News @ M-Media

Blog

  • လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့်ပုဂ္ဂိုလ် ဟာဂျီဦးဘအို

    ‘ကျွန်တော်မျိုးသည် ကုရုရ်အ်အာန်တ်တဖ်စ်စီရီရ် ဒေသနာကို မြန်မာဘာသာပြန်ဆိုရာ၌ စရိတ်ကြေးငွေကုန်ကျမည်ကို မထောက်၊ ခဲယဉ်းစွာ တစ်ဆင့်မှတစ်ဆင့် အခွင့်ရှိသမျှ လွှဲပြောင်း၊ ကောင်းသည်ထက်ကောင်းအောင်ရေးသားပြုပြင်  စက်တင်ပုံနှိပ်ရိုက်ရာ’ ဟု ဆုတောင်းနိဂုံးတွင် ဖော်ပြပါရှိသည့်အတိုင်း ဦးဘအိုသည် ကုရ်အာန် မြန်မာဘာသာပြန်လုပ်ငန်းကြီးကို စေတနာထက်သန်စွာ ပံ့ပိုးခဲ့သူဖြစ်သည်။ လုံ့လကြီးစွာ၊ အားသည်းစွာ နှစ်ရှည်လများ အချိန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။ ကုရ်အာန်မြန်မာပြန် ဂန္ထ၀င်သမိုင်းအတွက် အရေးပါလှသော ပုဂ္ဂိုလ်ကြီးဖြစ်သည် ။

    ဦးဘအိုသည် အမတ်ကြီး န၀ဗ်ရဟင်ဘခ် နှင့် ရွှေကျင်သူ ဒေါ်စာအု တတိယမြောက် သားရတနာဖြစ်သည။် ၁၂၃၄ (၁၈၇၂) ခုနှစ်တွင် တောင်မြို့၌ ဖွားမြင်သည။် သာသနာဘွဲ့ မှာ အဟမဒွလွလ္လာ ဖြစ်သည်။

    ဖခင်ကြီးသည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အပို့ခံရသည့် အိန္ဒိယနိုင်ငံ ဒေလီပြည့်ရှင် ဧကရာဇ်ဘုရင်ကြီး ဇဖရ်ရှားနှင့်အတူ ပါရှိလာသည့် အမတ်ကြီးတစ်ဦးဖြစ်သည်။ အမတ်ကြီးသည် မြန်မာနိုင်ငံ တောင်ငူမြို့တွင် အစိုးရအ၀ယ်တော်အဖြစ် အမှုထမ်းသည်။ သားသမီးများ အရွယ်ရောက်စချိန်တွင် ကွယ်လွန်ခဲ့သည်။ ဦးဘအို၏ မိခင်ကြီး ဒေါ်စာအုမှာ လည်း သားသမီးများ အသက်အတန်ရမှ ကွယ်လွန်သွားခဲ့သည်။ ဦးဘအိုသည် အင်္ဂလိပ်စကား၊ မြန်မာစကားတို့ကို ကောင်းမွန်စွာ တတ်ကျွမ်းသည်။ မူလက အစိုးရ၀န်ထမ်းလုပ်ပြီး နောက်ပိုင်းတွင် ဘုံဘေ ဘားမားသစ်ကုမ္ပဏီ၌ စာရေးအဖြစ် အမှုထမ်းသည်။ အလုပ်၌ ရိုးသား ကြိုးစားသဖြင့် သစ်တောဘက်ကိုယ်စားလှယ်နှင့် သစ်တောအ၀ယ်တော် အဖြစ် ရာထူးတိုးမြှင့် တာဝန်ပေးခြင်းခံရသည်။ ထိုအချိန်မှစပြီး ဦးဘအိုသည် တဖြည်းဖြည်း တိုးတက်ကြီးပွားချမ်းသာလာသည်။

    တောကျွဲအင်း၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ တောင်ငူ၊ ပျဉ်းမနား၊ အေလာ၊ တောင်တွင်းကြီးနှင့် ပခုက္ကူနယ်များ၌ လည်းကောင်း၊ အင်းစိန်နယ်၊ လှိုင်ရိုးမရှိ သစ်တောများ၌လည်းကောင်း သစ်စက်များ တည်ထောင်ခဲ့သည်။ (more…)

  • ကာဘာကျောင်းတော်ကြီး၏ အီမာမ်ကြီး အိန္ဒိယသို့ လာရောက်သွားခဲ့

    မတ်လ ၂၇ ရက်နေ့ မဂ်ရိဘ်အချိန်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့တော်ရှိ သမိုင်းဝင်နာမည်ကျော် ဂျာမေမတ်စ်ဂျစ်ဒ်ကြီးမှာ ဆွလာဟ်တည်ဆောက်သူများဖြင့် ပြည့်လျှံသွားခဲ့သည်။ အကြောင်းကတော့ ကာဘာကျောင်းတော်ကြီး၏ အီမာမ်ကြီး ရှိုက်ခ် စူဒိုက်စ် ရောက်ရှိနေပြီး ထောင်ပေါင်းများစွာသော မူစလင်များကို ဦးဆောင်ပြီး မဂ်ရိဘ်ဆွလာသ်ကို ထိုမတ်စ်ဂျစ်ဒ်ကြီးတွင် ၀တ်ပြုခဲ့ခြင်းပင်ဖြစ်သည်။ ရှိုက်ခ်သည် အန္ဒိယတွင် တစ်ပတ်ခန့်နေသွားခဲ့သည်။ ဆွလာဟ်တည်ဆောက်မှုမတိုင်ခင် ကာဘာကျောင်းတော်ကြီး၏ အီမာမ်ကြီးသည် လူထုကြီးကို နှုတ်ဆက်မိန့်ခွန်းပြောကြားခဲ့ပြီး ကမ္ဘာ့မူစလင်ထုတစ်ရပ်လုံးစည်းလုံးညီညွတ်ကြရန် အလေးအနက် ပြောကြားသွားခဲ့သည်။ သောကြာနေ့က ဒါရွလ်အူလွမ် ဒီယိုဗန်ကျောင်းကြီးတွင် ဂျွမ်မုအာဆွလာဟ်ကို ဦးဆောင်ခဲ့ပြီး စနေနေ့ကဆွဟဘာခန်းမတွင် လူငါးသိန်းခန့်ကို မဂ်ရိဘ်ဆွလာဟ်ဦးဆောင်ဝတ်ပြုခဲ့ပေသည်။် အိန္ဒိယအစ္စလာမ့်ယဉ်ကျေးမှုဗဟိုမှ ကျင်းပသည့် အခမ်းအနားသို့လည်း တက်ရောက်သွားခဲ့သည်။

    Ref: Two Circles

  • လစ်ဗျားရှိ မဟာမိတ်တပ်တို့အား အလ်အဇ်ဟရ်မှ သတိပေး

    အစ္စလာမ့်ကမ္ဘာ၏ သြဇာရှိလှသော အလ်အဇ်ဟရ် ကျောင်းတော်ကြီးမှ လစ်ဗျားကို လေကြောင်းမှ တိုက်ခိုက်အရေးယူနေသော အမေရိကန်နှင့် အပေါင်းအပါများကို    ဤတိုက်ခိုက်မှုတွင် အမေရိကန်၏ အီရတ်ကျူးကျော်စစ်ကဲ့သို့ သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မဖျက်ဆီးရန် သတိပေးလိုက်ပေသည်။ အလ်အဇ်ဟရ်အနေနှင့် လစ်ဗျားစစ်တပ်နှင့် ပြည်သူတို့အား သွေးစွန်းသောအာဏာရှင်ကဒါဖီးအား ဆန့်ကျင်ရန်တိုက်တွန်းခဲ့သော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ တိုက်ခိုက်မှုကိုမူ မထောက်ခံပေ။ အလ်အဇ်ဟရ်အနေနှင့် ပြည်သူတို့အား ဖိနှိပ်သော အာရပ်အာဏာရှင်များကို ရှုံ့   ချပြီး တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေးလေ့လာမှုကို လျစ်လျူရှုထားသော အာရပ်နှင့် အစ္စလာမ်တက္ကသိုလ်များကိုလည်း ဝေဖန်လိုက်သည်။

    ကိုး- Onislam

  • အမေရိကန်တက္ကသိုလ်များမှ အစ္စလာမ့်အီမာမ်များ မိမိတို့ကျောင်းအတွင်း သီးသန့်ခန့်ထားခြင်း

    အရေအတွက်များလာသော မူအမေရိကန်တက္ကသိုလ်များစလင်ကျောင်းသူကျောင်းသားများအတွက် ဘာသာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အီမာမ်များကို အချိန်ပြည့်ခန့်ထားရန် အမေရိကန်တက္ကသိုလ်နှင့် ကောလိပ်များမှ စီစဉ်ခန့်ထားလျက်ရှိနေသည်။ အခုလောလောဆယ်အနေဖြင့် ခန့်အပ်ထားပြီးသော တက္ကသိုလ်များမှာ Yale,  Princeton နှင့် Duke တက္ကသိုလ်ကြီးများဖြစ်ကြသည်။ Cornell တက္ကသိုလ်မှလည်း မကြာမီအတွင်း အီမာမ်တစ်ဦးခန့်အပ်ရန် စီစဉ်နေသည်။ ထိုလုပ်ဆောင်မှုများသည် မူစလင်ကျောင်းသားများအတွက်သာမက အစ္စလာမ်နှင့်ပတ်သက်၍ သိနားလည်မှုအလွန်အားနည်းနေသော ဘာသာခြားအမေရိကန်ကျောင်းသားများအတွက်လည်း အင်မတန် အကျိုးများလှပေသည်။ Northwestern တက္ကသိုလ်မှ ပထမဦးဆုံး အီမာမ်ဖြစ်သော Tahera Ahmad က ” ကျွန်တော်က မူစလင်ကျောင်းသားကျောင်းသူတွေအတွက်ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော့်ရုံးခန်းကို ၀င်ထွက်နေတာက ဘာသာခြားကျောင်းသားကျောင်းသူတွေက ပိုများပါတယ်။ ကျွန်တော်က ပိုကြီးပြီးများပြားတဲ့ တက္ကသိုလ်ကြီးတစ်ခုလုံးအတွက် အလုပ်လုပ်နေတာပါ” ဟု သူ့အတွေ့အကြုံကို မျှဝေသွားသည်မှာ မြန်မာပြည်အပါအ၀င် ကမ္ဘာနိုင်ငံ အသီးသီးရှိ အစ္စလာမ့် ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် ထပ်တူအကောင်အထည်ဖော်ကာ မိမိဘာသာဝင်များသာမက ဘာသာခြားလူငယ်တို့အား အစ္စလာမ်နှင့် မိတ်ဆက်ပေးရန် အရေးတယူ စဉ်းစားသင့်လှပေသည်။

    ကိုး- Onislam
  • မူစလင်ညီအစ်ကိုရင်းအဖွဲ့အစည်းနှင့်ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့ စိုးရိမ်နေကြ

    တူနီရှားနှင့် အီဂျစ်တို့တွင် အာဏာရှင်အစိုးရများ ဖယ်ရှားခြင်းခံရပြီးနောက် အမေရိကန်အစိုးရသည် မူစလင်ညီအစ်ကိုရင်းအဖွဲ့အစည်းနှင့် ဆက်ဆံနိုင်ရေးအတွက် နည်းဗျူဟာချမှတ်နိုင်ရန် အခက်အခဲနှင့်ရင်ဆိုင်နေရပေသည်။ မူစလင်ညီအစ်ကိုရင်းအဖွဲ့အစည်းသည် အများပြည်သူများကြားတွင် အစ္စလာမ်၏တန်ဖိုးများကို ပြန်လည်မြှင့်တင်ရန် ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်ကာ နိုင်ငံအတော်များများမှ မူစလင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေပေသည်။ ယခင်က အာဏာရှင်အစိုးရများသည် ထိုအဖွဲ့အား အင်အားသုံးက အတင်းဖိနှိပ်ထားခဲ့ကြသည်။ ယခု ထိုအဖွဲ့အစည်းသည် အီဂျစ်နှင့် တူနီရှားတို့၏ နိုင်ငံရေးမျက်နှာစာတွင် အရေးအပါဆုံးဖြစ်လာနိုင်ပေသည်။ မူစလင်ညီအစ်ကိုရင်းအဖွဲ့သည် အမေရိကန်၏ အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ သြဇာသုံးမတရားဗိုလ်ကြခြင်းနှင့် အစ္စရေး၏ ပါလက်စတိုင်းတို့အပေါ် အနိုင်ကျင့်မတရားလုပ်ခြင်းကို အပြင်းအထန်ဆန့်ကျင်ပေသည်။ ထို့ကြောင့် အမေရိကန်နှင့် အမာခံမဟာမိတ် အစ္စရေးတို့မှာ စိုးရိမ်ပူပန်လျက်ရှိကြသည်။ မူစလင်ညီနောင်ရင်းအဖွဲ့က ပူးပေါင်းထားသော အဖွဲ့အစည်းများမှတဆင့်အမေရိကန်နိုင်ငံအတွင်း သြဇာလွှမ်းမိုးမှုယူလာမည်ကိုလည်း အမေရိကန်အစိုးရအနေဖြင့် စိုးရိမ်နေသည်။ မူစလင်ညီနောင်ရင်းအဖွဲ့ကို ပညာတတ်များ၊ ဆရာဝန်များ၊ ကျောင်းဆရာဆရာမများ၊ အင်ဂျင်နီယာများနှင့် လူလတ်တန်းစားများဖြင့် အဓိကဖွဲ့စည်းထားပေးသည်။

    ကိုး- Onislam.net