News @ M-Media

Blog

  • ရိုင်ဝမ်န် အိဂ်ျသေမာ က တောင်းဆိုသံ

    အစ္စလာမ့်သတင်း စကားအား မွတ်စလင်မဟုတ်သူ ၊ မွတ်စလင်ဟုတ်သူ များသို့ ပို့ဆောင်ပေး၇န် လမ်းညွန် လာရှိ သည်နှင့် အညီ ကမ္ဘာအနှံတွင် ဒအ်ဝါဟ် ဖိတ်ခေါ် မှုများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြရာ တဗ္ဗလီးဂ် ဒအ်ဝဟ်ဖိတ်ခေါ်မှု လုပ်ငန်းသည် လည်း တစ်ခုအပါအ၀င်ပါ။  ပါကစ္စတန် နိုင်ငံ တဗ္ဗလီးဂ် အဖွဲ့ ၏ အေဂ်ျ သေမာ အား ရိုင်းဝမ်န်မြို့ တွင်နှစ်စဉ် ကျင်းပလျက်ရှိ ပါသည်။ ယခုနှစ် အိဂ်ျသေမာအား   ပါကစ္စတန်၏ လုံခြုံရေး အခြေနေများ ကြောင့်  ယခင်နှစ်များထက် တစ်လနောက်ဆုတ် ကျင်းပခဲ့ရ ကြောင်းပါကစ္စတန် သတင်း အေဂျင်စီများက ဖေါ်ပြကြ ပါသည်။ ယခုနှစ် ရိုင်ဝန်မ် အိဂ်ျသေမာ အား  ဒီဇင်ဘာ ၂ရက်နေမှ ၅ရက်အထိကို ပထမပိုင်းအဖြစ် ၄င်း၊ ဒီဇင်ဘာ ၉ရက်နေ့မှ ၁၂အထိကို ဒုတိယပိုင်း အဖြစ် ၄င်း စီစဉ်ကျင်းပခဲ့ပါသည်။
    အိဂ်ျသေမာ တက်ရောက်လာသူများ အဆင်ပြေချောမွှေစေ၇န် အတွက် လေယာဉ် ခရီးစဉ်များ ၊မီးရထားများ၊နှင့် ခရီးသည်ယာဉ်လိုင်းများကလည်း အထူ; အစီစဉ် အနေဖြင့် ပြေးဆွဲပေးခဲ့ကြောင်း အိဂ်ျသေမာ လုံခြုံရေး အတွက် ပါကစ္စတန် ရဲတပ်သားများ၊  ထောက်လှမ်းရေး တပ်ဖွဲ့များ အပြင် ပြည်သူများ ကလည်း အားတက်သ ရော တာဝန်ထမ်းဆောင် ပေးကြကြောင်း သိရသည်။  ကမ္ဘာ့ မွတ်စလင်များ ၀ါးစည်းပြေ သကဲ့သို့စည်းလုံးမှုပြိုကွဲနေခြင်းး ၊  မွတ်စလင်ထု ရင်ဆိုင်နေရ သော စိန်ခေါ် မှု များ အပေါ် ရိုင်းဝမ်န် အိဂ်ျသေမာက အထူးတလည် အလေးထားခဲ့ကြောင်း ပါကစ္စတန် သတင်းများတွင် ဖေါ်ပြခဲ့ပါသည်။                                        လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းများသည် ကုရ်အာန်နှင့် စွန္နဟ်ကို ရှောင်ရှားခဲ့လို့ပဲဖြစ်ကြောင်း ၄င်း ပညာရှင်များ ၏ ဟောကြားချက် များတွင် ဖေါ်ပြခဲ့ သည်။  ပြစ်မှုတွေ ကို ကျွန်တော်တို့ ကျုးလွန်ခဲ့ကြတယ်   ဒါ့အပြင် အစ္စလာမ်တန်ဖိုးတွေဖြစ်တဲ့ တရားမျှတမှု၊ သဘောထားကြီးမှု၊  သိက္ခာရှိမှု၊ ယုံကြည်ချက် ၊လူအခွင့်အရေး၊  သဟဇ တဖြစ်မှု ၊ တွေကနေ ကျွန်တော်တို့ဟာ သိလျက်နဲ့ဖြစ်စေ၊ သတိလွတ် လျက်ဖြစ်စေလွဲဖယ်ခဲ့ကြတယ်  ဒါကြောင့် ကျွန်တော်တို့ မွတ်စလင် တွေဟာ အလ္လဟ်အရှင်တော်ရဲ့ အမျက်တော် သင့်နေရ ပါတယ်  ဟု အဆိုပါ အိဂ်ျသေမာတွင် ဟောကြားခဲ့ကြသည်။ လက်ရှိအကျပ်အတည်းတွေကနေ ကျော် လွန်နိုင် ဖို့က အလ္လဟ်အရှင့် ရဲ့ ခွင့်လွတ်မှုကို တောင်းခံရမှာဖြစ်တယ် အလ္လဟ် ရှင့် အမိန်တော်တွေ နာခံပြီးကိုယ်တော်မြတ် (ဆွ) ရဲ့သင်ကြားချက်တွေကို ကျင့်သုံးသွား ရမှာ ဖြစ် တယ် ဟု ထည့် သွင်း ဟောကြားခဲ့ပါသည်။ ထင်ပေါ်ကြားသော ဘာသာရေး ပညာရှင်များ ကလည်း ရှိုင်တွာန်ကို တော်လှန် နိုင်ရန် တစ်ခု တည်းသော နည်းလမ်း က ကမ္ဘာ့  မွတ်စလင် များ ညီညွတ်ကြ၇န် သာဖြစ်ကြောင်း အလေးပေး ဟော ကြား ခဲ့သည်။‘ မွတ်စလင်တွေအနေနဲ့ သဘာဝသာသနာ အစ္စလာမ်ကနေ မသွေ ဖယ်သင့်ပါဘူး၊ လူ့ဘ၀တလျှောက်လုံး သဘော ထား ကြီး တက်ရေး ၊မှန်ကန်ကျင့်မူရေးကို သွန်သင်ထားတဲ့ သာသနာဟာ အစ္စလာမ်ပဲဖြစ်ပါတယ် .အစ္စလာမ် က ငြိမ်းချမ်း တဲ့သာသနာသာဖြစ်ပါတယ် ရန်လိုမာန်ကျုးလိုမှုတွေ လူမဆန်ရက်စက်လိုမှုနေ တွေ အစ္စလာမ်က နေရာမပေးထား ပါဘုး  ဟု ပညာရှင်များ၏ မိန်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံမှ တက်ရောက်လာခဲ့သော ဘာသာရေးပညာရှင်များကလည်း ညီအစ်တော်စိတ်ဓါတ်၊ ညီညွတ်မျှတရေး နှင့် မှန်ကန်စွာ ကျင့်ဆောက်တည်ရေး စသော အစ္စလာမ်ရွှေစည်းမျဉ်းများ အတိုင်း လိုက်နာကြရန်တိုက်တွန်း ပြောကြားခဲ့သည်။ မွတ်စလင် တစ်ဦးချင်းစီက ဘယ်တော့ မပျက်စီး နိုင်တဲ့  ကွင်းဆက် တစ်ခုချင်းဆီ လိုဖြစ် နေရပါမယ် ဟု ယင်းအေဂ်ျသေမာက မြန်မာမွတ်စလင်များအပါအ၀င် မွတ်စလင်အားလုံးအား အလေးထား ဟော ကြား သွားခဲ့ကြပါသည်။ Nation

  • ပါကစ္စတန်တွင် ရိုင်ဝန်မ် သဗ္ဗလီးဂ် အေဂ်ျသေမာ စတင် ကျင်းပ

    ပါကစ္စတန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုင်ဝမ်န် သဗလီးဂ် အဂ်ျ သေ မာ၏ပထမပိုင်း အား ကြာသာပတေးနေ့တွင် စတင် ခဲ့ ကြောင်း Dawn သတင်းတစ်ရပ် တွင်ဖေါ်ပြ ထားပါသည်။ အဆိုပါ အိဂ်ျသေမာ အား လုံခြုံရေးနှင့် စီမံခန့်ခွဲရေးပိုင်း များတွင် ပိုမိုကြီးကြပ် နိုင်ရန် ယ ခင်နှစ်များ အတိုင်း နှစ်ပိုင်းခွဲ စီစဉ်ထား ဖြစ်ရာ ပထမပိုင်း အား ၂ရက် နေမှ ၅ ရက် နေ့ထိ ၊ဒုတိယပိုင်း အား ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၁၂ရက် နေ့ အထိ ကျင်းပမည် ဟုသိရသည်။ (more…)

  • လက်တကမ်းက စာဖတ်ခန်းအစီစဉ် အိန္ဒိယရှိ ဗလီတိုင်းတွင် အကောင်ထည်ဖေါ် မည်

    ဇကားသ် ဖောင်ဒေးရှင်း(အိန္ဒိယ) ၏ အဆိုပြု ချက်ဖြစ်သော မွတ်စလင်များ၏ မတ်ဂျိဒ်တိုင်းတွင် စာကြည့် စာဖတ် ခန်း ထည့်သွင်းရေး အား အိန္ဒိယမွတ်စလင် အသိုက် အ၀ိုင်းက လက်ခံမည် ဆိုပါ မကြာခင် နိုင်ငံတစ် ၀ှမ်းရှိ မတ်စဂျိဒ်များ တွင် စာဖတ်ခန်းအများအပြားပေါ်ထွန်လာတော့မည် ယင်းဖောင်ဒေးရှင်း အကြီးအကဲ ဆယဒ် ဇဖာရ် မိုဟမ္မဒ်က ပြောကြား လိုက်သည်။’ ဖောင်ဒေးရှင် ကနေ ကွန်ပြူတာတွဲလျက် ပါရှိသော စာဖတ်ခန်း တစ်ခုနဲ့ စာအုပ်တွေကို မတ်စ်ဂျိဒ်တိုင်း ကိုထောက်ပံ့ပေးဖို့ အ သင့်ဖြစ် နေပါပြီး ၊ စာဖတ်ခန်း ထူထောင် ဖို့ ကို လည်းငွေကြေး ပါထောက်ပံ့ပေး သွားမှာပါ ဟု ၄င်းကဆိုပါသည်။ (more…)

  • မြန်မာ အပါအ၀င် အာရှနိုင်ငံများနှင့် အစ္စလာမ့်ပညာရေး ပူးပေါင်း ဆောင်ရွက်မည်ဟု အင်ဒိုနီးရှား ဆို

    မြန်မာနိုင်ငံအပါဝင် အခြား အာရှနိုင်ငံများနှင့် အစ္စလာမ့် ပညာရေးတွင် တိုးမြင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သာသနာရေးရာ ၀န်ကြီး Suryadharma Ali က ပြောကြားလိုက်ပါသည် “  အင်ဒိုနီးရှားက ပျော့ပျောင်းပြီး အလယ်လတ်ကျတဲ့အစ္စလာမ်ကို ကျင့်သုံးနေတဲ့အတွက် အရှေ့အလယ်ပိုင်းမဟုတ်တဲ့နိုင်ငံတွေက ဒီမှာ အစ္စလာမ်ကို   လေ့လာဆည်းပူလိုကြပါတယ် ‘ ဟု ၄င်းက ဆိုပါသည်။  အင်ဒီုနီးရှားသည် ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊မြန်မာ စသောနိုင်ငံ အစ္စလာမ့်နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း ၊ အင်ဒိုနီးရှား သာသနာရေးရာ ၀န်ကြီး ဌာနသည် နိုင်ငံများစွာရှိ မွတ်စလင်အသိုင်းများနှင့် လက်တွဲပြီး ဟဂ်ျရေးရာ၊ အစ္စလာမ့်ပညာရေး နှင့်အကြမ်းဖတ်တိုက်ဖျက်ရေးတွင် ပူးပေါင်းလျက်ရှိပါကြောင်းသတင်းထောက်များအား ပြော ပါသည်။ ‘လက်ရှိကာလမှာတော့ ရုရှားနဲ့ဟဂ်ျရေးရာတွေမှာပူးပေါင်းနေတာရှိပါတယ် ၊ ရုရှားကျောင်းသား ၁၀ဦးကိုလည်း အင်ဒိုနီးရှားမှာ အစ္စလာမ်ရေးရာသင်ကြားရေးအတွက် ပညာသင်ဆုပေးအပ်ထားပါတယ’် ဟု ၄င်းပြောကြားခဲ့သည်။ antaranews

  • စပိန် မွတ်စလင်များ ၏ မဒိနာသွလ်ဇဟ်ရာ နန်းမြို့ဟောင်း ပြန်လည် တူးဖေါ်တွေ့ရှိ

    ၁၀ရာစုတွင် မွတ်စလင်များ ဥရောပသို့ ဥာဏ်မီးကူးပေးခဲ့သော အချိန်ကာလ က အခရာ ကျခဲ့သော စပိန်တောင်ပိုင်း ကော်ဒိုဗာအနီးရှိ မွတ်စလင် ကာလိဖ် Caliph Abd  Al Rahman III  ၏ မဒီနာသွလ်ဇဟ်ရာ နန်းမြို့ဟောင်းကြီး၏  တစ်စိတ်တစ်ဒေသကို ပြန်လည်တူး ဖေါ်နိုင်ခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။ ၁၁၅ ဟတ်တာ အကျယ်ဝန်း ရှိသော  အဆိုပါမြို့ဟောင်းကြီး ၏ ၁၁%ခန့်ကို တူးဖေါ်နိုင်ခဲ့ပြီးကျန် အစိတ်အပိုင်းများကို  ပြန်လည်တူးဖေါ်နိုင်ရေးမှာ နှစ်တစ်ရာနီး ပါးကြာ မြင့်  ဦးမည်ဖြစ်ကြောင်း သိရသည်။ (more…)