News @ M-Media

မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၅)

စက်တင်ဘာ ၂၆ ၊ ၂၀၁၅
M-Media
အဘာဘီးလ် ပေးပို့သည်။

DSCN1504
Photo-zikrifuad

ယနေ့ ဟဂ်ျ ကျင့်စဉ် ပဉ္စမမြောက်ရက်အဖြစ် ဟာဂျီလောင်းများသည် စခန်းချရာ မီနာကွင်းပြင်မှ ရှိုက်တွာန် မာရ်နတ် အထိမ်းအမှတ် တိုင် သုံးခုကို ခဲပေါက်ရန် ဂျမရတ် အဆောက်အဦးသို့ မွန်းလွဲချိန်တွင် အသုတ်လိုက် သွားခဲ့ကြပါတယ်။

အစ္စလာမ်၊ ခရစ်ယာန်နှင့် ဂျူးဘာသာတရား သုံးခု ဦးသျှောင်ကြီး တမန်တော် အီဘရာဟင်သခင်နှင့် သားတော်ကြီး အစ္စမိုင်အီလ်သခင်တို့ ကိုးကွယ်ရာ အရှင့် အမိန့်ကို နာခံရန် လာစဉ်တွင် ရှိုက်တွာန်မာရ်နတ်က သွေးဆောင်နှောင့်ယှက်ခဲ့ရာ မောင်းထုတ် ဆန်ကျင်ခဲ့ကြတဲ့ ထိုဖြစ်စဉ်ကို အထိမ်းမှတ်ပြုသည့် ကျင့်စဉ်ကို ကိုးကွယ်ရာအရှင်မှ ဟဂ်ျကျင့်စဉ်တွင် ပါဝင်ရန် တမန်တော်မြတ် မုဟမ္မဒ်သခင်မှ တဆင့် အမိန့်ပေး ကျင့်သုံးပြစေခဲ့ပါတယ်။

ဟာဂျီလောင်းများသည် ထိုမာရ်နတ်အထိန်းမှတ်ကို ကျောက်ခဲဖြင့် ပစ်ပေါက်စဉ်တွင် မိမိတို့ မကောင်းစိတ် အကုသိုလ်စိတ်များကို စွန့်ပယ်နေသည် မိမိတို့ မာရ်နတ် သွေးဆောင်မှုကို လုံးဝလက်မခံ ဆန်ကျင်ကြောင်း နှလုံးသွင်းကျရပါတယ်။

ထို့သို့မာရ်နတ် သွေးဆောင်မှုမှ အကာအကွယ်ရရန်နှင့် မိမိကိုယ်ကို ပြုပြင်နိုင်ရန် ကိုးကွယ်ရာအရှင်မြတ်ထံ ခိုလှုံဆုမွန်တောင်းခံရပါတယ်။

ဟာဂျီလောင်း အများစုမှာ ညနေမတိုင်ခင်ကတည်းက ထိုကျင့်စဉ်ကို ဆောင်ရွက်ခဲ့ကြပြီး မက္ကာမြို့တော်သို့ပြန်ကာ ဟာဂျီများ အဖြစ်ခံယူသွားကြပြီဖြစ်ပါတယ်။

အချို့မှာလည်း နေအေးချိန်ကိုစောင့်၍ နေမဝင်မည် ကျင့်ဆောင်ကြမည်ဖြစ်ပါတယ်။

အပိုင်း
၁။ http://www.m-mediagroup.com/news/45863
၂။ http://www.m-mediagroup.com/news/45929
၃။http://www.m-mediagroup.com/news/45953
၎။ http://www.m-mediagroup.com/news/45963

12063871_634043050072168_2797501525372392654_n
ဓါတ်ပုံ – မ.မ.လ

1545870_1917639125126931_4043158591883658011_n 12019787_1917639421793568_6811974713398136680_n 12063320_1917639318460245_6356696565421594942_n

Comments

Leave a Reply