News @ M-Media

Blog

  • အကြမ်းဖက် ခိုးဆိုးလုယက်မှုများကို ကိုယ်တိုင်မှတ်တမ်းတင် ဖြန့်၀ေနေကြသည့် အစ္စရေးစစ်သားများ

    အကြမ်းဖက် ခိုးဆိုးလုယက်မှုများကို ကိုယ်တိုင်မှတ်တမ်းတင် ဖြန့်၀ေနေကြသည့် အစ္စရေးစစ်သားများ

    ဖေဖေော်၀ါရီ ၂၆၊ ၂၀၂၄

    M-Media 


    ပါလက်စတိုင်းတွင် ရာဇ၀တ်မှုများ ကျူးလွန်နေကြသည့် အစ္စရေးစစ်သားများ

    -ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အစ္စရေးစစ်သားတွေဟာ သူတို့ရဲ့ ခိုးဆိုးလုယက်မှုတွေကို ကိုယ်တိုင်မှတ်တမ်းတင်ကာ ဆိုရှယ်မီဒီယာမှာ ဖြန့်၀ေမှုတွေ ပြုလုပ်လာပါတယ်။ 

    အစ္စရေးစစ်သားတွေဟာ ပါလက်စတိုင်းတွေကို ညှင်းပမ်းတာ၊ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေကို ဖျက်ဆီးတာ၊ တန်ဖိုးကြီးပစ္စည်းတွေ လုယက်ယူငင်တာတွေကို ဂုဏ်ယူစွာ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးကြတာ ဖြစ်ပါတယ်။ 

    နောက်ပိုင်းမှာ အဲဒီဗီဒီယိုတွေကို ဆိုရှယ်မီဒီယာမှာ ကိုယ်တိုင် လွှင့်တင်ခဲ့ကြပါတယ်။  

    ဂါဇာက အိမ်တစ်အိမ်ကနေ အမျိုးသမီးစီး ဖိနပ်တွေကို လုယက်ပြီး စေ့စပ်ထားသူကို လက်ဆောင်ပေးတဲ့ အစ္စရေးစစ်သားတစ်ယောက်ရဲ့ ဗီဒီယိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ၀ေဖန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။

    ပါလက်စတိုင်းဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်စက်စ်ကာ အလ်ဘန်နီစ်က ဒီလုပ်ရပ်တွေကို ရှုတ်ချခဲ့ပါတယ်။ 

    “အစ္စရေးစစ်သားတွေဟာ သူတို့ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ၀မ်းပမ်းတသာ မှတ်တမ်းတင်နေကြတာဟာ ဂါဇာမှာ ဘယ်လောက် အခြေအနေဆိုးလဲဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်”

    ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲ ပထမ ၃ လအတွင်း ရွှေ၊ ငွေနဲ့ တန်ဖိုးကြီးပစ္စည်း အနည်းဆုံး ကန်ဒေါ်လာ ၂၅ သန်းဖိုးကို အစ္စရေးစစ်သားတွေက လုယက်ခဲ့တယ်လို့ ဂါဇာအစိုးရ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

    Ref: Aljazeera 

  • မလေးရှားတွင် ပြည်တွင်းလုပ်သားများ မလုံလောက်သေး

    မလေးရှားတွင် ပြည်တွင်းလုပ်သားများ မလုံလောက်သေး

    ဖေဖော်၀ါရီ ၂၆၊ ၂၀၂၄

    M-Media


    မလေးရှားရှိ လုပ်ငန်းခွင့်တစ်ခု

    -နိုင်ငံခြား အလုပ်သမားထက် ပြည်တွင်း လုပ်သားများကိုသာ ဦးစားပေး ခန့်ထားလိုပေမယ့် လုပ်သားရင်းမြစ် လုံလုံလောက်လောက် မရှိဘူးလို့ မလေးရှား ကုန်ထုတ်လုပ်ငန်းရှင်များအသင်း FMM က ပြောပါတယ်။ 

    “အလုပ်အကိုင်အခွင့်အလမ်းရှိရင် နိုင်ငံသားတွေကိုသာ အဓိကဦစားပေး ခေါ်ပါတယ်။ ရှေ့ဆက်လည်း ဒီအတိုင်းသွားမှာပါ။ အလုပ်ခန့်ထားတဲ့ မူ၀ါဒတွေ အမြဲပြောင်းလဲနေတာ၊ အလုပ်ခန့်ထားမှုနဲ့ပတ်သက်တဲ့ နိုင်ငံတကာ စံချိန်စံညွန်းတွေ မြင့်လာတာကြောင့် နိုင်ငံခြားအလုပ်သမားတွေ ခေါ်ရတာ မလွယ်သလို၊ ကုန်ကျစားရိတ်လည်း များပါတယ်” လို့ FMM အကြီးအကဲ တန်ဆရီ ဆိုသီယန်လိုင်က ပြောပါတယ်။ 

    မလေးရှားပြည်တွင်းမှာ လုပ်သားရင်းမြစ် ရှားပါးမှုကိုလည်းသူက ထောက်ပြခဲ့ပါတယ်။ 

    “လုံလောက်တဲ့ ပြည်တွင်းလုပ်သားအင်အားကို ကုမ္ပဏီတွေက မရကြဘူး။ အထူးသဖြင့် အထွေထွေလုပ်သားကဏ္ဍမှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေက ဒီလိုအလုပ်မျိုးတွေကို မလုပ်ချင်ကြဘူး” 

    ကျွမ်းကျင်မှုမရှိတဲ့ အလုပ်သမားတွေအပေါ် မှီခိုနေရမှုကို လျှော့ချဖို့အတွက် ကုန်ထုတ်လုပ်ငန်းရှင်တွေဟာ ဉာဏ်ရည်တုနဲ့ အဆင့်မြင့်နည်းပညာတွေ ပိုမိုအသုံးပြုဖို့ စဥ်စားနေတယ်လို့လည်း လိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မလေးရှားမှာ ငွေကြေးဖောင်းပွမှု မြင့်တက်တာ၊ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်ရှားပါးလာတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လုပ်ငန်းရှင်တွေအပေါ် နိုင်ငံသားတွေက ၀ေဖန်မှု မြင့်တက်နေတာ ဖြစ်ပါတယ်။ 

    အိန္ဒိယကုန်သည်ကြီးများအသင်း တာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ နီဗက်စ် ရာဂါဗန်က ကြမ်းတမ်းအန္တရာယ်ရှိပြီး နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်မျိုးအတွက် နိုင်ငံခြားသားအလုပ်သမားတွေကို အားထားနေတယ်လို့ ပြောပါတယ်။ 

    စိုက်ပျိုးရေး၊ ၀န်ဆောင်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကဏ္ဍမျိုးမှာ ဉာဏ်ရည်တုနည်းပညာ အပြည့်အ၀ အစားမထိုးနိုင်တာကိုလည်း သူက ထောက်ပြပါတယ်။ 

    “ဒီလုပ်ငန်းတွေမှာ နိုင်ငံခြားအလုပ်သမားတွေနဲ့ ကြားကန်ရမှာပါ” 

    ဒီကဏ္ဍတွေအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွေ ပေးနေပေမယ့်လည်း နိုင်ငံသားတွေက စိတ်၀င်စားမှုနည်းပါးတယ်လို့ ရာဂါဗန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star

  • အစ္စရေးစစ်သား ၂၄၀ ကို ဟားမက်စ်က သုတ်သင်ထား

    အစ္စရေးစစ်သား ၂၄၀ ကို ဟားမက်စ်က သုတ်သင်ထား

    ဖေဖော်၀ါရီ ၂၅၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဟားမက်စ်က သုတ်သင်ခဲ့သည့် အစ္စရေးစစ်သားတစ်ဦး၏ စျာပန)

    -ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ဟာ ကျူးကျော်လာတဲ့ အစ္စရေးစစ်သား ၂၄၀ လောက်ကို သုတ်သင်ထားနိုင်တယ်လို့ သိရပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်ကာ အစ္စရေးဟာ ဂါဇာမှာ တစ်ကျော့ပြန်လူသတ်ပွဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးမြေပြင်တပ်တွေကတော့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ၀င်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့ကြပါတယ်။ 

    အစ္စရေးလေတပ်နဲ့ မြေပြင်တပ်တွေဟာ အရပ်ဖက်ပစ်မှတ်တွေကို အဓိကထား အကြမ်းဖက်ခဲ့ပြီး ၅ လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၃ သောင်းနီးပါး အသတ်ခံထားရပါတယ်။ 

    ဂါဇာကမ်းမြှောင်တစ်ခုလုံးက အရက်ဖက်အဆောက်အဦး ၈၅ ရာခိုင်နှုန်းဟာ အစ္စရေးလက်ချက်ကြောင့် ပျက်ဆီးခဲ့ရပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • လေကြောင်းခရီးသွားနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်းဖြစ်ရန် ရည်မှန်းနေသည့် ထိုင်းနိုင်ငံ၏ ၂၀၃၀ စီမံကိန်း

    လေကြောင်းခရီးသွားနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်းဖြစ်ရန် ရည်မှန်းနေသည့် ထိုင်းနိုင်ငံ၏ ၂၀၃၀ စီမံကိန်း

    ဖေဖော်၀ါရီ ၂၅၊ ၂၀၂၃ 

    M-Media 


    – ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ပိုမိုမောင်းနှင်ပေးနိုင်မယ့် ဘက်စုံဖွဲ့ဖြိုးရေး စီမိန်းတစ်ခုကို ၀န်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြီးခဲ့တဲ့တစ်ပတ် လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ 

    Thailand Vision 2030 လို့ အမည်ပေးထားပြီး စီးပွားရေးကဏ္ဍ ၈ ခု တိုးတက်အောင် အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပြီး။ အဲဒီစီမံကိန်းမှာ လေကြောင်းခရီးသွားနယ်ပယ်က ပထမဦးစားပေးဖြစ်ပါတယ်။ 

    သု၀ဏ္ဏဘူမိလေဆိပ်အပါအ၀င် နိုင်ငံအတွင်းက နိုင်ငံတကာ လေဆိပ် ၆ ကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ဥရောပနဲ့ အာရှ၊ အာရှနဲ့ မြောက်အမေရိက ချိတ်ဆက်မှုမှာ ထိုင်းနိုင်ငံဟာ အဓိက အချက်အခြာ နေရာတစ်ခု ဖြစ်လာရေး ဆောင်ရွက်မှာဖြစ်ပါတယ်။ 

    သု၀ဏ္ဏဘူမိ လေဆိပ်က ပြေးလမ်းအသစ် နံပါတ် ၃ ကို ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ချင်းမိုင်လေဆိပ်ဟာလည်း ၂၄ နာရီ ၀န်ဆောင်မှုပေးနိုင်တဲ့ လေဆိပ်တစ်ခု ဖြစ်လာပါတယ်။ 

    လာမယ့်နှစ်အနည်းငယ်အတွင်း ဘတ် ဘီလီယံ ၁၀၀ လောက် ရင်းနှီးကာ ခရီးသွား လေကြောင်းကဏ္ဍကို ထိုင်းနိုင်ငံက မြှင့်တင်မှာဖြစ်ပါတယ်။ 

    မြောက်အမေရိက၊ ဥရောပနဲ့ အာရှကို ချိတ်ဆက်မှုမှာ စင်ကာပူက ချန်ဂီလေဆိပ်ထက်စာရင် ဘန်ကောက်မှာရှိတဲ့ သု၀ဏ္ဏဘူမိလေဆိပ်ဟာ ခရီလမ်းကြောင်းပိုတိုပါတယ်။ 

    ဒီလို အားသာချက်တွေက ဆရက်သာရဲ့ စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ဖို့ တွန်းအား ဖြစ်လာလိမ့်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    တစ်ချိန်က နာမည်ရှိခဲ့တဲ့ THAI Airways လေကြောင်းလိုင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ 

    ထိုင်းလေကြောင်းလုပ်ငန်းမှာ အဓိကပြဿနာ နောက်တစ်ခုက လက်မှတ်စျေးတွေ မတည်ငြိမ်တာပါ။ ၀ယ်လိုအားကိုလိုက်ပြီး လက်မှတ်စျေးတက်တာ ဖြစ်ပေမယ့် ထိုင်းအစိုးရက လက်မှတ်စျေးနှုန်းနဲ့ပတ်သက်ပြီး တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထားတာမျိုး မရှိပါဘူး။ 

    အာရှရဲ့ အချက်အချာလေဆိပ်အဖြစ် ဟောင်ကောင်ကိုကျော်ဖို့ ချန်ဂီလေဆိပ်ဟာ ဆယ်စုနှစ်ချီ ကြာခဲ့ပါတယ်။ လာမယ့် ၆ နှစ်အတွင်း ထိုင်းနိုင်ငံဟာ ဒီလိုအနေအထားမျိုး ရောက်ဖို့ မဖြစ်နိုင်ပေမယ့် စီမံကိန်းကြောင့် တိုးတက်မှု အများအပြား မြင်လာရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: Bangkok Post 

  • ၁၂ နှစ်အတွင်း ပထမဆုံး အပူလှိုင်းဖြတ်မယ့် မလေးရှား

    ၁၂ နှစ်အတွင်း ပထမဆုံး အပူလှိုင်းဖြတ်မယ့် မလေးရှား

    ဖေဖော်၀ါရီ ၂၅၊ ၂၀၂၄

    M-Media 


    -နိုင်ငံမြောက်ပိုင်း ပြည်နယ်တစ်ချို့မှာ ဖေဖော်၀ါရီ ၂၅ ရက်နေ့ကစပြီး အပူလှိုင်းဖြတ်မယ်လို့ မလေးရှား မိုးလေ၀သဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 

    ကဒါ့ပြည်နယ်က ပဲရ်လစ်၊ လန်ကာ၀ီ၊ ကူဘန်ပါဆူ၊ ကိုတာ ဆတာရ်၊ ပိုကော့ ဆနာ၊ ပန်ဒန်၊ ဘာလင်း၊ စစ်က်နဲ့ ပါဒန် တရက်မြို့တွေ၊ ပဲရက်ပြည်နယ်က ကွာလာကန်ဆာမြို့၊ ပီနန်ပြည်နယ်က စန်ထရဲ စဘရန် ပရိုင်းမြို့တွေမှာ အဆင့် ၁ အပူလှိုင်း ဖြတ်မှာဖြစ်ပါတယ်။ 

    ၃ ရက်တာကြာမြင့်မယ့် အပူလှိုင်းအတွင်း အပူချိန်ဟာ ၃၅ ဒီဂရီကနေ ၃၇ ဒီဂရီ စင်တီဂရိတ်အထိ ရှိလိမ့်မယ်လို့ မလေးရှားမိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    မလေးရှားမှာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အဆင့် ၁ အပူလှိုင်း ဖြတ်မှာပါ။ မလေးရှားနိုင်ငံမြောက်ပိုင်းမှာ မတ်လကစတင်ကာ မိုးရာသီကုန်ဆုံးပြီး နွေရာသီ၀င်မှာဖြစ်ပါတယ်။ 

    Ref: The Star