6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၈၊ ၂၀၁၆

M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
arab 2
 ခေတ်ပေါ် စစ်တုရင် ကစားနည်း

– သလင်းကျောက်နဲ့ လုပ်ထားတဲ့ အကွက်တွေပေါ်မှာ စစ်တုရင်ကစားနေတာကို ကုန်းကုန်းကွကွနဲ့ အုံကြည့်နေကြပြီး သူတို့ရဲ့နောက်က ရေနွေးရေချိုးကန်တွေကနေ အငွေ့တွေတစ်ထောင်းထောင်းထနေတဲ့ မြင်ကွင်းမျိုးကို ဘူဒါပက်စ် (Budapaest) ရဲ့ လမ်းမတွေပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ တရုတ်နိုင်ငံမှာတော့ စစ်တုရင်ခုံတွေကို ပန်းခြံတွေမှာ ထားရှိပေးထားပြီး နယူးယောက်က Central Park ပန်းခြံမှာလည်း ဒါမျိုးကို တွေ့မြင်နိုင်ပါတယ်။ စတုရန်းကွက် ၆၄ ကွက်မှာ အရုပ်ပေါင်း ၃၂ ရုပ်နဲ့ ကစားရတဲ့ စစ်တုရင်ဟာ ‘ဉာဏ တိုက်ပွဲ’ ကစားနည်းလည်း ဖြစ်ပါတယ်။ စစ်တုရင်ခုံ အရွယ်အစားနဲ့ အသုံးပြုတဲ့ အရုပ်တွေဟာ သိပ်မထူးခြားပေမယ့်လည်း ကစားနိုင်တဲ့ ပုံစံတွေကတော့ မရေတွက်နိုင်ပါဘူး။

စစ်တုရင် ဇာတ်လမ်း၊ အရေအတွက်နဲ့ အရုပ်တစ်ခုချင်းစီ စသဖြင့် ကစားနည်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဟာ ရှုပ်ထွေးတဲ့ ပုံစံမျိုးတွေရှိနေပြီး စစ်တုရင်ရဲ့ သမိုင်းအတိအကျကိုလည်း ဘယ်သူမှ မသိကြပါဘူး။ စစ်တုရင်ကစားနည်းဟာ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံစလုံးကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ၁၄ ရာစုမှာတော့ အစ်ဗနေ့ ခါလ်ဒမ် (Abn Khaldum) ဆိုတဲ့ ပုဂ္ဂိုလ်ဟာ စစ်တုရင်ကစားနည်းကို အိန္ဒိယ ဥာဏ်ကြီးရှင်ကြီးတစ်ဦးဖြစ်တဲ့ ဆာဆာ အစ်ဗနေ့ ဒါဟီရ် (Sassa ibn Dahir) နဲ့ ဆက်စပ်ပြောဆိုခဲ့ပါတယ်။

ရှေးဟောင်း အိန္ဒိယမှာ ချာသူရန်ဂါ (Chaturanga) လို့ခေါ်တဲ့ ကစားနည်းတစ်မျိုး ရှိခဲ့ပြီး ‘ခြေလက်လေးဘက်ရှိခြင်း’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဟာ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်နဲ့ ခြေလျင်တပ်လို့ သတ်မှတ်ထားတဲ့ အိန္ဒိယရဲ့ တပ်မကြီး ၄ ခုကို ရည်ညွှန်းပုံရပါတယ်။ ချာသူရန်ဂါက စစ်တုရင်ကစားနည်း မဟုတ်ပေမယ့် ဒီနေ့ခေတ် စစ်တုရင်ရဲ့ ရှေ့ပြေးကစားနည်းပါပဲ။

၁၄ ရာစုနှစ်မှာ ရေးသားခဲ့တဲ့ ပါရှန်တွေရဲ့ လက်ရေးမူမှာ အိန္ဒိယသံအမတ်ဟာ ပါရှန်နန်းတော်ထဲကို စစ်တုရင်ကစားနည်း ဘယ်လိုယူလာသလဲဆိုတာကို ရေးသားဖော်ပြထားပြီး အဲဒီကနေတစ်ဆင့် အာရပ်တွေဟာ ဥရောပကိုယူဆောင်လာခဲ့ကာ အလယ်ခေတ် စပိန်နိုင်ငံအထိ ပြန့်နှံ့ခဲ့ပါတယ်။

ahKgddRbPVLUg39y2fAKVQD6

တဲတစ်ခုတွင် မွတ်စလင်တစ်ဦးနှင့် ခရစ်ယာန်တစ်ဦးတို့ စစ်တုရင်ကစားနေပုံကို ဘုရင် အလ်ဖွန်ဆို ၁၀ (Alfonso X) ၏ ၁၃ ရာစုမှ Libros del Ajedrez စာအုပ်တွင် ရေဆွဲထားသည့်ပုံ

ဥရောပကိုမရောက်ခင် ပါရှန်တွေဟာ ချာသူရန်ဂါ ကစားနည်းကို ချာထရန် (Chatrang) အဖြစ် မွမ်းမံပြင်ဆင်ခဲ့ပြီး သူတို့ရဲ့ စစ်ကစားမှုမှာ အသုံးပြုခဲ့ပါတယ်။ စစ်တုရင်ကစားနည်းအဖြစ် ပီပီပြင်ပြင်ပေါ်လာတဲ့ ချာထရန်ကို နောက်ပိုင်းမှာ ရှာထရန့်ဂ်ျ (Shatranj) လို့ ခေါ်တွင်ခဲ့ပြီး အဲဒီ ရှာထရန့်ဂ်ျကို ပါရှန်ကနေတဆင့် အာရပ်တွေကလည်း ထိတွေ့ခဲ့ကာ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ဒီကစားနည်းမှာ သွတ်သွင်းခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ စစ်တုရင် အရုပ်တွေထဲမှာ ရှားဟ် (ဘုရင်)၊ ဖီရ်ဇန် (ဗိုလ်ချုပ်) – ခေတ်ပေါ် စစ်တုရင်ကစားနည်းမှာ ဖီရ်ဇန်ဟာ ‘ဘုရင်မ’ အဖြစ် ပြောင်းလဲသွားခဲ့ – ဖီလ် (ဆင်) – နောက်ပိုင်းတွင် ဘစ်ရှော့ဖြစ်လာ – ဖာရက်စ် (မြင်း)၊ ရုခ် (ရထား) – ယခု ရဲတိုက်အဖြစ်အသုံးပြုနေ – ဘိုင်ဒက် (ပွန်း) စသဖြင့် ပါဝင်လာခဲ့ပါတယ်။

အာရပ်တွေက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ စစ်တုရင်ကစားနည်းဟာ သာမန်လူတန်းစားတွေမှာရော ဂုဏ်သရေရှိ လူတန်းစားတွေမှာပါ တော်တော်လေး လူကြိုက်များလာခဲ့ပါတယ်။ အထူးသဖြင့် အဘ္ဘာစစ် ခလီဖာ (Abbasid) တွေက ဒီကစားနည်းကို အရမ်း နှစ်သက်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလမှာ အလ်-ဆူလီ (Al-Suli)၊ အလ်-ရာဇီ (Al-Razi)၊ အလ်-အာဒါနီ (Al-Aadani)နဲ့ အစ်ဗနေ့ အလ်-နဒီမ်း (Ibn Al-Nadim) တို့လို စစ်တုရင်ပညာရှင်ကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ၂၀ ရာစုအလယ်ပိုင်းမှာတော့ ရုရှားက စစ်တုရင်ပညာရှင်ကြီးဖြစ်တဲ့ ယူရီ အဗာဘာ့က် (Yuri Averbak) ဟာ စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲတစ်ခုမှာ အံအားသင့်စရာကောင်းတဲ့ အကွက်တစ်ကွက်နဲ့ ဗိုလ်စွဲခဲ့ပြီး အများစုကတော့ အဗာဘာ့က်ဟာ ဆန်းကျယ်တဲ့ အကွက်အသစ်ကို တီထွင်ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအကွက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်အရင်က အလ်-ဆူလီက ဖန်တီးခဲ့တာဖြစ်ပါတယ်။

အာရပ်စစ်တုရင်ပညာရှင်ကြီးတွေဟာ ကစားနည်း ဥပဒေတွေ၊ ဗျူဟာတွေနဲ့ပတ်သက်ပြီး စာအုပ်စာပေတွေကို အများအပြား ရေးသားပြုစုခဲ့ပြီး အဲဒီစာအုပ်တွေကလည်း မွတ်စလင်ကမ္ဘာတစ်ဝှမ်းလုံးမှာ ပြန့်နှံ့ခဲ့ပါတယ်။ စစ်တုရင်ရဲ့သမိုင်းကြောင်း၊ ကစားနည်းစဖွင့်ပုံ၊ အဆုံးသတ်ပုံတွေနဲ့ပတ်သက်ပြီး စာအုပ်တွေလည်း ရှိခဲ့ပါတယ်။ အေဒီ ၁၃၇၀ လောက်ကရေးခဲ့တဲ့ Examples of Warfare in the Game of Chess (စစ်တုရင်ကစားနည်းမှ စစ်ရေးစစ်ရာ ဥပမာများ) စာအုပ်ထဲမှာတော့ စစ်တုရင်ကစားနည်းတစ်မျိုးဖြစ်တဲ့ The Blind Abbess and Her Nuns ကို မိတ်ဆက်ဖော်ပြခဲ့ပါတယ်။

P1FJgAgtDWH4KD52QW2a3AWM

၁၀ ရာစုအစောပိုင်း စစ်တုရင်ခုံ ပုံစံငယ်ကို အဘူ ဘာကာ အလ်-ဆူလီ (Abu Bakr Al-Suli) ၏ မွန်သာဟဘ် ကီသာ့ဘ် အလ်-ရှာထရန့်ဂ်ျ (Muntahab Kitab al-Shatranj) စာအုပ်တွင် ဖော်ပြထားပုံ

မွတ်စလင် ဂီတပညာရှင်နဲ့ တီထွင်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ဇီရ်ယဘ်ဟာ အဲဒီ စစ်တုရင်ကစားနည်းကို စပိန်က အန်ဒါလူစီယာဒေသကို ၉ ရာစု အစောပိုင်းလောက်မှာ ယူဆောင်လာခဲ့ပါတယ်။ checkmate (ဘုရင်ကို မိပြီ) ဆိုတဲ့စကားဟာ ပါရှန်အသုံးအနှုန်း ရှားဟ်မတ် (Shahmat) ဆိုတဲ့စကားကနေ ဆင်းသက်လာတာဖြစ်ပြီး  ‘ဘုရင်ကျသွားပြီ’ လို့ အဓိပ္ပါယ်ရပါတယ်။

စစ်တုရင်ကစားနည်းဟာ အန်ဒါလူစီယာကနေ စပိန်က ခရစ်ယာန်တွေနဲ့ မိုဇာရဘ် (Mozarabs- စပိန်ရှိ အိုက်ဘေးရီးယန်း ခရစ်ယာန်များ) တွေဆီကို ပြန့်နှံ့သွားခဲ့ပြီး စပိန်မြောက်ပိုင်းက ပိုင်ရီးနက်စ် တောင်တန်း (Pyrenees) ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် တောင်တန်းတွေကို ကျော်ပြီး စစ်တုရင်ကစားနည်းဟာ ပြင်သစ်အထိ ခြေဆန့်ခဲ့ပါတယ်။ ဥရောပမှာ စစ်တုရင်ကစားနည်းနဲ့ပတ်သက်တဲ့ ပထမဆုံးမှတ်တမ်းကတော့ ၁၀၅၈ ခုနှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာမြို့က ဂုဏ်သရေရှိ အမျိုးသမီး အာရ်မက်ဆင်း (Ermessind) ဟာ နီမက်စ် (Nimess) မှာရှိတဲ့ စိန့် ဂီလက်စ် (St Giles) ခရစ်ယာန်ဘုန်းကြီးကျောင်းကို သူ့ရဲ့ ကျောက်သား စစ်တုရင်အရုပ်တွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ နှစ်ခန့်အကြာမှာတော့ အော့စတီယာ (Ostia) က ကာဒီနယ် ဒါမီယာနီ (Damiani) ဟာ ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီ ၇ (Pope Gregory VII) ဆီကို စာတစ်စောင်ရေးသားခဲ့ပြီး ခရစ်ယာန်ဘုန်းကြီးအသိုင်းအ၀ိုင်းမှာ ပြန့်နှံ့နေတဲ့ ‘ဘုရားတရားမေ့တဲ့’ ဒီကစားနည်းကို ပိတ်ပင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်တုရင်ကစားနည်းဟာ ကုန်သွယ်လမ်းကြောင်းတွေကနေတစ်ဆင့် စောစောပိုင်း ရုရှားနယ်မြေ တောင်ပိုင်းက မြေပြန့်လွင်ပြင်တွေဆီ ရောက်ရှိသွားခဲ့ပါတယ်။ ၇ ရာစုနဲ့ ၈ ရာစုက ပါရှန်တွေရဲ့ စစ်တုရင်အရုပ်တွေကို ဆာမာရ်ကန် (Samarkand) ဒေသနဲ့ ဖာ့ဂ်ဟာနာ (Farghana) ဒေသတွေမှာ တွေ့ခဲ့ရပါတယ်။ သက္ကရာဇ် ၁၀၀၀ မှာတော့ ဗိုက်ကင်းကုန်သွယ်လမ်းကြောင်းဆီ ရောက်သွားခဲ့ပြီး စကင်ဒီနေးဗီးယား တိုင်းပြည်တွေအထိ ပြန့်နှံ့သွားခဲ့ပါတယ်။ အဲဒီကုန်သွယ်လမ်းကြောင်း တွေကပဲ စစ်တုရင်ကစားနည်းဟာ ၁၁ ရာစုမှာ အိုက်စလန်အထိ ရောက်ရှိခဲ့ကာ ၁၁၅၅ ခုနှစ်မှာ ရေးသားခဲ့တဲ့ အိုက်စလန် သမိုင်းမှတ်တမ်မှာ ဒိန်းမတ်ဘုရင် ကေနက် သယ် ဂရိတ် (Knut the Great) ဟာ ၁၀၂၇ မှာ စစ်တုရင်ကစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၁၄ ရာစုနှစ်ရောက်မှာတော့ စစ်တုရင်ကစားနည်းဟာ ဥရောပမှာ လူသိများလာခဲ့ပြီး ‘ဉာဏ်ကြီးရှင်’ (The Wise) လို့ အမည်တွင်တဲ့ ဘုရင် အလ်ဖွန်ဆို ၁၀ (Alfonso X) ဟာ ၁၃ ရာစုနှစ်မှာ စစ်တုရင်နှင့် အခြားကစားနည်းများစာအုပ် (Book of Chess and Other Games) ကို ထုတ်ဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ် ၈ ခုလောက်အတွင်းမှာ စစ်တုရင်ကစားနည်ဟာ အရှိန်ကောင်းသထက် ကောင်းလာခဲ့ပါတယ်။ အဲဒီ ကာလတစ်လျှောက်မှာ ဒီကစားနည်းနဲ့ပတ်သက်လို့ ရည်ရွှင်ဖွယ်ရာ အဖြစ်အပျက်တွေလည်း ရှိခဲ့ပြီး အဲဒီအထဲက တစ်ခုကတော့ ၁၇၆၉ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ ‘စက်ရုပ် စစ်တုရင်သမား’ ပဲ ဖြစ်ပါတယ်။

စစ်တုရင် စက်ရုပ်

 

ဟန်ဂေရီတစ်ဦးဖြစ်တဲ့ ၀ုလ်ဖ်ဂန်း ဒီ ကမ်ပီလင် (Wolfgang de Kempelen) ဟာ စစ်တုရင်ကစားရာမှာ ၀ါသနာထုံတဲ့ ဘုရင်မ အမ်ပရက်စ် မာရီယာ ထရီဇာ (Empress Maria Theresa) ကို လက်ဆောင်တစ်ခုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလက်ဆောင်ကတော့ ‘သံမဏိ မွတ်စလင်’ (Iron Muslim) လို့ခေါ်တဲ့ စစ်တုရင်ကစားတဲ့ စက်တစ်ခုပါပဲ။ နောက်ပိုင်းမှာတော့ အဲဒီစက်ရုပ်ကို အော်တိုမန်တာ့က် (Ottoman Turk) လို့ ခေါ်တွင်ခဲ့ပြီး စစ်တုရင်ကစားရမှာ အလွန်ကျွမ်းကျင်တဲ့ ဒီစက်ရုပ်ဟာ အဲဒီခေတ် အဲဒီအခါက ထိပ်တန်း စစ်တုရင်ကစားသမားတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ စက်သွားတွေ၊ သံပတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီစက်ရုပ်အထဲကို လူတစ်ယောက်က ၀င်ရောက်ထိန်းချုပ်ရတာဖြစ်ပြီး အဲဒီသူ ဘယ်သူလဲဆိုတာကိုတော့ အခုထက်ထိ ပဟေဠိဖြစ်နေတဲ့ အရာတစ်ခုပါပဲ။ ခေါင်းပေါင်းကြီးဝတ်ထားတဲ့ ဒီစက်ရုပ်ဟာ နာမည်ကြီးခဲ့ပြီး လူတွေဟာ မိုင်ပေါင်းများစွာအဝေးကနေ လာရောက်ကြည့်ရှုရတဲ့အထိ ကျော်ကြားခဲ့ပါတယ်။ နှစ်ပေါင်း ၈၅ နှစ်လောက် တည်တံ့ခဲ့တဲ့ ဒီ စစ်တုရင်စက်ရုပ်ကြီးကို လူပေါင်း ၁၅ ဦးလောက်က ၀င်ရောက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

Untitled-1

၁၉၇၆ ခုနှစ်က ကမ်ပီလင်၏ ‘သံမဏိ မွတ်စလင်’ (Iron Muslim) ဟုအမည်ရသော စစ်တုရင်ကစားသည့် စက်ရုပ်

 

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

Leave a Reply