News @ M-Media

Blog

  • အိုဘာမား မွတ်စလင် ဖြစ်ရေး အဘွားဖြစ်သူ ဟဂ်ျခရီးစဉ်တွင်ဒိုအာ တောင်း

    အမေရိကန်သမ္မတအိုဘာမား၏ အဘွားဖြစ်သူ ယခုနှစ်တွင် မက္ကာမြို့သို့သွားရောက် ဟဂ်ျပြုခဲ့စဉ်အတွင်း သူ၏မြေးဖြစ်သူ မစ္စတာအိုဘာမား အစ္စလာမ်သာသနာအားလက်ခံ ရန် အလ္လဟ်အရှင်မြတ်ထံတွင် ဆုတောင်းခဲ့ကြောင်း ဆော်ဒီ သတင်းစာ Al watan နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။

    အသက် ၈၈နှစ်အရွယ်ရှိသော ဆရဟ်အိုမာက “မြေးလေး အိုဘားမား အစ္စလာမ် ကိုလက်ခံလာဖို့  အလ္လဟ်အရှင်မြတ်ထံပါးမှာ ဒိုအာလုပ်ခဲ့ပါတယ် ” ဟု ပြောပါသည်။ ယခုနှစ် ဟဂ်ျကာလတွင် သမ္မတအိုဘာမားအဘွား၊ နှင့် ဦးလေးဖြစ်သူ ဆအီးဒ်ဟူစိန်အိုဘာမားလည်းလိုက်ပါ ဟဂ်ျ ၀တ်ပြုခဲ့ကြောင်းသိရသည်။

    သူတို့အား ဆော်ဒီဘုရင့်မိသားစုမှ ကမကထပြု စီစဉ်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း ယင်းတွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားပါသည်။

    AFP

  • အင်္ဂလန်က ဘုရင်မကြီး အဘူဒါဘီမှာ ဗလီဝတ်ကျောင်းတော် သို့သွားရောက်လေ့လာ

    ဗြိတိန်နိုင်ငံ၏ အထင်ကရဖြစ်သော တော်ဝင်ဘုရင်မကြီး အလ္လီဇဘတ် ၂ သည် ခင်ပွန်းဖြစ်သူမင်းသာ ဖိလစ်နှင့် အတူ ယူအေအီးနိုင်ငံသို့ ၅ရက်တာ အလည်အပတ်ရောက်ခဲ့ရာ အဘူဒါဘီရှိ ကမ္ဘာအကြီးဆုံးဗလီတစ်လုံးဖြစ်သော Sheikh Zayed Grand Mosque ရှိခ် ဇယဒ် မတ်ဂျိဒ်အလည် ပတ်ရောက်သွား ရောက်ခဲ့ကြောင်း အရှေ့အလယ်ပိုင်းသတင်းများတွင်ဖေါ်ပြထားပါ သည်။

    (more…)

  • တာလီဘန်တို့အား ကလေးများက ပါဝင်ကူညီပေးနေ

    အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ်သို့ရောက်ရှိခဲ့သော သတင်းထောက်အဲလက်စ်ကရော့ဖို့စ်က အာဖဂန်ရှိကလေးများသည် တာလီဘန်တို့အတွက် သူလျှို အဖြစ်ပြုလုပ်ပေးနေကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင်ကလေးများသည် နေတိုးတပ်ဖွဲ့များကို တိုက်ခိုက်ရန် တာလီဘန် တို့ထံ သင်တန်းတက် လျှက်ရှိကြသည်။ ကလေး များ က စစ်မြေပြင်တွင် တာလီဘန်တို့အတွက် ကျည်ဆံများသယ်ပိုးပေးသည်။ တာလီဘန်တို့သည် ကလေးများကိုမိုင်းဗုံးထောင်နည်း များလည်း သင်တန်း ပေး ခဲ့သည်။ (more…)

  • ငြိမ်းအေးမှု နှင့် သဘောထားကြီးမှုကို ဟဂ်ျက ဖြစ်ထွန်းစေဟု လေ့လာတွေ့ရှိ

    မက္ကာမြိုတော်သို့ သွားရောက် ဟဂ်ျပြုလုပ်ခြင်းသည် တစ်ကိုယ်တည်းအထီးကျန်နေထိုင်ခြင်း ထက် ငြိမ်းအေးချမ်းမြေ့မှု နှင့် သည်းခံသဘောထားကြီးမှု ကို ပိုမိုထွန်းကားစေကြောင်း ဟားဗတ် ကင်နဒီ (HKS ) ၏ ပညာရှင်များသုတေသနပြုတွေရှိချက်အရ သိရသည်။ ၂၀၀၆ခုနှစ်တွင် ပါကစ္စတန် မှ စွန်နီမွတ်စလင် ဟဂ်ျခရီးသည် ၂၆၀၀ဦး၏အချက်အလက်များကို လေ့လာသုံး သပ်ခဲ့ရာမှ ဟဂ်ျတာဝန် ထမ်းဆောင်ခြင်းဖြင့် မွတ်စလင်တို့၏ ကျင့်စဉ်ဆောက်တည်မှု များဖြစ်သော နေ့စဉ် ဆွလာသ်ငါးကြိမ်ဝတ်ပြုမှု၊ ဆွယာမ်ဥပုပ်ဆောင်ထိန်းမှု ၊များကို တိုးတက်စေခဲ့ သကဲ့သို့ ဒေါင်ရီ ( သတို့သမီးဘက်ကပေးဆောင်ရသော ခန်းဝင်ကြေး )စသော ရိုးရာအစဉ်အလာများကျင့်သုံးမှု  လျော့ကျခဲ့ ကြောင်း တွေ့ရှိခဲ့သည်။ (more…)

  • လူပြော များလာနေသော ပန်းကန်ပြားပျံဖြစ်ရပ် များ သုံးသပ်ကြည့်ခြင်း

    သဘာဝတရာကို စူးစမ်းတက်သော ၊ မှန်းဆ ချက် များကို ဂဂနနသိလိုစိတ်ပြင်း ပြတက်သော  စိတ်ဓါတ်တို့ဖြင့် ဆယ်စုနှစ်များစွာကတည်းက လျှိုဝှက် ပုစ္ဆာ သဖွယ် ဖြစ်ခဲ့ သော ပန်းကန်းပြားပျံ  ဖြစ်ရပ်ဆန်းတို့ကို ယနေတိုင်စူးစမ်းသုသေတနပြု လေ့လာလျက်ရှိနေသည်။ ယခုနှစ်အတွင်း ပန်းကန်ပြား ပျံ  (UFO)  တို့ကို ကမ္ဘာအနှံ တွင် ပိုမိုတွေရှိလာခဲ့သည်မီဒီယာများတွင် ဖေါ်ပြခဲ့ကြသည်။

    တရုတ်နိုင်ငံ၌ ၄လအတော အတွင်း ပန်ကန်ပြားပျံများ ၈ ကြိမ်ခန့် တွေမြင်လိုက်သဖြင့် လူပြောသူပြောများကာ အထူး အာရုံ စိုက်စရာဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား  Boutouလေဆိပ်အနီးကောင်ကင်ယံ တွင် လည်း ပန်းကန်ပြားပျံ (UFO) တစ်စီးကို  နောက်ဆုံးအကြိမ်အဖြစ်မြင်တွေ့လိုက်ရပြီးနောက် လေဆိပ်အား တစ်နာရီခန့်ကြာအောင်ပိတ်ပင်ထားလိုက်သည်။  မျက်မြင်သက်သေများပြောဆိုချက်အရ လေဆိပ်အနီးရှိ ကောင်းကင်တွင်တောက်ပနေသော အလင်း တန်း တစ်ခုရွေလျားနေပုံ မြင်တွေ လိုက် ရကြောင်း၊ ၄င်းယာဉ်ပျံကိုရိုက်ကူထားသော ဗီဒီယိုကို youtube ၀က်ဆိုက်တွင် တင်ထားကြောင်းသိရသည်။

    ပြီးခဲ့သော ဇူလိုင်တွင် Hangzhouမြို့၏ Xiaosham လေဆိပ် ၊စက်တင်ဘာလတွင်  ပီကင်းလေ ဆိပ်နှင့် အခြားသော တရုတ်နိုင်ငံဒေသများ တွင်လည်း အလားတူ ပန်းကန်ပြာပျံများ အား တွေ့မြင်ခဲ့ကြသည်။  ပဟေဠိဆန်နေသော ပန်းကန်ပြားပျံများသည် ကောင်းကင်ယံတွင် လှစ်ကနဲမြင် ရပြီးနောက် ပျောက်ကွယ်သွား လေ့ရှိ တက် သဖြင့် သုတေသီများ က ၄င်း တို့ကို မြင်တွေရသော လူများ၊ ဓါတ်ပုံများ ၊ဗွီဒီယို ရေဒါ မြင်ကွင်းများကိုသာ အားထား ရသဖြင့် တိတိပပ မဖြေရှင်း နိုင်ကြ သေးချေ။

    ပန်ကန်းပြားပျံလေ့လာရေးတွင် ၃၉နှစ်ကြာ ပန်ကန်းပြာပျံလေ့လာရေးအတွေ့အကြုံရှိ တရုတ်အမျိုးသာ သိပ္ပံ အကယ်ဒမီ  သုသေတနပညာရှင် Wang Sicho က ၄င်းယာဉ်ပျံများကို  ၁ ။၂၊ ၇  ဂဏန်းဖြင့်ဆုံးသော ၁၉၇၁၊ ၁၉၈၁ ၊ ၁၉၈၂ ၊၁၉၉၁၊ ၁၉၉၂ ၊ ၂၀၀၂ ၊ ၁၉၇၇ ၊ ၁၉၈၇၊  ၂၀၀၇ ၊ စသည့်  နှစ်များတွင် အများဆုံးတွေ့ရှိရသဖြင် ၂၀၁၁ နှင့် ၂၀၁၂  တို့တွင် လည်း ပိုမိုတွေ့ရှိနိုင်ကြောင်း ပြောပြခဲ့သည်။ လှစ်ကနဲ  တွေ့မြင်နေရေသည့် ပန်ကန်ပြားပျံ တို့၏နည်းပညာများသည် လူတို့
    တွေးမ ထင် ထားသည် ထက် ပိုမို မြင့်မားနေသည်။“   ဒီ ယာဉ်တွေက အမြင့်  ကီလိုမီတာ ၁၃၀ကနေ ၁၅၀၀အကြားမှာ ၁စက္ကန့်ကို ၀.၂၉မီတာလောက်နဲ့ ၂၅မိနစ်
    ကြာအောင် ပျံဝဲနိုင်ကြပါတယ် သေချာတာကတော့   ဒီပန်းကန်ပြားပျံတွေမှာကမ္ဘာ မြေဆွဲအားကို လွန်ဆန်နိုင်တဲ့ နည်းပညာကြောင့် ဒီလို နှုန်းအနိမ့်လေးနဲ့
    လေထဲမှာ ရစ်နိုင်တာပါပဲ ” ဟု သူ၏ ဆန်းစစ်သုသေတနပြုချက်များကို ကိုးကား  ပြောပြပါသည်။
    အဆိုပါ ယာဉ်များနှင့်ပတ်သက်ပြီး လူတို့ ၏ စိတ်ဝင်စားမှုသည်  ယနေ့ ကာလ များတွင်သာမက  ရှေးတရုတ် မင်းဆက်များကလည်း အာရုံစိုက်ခဲ့ကြကြောင်း ရာဇ၀င်သမိုင်တွင် တွင်ပါရှိခဲ့သည်။   SONG မင်းဆက်တွင် ထင်ရှားခဲ့သော သိပ္ပံပညာရှင် Shen Kuo (၁၀၃၁-၁၀၉၃)သည် သူ၏  Dream pool essays စာအုပ်တွင် ပန်ကန်းပြားပျံကို  မြင်တွေ့ခဲ့ကြောင်းမှတ်တမ်းရေသားဖေါ်ပြထားခဲ့သည်။  Qing မင်းဆက် (၁၆၄၄-၁၉၁၂ ) ရှိ ပန်းချီဆရာ Wu Youru ကလည်း နန်ကျင်းမြို့ပေါ်တွင် ၀ဲနေသော မီးဘောလုံး အား လူအများ  ၀ိုင်းအုံကြည့်နေပုံကို  ပုံဖေါ်ရေးဆွဲခဲ့သည်။
    ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန၏ ပန်ကန်းပြားပျံလေ့လာ စီမံကိန်း  အကြီးအကဲဟောင်း nick pope  က အခြားကမ္ဘာတွင် သက်ရှိများ တည်ရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း နှစ်ပေါင်း ၂၀ကျော် ပန်ကန်းပြားပျံလေ့လာခဲံရာ တွင် နှစ်စဉ် ပန်ကန်းပြားပျံ တွေရှိချက်ပေါင်း ၂၀၀ မှ ၃၀၀  ကျော်ရှိကြောင်း  ပြောဆိုပါသည်။ ကျွန်တော်က တခြားကမ္ဘာမှာ သက်ရှိ တွေ ရှိနေတာကို လက်ခံပါတယ် တချို့ သက်ရှိတွေဆိုရင် အသိညဏ်မြင့်မားကြပါတယ် သူ၏  အမြင်ကို ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များ သည် သဲကြီး မဲကြီး ဖြင့် ပန်ကန်ပြားပျံများလေ့လာ နေရနေခြင်း နှင့်ပတ်သက်ပြီး တရုတ် သုသေတနပညာရှင် Wang Sicho က  “ကမ္ဘာ ကြီးရဲ့ အနာဂတ်ကြမ္မာ ၊ နိုင်ငံတွေရဲ့ကာကွယ်ရေး ဆိုင်ရာ  ဂဏ္ဍတွေအတွက် ပန်းကန်ပြားပျံဖြစ်ရပ်တွေ ကိုလေ့လာဖို့ က အရေးကြီးလာ နေပါတယ်”  ဟု ပြောဆိုခဲ့သည်။ တစ်ချို့လေ့လာသူများက လည်း ၄င်းယာဉ်ပျံများသည်  အမေရိကန်အပါဝင် နည်းပညာဖွံ့ဖြိုးသော နိုင်ငံများ၏ ကမ္ဘာသို့ လှည်စားနိုင် ရန် အတွက် တရားဝင် မထုတ်ပြ သော အဆင်မြင့် ယာဥိများသာဖြစ်မည်ဟု ထင်ကြေးပေးကြသည်။
    မည်သို့ပင်ဖြစ်စေ အခြားကမ္ဘာတွင် လူသားထက် အဆင့်မြင့် သက်ရှိ ရှိသည်ဟု ပြောဆိုချက် များသည် လည်း တကယ်တမ်းတွင် လှစ်ကနဲမြင် ကွယ်ပျောက် သွားတက်သော အမည်မသိယာဉ်များ ၏ ရေဒါမြင်ကွင်း၊ မှန်ပြောင်း ၊  ဓါတ်ပုံ ၊ ပြောဆိုချက်များ အပေါ်ကိုသာ အခြေခံထားသည်ဖြစ်ရာ ၄င်းတို့သည်  အများယုံကြည်လက်ခံနိုင်လောက်သော အားကောင်းသော သက်သေများ မဟုတ်ကြသေးချေ၊ အဆင့်မြင့် သက်ရှိ ၊ ပန်ကန်းပြားပျံ များတကယ်တည်ရှိ နေ ကြောင်းကို ဖေါ်ပြသည့် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေ ဟူ၍ မူးလွှိုရှုစရာပင် မရှိသေးကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
    ကိုးကား…    linyone, .theepochtimes , bjreview , newsoxy