News @ M-Media

ဘရာဇီးလ်သားတစ်ဦး အပျော်သဘောဖြင့် ၉ နှစ်အတွင်း လူ ၄၀ ကျော် သတ်ပစ်ခဲ့

ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
Gracas-2
– ဘရာဇီးလ်နိုင်ငံတွင် လူသတ်မှုကြောင့် ဖမ်းဆီးခံထားရသူတစ်ဦးက ၎င်းမှာ ၂၀၀၅ ခုနှစ်မှစ၍ လူပေါင်း ၄၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး မိမိ၏ ပျော်ရွှင်မှုအတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ၀န်ခံပြောကြားလိုက်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဆေးလ်ဆန်း ဂျိုဆေး ဒက်ဇ် ဂရာဆက်စ်ဆိုသူဖြစ်ပြီး ရီယိုဒီဂျနေရိုး ဆင်ခြေဖုံးရှိ နိုဗာ အီဂွါကူဒေသတွင် အမျိုးသမီးတစ်ဦးအား ယခုလအတွင်း ဓားဖြင့် ထိုးသတ်ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

`လွန်ခဲ့တဲ့ ၉ နှစ်အတွင်း အမျိုးသမီး ၃၇ ယောက်၊ အမျိုးသား ၃ ယောက်နဲ့ ၂ နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သူ ၀န်ခံခဲ့ပါတယ်။ အဲဒီလိုသတ်တဲ့အခါ ဓားနဲ့ထိုးတာ လည်ပင်းညှစ်တာမျိုးနဲ့ သတ်ခဲ့တာပါ´ ဟု ရဲအတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရဲအရာရှိ တစ်ဦးကမူ ဂရာဆက်စ်မှာ နောင်တရသည့်ပုံမပေါ်ဘဲ ထောင်မှပြန် လွတ်လာလျှင်လည်း ထပ်မံ၍ လူသတ်လိ့မ်မည်ဟု သတိပေးပြောကြားခဲ့သည်။

ဂရာဆက်စ်ကမူ ထိုကဲ့သို့ သတ်ဖြတ်ခြင်းကို ပျော်ရွှင်မှုအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြေးစားလူသတ်သမားအဖြစ်လည်း လုပ်ဆောင်ပေးသည်ဟု ပြောကြားခဲ့သည်။

၎င်းမှာ အသက် ၁၇ နှစ်အရွယ်က လူစသတ်ခဲ့ပြီး အမျိုးသမီးများအား သတ်ဖြတ်ရသည်ကို ပိုမိုနှစ်သက်ကြောင်း၊ မိမိသတ်မည်သူကို လနှင့်ချီ၍ လေ့လာပြီးမှ သတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

`ကျွန်တော် အဲဒီလိုမလုပ်ဘူးဆိုရင် စိတ်တွေက တုန်လှုပ်လာပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော် သတ်ဖို့ လူရှာတော့တာပါပဲ´

Independent

Comments

Leave a Reply