News @ M-Media

Blog

  • အကြမ်းဖက်သမားအများစုဟာ အစ္စလာမ္မစ်တွေဆိုတာ မဟုတ်မှန်

    အကြမ်းဖက်သမားအများစုဟာ အစ္စလာမ္မစ်တွေဆိုတာ မဟုတ်မှန်

    99.6 % အကြမ်းဖက်သမားဟာ အစ္စလာမ္မစ် မဟုတ်ကြောင်း ဥရောပရဲတပ်ဖွဲ့   (Europol) ထောက်ပြ 

    ဖိုးသောကြာ
    သြဂုတ် ၁၅၊ ၂၀၁၂

     

    “မွတ်ဆလင်အားလုံးဟာအကြမ်းဖက်သမားမဟုတ်၊ သို့သော် အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဖြစ်တယ်” ဆိုတဲ့လက်သုံးစကားဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးသူတွေ သုံးနေကြ ပေါ်ပြူလာစကားလုံးပေါ့။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ ဒါဟာ အချက်အလက်တွေအပေါ်တကယ်အခြေခံပြီး ပြောကြားတာနေမဟုတ်ပါဘူး။ FBI ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ US မှာဖြစ်တဲ့ အကြမ်းဖက်မှုတွေမှာ ၉၄%သောအကြမ်းဖက်သူတွေမှအပ ကျန်သူတွေသာ မွတ်ဆလင်တွေဖြစ်ကြပါတယ်တဲ့။ အမေရိကန်မြေပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်း ဖက်မှုတွေကို  ၁၉၈၀မှ ၂၀၀၅ အထိမှတ်တမ်းပြုစုဖော်ပြချက်တွေအရ  ၆ ရာခိုင်နှုန်းသော အကြမ်းဖက်လုပ်ရပ်တွေသာ မွတ်ဆလင်တွေနဲ့  သက်ဆိုင်ပါတယ်။ ကျန်တဲ့ ၉၄% ထဲမှာတော့ ၄၂% ကို လက်တင်အမေရိကသားတွေ၊ ၂၄% ကိုလက်ဝဲအစွန်းရောက်အဖွဲ့ဝင်တွေ၊ ၇% ကို ဂျူးအစွန်းရောက်တွေ၊ ၅% ကိုကွန်မြူနစ်တွေနှင့် ၁၆% ကိုတော့ အခြားအဖွဲ့တွေကျူးလွန်တာလို့ ခွဲထုတ်နိုင်ပါတယ်။

    တစ်ဖက်ကိုကြည့်ကြည့်ကြရအောင်။ ဥရောပရဲတပ်ဖွဲ့ ဖြစ်တဲ့ ယူရိုပိုလ် (Europol) တရားဝင်ဝဘ်ဆိုက်မှ နှစ်စဉ်ထုတ်ပြန်နေတဲ့ ဥရောပအကြမ်းဖက်မှုအနေအထားနဲ့ ဖြစ်စဉ် အစီရင်ခံစာတွေကို ၂၀၀၇၀၈၀၉ နှစ်အလိုက်ထုတ်ပြန်တာကို လေ့လာရင်လည်း အကြမ်းဖက်သမားအများစုက မွတ်ဆလင်တွေပါလို့ အထောက်အပံ့ဖြစ် တဲ့အနေအထားမရှိပါဘူး။ တစ်စုံတစ်ယောက်က ၂၀၀၇ ထက်အရင် ရီပို့ထ်တွေကို ရှာဖွေနိုင်မယ်ဆိုရင် လေ့လာချက်ထဲမှာထည့်သွင်းဖော်ပြနိုင်အောင် ပေးပို့နိုင်ပါတယ်။

    အထက်ပါရလဒ်တွေက ဘယ်လိုနည်းနဲ့မှ အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေပါလို့ အထောက်အပံ့မဖြစ်ပါ။ အချက်အလက်တွေကိုအနှစ်ချုပ်လိုက်ရင် ဥရောပမှာဖြစ်ပွါးခဲ့တဲ့ ၉၉.၆%သောအကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို မွတ်ဆလင်မဟုတ်သူတွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ၈၄.၈%သောတိုက်ခိုက်မှုတွေကို ခွဲထွက်ရေးအုပ်စုတွေက ကျူးလွန်တာဖြစ်ပါတယ်။ လက်ဝဲဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာဆိုရင် အစ္စလာမ္မစ်အုပ်စု တွေထက် ၁၆ဆပိုများနေပါသေးတယ်။ ၂၀၀၆ ကနေ ၂၀၀၈ အထိ တိုက်ခိုက်ခံရမှုတွေမှာ ၀.၄%သာ အစွန်းရောက်မွတ်ဆလင်တွေပြုလုပ်ခဲ့တာလို့ သတ်မှတ်နိုင်ပါတယ်။

    ဥရောပမှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ တရားဝင်စာရင်း ဇယားတွေကို အောက်မှာဆက်လက်ဖော်ပြထားပါတယ်။

    ၂၀၀၆ခုနှစ်စာရင်းဇယား

    ၂၀၀၇ခုနှစ်စာရင်းဇယား

    ၂၀၀၈ခုနှစ်စာရင်းဇယား

    ရီပို့ထ်အရ ၂၀၀၈ခုနှစ်အတွင်းမှာ UK နိုင်ငံအတွင်းမှာ အစ္စလာမ္မစ်တိုက်ခိုက်မှုတစ်ခုရှိတာကို အပေါ်က ၂၀၀၈ခုနှစ်စာရင်းဇယားမှာ ထည့်သွင်းမဖော်ပြထားပေမဲ့ အောက်က ဘားဂရပ်(ဖ)မှာတော့ ထည့်သွင်းတွက်ချက်ဖော်ပြထားပါတယ်။

    အပေါ်က စာရင်းဇယားတွေကို ကြည့်လိုက်တာနဲ့ အကြမ်းသမားအများစုဟာ မွတ်ဆလင်တွေပါလို့ ဝါဒဖြန့်နေတာတွေဟာ ယုတ္တိမတန်ဘူးဆိုတာ လွယ်လွယ်ကူကူကောက်ချက်ချနိုင်ပါတယ်။ ဒါဟာအမှန်တရားစစ်စစ်ပဲဖြစ်ပါတယ်။

    အထက်ပါ ဒေတာတွေကို စုစည်းပြီး ၂၀၀၆ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ ဥရောပနိုင်ငံတွေမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သက်ဆိုင်ရာဂရုပ်အလိုက် ခွဲထုတ်ဖော်ပြချက်ဘားဂရပ်(ဖ)ပါ။

    ၂၀၀၉ခုနှစ်ယူရိုပိုလ်ရီပို့ထ် စာမျက်နှာ(၇)မှာ အောက်ပါအတိုင်းအနှစ်ချုပ်ထားပါတယ်။

    အစ္စလာမ္မစ်အကြမ်းဖက်တွေဟာ ကမ္ဘာနဲ့အဝှမ်းမှာအကြီးအကျယ်ဖြစ်ပွါးနေတယ်ဆိုသော်လည်း အချက်အလက်တွေအရတော့ EU အနေနဲ့ ၂၀၀၈ခုနှစ်အတွင်းမှာ UK မှာဗုံးခွဲတိုက်ခိုက်မှု တစ်ကြိမ်သာတိုက်ခိုက်ခံခဲ့ရပါတယ်။ ခွဲထွက်ရေးအကြမ်းဖက်သမားတွေသာ ဥရောပတစ်လွှားမှာ အဓိကအကြမ်းဖက်သူတွေဖြစ်ပါတယ်။ အဓိကအကြမ်းဖက်သမားတွေကတော့ စပိန်နှင့်ဖရန့်စ်က ဘက်စ်ခွဲထွက်ရေးသမားများ၊ ဖရန့်စ်မှ ကော်ဆီကန်ခွဲထွက်ရေးသမားများဖြစ်ပါတယ်။ ETA(ဘက်စ်ခွဲထွက်ရေးသမားများ) နှင့် FARC(ကိုလံဘီယာခွဲထွက်ရေးသမားများ) ကြားက ဆက်ဆံရေးအနေထားတွေက အီးယူအတွင်းက ခွဲထွက်ရေးသမားတွေဟာ အီးယူပြင်ပမှာ မိတ်ဆွေအဖွဲ့အစည်းတွေနဲ့ ပေါင်းကူးဆက်ဆံမှုပြုလုပ်ရှာဖွေပါတယ်။ UK မှာတော့ အိုင်းရစ်ရှ်ခွဲထွက်ရေးသမားတွေဖြစ်တဲ့ RIRA နဲ့ CIRA တို့ဟာ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေကြူးလွန်လျှက်ရှိနေပါတယ်။

    ဒီကနေ့ လက်ယာအစွန်းရောက်တွေရဲ့ လွှမ်းမိုးမှုဝါဒဖြန့်မှုတွေကြောင့် လူအများစုက အစ္စလာမ္မစ်အကြမ်းဖက်သမားဆိုသည်မှာ အနောက်ကမ္ဘာကို အဓိကခြိမ်းခြောက်နေသော အကြမ်းဖက်သမားများအဖြစ်အမြင်ရောက်နေကြတယ်။ တကယ်တမ်းကျတော့ အနောက်ကမ္ဘာက အစ္စလာမ္မစ်ကြမ်းဖက်သမားဆိုတာထက် တခြားသောအဖွဲ့အစည်းတွေက အကြမ်းဖက်မှုတွေပိုပြီးလုပ်ဆောင်နေကြပြီး အစ္စလာမ္မစ်တွေထက် အဆပေါင်းများစွာ ပိုမိုလုပ်ဆောင်နေကြတာပါ။ ဒါကို အခြားအဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို မျက်ကွယ်ပြုပြီး အစ္စလာမ္မစ်တွေကို ပိုပြီးအာရုံစိုက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒဖြန့်နေကြတာဖြစ်ပါတယ်။ ဒါမှလည်း အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဆိုတဲ့ အနေအထားမျိုး ပြောလို့ဆိုလို့ကောင်းမှာဖြစ်ပါတယ်။

    ဒါ့ကြောင့် US မှာအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၆% ဥရောပမှာဆိုရင်တော့ တစ်ရာခိုင်နှုံးရဲ့တစ်ဝက်တောင်မပြည့်တဲ့ အစ္စလာမ္မ္မစ်တွေရဲ့ တိုက်ခိုက်မှုတွေကို မတော်မတရားပုံကြီးချဲ့ပြီး လူထုကိုကြောက်လန့်အောင် ခြောက်လှန့်ပြီး မလိုလားအပ်တဲ့ အကြောက်တရားတွေ ဖြန့်ဝေနေတာဟာ လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်ပြီး လူထုအနေနဲ့လည်း ဒါကိုထုတ်ဖော်ပြီး ပကတိအခြေအနေမှန်ကို သဘောပေါက်နားလည်ရန်ကြိုးစားသင့်ပါတယ်။

    တကယ်တော့ အနောက်ဥရောပရဲ့ လူနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက်သမားဆိုတဲ့ ခေါင်းစဉ်တစ်ခုတင်ပြီး ဘာသာကွဲတွေရဲ့ အထင်အမြင်လွဲမှားမှု၊ အကြောက်တရားတိုးပွါးမှုနဲ့ ထိရှလွယ်မှုတွေတိုးပွါးစေရုံသက်သက်ပဲဖြစ်ပွါးစေတာပါ။ အစ္စလာမ်ဘာသာဝင်တွေဘက်ကလည်း အဲ့ဒီလိုမျိုး ရူးနှမ်းနှမ်းနဲ့ မဟုတ်မမှန်စွတ်စွဲပြောကြားချက်တွေအပေါ်မှာ အချက်အလက်အမှန်တွေနဲ့ အဖြစ်မှန်တွေကိုအခြေခံပြီး ပြန်လည်ချေပပြောဆိုသင့်ပါတယ်။

     ကိုးကား – Europol Report: All Terrorists are Muslims…Except the 99.6% that Aren’t

  • သမ္မတ ဦးသိန်းစိန် နှင့် ဗွီအိုအေ အင်တာဗျူး ကောက်နှုတ်ချက်

    သမ္မတ ဦးသိန်းစိန် နှင့် ဗွီအိုအေ အင်တာဗျူး ကောက်နှုတ်ချက်

    မူရင်း http://burmese.voanews.com

    ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

    အင်တာဗျူး အပြည့်အစုံမှ အချို့ အချက်များကို M-Media မှ ကောက်နှုတ်ဖော်ပြပါသည်။ အင်တာဗျူးအပြည့်အစုံကို အပေါ်က လင့်မှာ သွားရောက်ဖတ်ရှု့ပါရန်။

     

    – ဖြစ်စဉ်ကတော့ ခုနကလို ရာဇ၀တ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်ဖြစ်တဲ့ အတွက် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး ပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လဲ မတွေ့ခဲ့ရပါဘူး။

    -လူခြောက်သောင်း လောက်ကို ကျွေးရပြုရတဲ့ အလုပ်က တကယ်တော့လည်း ကျွန်တော်တို့နဲ့ ချည်းပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်း လုပ်နေတဲ့ UN အဖွဲ့စည်းတွေ အမ်ဂျီအို တွေ သူတို့ရဲ့ အကူအညီတွေလဲ များစွာ ယူရပါတယ်။ ဒီအဖွဲ့တွေလဲ ကျွန်တော် တို့ကျေးဇူး တင်ရမှာဖြစ်ပါတယ်။ တစ် အချက်က စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေရပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေ ဘာတွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။

    – ဒီ ကိစ္စက ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေး တစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလဲ မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူဆလင်တွေ အများကြီး နေတယ်။ ရှိတယ်။  ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူ တွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာ မရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေး တစ်ခုမှာပဲဖြစ်တာပါ။ ဒါ ကျွန်တော်တို့ ပြည်တွင်းရေး ကိစ္စ သက်သက်ပဲ ဖြစ်တယ်။

    -ရခိုင်တိုင်းရင်းသားပါတီက ပါတီ အကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ မှာလဲ လူအခွင့်အရေးဆိုတဲ့ ကိစ္စ ကို ရှေ့တန်းတင်ပြီးတော့ ပြောကြားလာတယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။

    -၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့် တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်

    – ဟိုဘက်ပိုင်းမှာ ဘင်္ဂလီတွေနဲ့ ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင် ပညာရေးစနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။

    -တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။

    -ခင်ဗျားတို့ ကူညီမယ်ပြုမယ် ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ ကူညီပါ လက်တွေ့ ခုနကလို ဒုက္ခ ခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ ဟာတွေကို ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့က သူတို့နဲ့တွေ့တိုင်း၊ တွေ့တိုင်း ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း ကျွန်တော်တို့ စိုးရိမ်ပါတယ်။

    ပြဿနာအစတုန်းကတော့ လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်း စာနာမှု အမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။

  • ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ….. ။

    ပသီဝိုင်းဝတ်ရည်မြင့်

    သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ?

    ကျွန်မတို့အမိမြန်မာနိုင်ငံကြီးမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့်၊ ကိုယ်လက်ခံယုံကြည်တဲ့ ဘာသာတရားကို ဖိနှိပ်ချုပ်ချယ်နေတာတွေကိုလည်း တွေ့မြင်နေရတယ်။ စာလေးတစ်ပုဒ်ဖတ်ပြီးအဲဒီစာလေးမှာ ကျွန်မ ရင်ထဲက ခံစားချက်ကို ချရေးလိုက်တော့ စာတစ်ပုဒ်ဖြစ်သွားတယ်။

    ကျွန်မတို့ရဲ့ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာ မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ တိုင်းရင်းသားစစ်စစ်တွေပါ။ မြန်မာရှင်ဘုရင်တွေလက်ထက်ကတည်းက ဘုရင့်သစ္စာခံ မင်းမှုထမ်းတွေပါ။ ဘုရင်ကိုယ်တိုင်နှစ်သက်ကြည်ဖြူလို့ သူ့ရဲ့ စားတော်ကဲအဖြစ် ခန့်ခံခဲ့ရသူ၊ သူကြွယ်အဖြစ်သတ်မှတ်ပေးခဲ့ပြီး သူကြွယ်မင်းလို့နာမည်တပ်ခံရသူတွေပါ ဘယ်နိုင်ငံမှ ရောက်လာပြီးနေခဲ့ကြသူတွေလည်းမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ပသီလို့ အသိအမှတ်ပြုခံခဲ့ရသူတွေပါ။ မြန်မာ့နိုင်ငံသမိုင်းကြောင်းတလျှောက်လုံးမှာ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့သူ၊ လွတ်လပ်ရေးရပြီးအချိန်တွေမှာလည်း နိုင်ငံတိုးတက်ဖို့ အများနဲ့တန်းတူ သက်စွန့်စံဖျားကြိုးပမ်းခဲ့ကြသူတွေပါ။

    အဲလိုနေခဲ့သူတွေရဲ့ သားစဉ်မြေးဆက်ဖြစ်လာတဲ့ ကျွန်မတို့မှာတော့ မှတ်ပုံတင်လုပ်တဲ့အခါမှာ ကိုယ့်ဆွေမျိုးသားချင်းထဲမှာ တစ်ယောက်မှ မရှိတဲ့ အိန္ဒိယဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်ခံရတယ်။ တော်တော်တော့ ရင်နာမိတယ်။  

    အိမ်ထောင်စုဇယား၊ မှတ်ပုံတင် ၁၀-နှစ်ကတ်၊ ၂၀၁၀-မဲပေးဖို့ထုတ်ပေးတဲ့ ကတ်မှာ လူမျိုးက ပသီပဲဗျ။ ၁၈-နှစ်နောက်ပိုင်းမှတ်ပုံတင်လဲတော့ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ ပါကစ္စတန်+ဗမာ၊ ဘင်္ဂလားဒေ့ရှ်+ဗမာ စတာတွေကို ထည့်တော့တာပဲ။ ပသီလို့ လုံးဝမပေးတာကြောင့် ၄-၅ ခါထက် မနည်း မှတ်ပုံတင် ပြန်လုပ်ခဲ့ဖူးတယ် မှတ်ပုံတင်တစ်ခါလုပ်ရင် ဖြည့်ရတဲ့ Form တွေကလည်း သိတဲ့အတိုင်းပဲ။  အဲဒါ နောက်ဆုံးတစ်ခေါက်မှာတော့ လ၀ကနဲ့ အကြီးအကျယ် ပြဿနာဖြစ်ပါတယ်။ တိုင်းရင်းသားဖြစ်ကြောင်း အထောက်အထား စာအုပ်မျိုးစုံ (ကိုယ့်ဘက် သူ့ဘက်က ထုတ်ထားတဲ့ စာအုပ်တွေ)ကို ယူသွားပြီး အပိုင်အနိုင်ပြောသော်လည်း ကျွန်မတို့က အဲဒါတွေ နားမလည်ပါဘူး။ အထက်က ပြောတာကိုပဲ လုပ်ရတာပါတဲ့။  နောက်တော့ ပတ်စ်ပို့စ်လုပ်တဲ့အချိန်မှာ ၁၀-နှစ်ကတ်နဲ့လုပ်ပါတယ်။ ချလံထွက်ခါနီးမှာ ပြဿနာတွေ မျိုးစုံတက်ပြီး ငွေကုန်လူပန်းပြီး ပတ်စ်ပို့စ်လည်း မရခဲ့တော့ပါဘူး။ ဒါနဲ့ ပသီမရရင် မှတ်ပုံတင်မယူဘူးဆိုပြီး ကျွန်တော် အသက်(၃၀)ကျော်အထိ ၁၀-နှစ်ကတ်နဲ့ပဲ နေခဲ့ပါတယ်။ ဒီလိုနဲ့နေလာရင်း ခရီးသွားရတာတွေများလာတာတော့ လမ်းမှာ မှတ်ပုံတင်ဆင်းပြရတိုင်း ၁၀-နှစ်ကတ်ပဲဖြစ်နေပြီး ဘာသာက မွတ်စလင်မ်ဖြစ်နေတဲ့အတွက်  ၁၀-နှစ်ကတ်ကို အခုအချိန်ထိ မလဲလို့ဆိုပြီး ခဏခဏ ပြဿနာဖြေရှင်းရပါတယ်။

    အဲဒါနဲ့ မှတ်ပုံတင်လဲမှဖြစ်တော့မယ်ဆိုပြီး ၁၈-နှစ်ပြည့် မှတ်ပုံတင်ပြန်လုပ်ပါတယ်။ အဲဒီမှာလည်း အပေါ်မှာပြောခဲ့သလို လ၀ကနဲ့ ခဏခဏ စကားပြောရပါတယ်။ နှစ်ဘက် အဖိုးအဖွားတွေရဲ့ မှတ်ပုံတင်တွေ၊ မျိုးရိုးစဉ်ဆက်တွေကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်တယ်။ ကျွန်မအမေက ရန်ကုန်မွေးဖွားကြီးပြင်းလာသူဖြစ်တော့ အမေနဲ့ အဖိုးအဖွား တွေရဲ့ case file ကို ရန်ကုန်မှာပြန်ယူခိုင်းတယ်။ ကျွန်မတို့ယူပေးနိုင်ခဲ့တယ်။ နောက် အဖေဘက်က case file ကိုကျတော့ မန္တလေး မြို့နယ်လ၀ကရုံးက ရှာလို့မတွေ့သေးဘူးလို့ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လက်ထဲမှာ case file တွေကို copy ကူးထားတာရှိနေလို့ ပေးတာတောင် မရဘူး ရုံးမှာရှာနေဆဲဆိုပြီး လပေါင်း တော်တော်ကြာကြာ အချိန်ဆွဲထားခဲ့တယ်။ တချို့ကလည်းပြောတယ် ပိုက်ဆံပေးလိုက်ကွာတဲ့ ကျွန်မတို့ လုံးဝမပေးပါဘူး။ မှတ်ပုံတင်လုပ်လို့ တရားဝင် ကုန်ကျငွေကိုသာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လ၀ကက ဘာပြောလဲဆိုတော့ သမိုင်းတွေဘာတွေ ကျွန်မတို့ နားမလည်ပါဘူး။ အထက်က အမိန့်အတိုင်း ကျွန်မတို့ လုပ်ရတာပဲလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့က ဘယ် အိန္ဒိယ ပါကစ္စတန်ကမှ မဟုတ်တဲ့အတွက် အဲဒါပေးရင် မယူနိုင်ဘူးလို့ပြောတယ်။ သူတို့ဘက်က လေသံပြော့သွားပြီး လုပ်ပေးမယ်လို့ ပြောတယ်။ မှတ်ပုံတင်သွားယူရတဲ့နေ့မှာ case file ကို ကျွန်မတို့လက်ထဲပေးပါတယ်။ အဲဒီ case file ကိုင်သွားပြီး။ လ၀က ဦးစီးမှူးဆီမှာ မှတ်ပုံတင်ကို သွားထုတ်ရပါတယ်။ Case file ကို ကျွန်မကြည့်လိုက်တော့ ရှေ့ဆုံးစာရွက်တစ်မှာ နာမည်၊ လူမျိုး၊ ဘာသာ အကုန်ရေးထားတယ်။ အဲဒီမှာ ကြည့်လိုက်တော့လည်း ပသီ လို့ ရေးထားတယ်။ ဒါနဲ့ မှတ်ပုံတင်ယူဖို့ကို လက်မှတ်ထိုးလိုက်တယ်။ မှတ်ပုံတင်လည်း လက်ထဲရောက်ရော လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ အိန္ဒိယ+ဗမာ တဲ့။ တော်တော်ကို အံ့သြမိပါရဲ့။ နားကို မလည်နိုင်အောင်ပါပဲ။ လွတ်လပ်ခွင့်အပြည့်အ၀ရှိတယ်ဆိုတာ ဘာလဲ။

    ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ….. ။

    သမိုင်းကိုနားမလည်သူတွေ၊ သမိုင်းကို ကိုယ်တိုင် သေချာမသိတာနဲ့ပဲ မရှိဘူး မသိဘူးလို့ ပြောပြီး သမိုင်းကို လိမ်ညာချင်သူတွေနဲ့တော့ မြန်မာပြည်ကြီးမှာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအော်နေလို့လဲ အလကားပါပဲ။ ကျွန်မတို့တွေ သမိုင်းကို ပိုမိုနားလည်သင့်ကြပြီ၊ နားလည်အောင် ကြိုးစားသင့်ကြပါပြီ။

    လက်ခံယုံကြည်တဲ့ဘာသာတရားမတူညီတာနဲ့ ကိုယ့်ဘာသာသည်သာလျှင် အမြင့်မြတ်ဆုံးပဲလို့ အတွင်တွင်ပြောနေကြမယ့်အစား အခြားဘာသာများ အကြောင်းကိုလည်း သေချာစွာလေ့လာသင့်ကြပါတယ်။ ကိုယ့်ဘာသာသာသနာမဟုတ်တာကို လေ့လာမယ်ဆိုရင် အဲဒီဘာသာဝင်မဟုတ်သူ ရေးထားတဲ့ စာတွေကို လေ့လာတာထက်စာရင် တခြားဘာသာဝင်တွေရေးသားထားတဲ့ စာအုပ်စာပေတွေကိုသေချာလေ့လာပြီး မိမိရဲ့ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားနိုင်ကြရင်ဖြင့် စစ်မှန်တဲ့လေ့လာမှုကို ရရှိနိုင်ပါတယ်။ ကိုယ်တိုင်ဖတ်ရင်းနားမလည်ရင်တောင်မှ အဲဒီဘာသာဝင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို မေးမြန်းသင့်ပါတယ်။ ဖြေကြားပေးသူ အနေနဲ့လည်း ကိုယ်မဖြေနိုင်တဲ့မေးခွန်းမျိုးကို ကိုယ့်ထက် နားလည်သူဆီမှာ မေးမြန်းပြီးမှသာ ပြန်လည်ဖြေကြားပေးသင့်ပါတယ်။

    ဘာသာမတူ၊ လူမျိုးကွဲပြားတဲ့ မြန်မာ့မြေက မောင်နှမအားလုံးလည်း အစွန်းရောက်သူများမဖြစ်ကြရအောင် သမိုင်းကိုသေချာစွာလ့လာပြီး ကိုယ့်ဘာသာတရားရဲ့ ဆုံးမသွန်သင်ချက်များအတိုင်း လျှောက်လှမ်းပြီး စည်းလုံးညီညွတ်ပြီးအေးချမ်းသာယာတဲ့ အမိမြန်မာနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းထူထောင်သင့်ကြဖို့ အချိန်တွေမလွန်သေးပါဘူး။

    သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ဆိုတာ မိမိကိုယ်တိုင် တွေးကြည့်ရင်း အမှန်တရားကို မြတ်နိုးသူများဖြစ်ကြပြီး သမိုင်းရဲ့တရားခံတွေအဖြစ်မှ ကင်းလွတ်နိုင်ကြပါစေ …………… ။

     

    ပိုစ်ပိုင်ရှင်ကို ခွင့်ပြုချက်တောင်းခံပြိး ဖော်ပြခြင်းဖြစ်ပါသည်။

  • ၁၉၈၂ နိုင်ငံသားဥပဒေ ပယ်ဖျက်ရန် အဆို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်သဘောတူ

    ၁၉၈၂ နိုင်ငံသားဥပဒေ ပယ်ဖျက်ရန် အဆို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်သဘောတူ

    သြဂုတ်၊ ၁၄၊ ၂၀၁၂
    M-Media
    ရန်ကုန်

    ဓါတ်ပုံ ဧရာဝတီ

    (သြဂုတ်လ ၁၃ ရက်နေ့)တွင် ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် ၂၅ ရက်မြောက် အစည်းအဝေး၌ စစ်ကိုင်းတိုင်းကြီး ဒေသ မဲဆန္ဒနယ် အမှတ်(၇)မှ ဥိးတင်မြက မြန်မာနိုင်ငံသားများ ဥပဒေကို အသစ်ရေးဆွဲ ပြဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄ အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသည်။

    ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ဖြတ်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ၇ှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေငြာသည်။

    (ညွှန်း-၁၄၊၈၊၂၀၁၂ ကြေးမုံသတင်းစာ-စာမျက်နှာ-၉)

    ဇွန်လ ဆန်းမှ စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခအကြမ်းဖက်တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးရန် ရခိုင်ပြည့်နယ်သို့ သွားရောက်ခဲ့သည့် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားကလည်း သြဂုတ်လ (၄) ရက်နေ့ ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲတွင်
    မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် မြန်မာအစိုးရကို တိုက်တွန်းပြောဆိုခဲ့ပါသည်။

  • မခံချင်ဘူးဗျ (သရော်စာ)

    မခံချင်ဘူးဗျ (သရော်စာ)

    မျိုးတင့်သန်း

    ဟိုတစ်နေ့က ဂျာမန်မိတ်ဆွေတွေနဲ့ဆုံတယ်။ ဟိုအကြောင်းဒီအကြောင်းပြောကြရင်းနဲ့ ….

    လွတ်လပ်စွာပြောဆိုရေးသားခွင့်ခေါင်းစဉ်ရောက်သွားတော့ တစ်ယောက်က ကျနော့ကိုပြောတယ်။

    ” မင်းတို့တိုင်းပြည်မှာ စစ်ဗိုလ်ချုပ်တွေအုပ်ချုပ်တုန်းက  အခုလို အတန်အသင့်လွတ်လပ်ဖို့မပြောနဲ့  ဘာမှမပြောရဲ မရေးရဲဘူးမဟုတ်လား?” တဲ့။

    ကျနော်လည်းစိတ်ထဲဖျင်းကနဲဖြစ်သွားလို့ပက်ကနဲပြန်ပြောလိုက်တယ်။

    ” ဟေ့ ဗိုလ်ချုပ်တွေလက်ထက်တုန်းက အခုထက်ပိုလွတ်လပ်တယ်ကွ၊  NLD အကြောင်း မကောင်းပြောမယ်၊ ရေးမယ်ဆို အစိုးရပိုင်သတင်းစာမှာတောင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရတယ်ကွ ”
    လို့ ပြန်ပက်ထဲ့လိုက်တယ်။

    ဟော ပြီးခဲ့တဲ့ အပါတ် သောကြာနေ့  ၀တ်ပြုဖို့  တူရကီဗလီ သွားပြန်တော့ တစ်ခါ တူရကီမိတ်ဆွေတွေနဲ့စိတ်ညစ်ရပြန်ရော။

    ” ဟေ့ မင်းတို့တိုင်းပြည်မှာ အခုအစိုးရက မွတ်စ်လင်မ်တွေအပေါ်  ဘာသာရေးနှိပ်ကွပ်မှုတွေလုပ်နေတယ်ဆို ?” တဲ့။

    ကျနော်ကလည်း မဟုတ်တာပြောရင်၊ ကြားရရင်မခံတတ်လေတော့

     ” ဟေ့ အခုအစိုးရ၊ အခုအစိုးရလို့ မစွတ်စွဲကြပါနဲ့ကွ။  ၁၉၆၂ နေဝင်းအစိုးရကစပြီး အစိုးရအဆက်ဆက် အကွက်ချပြီး  ဒီလိုပဲနှိပ်ကွပ်ခဲ့တာပါကွ ”

    လို့ပြန်ပက်ထဲ့လိုက်တယ်။

    ဟုတ်တယ် ကျနော်က ကိုယ့်နိုင်ငံ ကိုယ့်အစိုးရအကြောင်း မဟုတ်မတရားပြောဆို စွပ်စွဲရင် မခံချင်ဘူးဗျ။