖွဲ့ပါ ဒါကြောင့် MMSY မန်ဘာတွေက လုပ်ဆောင်နိုင်ရာ အစိတ်အပိုင်းလေးကို ၀ိုင်းဝန်းလက်တွဲ လုပ်ဆောင်လိုက်တာပါလို့” အ၀တ်အစားများကို အလှူခံကောက်ယူစုဆောင်းခဲ့ကြသူများကိုယ်စား MMSY မန်ဘာဝင် တစ်ယောက်က ပြောကြားခဲ့ပါတယ်။

    နောက်နောင်များမှာလည်း ပရဟိတလုပ်ငန်းများကို MMSY အဖွဲ့ တတ်စွမ်းနိုင်သလောက် တစ်ပိုင်တနိုင်ဆက်လက် လုပ်ဆောင်နေဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    MMSY (Myanmar Muslim Students and Youth မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များအဖွဲ့) ဟာ အွန်လိုင်း အခြေပြု မြန်မာမွတ်စလင်မ်လူငယ်အဖွဲ့ ဖြစ်ပြိး  နိုင်ငံစုံမှာရောက်ရှိနေကြတဲ့ မြန်မာမွတ်စလင်မ်လူငယ်များဖြင့် ဖွဲ့စည်းထားတဲ့ အွန်လိုင်းအဖွဲ့ဖြစ်ပါတယ်။ MMSY အွန်လိုင်း ကွန်မြူနတီကို ၂၀၀၇ ခုနှစ် ကတည်းက ဖွဲ့စည်းခဲ့ဖြစ်ပါတယ်။

     

  • မြန်မာနှင့်အီရန် သံအဆက်အသွယ် စတင်

    မြန်မာနှင့်အီရန် သံအဆက်အသွယ် စတင်

    စက်တင်ဘာ ၊ ၁၁။ ၂၀၁၂

    M-Media
    နေပြည်တော်။           ။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော သံအမတ်ကြီး ဟိုစိန် ကာမာလီယံသည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်စဉ်
    ဓါတ်ပုံ (မြဝတီ)

    အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအကြား သံအဆက်အသွယ်ထားရှိရန် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း  အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘရ်ဆာလီဟီ ၏ ပြောကြားချက်ကို BERNAMA တွင် ဖော်ပြချက်များအရ သိရှိရပါတယ်။

  • ၂၀၁၂ ဟဂ်ျဗီဇာနှင့် စပ်လျဉ်း၍ ကြေညာချက်ထွက်

    ၂၀၁၂ ဟဂ်ျဗီဇာနှင့် စပ်လျဉ်း၍ ကြေညာချက်ထွက်

    စက်တင်ဘာ၊ ၁၁ ၊ ၂၀၁၂
    M-Media

    ရန်ကုန်။     ။၂၀၁၂ ခုနှစ် ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့သို့ ဟဂ်ျ ခရီးစဉ်သွားရောက်မည့် မြန်မာမွတ်စလင်များ အတွက် ဝန်ဆောင်မှုပြုလုပ်ပေးမည့် ကုမ္ပဏီများ၏ စာရင်းကို ဆော်ဒီသံရုံးမှ မြန်မာနိုင်ငံ ဟဂ်ျအဖွဲ့သို့ (၁၁.၉.၂၀၁၂) တွင် အကြောင်းကြားခဲ့ကြောင်း အစ္စလာမ်သာသနာရေးရာ ကောင်စီရဲ့ တရားဝင် FaceBook စာမျက်နှာ ဖော်ပြချက်အရသိရှိရပါတယ်။

    အဆိုပါ ကြေငြာချက်ကို သြဂုတ်လ ၂၇တွင် ပြုလုပ်ခဲ့သော ဟာဂ်ျဦးဆောင်ကိုယ်စားလှယ် အစည်း အဝေးတွင် သာသနာရေးဝန်ကြီးဌာနမှ သဘောတူရွေးချယ်ပေးထားသည့် ဟဂ်ျကိုယ်စားလှယ်အဖွဲ့  ခေါင်းဆောင်  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး မှ မောင်လာနာ မုဟမ္မဒ် ယူစွတ်ဖ် (ခ)ဦးသိန်းမြင့် မှ လက်မှတ်ထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။

    ပြီးခဲတဲ့ သြဂုတ်လ ၆ ရက်နေ့က ဟဂ်ျခရီးစဉ်တွင် ဦးဆောင်လုပ်ပိုင်ခွင့်ကို အကျိုးအမြတ်မယူမည့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့အား လုပ်ပိုင်ခွင့်ပေးရန်၊ အစိုးရနှင့် ပနံသင့်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ကသာ နှစ်ပေါင်းများစွာ လုပ်ပိုင်ခွင့်ရရှိခြင်းကို ရပ်တန့်ပေးရန်အတွက် တရားမျှတမှုကိုလိုလားသော မြန်မာမွတ်စလင်မ်အချို့ သာသနာရေးဦးစီးဌာန ရုံးရှေ့ စုရုံး ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

    အစ္စလာဘာသာဝင် မြန်မာမွတ်စလင်မ်များမှာ ဟဂ်ျခရီးစဉ်တွင် သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် တာဝန်မဲ့ ဝန်ဆောင်မှုကုမ္ပဏီများကြောင်း ယခင်နှစ်များအတွင်း အခက်အခဲ့များစွာကြုံရပြီး စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။  ယမန်နှစ် ၂၀၁၁ ခုနှစ်တွင် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် မြန်မာမွတ်စလင်မ် ဟဂ်ျခရီးသည် ၁၂၀၀ခန့်သည်  တာဝန်မဲ့ ဟဂ်ျလုပ်ငန်း အေးဂျင့်များကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သောင်တင်ခဲ့ကြပြီး ခရီးစဉ်ပျက်ပြယ်ကာ ငွေကြေး မြောက်မြားစွာ ဆုံးရှုံး နစ်နာခဲ့ရသည်။

    ဟဂ်ျဗီဇာအတွက် တာဝန်ယူဆောင်ရွက်ပေးမည့် ကုမ္ပဏီများ စာရင်း
    ဟဂ်ျဗီဇာအတွက် တာဝန်ယူဆောင်ရွက်ပေးမည့် ကုမ္ပဏီများ စာရင်း
    ဟဂ်ျဗီဇာအတွက် တာဝန်ယူဆောင်ရွက်ပေးမည့် ကုမ္ပဏီများ စာရင်း
  • လူသားတန်ဖိုး လေးစားသော ယဉ်ကျေးမှု့

    လူသားတန်ဖိုး လေးစားသော ယဉ်ကျေးမှု့

    စက်တင်ဘာ၊ ၉ ၊ ၂၀၁၂

    M-Media

     

    ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေတွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီ ၊ သီရိခန်းမ၌ မြန်မာမွတ်စလင်မ် ကွန်ရက်မှ  ပြုလုပ်ခဲ့သော အီဒ်မိတ်ဆုံ၌ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) မှ ပြောကြားခဲ့သော အဖွင့်အမှာစကား

     

  • ရခိုင်တွင် လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်ကြောင်း ကြေငြာချက်ထုတ်

    ရခိုင်တွင် လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်ကြောင်း ကြေငြာချက်ထုတ်

    စက်တင်ဘာ၊ ၁၁၊ ၂၀၁၂

    M-Media

    Source: RFA & US EMBASSY

    Photo BBC

    ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ Derek Mitchell နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Joseph Yun တို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ နေရာတွေကို နှစ်ရက်ကြာ သွားရောက် ကြည့်ရှု လေ့လာခဲ့ပြီးတဲ့နောက် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့ အမေရိကန်သံရုံးမှ ထုတ်ပြန်သည့် ကြေငြာချက်

    ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခဒဏ်ကို နှစ်ဖက်စလုံး အကြီးအကျယ် ခံခဲ့ကြရပြီး စာနာမှုကူညီရေး အခြေအနေကလည်း စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်ကြောင်း လိုအပ်နေတာတွေကို ချက်ခြင်းအမြန် ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အပြင် ရေရှည်အတွက် အခြေခံကျတဲ့အလုပ်တွေ၊ တည်တံ့ခိုင်မြဲပြီး တရားမျှတတဲ့ ဖြေရှင်းမှုတွေ ချမှတ်ဖို့လည်း လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

    အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာ Joseph Yun ဟာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကိစ္စ ဆက်လက် ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။