News @ M-Media

Blog

  • ‘ကာတာလေကြောင်း’ ကမ္ဘာ့အကောင်းဆုံး ဒုတိယအကြိမ်ဆွတ်ခူး

    ‘ကာတာလေကြောင်း’ ကမ္ဘာ့အကောင်းဆုံး ဒုတိယအကြိမ်ဆွတ်ခူး

    ဇူလိုင် ၁၃ရက်၊ ၂၀၁၂၊

    Skytrax 2012 ကမ္ဘာ့လေကြောင်းလိုင်းများပြိုင်ပွဲမှာ ‘ကာတာလေကြောင်း’က ကမ္ဘာ့ အကောင်းဆုံးဆု (Best Airline of the World) ဒုတိယအကြိမ်ဆွတ်ခူးရရှိသွားပါတယ်။ လန်ဒန်မြို့ Farnborough နိုင်ငံတကာလေကြောင်းပြပွဲမှာ ကြေညာသွားတာဖြစ်ပါတယ်။

    ‘ကာတာလေကြောင်း’က ၂၀၁၁-ခုနှစ်ကလည်း ပြင်သစ် နိုင်ငံတကာလေကြောင်းပြပွဲမှာ ကမ္ဘာ့ အကောင်းဆုံးဆု ရရှိခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ အကောင်းဆုံး လေကြောင်းလိုင်း အပြင် World’s Best First Class Airline Lounges, World’s Best Business Class Onboard Catering နဲ့ World’s Best Business Class Airline Seat ဆုတို့ကိုပါရရှိသွားတာပါ။

    နိုင်ငံပေါင်း ၁၀၀ မှ လေကြောင်းခရီးသည် ၁၈-သန်းကို တယ်လီဖုန်းနဲ့ အင်တာဗျူးပြီး လေကြောင်းလိုင်း ၂၀၀ ကို စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

    ၂၀၁၂-ခုနှစ် ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်းများ

    ၁။ ကာတာ (Qatar Airways)

    ၂။ အေရှာနာ (Asiana Airlines)

    ၃။ စင်္ကာပူ (Singapore Airlines)

    ၄။ ကဲသေးပစိဖိတ် (Cathay Pacific Airways)

    ၅။ အေအန်အေ အောနီပွန် (ANA All Nippon Airways)

    ၆။ အိတီဟဒ် (Etihad Airways)

    ၇။ တူရကီ (Turkish Airlines)

    ၈။ အဲမီရိတ် (Emirates)

    ၉။ ထိုင်း (Thai Airways)

    ၁၀။ မလေးရှား (Malaysia Airlines)

     

    မောင်လှငွေ

    ကိုးကား

    http://sg.news.yahoo.com/qatar-airways-chosen-worlds-best-airline-second-time-144616859.html

  • အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

    တင်နိုင်တိုး(weekly Eleven)

    အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်

    ဆရာကြီးဦးရာဇတ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေစဉ် ၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူကျဆုံးခဲ့ရသော အာဇာ နည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ပါသည်။ဆရာကြီးသည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း မြန်မာမှု ဓလေ့ထုံးစံ၊ မြန် မာစာပေတို့အပေါ်၌ လေးစားမြတ်နိုးသူဖြစ် ပါသည်။ မန္တလေးဗဟိုအမျိုးသားအထက် တန်းကျောင်းတွင် နှစ်ပေါင်းများစွာ ကျောင်း အုပ်ဆရာကြီးအဖြစ်အမှုထမ်းခဲ့သည့်နည်း တူအထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ဖူးပါသည်။ဗိုလ်ချုပ်နှင့်အတူလုပ်ကြံခံခဲ့ရစဉ်က ပညာ ရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီးအဖြစ် တာဝန်ယူနေဆဲ ဖြစ်ပါသည်။

    ဆရာကြီးကို အာဇာနည်ခေါင်းဆောင် ကြီးတစ်ဦးအဖြစ်သိရှိကြသော်လည်း အမည်မဖေါ်လိုသူ စာရေးဆရာကြီးတစ်ဦးအဖြစ်မူ လူသိနည်းပါးလှပါသည်။

    စာပေ၀ါသနာ
    ဆရာကြီးဦးရာဇတ်ကို ၂၀ ဇန် န၀ါရီ ၁၈၉၈ တွင် မိတ္ထီလာမြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အငြိမ်းစားအင်စပက်တော် မစ္စတာအေရာမန်နှင့်ဒေါ်ငြိမ်းလှတို့ဖြစ်ကြ ပါသည်။မန္တလေးဝက်စလီယောက်ျား ကလေးကျောင်းမှ ဆယ်တန်းကိုပါဠိ၊ အင်္ဂ လိပ် ဘာသာဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့ပြီး နောက်ရန်ကုန်ကောလိပ်သို့ရောက် ခဲ့သည်။ ရန်ကုန်ကောလိပ်၌အင်္ဂလိပ် စာစီစာကုံးပြိုင် ပွဲတွင်ပထမရ၍ဘိုင်မြား ရွှေတံဆိပ်ဆုရရှိခဲ့ ပါသည်။ဆရာကြီးမှာ အင်္ဂလိပ်စာအရေး အသားကောင်းလွန်းလှသဖြင့် အင်္ဂလိပ် စာတိုစာများရေးသားရန် လိုအပ်တိုင်းသူ့ ထံသို့်အပူကပ်လေ့ရှိခဲ့ကြသည်။

    ဆရာကြီးသည် ကောလိပ်ကျောင်း သားဘ၀၌ပင် အိန္ဒိယနယူးတိုင်းမဂ္ဂဇင်းသို့ ရှမ်းပြည်နယ် ၃၆ ကောင်ထီအကြောင်း အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားပေးပို့ခဲ့သည်။ ဆောင်းပါးတွင် ကြေး စန္ဒီနတ်ရုပ်နှင့်တကွအတိတ်ပေးပုံ၊ ပေါက် ကောင်၊ ကိုယ်စားလှယ်ကောင် စသည်တို့အကြောင်းကိုစိတ်ဝင်စားဖွယ် အသေးစိတ်ဖော် ပြရေးသားထားရာ မဂ္ဂဇင်းတိုက်၏ ဆုချီးမြှင့် ခြင်းကိုပင်ခံခဲ့ရပါသည်။

    အမျိုးသားကျောင်းအုပ်ကြီးဘဝ
    ဆရာကြီးဦးရာဇတ်သည် ၁၉၂၀ ပြည့် နှစ်တက္ကသိုလ်ကျောင်းသားသပိတ်တွင်ပါဝင် ခဲ့ပြီး ၁၉၂၁ ခုနှစ်၌ မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့ သည်။ ကိုယ်တိုင်လည်းထိုကျောင်း၌အထက် တန်းပြဆရာဝင်လုပ်ခဲ့၏။ ၁၉၂၂ ခုနှစ်တွင် ဘီအေဘွဲ့ရရှိသောအခါ ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ပြီးအမျိုးသားကျောင်း၌ ကျောင်း အုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၉၄၁ ခုနှစ်အထိဖြစ်ပါသည်။

    ဆရာကြီးသည်အမျိုးသားကျောင်းအုပ်အ ဖြစ်အမှုထမ်းစဉ်အတွင်းကျောင်းပိတ်ရက်များ ၌မန္တလေးနန်းရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်တိုက်၊ အတုမရှိတိုက်စသည့် ဘုန်း တော်ကြီးကျောင်းတိုက်များသို့ သွားရောက် ကာတိုက်အုပ်၊ တိုက်ကြပ်ဆရာတော်တို့ထံ ပါဠိစာပေများဆည်းပူးလေ့လာလေ့ရှိခဲ့၏။ မောရစ်ကောလစ်၏ စာအုပ်
    မောရစ်ကောလစ် (Maurice Collis) ရေး သားသည့် Trails in Burma(Myanmar) စာအုပ်ကို ဦးစွာဘာသာပြန်ဆိုခဲ့သူမှာ ဆရာ ကြီးဦးရာဇတ်ဖြစ်သည်။ဆရာကြီးက အခန်း တစ်ခန်းဘာသာပြန်ဆိုပြီးသောအခါမှသာ တပည့်ရင်းဖြစ်သူမအမာ(နောင်စာရေးဆရာမ ကြီးလူထုဒေါ်အမာ) အားတစ်အုပ်လုံးဆက် လက်ဘာသာပြန်ဆိုစေခဲ့ခြင်း ဖြစ်ပါသည်။

    ဆရာကြီးသည် တစ်နေ့ညနေတွင် စာအုပ်တစ်အုပ်ကိုဘယ်လက် ညှိုးခံပိတ်၍ ကိုင်ထားပြီး ညာလက်ကြား၌ ဆေးပေါ့လိပ် ကြားညှပ်ကာတပည့်မအမာ၏ အိမ်သို့ ရောက်လာ ခဲ့သည်။ ဆရာကြီးကစာအုပ်ကို ပေးလျက် မန္တလေးသူရိယသတင်းစာတွင် အမည်မခံ ဘဲ အခန်းတစ်ခန်းဘာသာပြန်ပြီး ဖြစ်ကြောင်း၊ အကယ်၍ မအမာနှစ်သက် လျှင်နာမည်ခံပြီး ဆက်လက် ဘာသာပြန် ရေးစေလိုကြောင်း ပြောကြားခဲ့သည်။ သို့ ဖြင့် မအမာ (နောင်စာရေးဆရာမကြီးလူထု ဒေါ်အမာ)က ဆက်လက် ဘာသာ ပြန်ကာ စာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့ပါသည်။

    ရွှေနန်းတွင်းအရေးတော်ပုံ
    ရွှေနန်းတွင်းအရေးတော်ပုံအမည်ရှိ စာအုပ်ကို မန္တလေးသူရိယသတင်းစာတိုက် က   ” ရွှေနန်းတွင်းအတ္ထုပ္ပတ္တိခေါ်လက်ထက် တော်တွင်းအဖြစ် အပျက်စာတမ်း” အမည် ဖြင့် ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစဉ်ကစာရေးသူ၏ အမည်ကို လုံးဝဖော်ပြ ခဲ့ခြင်းမရှိပေ။ ယင်းစာအုပ်ကိုပင် ၁၉၅၉ ခု နှစ် မန္တလေးနှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ်ထပ်မံထုတ်ဝေပါသည်။ ယခုအခါ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေပြီးဖြစ် သည်။

    မင်္ဂလာရတုပိုဒ်စုံ
    ဆရာကြီးဦးရာဇတ်သည် မင်္ဂလာရ တုပိုဒ်စုံတစ်ပုဒ်ကိုလည်းရေးဖွဲ့ခဲ့ဖူးပါသည်။ ယင်းရတုလင်္ကာမှာအောက်ပါအတိုင်းဖြစ်သည်။

    ငယ်ပေါင်းချစ်ဆွေ၊ မန်းရိပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဖြင့်၊ ယခုရေးစီ၊ စာပလီကို၊ နာရီ ဖင့်လျား၊ ခွင့်မအားလည်း၊ ရင်ခြားတွေ့မူ၊ စာပေးသူ အား၊ ရေးယူကြောင်းတိတ်၊ ချစ် ကြည်စိတ်ဖြင့်၊ တဆိတ်လောက်ပင်၊ ရှုစေ ချင်သည်၊ ထိုစဉ်ငယ်သော်၊ သက်ဆယ် ကျော်က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေ သကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အ တူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ၀မ်းထဲပိုက်ခါ၊ ထင်မိပါ၏၊ ခုမှာတစ်ကြောင်း၊ တစ်ဇာတ် ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင် လတ်၏၊ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ် သည်၊ ပျက်ပြယ်ထင်ရပြန်တော့သည်။

    သွယ်ပြောင်းလှစ်ချွေ၊ မှာလိုက်ပေ၏၊ ဂုဏ်ရေမကွာ၊ ထိုစဉ်ခါက၊ စာလာစာပြန်၊ စေတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါ လျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်း ဥဿုံကို၊ စေ့ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင်ရှား၊ ကြံ စဉ်းစားသော်၊ ရပ်ခြားနယ်ဝေး၊ မြို့မကွေး က၊ စာပေးလေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ ၀ဲသြဃစုတ်၊ နစ်ခါမြုပ်၍၊ ငုတ်လေသလော၊ ကြံစိတ်စောလျက်၊ တွေးတောစဉ်တွင်၊ယခင် မိတ်ဦး၊ သူတထူး၏၊ အိမ်မှူးထံမှောက်၊ ဖို့ရောက်အလာ၊ လတ်၏ စာကို၊ သေချာ သိမှ၊ သတိရ၍၊ ဖြစ်ရလေကွယ်၊ ငြိုးစိတ် ငယ်သည်၊ ရှက်ဖွယ်မြင်ရပြန်တော့သည်။

    ဘယ်ကြောင်းဖြစ်ထွေ၊ မြင်ရ ချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံချောင်းဟု၊ မြစ်ကြောင်း မို့မို့၊ မှိုင်းရည်မို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေတိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေး ပိုက်ဖျား၊ပျိုနုထွားနှင့်၊စုလျားပတ်ရစ်၊ လွန် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ ကြောင့်၊မေ့လေသလား၊စဉ်းစားတတ်ပေါင်၊ သို့ မောင်မောင်သည်၊ ယခေါင်ပြဇတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့ နှင့်၊မေ့အမျိုးမျိုး၊မေ့ပင်ပျိုးလည်း၊ မညှိုး မေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ထုတ်ဖော်ရှုဖွယ်၊ စီကုံးချယ် သည်၊ ဆက်သွယ်ခင်ရပြန်တော့သည်။

    အင်္ဂလိပ်ဆောင်းပါး
    ဆရာကြီးဦးရာဇတ်သည် မြန်မာဘာ သာ ပျို့၊ ကဗျာ၊ လင်္ကာစာပေများသာမက အင်္ဂလိပ်ဘာသာတွင်လည်း ကျွမ်းကျင်လှ သဖြင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ်ရဲတပ်ဖွဲ့) တွင် ၀င်ရောက်အမှုထမ်းရန် ဖိတ် ခေါ်ခဲ့သည်။ အင်စပက်တော်ရာထူးတိုက်ရိုက်ခန့်အပ်မည် ဆိုခြင်းကိုပင် ငြင်းပယ်ခဲ့ပါသည်။ ဆရာကြီး ဦးရာဇတ်သည် ၁၉၄၆ခုနှစ်တွင် (နေပြည် တော်)ပျဉ်းမနားမြို့၌ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စလင်အမျိုး သားများကွန်ဂရက်အပြီးတွင်The Cry ဂျာ နယ်၌ The Burman (Myanmar)Muslim Organization ( on account of the Formation of all Burma(Myanmar) , Burmese (Myanmar ) Muslim Congress at Pyinmana) By A. Gßazak,B.A) ဟူ၍ အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားခဲ့သည်။

    ကျမ်းကိုး
    ၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန် (မြဟန်)
    ၂။ စာရေးဆရာအမည်မခံသောစာဆိုရှင် ဦးရာဇတ် (ကျော်ဝင်းမောင်)ရတနာသစ်၊ အမှတ် (၂၂) ၁၉၉၆
    ၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၁

  • တတိယအကြိမ် မွတ်စ်လင်မ်နှင့် ဂျူး နှစ်ပတ်လည် ညီလာခံကျင်းပ

    တတိယအကြိမ် မွတ်စ်လင်မ်နှင့် ဂျူး နှစ်ပတ်လည် ညီလာခံကျင်းပ

    MCJ Third Annual 2012

    တတိယ အကြိမ်မြောက် ဂျူး၊ မွတ်စ်လင်မ် နှစ်ပတ်လည်ညီလာခံ ကို လူပေါင်း ၁၀၀ကျော်ပါဝင်သော မွတ်စ်လင်မ်နှင့် ဂျူး လူငယ်ခေါင်းဆောင်များက ဆလိုဗက်ကီးယားနိုင်ငံ(Slovakia )၏ မြို့တော် ဘရက်တစ်လာဗာ(Bratislava) တွင် ၂၀၁၂ခုနှစ် ဇူလိုင်လ ၈ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

    ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊ အစ္စရေးလ်၊ ပါလက်စ်တိုင်း၊ လီဗျားနှင့် အမေရိကန်စသော နိုင်ငံပေါင်း ၃၅နိုင်ငံအား ပါဝင်နိုင်ရန်အတွက် ဖိတ်ခေါ်ထားပြီးဖြစ်သည်။

    ယင်းညီလာခံ တက်ရောက်သူများအနေဖြင့် အဓိကထားဖြေရှင်းရမည့် အရေးကိစ္စများဖြစ်သော အစ္စလာမ်ဘာသာဝင်များအား အကြောင်းမဲ့ ကြောက်ရွံ မုန်းတီးခြင်း၊ ဂျူးဘာသာရေးဆိုင်ရာဆန့်ကျင်မှု (anti-Semitism)၊ ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာတရားတို့၏ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထင်အမြင်မှားမှုများ စသည်တို့အပေါ် လူအများ နားလည်မှု ဖွံဖြိုးစေရေးအတွက် ပါဝင်ဆွေးနွေးအဖြေရှာ ဆောင်ရွက်သွားမည်ဖြစ်သည်။

    ညီလာခံ၏ အဓိကအချက်ကြီး ခြောက်ရပ်မှာ အောက်ပါ အတိုင်းဖြစ်သည်။

    1. အမျိုးသမီးများနှင့် ဘာသာရေးဆိုင်ရာ အချက်အလက်များ
    2. နိုင်ငံသားဖြစ်မှုအပေါ် သစ္စာစောင့်သိခြင်း ဆိုင်ရာအခြေအနေများ
    3. လူမျိုးစုအတွက် အကျိုးပြုသော အပြန်အလှန်ဆွေးနွေးဆောင်ရွက်ရန်များ
    4. မွတ်စ်လင်မ် ဂျုး သမိုင်းကြောင်းဆိုင်ရာ အပြုသဘောဆောင်သောအချက်အလက်များ
    5. အစ္စလာမ်ဘာသာဝင်များအား အကြောင်းမဲ့ ကြောက်ရွံ မုန်းတီးရေးနှင့် ဂျူးဘာသာဝင်များအား ဆန့်ကျင်ရေးဆိုင်ရာ အကြောင်းတရားများ
    6. မွတ်စ်လင်မ် ဂျုးဘာသာဝင်များအကြား လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်

    MJC တွင် တက်ရောက်သူများမှာ အသက်မွေးဝမ်းကျောင်းပညာ၊ လူမှုရေးနှင့် နိုင်ငံရေးစသည့် နယ်ပယ် အသီးသီးမှ ကျောင်းသားများနှင့် လူငယ်ပညာရှင်များဖြစ်ကြသည်။ တက်ရောက်သူများအနက်မှ လူငယ် စီးပွားရေးသမား တစ်စုမှာမူ မတူညီသော ဘာသာဝင်များ၏ ဓလေ့များဆိုင်ရာ အနုပညာ ပြပွဲတစ်ခု ကျင်းပနိုင်ရေးအလို့ငှာ စီးပွားရေးနှင့် အနုပညာသဘင်သည်များနှင့် အကျိုးတူ ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

    MJC ညီလာခံသို့ အမေရိကန်ပြည်ထောင်စု၏ သမ္မတဟောင်း Bill Clinton က “လူမျိုးစုနှင့် ဘာသာရေးအကြား သဘောထားကွဲလွဲမှုအား ခိုင်မာသော ငြိမ်းချမ်းမှုရရှိရေးကို သမ္မတတာဝန် ထမ်းဆောင်ခဲ့ရသည့် သက်တမ်းတစ်လျှောက်တွင် အဓိကထား ဆောင်ရွက်ခဲ့ရကြောင်း။ ၄င်းဆောင်ရွက်မှုက အနာဂတ်မျိုးဆက်သစ်များအတွက် လူမျိုးစုနှင့် ဘာသာရေးအကြား မကြာခဏ ကြုံတွေ့ရသည့် အတားအဆီးများကို ကျိုးပျက်စေခဲ့ကြောင်း” သဝန်လွှာရေးသားပေးပို့သည်ကို လူငယ်ခေါင်းဆောင်များအနေဖြင့် ရရှိခဲ့ကြသည်။

    လွန်ခဲ့သည့် ၃နှစ်က စတင်တည်ထောင်ခဲ့သော ဩစတြီးယားအခြေစိုက် non-Profit အဖွဲ့အစည်း Muslim Jewish Conference ကို အီလီယာ့ ဆီကော့်ဗ်စကီ (Ilya Sichrovsky)ကဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အားပေးဆောင်ရွက်မှုများကြောင့် အဆိုပါညီလာခံအားဖြင့် လူငယ်ခေါင်းဆောင်များအကြား လူမှုအဖွဲ့အစည်းများ အတူလက်တွဲတည်ထောင်ရေးနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုနိုင်သည့် တွေ့ဆုံမှုများ ဖော်ဆောင်နိုင်ခဲ့သည်။

    ဆီကော့်ဗ်စကီသည် ဂျုး-အမေရိကန် ပရဟိတဒါနရှင် Lynn Schusterman ထူထောင်ခဲ့သော ဂျူးလူမျိုး ဆန်းသစ် ပြောင်းလဲသူများ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ဖြစ်သော ROI Community၏ ညီလာခံတွင် တက်ရောက်ပြီးသည့်နောက် မွတ်စလင်မ်-ဂျုး ညီလာခံအား စတင်ခဲ့ခြင်းဖြစ်သည်။

    ပြင်သစ် မွတ်စလင်မ် ကျောင်းဆရာ အန္နာ မဒ်နန်း (Anna Madnand) ဆိုသူက ကျွန်ုပ်၏ မွတ်စလင်မ် တပည့်တစ်ဦးသည် ဂျူးအားလုံးကို မုန်းတီးကြောင်း ပြောသည်ကို ကြားမိရာ စိတ်မကျေမနပ်ဖြစ်ခဲ့ရပြီးနောက် ဤညီလာခံသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်း။ ယင်းကဲ့သို့ဂျူးဘာသာဝင်များအား ဆန့်ကျင်ရေးသည် အစ္စလာမ်ဘာသာဝင်များအားအကြောင်းမဲ့ ကြောက်ရွံ မုန်းတီးရေးကြောင့်ပင် မရှောင်နိုင်မလွှဲနိုင် သိသိသာသာကြီးထွားလာနေပြီး ၎င်းမုန်းတီးမှု၂ခုသည် အချင်းချင်း အပြန်အလှန် ဆက်သွယ်နေသည်ဟု ပြောကြားခဲ့သည်။

    ကုလသမ္မဂ္ဂ ယဉ်ကျေးမှုများ ပူးပေါင်းဆောင်ရွက်ခြင်းအဖွဲ့မှ ညီလာခံကို ကျောထောက်နောက်ခံလုပ်ပေးခဲ့သလို ဘော့စနီးယား-ဟာဇီဂိုးဗီးနား(Bosnia-Herzegovina)၏ နိုင်ငံလုံးဆိုင်ရာ မွတ်ဖ်သီ ဒေါက်တာ မူစတာဖာ ဆီရစ်(Dr. Mustafa Ceric)ကလည်း ပါဝင် ကုညီခဲ့သည်။ ယခုနှစ် ညီလာခံအတွက် သြစတေးလျနိုင်ငံနှင့် စလိုဗက်ကီးယားနိုင်ငံ နိုင်ငံခြားရေးရာ ၀န်ကြီးဌာနများမှ အစိုးရဆိုင်ရာ အထောင်အပံ့ဖြင့်ကူညီပေးသလို မြို့တော် ဘရာတီဆီလဗာမှ လိုအပ်သောပံ့ပိုး ကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။

    ပထမဆုံးအကြိမ် MJC ညီလာခံမှာ ၂၀၁၀၊ သြဂုတ်လ ၁ရက်နေ့မှ ၆ရက်နေ့များတွင် ဩစတြီးယားနိုင်ငံ ဗီယန်နာတက္ကသိုလ်၌ ကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံ အသီးသီး ဂျူးနှင့် မွတ်စ်လင်မ်ကျောင်းသားပေါင်း ၆၀ကျော်တက်ရောက်ခဲ့ပြီး၊ ဘာသာနှစ်ခုအကြား တူညီသော ပန်းတိုင်များအတွက် ခိုင်မာသော ဆက်နွယ်များနှင့် ပတ်သက်ပြီး နှီးနှောတိုင်ပင်ခဲ့ကြသည်။

    ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် MJC ညီလာခံကို ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် လွန်ခဲ့သည့် ၂၀၁၁ခုနှစ် ဇူလိုင် ၃ရက်နေ့မှ ၈ရက်နေ့များတွင် ပြုလုပ်ခဲ့သည်။

    MJC Website >> http://www.mjconference.de/
    Translated by မောင်ကိုကို
    Translated from http://en.islamtoday.net/artshow-235-4489.htm

  • ဂျာမနီတွင် ဘာသာထုံးတမ်း ဓလေ့များအား ဥပဒေဖြင့် ကာကွယ်ပေးရန်ရှိ

    ဂျာမနီတွင် ဘာသာထုံးတမ်း ဓလေ့များအား ဥပဒေဖြင့် ကာကွယ်ပေးရန်ရှိ

    ဂျာမန်နီအစိုးရမှ မွတ်စလင်နှင့် ဂျူးများ ဘာသာထုံးတမ်းအရပြုလုပ်သော “အရေပြားလှီး မင်္ဂလာပြုခြင်း”အား လွတ်လပ်စွာ ကျင့်သုံးနိုင်ရန် ဥပဒေဖြင့် ကာကွယ်ပေးသွားမည်ဟု အတည်ပြုပြောကြားလိုက်သည်။

    ဂျာမနီအကြီးအကဲ အိန်ဂျလာမာကယ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်စီးဘက်က “အစိုးရအဖွဲ့အတွင်း အားလုံး၏ လုံးဝရှင်းလင်းသော အမြင်မှာ ဂျာမနီ၌ မွတ်စလင်နှင့် ဂျူးလူမှုဘဝ (ယဉ်ကျေးမှု)ကို အလိုရှိသည်”ဟု ပြောကြားသည်။ “တာဝန်ရှိစွာ (စည်းစနစ်တကျ)ပြုလုပ်သော အရေပြားလှီး မင်္ဂလာအား အရေးယူခြင်းတစ်စုံတစ်ရာမရှိ ခွင့်ပြုသွားမည်ဆို၏။

    သူက ဆက်လက်ပြောကြားရာတွင် “ဥပဒေဖြင့်ကာကွယ်ပေးရန် အစိုးရမှ ချက်ချင်းလက်ငင်း လေ့လာနေကြောင်း” သိရသည်။ ဘာသာထုံးတမ်းဓလေ့များအား လွတ်လပ်စွာကျင့်သုံးနိုင်ဥပဒေမှာ မြတ်နိုးတန်ဖိုးထားဖွယ် (cherished legal principle)ဟု ထပ်လောင်းပြောကြားသွားသည်။

     

    မောင်လှငွေ

    ကိုးကား

    http://online.wsj.com/article/SB10001424052702303644004577525183797087496.html

    http://www.bbc.co.uk/news/world-europe-18833145

  • စရီဘရီနီကာမြို့မှ ကျနော်၏ အသွေးအသား ရှာဖွေမှု

    စရီဘရီနီကာမြို့မှ ကျနော်၏ အသွေးအသား ရှာဖွေမှု

    ဘာသာပြန်သူ – ဆောင်းသစ္စာ (စင်ကာပူရ်)
    မူရင်လင့်  : http://www.onislam.net/english/family/your-society/torn-apart-/438953-srebrenica-in-search-of-my-flesh.html

    လူသား သမိုင်းရာဇ၀င်မှာ မေ့ပျောက်လို့မရတဲ့  ၂၀ ရာစုရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြီးဟာ ဥရောပရဲ့ အသဲနှလုံး တစ်နေရာမှာ ဖြစ်ပွားခဲ့တာပါတယ်။
    စရီဘရီနီကာ မြို့ဟာ နှိပ်စက်ညှင်းပန်းခံ ဘောစနီးယန်း မွတ်စလင် လူမျိုးစုရဲ့ ထာဝရ အမှတ်ရစရာ ပြယုဂ်တစ်ခုအဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ ဆာဘ် – ချက်(တ)နင့် (ချက်(တ)နင့်် အမျိုးသား အစွန်းရောက် လှုပ်ရှားမှု) လက်နက်ကိုင် တပ်ဖွဲ့များဟာ  ဘောစနီးယန်း မွတ်စလင်များအပေါ် ဒီရက်ရက်စက်စက် သတ်ဖြတ်မှုကိုလုပ်ဆောင်ခဲ့ပါတယ်။ ပိုပြီးတိတိကျကျပြောရမယ်ဆိုရင်ဖြင့် ကုလသမဂ္ဂရဲ့ ကာကွယ်ရေး ဇုံအတွင်းမှာ ကုလသမဂ္ဂ ကာကွယ်ရေး တပ်ဖွဲ့၊ Dutch တပ်စု  (UNPROFOR)   များရဲ့ မျက်စိအောက်မှာ ဖြစ်ပွားခဲ့ပါတယ်။
    ဆာဘ် – ချက်(တ)နင့် (ချက်(တ)နင့် အမျိုးသား အစွန်းရောက် လှုပ်ရှားမှု) လက်နက်ကိုင် တပ်ဖွဲ့များဟာ  ၁၉၉၅ ခု ဇူလိုင် ၁၁ ရက်နေ့မှာ မွတ်စလင်မြို့ဖြစ်တဲ့  စရီဘရီနီကာ မြို့ကိုသိမ်းပိုက် ၀န်းရံပိတ်စို့ပြီး  အပြစ်မဲ့ လက်နက်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင်ဦးရေ ၈၀၀၀ ထက်မနည်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

    ဒီ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ အသတ်ခံခဲ့ရသော လူများစွာရဲ့ အလောင်းများ မြှုပ်နှံထားတဲ့နေရာများကို ရှာဖွေတွေရှိနေဆဲဖြစ်ပါတယ်။ ပို၍ ၀မ်းနည်းစရာ ကောင်းသည်မှာ ဒီကြောက်မက်ဖွယ် ပြစ်မှုကြီးအတွက် မည်သူတစ်ဦးတစ်ယောက်မှ ပြစ်ဒဏ်မခံခဲ့၇ပါ။

    ဒီထက်မကသေးပါ၊ ဘောစနီးယန်း မွတ်စလင်များနှင်ပက်သက်ပြီး ကမ္ဘာ့သတင်း မီဒီယာများ၌ှ သတင်းအမှားများစွာကို အမှန်ထင်ပြီး မွတ်စလင်များမှ ဆာဘ်များကို သတ်သည်ဟု သတင်းမှားများဖြစ်ပေါ်အောင် လုပ်ကြံဖန်တီးခဲ့ကြပါတယ်။ သို့သော် အမှန်တရား သည် ထာဝရ ရှင်သန်မြဲဖြစ်သောကြောင့် ထိုစွပ်စွဲမှုများအတွက် သက်သေပြစရာ ဘာမှမရှိခဲ့ပါ။ အခြားတဘက်၌မူကား ဆာဘ်များ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်ခဲ့သော  အပြစ်မဲ့ လက်နက်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင်များ၏ သက်သေ ရုပ်ကြွင်းအပိုင်းအစ များကို ရှာဖွေတွေ့ရှိလျက်ရှိပါတယ်။ သိသာထင်ရှားတဲ့ သက်သေများ အဖြစ် အသတ်ခံခဲ့ရသော လူများစွာရဲ့ အလောင်းများ မြှုပ်နှံထားတဲ့နေရာများမှာ လူအရိုးစုများစွာကို နေ့စဉ် ရှာဖွေတွေရှိနေဆဲဖြစ်ပါတယ်။

    ယခုပြောပြမယ် အကြောင်းအရာ ကတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းများ မြှုပ်နှံထားတဲ့နေရာများမှာ လူအရိုးစုများစွာ (စုစုပေါင်း ၁၂၀၀၀ လူရိုး အစိတ်အပိုင်းများ) ကို ရှာဖွေတူးဖေါ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်တိုင်ပြန်ပြောပြသော အချက်များဘဲဖြစ်ပါတယ်။ သူကတော့ “ မူ၇တ် ဟာတစ်” ဖြစ်ပါတယ်။ သူဟာဆိုရင် ဘောစနီးယား ဟာဇီဂိုဘီးနား နိုင်ငံ တက္ကသိုလ် ပျောက်ဆုံးသူများရှာဖွေရေး အသင်း မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။
     လူအရိုးစုတင်မက သေးပါဘူး
     
    “ မူ၇တ် ဟာတစ်” ဟာ ဒိုဘော့ဂ်ျမြို့ရဲ့ အချုပ်စခန်းတစ်ခုအတွင်းမှာ သူညီအကိုများ အပါအ၀င် ဘောစနီးယန်းစုစုပေါင်း ၃၀၀ လောက်နဲ့အတူ ချုပ်နှောင်ခံခဲ့ရပါတယ်။ သူဟာ အချုပ်စခန်းမှ လွတ်မြောက်လာပြီးနောက် သူညီအကိုများနှင့် ကျန်ရှိသောလူများ အားလုံး လွတ်မြောက်ရန်အတွက် ကူညီခဲ့ပါတယ်။

    ဤအဖြစ်အပျက်ဖြစ်ပြီး ၁၂ နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ မစ်စတာ အမား မာစိုဘစ် ရဲ့အကြံပြု ချက်အရ “ မူ၇တ် ဟာတစ်” ဟာ တက္ကသိုလ် ပျောက်ဆုံးသူများရှာဖွေရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

     

     

    မူ၇တ် ဟာတစ်က ပြောကြားရာမှာ

    “ ကျနော်ဒီ ခက်ခဲပင်ပန်းတဲ့ အလုပ်ကို လက်ခံမိတဲ့အတွက် ဘယ်တော့မှ နောင်တမရပါဘူး၊  ကျနော် အသျှင်မြတ်ဆီမှာ  အပြစ်မဲ့ ရှဟီးဒ် ဖြစ်သွားခဲ့သူတွေအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ကို အစဉ်အမြဲ တောင်းခံခဲ့ပါတယ်။ တကယ်တော့ သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစ များကို ရှာဖွေတဲ့ လုပ်ငန်းဟာ ဖေါ်ပြဖို့ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သေဆုံးသူတစ်ဦးရဲ့ ပြည့်စုံတဲ့ အရိုးစု အကုန်လုံးရရန် ရှာဖွေသည့် လုပ်ငန်းဟာ ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ပထမနှစ်မှာ ကျနော်တို့ လူဦးခေါင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ၊ နောက်နှစ်တွေမှာ ကိုယ်ခန္ဒာရဲ့ ကျန်ရှိတဲ့ အရိုးစုအစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    နောက်ဆုံးအဆင့်မှာတော့  DNA စမ်းသပ်ခြင်းကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပြီး အသတ်ခံခဲ့၇သူများ၏ အားလုံးသော အရိုးအစိတ်အပိုင်းများ တစ်ခုနှင့် တစ်ခု ကိုက်ညီစွာတွဲဆက်နိုင်အောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ သားတစ်ဦး၏ လက်အရိုးဟာ ရှာဖွေမတွေ့ရှိဘူးဆိုတဲ့ အကြောင်းကို  မိခင် တစ်ဦးကို ကျနော်ဟာ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ မသိအောင်ဖြစ်ခဲ့ပါတယ်၊ ဒီမိခင်ရဲ့ သား ၅ ဦးစလုံးဟာ လူမျိုးတုန်း အသတ်ခံခဲ့ရတဲ့ အဖြစ်ဆိုးမှာ အသတ်ခံခဲ့၇ပါတယ်။  သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစ များကို ရှာဖွေတဲ့ လုပ်ငန်းဟာ ဖေါ်ပြဖို့ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အသတ်ခံခဲ့ရတဲ့ သူများ၏ ရာနဲ့ချီတဲ့ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဒီကြောက်မက်ဖွယ် ပြစ်မှုကြီးကို ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ “

    အမှန်တကယ်တော့ သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစများကို ရှာဖွေသည့်လုပ်ငန်းမှာ ၀မ်းနည်းကြေကွဲ ဖွယ်ကောင်းသလို၊ အခက်အခဲများနှင့်ပြည့်နှက်လျက်ရှိပါတယ်၊ အမြဲဆိုသလို ဒေသခံ ဆာဘ်အချို့ရဲ့ နှောက်ယှက်မှုကို ခံခဲ့ရပါတယ်။ စိတ်ဆန္ဒပြင်းပြတဲ့အဖွဲ့ဝင်များဟာ စိတ်ရော ကိုယ်ပါ ခက်ခဲပင်ပန်းစွာဖြင့် ဒီလုပ်ငန်းကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ကြပါတယ်။ ကင်းလှည့် ဆာဘ်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေး နှောက်ယှက်ခြင်းကို လည်း နေ့စဉ်ဆိုသလို ခံခဲ့ရပါတယ်။

    မူ၇တ် ဟာတစ်က ဆက်လက်ပြောကြားရာမှာ “ ဒီအလုပ်မှာ အခြားအခက်အခဲများစွာ ရှိပါသေးတယ်၊ သေဆုံးသူများရဲ့ ရုပ်ကြွင်းများကို ရှာဖွေတဲ့နေရာမှာ များစွာသော မိုင်းဗုံးများ ၊ မြွေများ ကိုကျော်လွှားပြီး ရှာဖွေခဲ့ရပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်ပြောနိုင်တာကတော့ အလ္လာအသျှင်ဟာ ကျနော်တို့နဲ့အတူ ရှိနေပါတယ်။ ကျနော်တို့ အလ္လာအသျှင် ရဲ့စောင့်ရှောက်မှုကိုရရှိခဲ့ပါတယ်။ “

    မူရတ်ဟာ ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းများ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ကြီးမားတဲ့မြေကျင်း သင်ချိုင်းဂူ နေရာများရဲ့ အသေးစိတ် အခြေအနေကို များစွာသိရှိခဲ့သူဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ စုစုပေါင်း ပြည့်စုံတဲ့အရိုးစု စုစုပေါင်း ၂၇၄ စုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအရိုးစုအားလုံးကို အိတ်များအတွင်းထည့်ထားခဲ့ပြီး အချို့အနည်းငယ်သာ အိတ်မပါဘဲ ပြန့်ကျဲနေခဲ့တာပါ။ ဒီရှာဖွေတွေ့ရှိမှုကို အခြေခံပြီး သူတို့ကောက်ချက်ချနိုင်ခဲ့တာက ဘောစနီးယန်း မွတ်စလင်အချို့ဟာ သူတို့ရဲ့ မိသားစုဝင်များ ၊ အိမ်နီးနားချင်းများရဲ့ အလောင်းတွေကို အိတ်ထဲထည့်ဖို့ အတွက် ဆာဘ် – ချက်(တ)နင့် တို့၏  အတင်းအဓမ္မ စေခိုင်းမှုကို ခံခဲ့ရပါတယ်၊ ပြီးနောက် သူတို့ကိုယ်တိုင်လည်း ရက်စက်စွာ အသတ်ခံခဲ့ရပါတယ်၊ ဤနည်းအားဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ်အပျက်ကို ပြန်ပြောပြမည့်သူ တစ်ယောက်မျှမကျန်တော့အောင်လုပ် သွားခဲ့ပါတယ်။

    သိပ်ပြီး ရှားရှားပါးပါး ရှာဖွေရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ၊ သက်ကြီးရွယ်အိုတစ်ဦးရဲ့ အရိုးစုကို ကြည့်ရင်တွေ့နိုင်တာက ခြေထောက်၂ဘက် ၊ လက် ၂ဘက် စလုံးကို ၀ါယာစနဲ့ချည်နှောင်ထား တာပါ၊ ဒါကို ကြည့်ခြင်းအားဖြင့် မည်သို့မည်ပုံ နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ်ဆိုတာ သိသာစွာပုံဖော်မြင်နိုင်ပါတယ်။ အချို့ အသတ်ခံခဲ့ရတဲ့ ဘောစနီးယန်း အချို့ဟာဆိုရင် အရှင်လတ်လတ် မြေမြှုပ်ပြီး အသတ်ခံခဲ့ရတာပါ၊ အရိုးဂေါင်းခွံ များရဲ့ ထိပ်ပိုင်းနေရာအချို့ဟာ ခွက်ဝင်ပဲ့ထွက်နေတာကို ကြည့်ခြင်းဖြင့် သူတို့ဟာ အရှင်လတ်လတ် မြေကြီးအောက်မှ လွတ်မြောက်ရန် ရုန်းကန်လှုပ်ရှားခဲ့ပုံရပါတယ်၊ နောက်ဆုံးမှာတော့ အသတ်ရှူရန်ခက်ခဲလာပြီး သေဆုံးသွားခဲ့ကြရပါတယ်။

    ( ဘာသာပြန်သူ၏ ၀န်ခံချက် – ကျနော်အထက်ပါ စာပုဒ်ကို ဘာသာပြန်ရင်း ရှေ့ဆက်ပြီးလက်တွေ စာရိုက်လုပ်မရတော့အောင်ကို ၀မ်းနည်းကြေကွဲမိပါတယ်၊ အို အလ္လာဟ်အသျှင် အပြစ်မဲ့ ရက်စက်စွာ ရှဟီးဒ် ဖြစ်ခဲ့ရတဲ့ ကမ္ဘာတ၀န်းရှိ ညီနောင်အားလုံးကို အသျှင်ရဲ့ ဂျနသ် သုခဘုံ၌ စံမြန်းခွင့်ပေးသနားတော်မူပါ ၊ အာမီးန် ။)

    သေဆုံးသူများရဲ့ ရုပ်ကြွင်းများကို ရှာဖွေတဲ့လုပ်ငန်းမှာ မိသားစုဝင်များရဲ့ ကူညီမှုဟာ များစွာ ထိရောက်ခဲ့ပါတယ်။ ဘောစနီးယန်း မွတ်စလင် အမျိုးသမီးကြီး တစ်ဦးဖြစ်တဲ့ မစ်စ ဆလ်ဂျစ် ဟာဆိုရင် အလွန်များပြားတဲ့ အုတ်ဂူများ တူးဖော်ရှာဖွေတဲ့ နေ၇ာကို  နေ့စဉ်ဆိုသလို လာရောက်ပြီး သူမရဲ့သား နှင့် ခင်ပွန်း ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကြွင်းကို မျှော်လင့်တကြီးရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမခင်ပွန်းရဲ့ ဆွယ်တာင်္အကျီကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ မကြာမီ သူမသားရဲ့ ကြွင်းကျန်တဲ့ ရုပ်ကြွင်းကို DNA စစ်ခွင့်ရရှိခဲ့ပါတယ်။ ဒီရုပ်ကြွင်းကို ကောင်းမွန်စွာ မြှုပ်နှံတဲ့နေမှာ ဆိုရင်ဖြင့် မစ်စ ဆလ်ဂျစ်ဟာ နှလုံး ရောဂါဝေဒနာကြောင့် heart attack ရခဲ့ပါတယ်၊ မည်သို့ပင်ဆိုပါစေ ယခုအချိန်မှာတော့ ဒီအမျိုးသမီးကြီး စိတ်နှလုံးအေးချမ်းမှု အများကြီးရရှိသွားခဲ့ပါပြီး ဘာကြောင့်လဲဆိုရင်ဖြင့် သူရဲ့ ချစ်လှစွာသော သားလေးရဲ့ ရုပ်ကြွင်းမြှုပ်နှံထားရာ အုတ်ဂူနေရာကို လာရောက်ပြီး အသျှင်မြတ်ထံပါးမှာ သားလေးအတွက် ဒိုအာ ဆုမွန်တောင်းပေးနိုင်တော့မှာပါ။

    Crni Vrh ကြီးမားတဲ့ သင်ချိုင်းမြေမှာဆိုရင် ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းစုစုပေါင်း ၇၂၈ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆာဘ် – ချက်(တ)နင့် တို့ သတ်ပြီး မြှုပ်နှံခဲ့တာပါ များမကြာမီ တစ်ခါ ပြန်လာပြီး အလောင်းများကို နေရာရွှေ့ကာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဖုံးကွယ်ရန် ကြိုးစားပါတယ်။ ဒီကြီးမားတဲ့ သင်ချိုင်းမြေနေရာဟာဆိုရင် ၄.၅ မီတာ နက်ပါတယ် ၊ အဲဒီ မြေကြီးကျင်းအတွင်းမှ အရိုးအကြွင်းအကျန် ၆၂၉ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    Zaklopaca  ကြီးမားတဲ့ သင်ချိုင်းမြေ မှာကျင်းပတဲ့ ကလေးငယ် ၂ယောက်ရဲ့ အသုဘ အခမ်းအနားကို မူ၇တ် ဟာတစ် တက်ရောက်ခဲ့ပါတယ်။ ပျောက်ဆုံးသူများရှာဖွေရေး အသင်းဟာ  ဒီ Zaklopaca  ကြီးမားတဲ့ သင်ချိုင်းမြေအတွင်းမှ ကလေးငယ် ၂ ယောက်ရဲ့ ခြေထောက်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါကို ကြည့်ခြင်းအားဖြင့် ဆာဘ် – ချက်(တ)နင့်  တို့ဟာ တဖန်ပြန်လည် တူးဖော်ပြီး အရိုးအပိုင်းအစ များကို နေရာ ရွှေ့ပြောင်းခဲ့ပုံရပါတယ်။ အချို့ နေရာမှာဆိုရင် အသတ်ခံခဲ့ရတဲ့ ဘောစနီးယန်း ကလေး အလောင်း ၁၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    မူ၇တ် ဟာတစ်က ဆက်လက်ပြောကြားရာမှာ

    “ ကျနော်တို့ အဖွဲ့ဟာ ၈ နှစ် (သို့) ၁၀ နှစ် အရွယ် ရွှေရောင်ဆံပင် ပိုင်ရှင်  မိန်းကလေးငယ် တစ်ဦးရဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်၊ အလောင်းဟာ ခြောက်သလောင်းနေပြီး ခက်ခက်ခဲခဲ ရှာဖွေထုတ်ယူခဲ့ရပါတယ်။ ၉ လကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးရဲ့ ရုပ်ကြွင်းကို၎င်း၊ ၅လသား အရွယ်ကလေးငယ် တစ်ဦးရဲ့ ရုပ်ကြွင်းကို၎င်း၊ သက်ကြီးရွယ်အိုများရဲ့ရုပ်ကြွင်းကို၎င်း  ကျနော်တို့ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ များစွာသော ကြီးမားတဲ့ သင်ချိုင်းမြေများမှာ မီးရှို့ ခံထားခဲ့ရပြီး အရိုးအပိုင်းအစ များကို ရှာဖွေရန်လုံးဝမဖြစ်နိုင်တော့ပါ။ “

    မူရတ်နှင့် အဆက်အသွယ်ရှိသော ဆာဘ်တစ်ဦးရဲ့ ပြန်ပြောပြချက်အရ

    “ ငါတို့ မြို့တစ်မြို့ မှာ ဘောစနီးယန်း မွတ်စလင် ၃၀ ကို ဖမ်းမိခဲ့တယ်၊ ငါတို့ ၂၀ ဦးကို တစ်ခါတည်းပစ်သတ်လိုက်တယ် ပြီးနောက် ဒီအလောင်းတွေကို ဓါတ်ဆီလောင်းပြီး မီးရှို့လိုက်တယ် ကျန်ရှိနေတဲ့ လူ ၁၀ ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး မီးရှို့ ထားတဲ့ အလောင်းပေါ်က ဖြတ်လျှောက်ခိုင်းတယ် ၊ အဲ့ဒီမှာ တစ်ယောက်က ထွက်ပြေးဖို့ကြိုးစားတယ် ဒါပေမဲ့ ငါတို့ ပုဆိန် နဲ့အောင်မြင်စွာ ခုတ်သတ်နိုင်ခဲ့တယ်။

    အထက်ပါ ပြန်ပြောပြချက်ကတော့ ဆာဘ်တွေ နေ့စဉ် မနက် ၅နာရီ မှ စတင်ပြီး ညနေ မှောင်သည်အထိ ၇က်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လုပ်ငန်းစဉ်များထဲမှ တစ်ခုသာ ဖြစ်ပါတယ်။

    သေဆုံးသွားသူများအား ဂုဏ်ပြုခြင်း

    ဇူလိုင် ၁၁ ၊ ၂၀၀၈ ခုနှစ် နံနက်ခင်း၌ ၃၀၇ ဦးသော ဘောစနီးယန်း မွတ်စလင်တို့၏ ကျွင်းကျန်သော ရုပ်ကလပ်ကို မြေမြှုပ်နှံ နိုင်ခဲ့ပါတယ်။ တကယ်တော့ ဒီ ၃၀၇ ဦးဟာ ရှာဖွေတွေ့ရှိ ခဲ့သော အရိုးစု အစိတ်အပိုင်း ၃၂၁၄ ခုအတွင်းမှ DNA စစ်ပြီး သတ်မှတ် ရွေးချယ်နိုင်ခဲ့သော အပြစ်မဲ့ အရပ်သား မွတ်စလင် ၃၀၇ ဦးရဲ့ အလောင်းများဖြစ်ပါတယ်။ သူတို့အားလုံးကို အစ္စလာမ် ဓလေ့ထုံးစံ နှင့်အညီ ၀တ်ပြုဆုတောင်းပြီး “ ပိုတိုကာယီ ဂုဏ်ပြုဗိမာန်” ၌ အတူတကွမြှုပ်နှံ လိုက်ပါတယ်။

    အခမ်းအနားမတိုင်မီ ၁ ရက်အရင်၌ ကျောင်းသားငယ် စုစုပေါင်း ၂၅၀၀ ၏ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချီတက်ပွဲအဖြစ် တူဇလာမြို့မှ စရီဘရီနီကာ မြို့အထိ ကီလိုမီတာ ၁၀၀ လမ်းလျှောက်ခဲ့ကြပါတယ်။ ဒီ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချီတက်ပွဲဟာဆိုရင် အပြစ်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင် မိခင်များ၊ ကလေးငယ်များ ဆာဘ်တို့၏ရန်မှ လွတ်မြောက်ရန် ၁၉၉၅ခု ဇူလိုင်လ၌ တောအုပ်များကိုဖြတ်၊ အစာေ၇စာမရှိ ၊ ခက်ခဲကြမ်းတမ်းသောလမ်းများကိုဖြတ်ကျော်ပြီး တူဇလာမြို့ (ထိုအချိန်၌ တူဇလာမြို့မှာ လွတ်မြောက်ရာနယ်မြေဖြစ်ပါသည်) အထိ လွတ်မြောက်ရေးခရီးနှင်ခဲ့ပုံများကို ပြန်လည်၍ ကိုယ်ချင်းစာ သတိရစေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပါတော့သည်။

    ———————————————————————————————————————-
    ဘာသာပြန်သူ၏ ၀န်ခံချက် ။ ဤ ဘောစနီးယန်း မွတ်စလင်တို့၏ စရီဘရီနီကာ မြို့အဖြစ်ဆိုးအကြောင်းကို ဘာသာပြန်ဆိုရသည်မှာ ကျနော် အလွန်အင်မတန် စိတ်ထိခိုက်ကြေကွဲခံစားရပါတယ်၊ စာရိုက်နေရင်းလဲ ငိုင်ပြီးစဉ်းစားနေမိပါတယ်။ စာဖတ်သူများအနေဖြင့် ကျေးဇူးပြုပြီး ပြီးဆုံးအောင် ဖတ်ကာ ဗဟုသုတ သင်ခန်းစာ တစ်ခုရမယ်ဆိုရင်ဖြင့် ကျနော် ပြန်ဆိုရကျိုးနပ်မှာပါ။ ကျနော်ကိုယ်တွေ့ အနေနဲ့ ဘောစနီးယန်း မွတ်စလင် အမျိုးသမီး တစ်ဦးရဲ့ ဒီအဖြစ်ပျက်ဆိုးကြီး အကြောင်းကို ကိုယ်တိုင်ပြန်ပြောပြမှုကိုလည်း စင်ကာပူမှာ နားထောင်ခဲ့ဘူးပါတယ်၊ သူဟာပြောနေရင်းက မျက်ရည်မဆည်နိုင်ပါဘူး ၊ နားထောင်နေရသူ အဖို့မှာလည်း အလွန်အင်မတန်မှ ထိခိုက်ကြေကွဲရပါတယ်။ ထို့ကြောင့် ဤကဲ့သို့သော် ကြောက်မက်ဖွယ် အဖြစ်ဆိုးမျိုးမှ ကျနော်တို့ အွတ်မက်သားအားလုံးကို အလ္လာဟ်သျှင် ကာကွယ်တော်မူပါစေလို့ ကျနော်တို့အားလုံး ဒိုအာပြုကြရအောင်လားဗျာ ……….အာမီန်း။