News @ M-Media

အာဇာနည်ကျေးဇူးအောက်မေ့ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဂျူလိုင် ၁၉၊ ၂၀၁၂

M-Media News

မန္တလေး၊
သတင်း – ပြည့်ပြည့်

မေတ္တာ Campaign နှင့် Myanmar Muslim Education & Cultural Society တို့ပူးပေါင်းပြီး အာဇာနည်ကျေးဇူးအောက်မေ့ပွဲအခမ်းအနားကို မနေ့က ဂျူလိုင်လ (၁၉)ရက် (၆၅)နှစ်မြောက်အာဇာနည်နေ့တွင် မန္တလေးမြို့ ကီးမားတင်ဝင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း အခမ်းအနားကို အစီအစဉ် ၉-ရပ်ဖြင့်ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

မြ၀တီဆရာတော် အရိယာဘိဝံသမှ ညီညွတ်ရေးတရားဟောကြား

 

အခမ်းအနား တက်ရောက်လာသူများ
အလွမ်းဂျူလိုင် ခေါင်းစဉ်ဖြင့် ဦးဘုန်း(ဓါတု)မှ ဟောပြောစဉ်

အစီအစဉ်(၁)အရ နေ့လည် ၂-နာရီမှာ အစီအစဉ်စတင်ကြောင်းကြေငြာပြီး၊ အစီအစဉ်(၂)အရ ကိုကျော်မိုးအောင်မှ အဖွင့်နှုတ်ဆက်ခွန်းဆက်စကားပြောကြားပြီး ၎င်းနောက် အစီအစဉ်(၃)အရ တက်ရောက်လာသူအားလုံးမှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ငြိမ်သက်စွာဖြင့် တစ်မိနစ် အလေးပြုခဲ့ကြောင်း၊ အစီအစဉ်(၄)အရ အာဇာနည်ကိုးဦး၏ အထုပ္ပတ္တိကို ဦးသန်းဇော်မြင့်၊ ပသီဝိုင်းဝတ်ရည်မြင့်နှင့် ကိုပြည့်ဖြိုးအောင်တို့မှ ဖတ်ကြားခဲ့ကြပြီး အစီအစဉ်(၅)အရ မြ၀တီဆရာတော် အရိယာဘိဝံသမှ ညီညွတ်ရေးတရားဟောကြားခဲ့ပြီး အစီအစဉ်(၆)အရ အလွမ်းဂျူလိုင် ခေါင်းစဉ်ဖြင့် ဦးဘုန်း(ဓါတု)မှ ဟောပြောခဲ့ပြီး၊ အစီအစဉ်(၇)အရ ဦးမောင်မောင်ကြီး(မန်း)မှ အာဇာနည်စိတ်ဓါတ်ခေါင်းစဉ်ဖြင့် ပြောဟောခဲ့ကြောင်းနှင့် အစီအစဉ်(၈)အရ မောင်လာနာဦးချစ်ရွှေမှ ဆုမွန်ဒုအာတောင်းခံပြီး အစီအစဉ်(၉)အရ အခမ်းအနားပြီးဆုံးကြောင်း ကြေညာ၍ ညနေ ၅-နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ယင်းအခမ်းအနားသို့ NLD၊ ဗကသအဖွဲ့၊ မြောက်ပိုင်း AB အဖွဲ့ နဲ့ အခြားလူမှုရေးအဖွဲ့များမှ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူ ၂၀၀ ခန့် တက်ရောက်တယ်လို့ သတင်းရရှိပါတယ်။

Comments

Leave a Reply