ဒီဇင်ဘာ ၂၀၊ ၂၀၁၃
M-Media
နိုင်ငံတကာ အာရဗီဘာသာစကားနေ့အထိမ်းအမှတ် အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် နိုင်ငံတကာ အာရဗီဘာသာစကားနေ့အား ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Makhachkala မြို့တွင် အာရဗီလက်ရေးလှ ရေးသားခြင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟုသိရသည်။
သတင်းအချက်အလက်နှင့် သတင်းစာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဖွဲ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခဲ့သည့် အဆိုပါပြပွဲတွင် အာရဗီလက်ရေးအလှ ရေးသားမှုပြိုင်ပွဲမှ ရွေးချယ်ထားသည့် လက်ရာပေါင်း ၈၀ နီးပါးကို ထည့်သွင်းပြသခဲ့သည်။ ၁၀-နှစ်ကျော်ကြာ နှစ်စဉ် ကျင်းပခဲ့ သည့် အာရဗီလက်လက်ရေးအလှ ရေးသားခြင်းပြိုင်ပွဲအား နိုင်ငံတစ်ဝှမ်းရှိ လက်ရေးအလှ ပညာရှင်များ၏ လက်ရာပေါင်း ၁၃၀ ကျော်ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး၊ ထိုလက်ရာများ၏ သက်တမ်းမှာ ၆-နှစ်မှ နှစ်-၆၀ အထိ ရှိကြသည်။
“အစ္စလာမ့်ယဉ်ကျေးမှုမှာ လက်ရေးလှပညာကို အရေးပါတဲ့နေရာတစ်ခုသတ်မှတ်ထားပါတယ်။ လက်ရေးလှ ပညာရပ်ဟာ စိတ်ဝေဒနာ ကုသတဲ့ပုံစံ တစ်ခု အဖြစ် ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒါဟာ အကျိုးသက်ရောက်တဲ့ စွမ်အားလည်းရှိပါတယ်” ဟု Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ထင်ရှားသော အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟက်စ်မိုဟာမက် ဟာဂျီ အဘူဘာကရော့ဗ်က ပြောကြားခဲ့သည်။
Ref : Islam RU
Leave a Reply
You must be logged in to post a comment.