News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ် ဘက်မှာ အဲန်ဂျီအိုတွေကို အစိုးရတားဆီး

    ဘင်္ဂလားဒေ့ရှ် ဘက်မှာ အဲန်ဂျီအိုတွေကို အစိုးရတားဆီး

    သြဂုတ်လ ၂ ရက် ၂၀၁၂
    ဘီဘီစီ မှ ကူးယူဖော်ပြသည်။

    ရိုဟင်ဂျာ ဒုက္ခသည်များ

    မြန်မာ နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက် လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ကူညီနေတဲ့ ပရိဟိတ အဲန်ဂျီအို အဖွဲ့တွေကို အကူအညီ ပေးနေတာတွေကို ရပ်ဖို့အတွက် ဘင်္ဂ္လားဒေ့ရှ် အစိုးရက ကြာသပတေးနေ့က အမိန့်ထုတ် လိုက်ပါတယ်။

    ပြင်သစ် ဆရာဝန်တွေရဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့(MSF)၊ ငတ်မွတ်မှု တိုက်ဖျက်ရေး အဖွဲ့ (ACF)နဲ့ ဗြိတိန်က မွတ်စလင် အကူအညီပေးရေး အဖွဲ့ (Muslim Aid UK) တွေကို မြန်မာ နိုင်ငံနဲ့ နယ်စပ် အနားက ကော့က်စ် ဘဇား နယ်မြေအတွင်း အကူပေး နေတာတွေကို ရပ်ခိုင်းလိုက်တာ ဖြစ်တယ်လို့ ဒေသတွင်း အုပ်ချုပ်ရေးမှုး ဂျိုင်းနူးလ် ဘာရီက ပြောပါတယ်။

်သူက ဒီ ပရဟိတ အဖွဲ့တွေက အထောက်အထား ခိုင်လုံစွာ မရှိတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို တရားမဝင် အကူအညီ တွေပေးနေတဲ့ အတွက် ကော့က်စ် ဘဇား နယ်အတွင်းက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်ဖို့ အဲန်ဂျီအို ဆိုင်ရာ ဗျုရိုက အမိန့်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဆက်လက်ပြီး ဒီလို အကူအညီ တွေပေးနေတဲ့ အတွက် ရိုဟင်ဂျာ ဒုက္ခသည် တွေပိုပြီး ဝင်လာအောင် အားပေးသလို ဖြစ်နေတဲ့ အကြောင်းလည်း ပြောပါတယ်။
    အဲဒီ အဲန်ဂျီအို တွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်း တဦးက ဘီဘီစီကို ပြောကြား ရာမှာ သူတို့ အဖွဲ့အစည်း တွေအနေနဲ့ နယ်စပ်မှာ ဒေသခံ တွေအတွက် ကျန်းမာရေး စောင့်ရှောက် မှုတွေ လုပ်နေကြကြောင်းနဲ့ ဒုက္ခသည် တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ရပ်နား ထားရတဲ့ အကြောင်း ပြောပါတယ်။
    ဆက်လက်ပြီး ဒုက္ခသည် တွေရဲ့ အခြေအနေ တွေဟာ လက်ရှိ အခြေအနေမှာ အလွန် ဆိုးရွား နေတာကြောင့် ဒုက္ခသည် အရေးကို ဆက်လက် ဆောင်ရွက်ခွင့် ရဖို့ အတွက် သက်ဆိုင်ရာ အဲန်ဂျီအို အရာရှိ ကြီးတွေက အစိုးရ တာဝန် ရှိသူ တွေနဲ့ ညှိုနှိုင်း နေကြတယ်လို့ ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ် ဘက်မှာရှိတဲ့ ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာ ဦးရေ ၃၀ဝ၀ဝ လောက်ရှိပြီး စခန်း အပြင်မှာ သိန်းနဲ့ ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ အဓိကရုန်း တွေဖြစ် ပြီးနောက်မှာ ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ကိုတော့ ဘင်္ဂလားဒေ့ရှ် ဘက်က လက်မခံဘဲ ပြန်လွှတ်ခဲ့ ပါတယ်။

    မြန်မာ နိုင်ငံဘက် ရခိုင်ပြည်နယ် အတွင်းမှာဖြစ်ခဲ့တဲ့ အဓိကရုန်း တွေအတွင်းမှာ လူပေါင်း ၈၀ ထက်မနည်း အသက်ဆုံးရှုံး ခဲ့ရပါတယ်။

  • စတုတ္ထမဏ္ဍိုင်ဆိုတာ

    စတုတ္ထမဏ္ဍိုင်ဆိုတာ

    စတုတ္ထမဏ္ဍိုင်ဆိုတာ မီဒီယာတွေသူတို့ဟာသူတို့ပေးထားတဲ့နာမည်ပါ… ခပ်ရှင်းရှင်းပြောရရင် ဘယ်သူကမှ မီဒီယာကို စတုတ္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်တာမဟုတ်ပါဘူး… နိုင်ငံတော်တစ်ရပ် အတွက် အဓိမဏ္ဍိုင်ကြီး၃ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတာ ပြည်သူလူထုကရွေးချယ် တင်မြှောက်ခံဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံဝန်ထမ်းအဖြစ် နိုင်ငံတော်ရဲ့ ဘဏ္ဍာတော်ကိုစားပြီး ဆောင်ရွက်ရသူပါ… မီဒီယာဆိုတာကတော့ ပြောရရင် စီးပွါးရေးလုပ်ငန်းတစ်ခုသက်သက်ပါပဲ… ဒါကို မီဒီယာသမားတွေက ကိုယ့်ကိုယ်ကိုဂုဏ်တင်ပြီး စတုတ္ထမဏ္ဍိုင်ရယ်လို့ အော်ဟစ်နာမည်ကောင်းယူနေတာပါ…

    ဒီမိုကရေစီစံနစ်စစ်စစ်မှာ အုပ်ချုပ်ရေးတာဝန်ကိုယူထားရတဲ့ အစိုးရအဖွဲ့ဆိုတာ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခံ သမ္မတ/ဝန်ကြီးချုပ်ရဲ့ ရွေးချယ်မှုပါ… တကယ်လို့ပြည်သူလူထုကမကျေနပ်ရင် လိုအပ်တဲ့အတိုင်းဆောင်ရွက်ပြီး ဖြုတ်ချလို့ရသလို တစ်စုံတစ်ရာ အမှားအယွင်းဖြစ်ခဲ့ရင်လည်း တာဝန်ယူပြီး နှုတ်ထွက်ရသူတွေပါ… တရားဥပဒေပြုရေးတာဝန်ကိုယူထားရတဲ့ လွှတ်တော်ထဲက လွှတ်တော်အမတ်တွေဟာဆိုရင်လည်း မဲဆန္ဒနယ်အလိုက် မဲပေးရွေးကောက်ထားတဲ့ ရွေးကောက်ခံတွေဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်မှုအပေါ် လူထုကမကျေနပ်ရင် လူထုက နည်းမှန်လမ်းမှန်နဲ့ ဖြုတ်ချလို့ရသူတွေပါ… တရားစီရင်ရေးတာဝန်ကိုယူထားရတဲ့ နိုင်ငံတော်တရားရုံးနဲ့ တရားသူကြီးချုပ်ကစလို့ တရားစီရင်ရေးဆိုင်ရာ ဝန်ထမ်း အားလုံးဟာလည်း နိုင်ငံတော်ကချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီရွေးချယ်ထားသူတွေဖြစ်ပြီး တရားစီရင်ရေးဆိုင်ရာမှာ လူထုကမကျေနပ်ရင် လုပ်ထုံးလုပ်နည်းနဲ့အညီ တရားသူကြီးချုပ်ကစလို့ အောက်ဆုံးတရားရေး ဝန်ထမ်းတွေအားလုံးကို နှုတ်ထွက်ရန်တောင်းဆိုခွင့် တင်ပြခွင့်လူထုမှာရရှိထားပြီးဖြစ်ပါတယ်… ကျနော်ပြောတာ ဒီမိုကရေစီစံနှုံးအတိအကျကိုဆိုလိုပါတယ်…

    ကဲ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာမှာ လူထုက ဖြုတ်ချခွင့်ရှိလား… သူတို့မှာ ပိုက်ဆံရှိရင် ဆက်လက်လုပ်ကိုင်နိုင်နေမှာပဲဖြစ်သလို လူထုရဲ့ရွေးချယ်တင်မြှောက်ခံတွေလည်း လုံးဝမဟုတ်လို့ လူထုအနေနဲ့ ၎င်းတို့အပေါ်မှာ တရားဥပဒေကြောင်းအရ တရားရင်ဆိုင်တာကလွဲလို့ ဖြုတ်ချခွင့်မရှိပါဘူး… နိုင်ငံတကာမှာ မီဒီယာလောကနဲ့ ဖြစ်ပွါးခဲ့တဲ့ ဥပဒေကြောင်းဆိုင်ရာ အဖြစ်အပျက်တွေကိုကြည့်ရင်လည်း စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာလောကသားတွေဟာ လူထုကိုယ်စားပြုဆိုတဲ့ အရေခွံကိုခြုံထားပြီး လုပ်ဆောင်နေကြပေမဲ့ တကယ့်တကယ်တမ်းမှာတော့ လူထု(လူနည်းစုဖြစ်စေ/လူများစုဖြစ်စေ)အပေါ်မှာ တစ်စုံတစ်ရာအမှားကျူးလွန်မိလို့ တာဝန်ယူတာ ရှားပါးလှပါတယ်… ဒါ့ကြောင့် မီဒီယာဆိုတာ သူ့ကိုယ်သူ ဂုဏ်မြှင့်ပြီး စတုတ္ထမဏ္ဍိုင်ရယ်လို့ ဘယ်လိုပဲပြောပြော စီးပွါးရေးလုပ်ငန်းတစ်ခု သက်သက်သာဖြစ်ပါတယ်…  ကောင်းတဲ့လူတွေလုပ်ရင် ကောင်းတဲ့ Product ထွက်တဲ့ စီးပွါးရေး လုပ်ငန်းဖြစ်နေမှာဖြစ်သလို မကောင်းတဲ့လူ/အရည်အချင်းမပြည့်မှီသူတွေလုပ်ရင် မကောင်းတဲ့ Product ထွက်တဲ့ စီးပွါးရေးလုပ်ငန်းသာဖြစ်ပါတယ်… :]

    ကိုသန့်စင်ဖြိုး ရေးသည့် ပိုစ်ကို ခွင်ပြုချက်တောင်းခံပြီး ဖော်ပြခြင်းဖြစ်ပါသည်။

  • ပြည်မြို့ မွတ်စလင် သုဿာန်အဟောင်းတွင် မြှုပ်နှံမှုအတွက် တရားရင်ဆိုင်နေရ

    ပြည်မြို့ မွတ်စလင် သုဿာန်အဟောင်းတွင် မြှုပ်နှံမှုအတွက် တရားရင်ဆိုင်နေရ

    သြဂုတ် ၁ ရက်၊ ၂၀၁၂
    ရန်ကုန်။
    M-Media
    သတင်း – ပြည့်ပြည့်

    ပြည်မြို့ မြန်မာ မွတ်စလင်မ်သင်္ချိုင်းဟောင်း ကို မ.ယက မှ ၂၀၀၈-ခုနှစ်ကတည်းက ပြောင်းရွေှ့ရန်အမိန့်ထုတ်ပြီး နေရာအသစ်ပေးထားသော်လည်း သုဿာန်နေရာ အသစ်မှာ မြေကျင်းတူးလိုက်ပါက ရေများထွက်လာ၍ မွတ်စလင်သုဿာန်အဟောင်းတွင်ပင် ဆက်လက်မြှုပ်နှံနေခဲ့ကြရာ ယခုအချိန်တွင် ဆက်လက်မမြှုပ်နှံတော့ရန် အတင်းအကြပ်အမိန့်ထုတ်လာခဲ့ပြီး  ဆက်လက်မြှုပ်နှံခဲ့သည့် ၃-ဦးမှာ တရားစွဲခံနေရကြောင်းသိရပါသည်။ ၁-ဦးမှာ တရားရုံးတွင် လက်ရှိတရားရင်ဆိုင်နေရပြီး တစ်ဦးမှာ လာမည့် သြဂုတ်လ ၈-ရက်နေ့တွင် ရုံးချိန်းသတ်မှတ်ထားကြောင်း၊ နောက်တစ်ဦးမှာ တရားရုံးမှ ရုံးချိန်း မခေါ်ဆိုသေးကြောင်းသိရသည်။

     

    နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ်သုဿာန် အားသော့ခတ်ထားပုံ

    “၂၄-ရက်နေ့က မိုင်ယသ်(အသုဘ)ချဖို့အတွက် သေမိန့်တောင်းခံတာကို မြို့နယ်အုပ်ချုပ်ရေးမှူးကနေ မိုင်ယသ် (အသုဘ) ချခါနီးအထိ သေမိန့်မပေးဘူး။ မိုင်ယသ်(အသုဘ)ဖြစ်လို့ ပူဆွေးရတာကတစ်မျိုး သေမိန့်မရလို့ စိတ်ပူပန်ရတာတစ်မျိုးနဲ့ အရမ်းကိုသောက ဖြစ်ကြရပါတယ်။ တစ်ချိန်လုံး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ထိုင်စောင့်နေခဲ့ရတယ်။ မိုင်ယသ် (အသုဘ) ချချိန်ရောက်တော့ ဒီအတိုင်းပဲ ချလိုက်ရတော့တယ်။” ဟု ယင်းဖြစ်ရပ်ကို သိရှိခဲ့သူတစ်ဦးကပြောပါတယ်။

    “အဲလို မိုင်ယသ်(အသုဘ)ချလိုက်တော့ တရားစွဲခံရတယ်၊ ၂၅-ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က တရားစွဲတာ ၁၈၈ နဲ့စွဲတာ။ အခု တရားရုံးမှာ ရင်ဆိုင်နေရတယ်။ အဲလိုဖြစ်လို့ အာမခံရဖို့ အာမခံပေးမယ့်သူက ရပ်ကွက်မှာနေထိုင်ကြောင်းထောက်ခံစာယူတော့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးကမပေးဘူး။ သူကပြောသေးတယ် သဂြိုလ်မှုနဲ့ပတ်သက်တဲ့ အာမခံအတွက်ဆို ထောက်ခံမပေးဘူးတဲ့။ ဒါနဲ့ တစ်ခြားရပ်ကွက်က ထောက်ခံစာယူလိုက်ရတယ်။ တရားစွဲခံရတော့ တရားခံအနေနဲ့ ရှေ့နေလည်းငှားရတော့တယ်။ တရားရုံးမှာ သက်သေ ၂-ယောက်ကို စစ်တယ်။ အဲဒီ သက်သေ ၂-ယောက်က တရားလိုဘက်က ရှေ့နမေးတာကို ဖြေတော့ဖြေတယ်။ ဒါပေမယ့် တရားသူကြီးက တချို့မေးခွန်းတွေကိုမမေးသင့်ဘူးဆိုပြီး ပယ်ချလိုက်တယ်။ အခုတော့ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ ဘယ်လိုဆက်ဖြစ်လာဦးမလဲတော့ မသိသေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့ကို မြို့နယ် အုပ်ချုပ်ရေးရုံးမှာ ခေါ်ပြီးခြိမ်းခြောက်သေးတယ်။ အဲဒီတုန်းကတော့ အခုလိုလုပ်ရင် ထောင် ၆-လ ကျမယ်လို့ပြောတယ်။ အခုတော့ အိမ်က မိုင်ယသ်(နာရေး)ဖြစ်ထားလို့ ၀မ်းနည်းပူဆွေးရတာကတစ်မျိုး၊ တရားရင်ဆိုင်နေရလို့စိတ်ညစ်နေရတာကတစ်မျိုးနဲ့ တော်တော်လေးကို စိတ်သောကဖြစ်နေကြတယ်”လို့ ပြည်မြို့ခံတစ်ဦးက ပြောပြခဲ့သည်။

    အဆိုပါဖြစ်ရပ်မှာ မတရား အနိုင်ကျင့်မှုဖြစ်တာကြောင့် ပြည်မြို့ခံ မြန်မာမွတ်စလင်များအနေနှင့် စိတ်မကောင်းဝမ်းနည်း ခံပြင်းမှုများ ဖြစ်ပေါ်နေကြကြောင်းလည်း သိရှိခဲ့ရပါသည်။

  • မြန်မာနှင့် သံတမန်ရေးအရ ဆက်ဆံရန် အီရန်စီမံ

    မြန်မာနှင့် သံတမန်ရေးအရ ဆက်ဆံရန် အီရန်စီမံ

    တီဟီရန် ၊ ဇူလိုင် ၃၁၊ ၂၀၁၂
    Source:BERNAMA

    အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘရ် ဆာလီဟီ

    အီရန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်မ်များ၏ ပြဿနာတွေ့ကြုံနေမှုများကို ကူညီဖြေရှင်းနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံနှင့် သံခင်းတမန်ခင်းဆက်ဆံဖို့ စီမံလျက်ရှိကြောင်း သိရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘရ်ဆာလီဟီမှ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ြေ

    ကာင်း အီရန်၏ မဟဲရ်သတင်းအေဂျင်စီမှ ဖော်ပြသည်။

    “ကျွန်တော်တို့ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ သံတမန်ရေးအရ အဆက်အဆံစတင်ဖို့ ပြောဆိုနေဆဲဖြစ်ပါတယ်။ ဒီလိုသံတမန်အဆက်အဆံထားရှိခြင်းအားဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ အဆက်အသွယ်ကို ပိုပြီးတော့ အင်အားဖြည့်ပေးနိုင်မှာဖြစ်သလို အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံထဲက မွတ်စလင်မ်တွေရဲ့ ပြဿနာကို ကူညီဖြေရှင်းကို ထိရောက်တဲ့ ခြေလှမ်းတစ်ခု ကျွန်တော် တို့ဘက်က စတင်နိုင်ပါတယ်။” ဟု ဆာလီဟီက ဖော်ပြခဲ့သည်။

    ဆာလီဟီက ထိုမှတ်ချက်ကို တနင်္ဂနွေကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည်မှ ရိုဟင်ဂျာများအသတ်ခံနေရခြင်းနှင့်စပ်လျဉ်း အီရန်နိုင်ငံခြားရေးဌာန၏ ရပ်တည်ချက်ကို မေးမြန်းသည်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ဘနားမား

  • အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်နိုင်ငံ ကိုယ်စားပြု  ပထမဆုံး မွတ်စလင်အားကစားမယ်

    အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်နိုင်ငံ ကိုယ်စားပြု ပထမဆုံး မွတ်စလင်အားကစားမယ်

    အိဗ်သီဟာဂ်ျ မုဟမ္မဒ်ကတော့ အာဖရိကန်-အမေရိကန်မွတ်စလင်မ်တစ်ဦးဖြစ်ပြီး Fencer လို့ခေါ်တဲ့ အမေရိကန်နိုင်ငံကိုယ်စားပြု အိုလံပစ်ပြိုင်ပွဲဝင် ဓားခုတ် ပရောဖက်ရှင်နယ် အားကစားမယ်ဖြစ်ပါတယ်။ ဓားခုတ်ပြိုင်ပွဲအတွက်မှာ မွတ်စလင်မ် အားကစားမယ်တစ်ဦးအနေနဲ့ ပြိုင်ပွဲဝင်လာတာကတော့ အတော့်ကို ရှားရှားပါးပါးပါပဲ။

    အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်နိုင်ငံ ကိုယ်စားပြု ပထမဆုံး မွတ်စလင်အားကစားမယ်

    အိဗ်သီဟာဂ်ျကတော့ ဒီအချက်တစ်ခုတည်းနဲ့ ပရိသတ်ရဲ့အာရုံစိုက်မှုကို ရရှိထားပေမယ့် ဘယ်သူကမှ သူမရဲ့ထူးချွန်မှုကို ငြင်းချက်မထုတ်နိုင်ပါ။ ၂၀၁၀ ခုနှစ်က အမေရိကန်ကမ္ဘာ့ဓားခုတ်အဖွဲ့ မှာ ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပြီး သူမရဲ့အနှစ်သက်ဆုံးလက်နက်ကတော့ ဆေးဗားခေါ် အသွားတဖက်တည်းရှိပြီး မြင်းသည်တော်များကိုင်ဆွဲတဲ့ ဓားမျိုးဖြစ်ပါတယ်။

    နယူးဂျာဆီဇာတိဖြစ်တဲ့ အိဗ်သီဟာဂ်ျကတော့ အထက်တန်းကျောင်းသူဘ၀ကတည်းက ဓားခုတ်အားကစားကို ကစားခဲ့တာပါ။ သူမရဲ့ ပြင်းထန်တဲ့ကြိုးစားမှုတွေကြောင့် အမျိုးသမီး ဆေးဗားဓား ခုတ်မှာ ဒုတိယအမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါပြီ။

    အစ္စလာမ့်ထုံးစံအရ ဦးခေါင်းပ၀ါစည်းပြီး ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အိဗ်သီဟာဂျာဟ်က မွတ်စလင်မ်အမျိုးသမီးတစ်ဦးအနေနဲ့ ဓားခုတ်အားကစားမယ်ဖြစ်ဖို့ဆိုတာ အမြဲတမ်းတော့ လွယ်ကူမနေဘူးလို့ ပြောပြခဲ့ပါတယ်။

    အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်နိုင်ငံ ကိုယ်စားပြု ပထမဆုံး မွတ်စလင်အားကစားမယ်

    “ဓားခုတ်အားကစားအ၀န်းအ၀ိုင်းအတွင်းမှာ မွတ်စလင်မ်ဓားခုတ်အားကစားမယ်ဖြစ်လာရင် အနာဂတ်အတွက်စိုးရိမ်စရာအများအပြားရှိနေဆဲပါ။ ကျွန်မဆိုလိုတာက ဒီဓားခုတ်အားကစားနည်းမှာ မွတ်စလင်မ်အားကစားမယ် အနည်းအကျဉ်းပဲရှိတယ်ဆိုတာကိုပါ။” ဟု သူမက သည်ဂရီယိုသို့ ပြောပြခဲ့သည်။

    အိဗ်သီဟာဂ်ျကတော့ သမိုင်းတွင်ရစ်အောင် အစွမ်းပြတော့မှာပါ။ သူမက ကမ္ဘာသိ ဓားခုတ်အားကစားမယ်လည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆေးဗားဓားခုတ်မယ်တွေထဲက အဆင့် ၁၁ ရှိ အားကစားမယ်လည်းဖြစ်ပါတယ်။ ဝေါလ်စထရိထ်ဂျာနယ်ကတော့ သူမအနေနဲ့ အမေရိကန် အိုလံပစ်အသင်းအတွက် တစ်ခုခုလုပ်ပြနိုင်ရင်တော့ အမေရိကန်ကိုယ်စားပြု အားကစားမယ်တွေထဲက ပထမဆုံးသော မွတ်စလင်မ်အားကစားမယ်ဖြစ်ပါလိမ့်မယ်။

    အိဗ်သီဟာဂ်ျအတွက် နောက်တဆင့်က ဘာလဲ

    အိဗ်သီဟာဂ်ျက မကြာသေးမီကမှ အမေရိကန်ဓားခုတ်အားကစားအဖွဲ့မှာ အရွေးခံခဲ့ရတာပါ။ သူမရဲ့အသင်းကတော့ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ ၀င်ရောက်ယှဉ်ပြိုင်နေပါပြီ။

    “ကျွန်မကတော့ အမေရိကန်နိုင်ငံအတွက် အိုလံပစ်မှာ ကိုယ်စားပြုယှဉ်ပြိုင်ချင်တာပါ။ ဘယ်သူမှ လူမျိုး၊ ယောက်ျားမိန်းမဖြစ်မှုနဲ့ ဘာသာတရားတွေက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ဖုန်းကွယ်မထား ဘူးဆိုတာ သက်သေပြသွားမှာပါ။ တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲမြဲမှုရှိခြင်းက အရာအားလုံးကိုဖြစ်စေနိုင်တယ်ဆိုတာ ကျွန်မက စံနမူနာပြသွားချင်ပါတယ်။” ဟု သူမ၏ အိုလံပစ် အဖွဲ့ အွန်လိုင်းအချက်အလက်စုစည်းရေး (http://usfencing.org/athletes/ibtijah-muhammad) ကို ပြောပြသွားပါတယ်။

    ဓားခုတ်အားကစားနည်းကတော့ ခေတ်သစ်အိုလံပစ်အားကစားနည်းထဲမှာ ၁၈၉၆ ခုနှစ်ကစတင်ပြီး ပါဝင်လာတဲ့ အားကစားနည်း လေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။