6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၃၁၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

– ဒီနေ့မှာတော့ ဈေးတိုင်း၊ စူပါမားကတ်တိုင်းနီးပါးမှာ ဆေးဆိုင်တွေ၊ ဆေးမှူးတွေကို အလွယ်တကူ တွေ့မြင်ရမှာပါ။ ဒါပေမယ့် ဒီလိုထွန်းကားမှုဟာ ခေတ်သစ်ကာလရောက်မှ ဖြစ်တည်လာခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက ဆေးဆိုင်တွေဟာ အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့မှာ သန္ဓေတည် ဖောက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။

၉ ရာစုအစပိုင်းလောက်မှာ သမားတော်တွေဟာ ကိုယ်ပိုင်ဆေးဆိုင်တွေဖွင့်ပြီး လွတ်လပ်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဈေးတွေမှာ မိသားစု ဦးစီးလုပ်ကိုင်တဲ့ ဒီဆေးဆိုင်တွေကို အစိုးရက ခန့်အပ်ထားတဲ့  စစ်ဆေးရေးအရရှိ အလ်-မူဟ်တာဆစ်ဘ် (Al-Muhtasib) နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေက ပုံမှန်လိုလို လာရောက် စစ်ဆေးကြပါတယ်။ သူတို့တွေဟာ ချိန်တွယ်တာတွေ၊ ချင်တွယ်တာတွေ တိကျမှု ရှိ၊ မရှိ၊ အသုံးပြုတဲ့ ဆေးဝါးတွေ စစ်မှန်မှု၊ ရှိ၊ မရှိ စတာတွေကို စစ်ဆေးကြပြီး လိမ်ညာရောင်းချသူတွေ၊ သမားတုတွေကို ဖယ်ရှားတာမျိုး၊ ကြိမ်ဒဏ်ရိုက် အပြစ်ပေးတာမျိုးတွေ လုပ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ဆေးရုံတွေမှာ ကိုယ်ပိုင် ဆေးပေးဌာနတွေ ရှိခဲ့ပြီး ဆေးဝါး ထုတ်လုပ်မှုတွေ၊ ဖော်စပ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

၉ ရာစုမှာ မွတ်စလင် ဆေးပညာရှင် ဆာဘူရ် အစ်ဗနေ့ စဟာလ် (Sabur ibn Sahl) လို ပုဂ္ဂိလ်မျိုးတွေက လက်တွေ့အသုံးချ ဆေးဝါးဗေဒကို တိုးတက်ဖွံ့ဖြိုးစေခဲ့ပြီး၊ အစ်ဗနေ့ စဟာလ်ဟာ ရောဂါဘယပေါင်းစုံအတွက် ဆေးဝါးတွေ၊ ကုသနည်းတွေ မြောက်များစွာကို ဖော်ထုတ်ခဲ့တဲ့ ပထမဆုံး သမားတော်လည်း ဖြစ်ပါတယ်။ အလ်-ရာဇီ (Al-Razi) ကတော့ ဆေးဝါးတွေမှာ ဓာတုဒြပ်ပေါင်းထည့်သွင်းမှု နည်းလမ်းကို ဖော်ထုတ် မြှင့်တင်ပေးခဲ့ပြီး၊ အစ်ဗနေ့ဆီနာ (Ibn Sina) က ဆေးဝါး ၇၀၀ လောက်ကို ဖော်စပ်ခဲ့ကာ ဒီဆေးတွေရဲ့ အာနိသင်၊ သက်ရောက်မှုနဲ့ ပါဝင်မှုတွေကို ရေးသားခဲ့ပါသေးတယ်။ အလ်-ကင်ဒီ (Al-Kindi) ဆိုတဲ့ နောက်ထပ် မွတ်စလင်သမားတော်ကြီးက ဆေးဝါးဗေဒရဲ့ အခြေခံစည်းမျဉ်းဖြစ်တဲ့ ဆေးညွှန်းတွေကို သတ်မှတ်ပေးခဲ့ပါတယ်။

ဆေးဝါးဗေဒမှာ သြဇာလွှမ်းမိုးတဲ့ အခြား မွတ်စလင်သမားတော်ကြီးတွေထဲမှာ စပိန်နိုင်ငံက အလ်-ဇဟ်ရာဝီ (Al-Zahrawi) လည်း ပါဝင်ခဲ့ပြီး ခေတ်သစ်ဆေးဝါးများစွာကို ထုတ်လုပ်ရာမှာ အရေးပါတဲ့ ငွေ့ရည်ခံမှု၊ ပေါင်းခံမှု နည်းလမ်းတွေကို ၉ ရာစုမှာ သူက ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပြီး  သူဟာ ခန္ဓာကိုယ်တွင်း ချုပ်ရိုးတွေအတွက် တိရစ္ဆာန်အူကနေ ပြုလုပ်တဲ့ ကြိုးကို ပထမဆုံး အသုံးပြုခဲ့သူလည်း ဖြစ်ပါတယ်။ ဆေးသောက်ရာမှာ အ၀င်မဆိုးစေဖို့ ဆေးတွေကို တိရစ္ဆာန်အူကနေလုပ်တဲ့ အထုပ်လေးတွေမှာထည့်ပြီး အဆင်သင့် မြိုချလို့ရအောင် ဖန်တီးခဲ့တာလည်း အလ်-ဇဟ်ရာဝီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ် ဆေးတောင့်လေးတွေကို သောက်တဲ့အခါ ဒီနည်းလမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က ဖော်ထုတ်ခဲ့တယ်ဆိုတာကို သတိရပါ။

အလ်-ဇဟ်ရာဝီရဲ့ ဆေးကျမ်းကြီးဖြစ်တဲ့ ‘အလ်-တက်စ်ရစ်ဖ်’ (Al-Tasrif) ကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုကာ Liber Servitoris ဆိုတဲ့အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။ အဲဒီကျမ်းကြီးထဲမှာ ရိုးရှင်းတဲ့ ဆေးဒြပ်ပေါင်းတွေ၊ နက်နဲတဲ့ ဆေးဝါးတွေကို ဘယ်လို ဖော်စပ်ထုတ်လုပ်ရမလဲဆိုတာကို အသေးစိတ် ရှင်းပြထားပါတယ်။ ပြီးတော့ litharge လို့ခေါ်တဲ့ ခဲမိုနောက်ဆိုက် (Lead monoxide)၊ ခဲဖြူ၊ ခဲဆာလဖိုက် (lead sulfide)၊ လောင်ကျွမ်းထားတဲ့ ကြေးနီ၊ ကဒ်မီယမ်၊ မာရ်ကဆိုက် အိုင်းယွန်း ဆာလ်ဖိုက်ဒ် (marcasite iron sulfide)၊ စိန်ဝါ၊ ထုံး၊ ငရဲမီးနဲ့ ဆားတွေလို ပရပစ္စည်းတွေကို ထုတ်လုပ်တဲ့ နည်းလမ်းကိုလည်း ဖော်ပြထားပါတယ်။

အဘူ အလ်-မန်ဆူရ် မူဝါဖက် (Abu al-Mansur Muwaffaq) ဟာ The Foundations of the True Properties of Remedies (ဆေးကုသနည်းများ၏  စစ်မှန်သော ဂုဏ်သတ္တိများဆိုင်ရာ

The Foundations of the True Properties of Remedies (ဆေးကုသနည်းများ၏ စစ်မှန်သော ဂုဏ်သတ္တိများဆိုင်ရာ အခြေခံကျမ်း) ကို ရေးသားခဲ့သည့် အဘူ အလ်-မန်ဆူရ် မူဝါဖက်

အခြေခံကျမ်း) ကို ၁၀ ရာစုမှာ ရေးသားခဲ့ပြီး ဆေးဝါးဗေဒနယ်ပယ်မှာ ဖောက်ထွက်ခဲ့ပါတယ်။ ဒီကျမ်းမှာ စိန်အောက်ဆိုက် (arsenious oxide) ကို ဖော်ပြထားပြီး silicic acid အကြောင်းကိုလည်း အလ်-မန်ဆူရ်က သိခဲ့ပါတယ်။ ဒီအက်စစ်ကို ဒီနေ့မှာ အစာအိမ်နာရောဂါ ဖြစ်စေတဲ့ အစာအိမ်ဖုံးအမှေးပါးကို ကာကွယ်တဲ့ ဆေးဝါးတွေမှာ အသုံးပြုနေပါတယ်။ အလ်-မန်ဆူရ်ဟာ ဆိုဒီယမ် ကာဘိုနိတ်နဲ့ ပိုတက်ဆီယမ် ကာဘိုနိတ်ကို ကွဲကွဲပြားပြား ပိုင်းခြားပေးခဲ့ပြီး ကော့ပါးဒြပ်ပေါင်း အထူးသဖြင့် ကော့ပါး ဆလ်ဖိတ်ရဲ့ အဆိပ်ဖြစ်စေတဲ့ သဘာဝကိုလည်း အသေအချာ အာရုံစိုက် လေ့လာခဲ့ပါတယ်။

၁၁ ရာစုမှာတော့ အလ်-ဘီရူနီ (Al-Biruni) ဟာ ဆေးဝါးဗေဒမှာ တန်ဖိုးအရှိဆုံး စာအုပ် The Book of Pharmacology (ဆေးဝါးဗေဒဆိုင်ရာကျမ်း) ကိုရေးသားခဲ့ပြီး ဆေးဝါးတွေရဲ့ ဂုဏ်သတ္တိ အသေးစိတ်ကို ဖော်ပြထားကာ ဆေးဝါးဗေဒရဲ့ အရေးပါမှု၊ ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ လုပ်ရမယ့် ဆောင်ရွက်ချက်တွေ၊ ထမ်းဆောင်ရမယ့် တာဝန်တွေကိုလည်း ဒီကျမ်းကြီးထဲမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

ဆေးဝါးဖော်စပ်ထုတ်လုပ်သူတွေရဲ့ အဓိကတာဝန်က သူတို့ရဲ့အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အစီစဉ်တကျ စီမံခန့်ခွဲရတာ ဖြစ်ပြီး ဒီလုပ်ငန်းကို ဘယဆေးဆရာနဲ့ ဆေးဝါးကို လက်တွေ့ အသုံးချသူတွေအတွက် အမြင့်ဆုံးအရည်အသွေးအဖြစ် မှတ်ယူ ကျင့်သုံးရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမားတွေဟာ ဆေးဝါးတွေကို ဗျည်းအက္ခရာစဉ်အတိုင်း ပြုစုကာ ဇယားတစ်ခုတည်ဆောက်ပြီး အလွယ်တကူ ကိုးကား အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ဆေးဘက်ဆိုင်ရာ ထူးခြားမှုတွေကို ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံ လေ့လာနိုင်တဲ့ စွယ်စုံကျမ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။

အရေးပါတဲ့ ဆေးဝါးဗေဒဆိုင်ရာ သတင်းအချက်အလက်တွေပါဝင်တဲ့ ဒီလို အစောပိုင်း ဆေးပညာကျမ်းကြီးတွေဟာ ဥရောပကို ရောက်ရှိခဲ့ပြီး ဂျိုဟန်နက်စ် ဒီ ဆန်တို အေမန်ဒို (Johannes de Sancto Amnado)၊ ၁၃၀၆ ခုနှစ်ကနေ ၁၃၁၆ ခုနှစ်အထိ အီတလီနိုင်ငံ ပါဒူတာမှာ ပရော်ဖက်ဆာအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပီယက်ထရို ဒီ အေဘန်နို (Pietro d’Abano) တို့လို ၁၃ ရာစု ဥရောပ ဆေးဝါးဗေဒ ပညာရှင်တွေအပေါ်မှာ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ဥရောပကို ရောက်ရှိပြီး နာမည်ကျော်ခဲ့တဲ့ စာအုပ်တွေထဲမှာ စပိန်မွတ်စလင် ပညာရှင်ကြီး အစ်ဗနေ့ အလ်-၀ါဖစ် (Ibn al-Wafid) ရဲ့ စာအုပ်တွေလည်း ပါဝင်ပြီး သူ့ရဲ့ စာအုပ် လက်တင်ဘာသာပြန်ကို အကြိမ်ပေါင်း ၅၀ လောက် ပြန်လည် ရိုက်နှိပ် ထုတ်ဝေခဲ့ရပါတယ်။ အလ်-၀ါဖစ်ရဲ့ ကျော်ကျားတဲ့လက်ရာကတော့ The Book of Simple Drugs (ရိုရှင်းသော ဆေးဝါးများကျမ်း) ဖြစ်ပြီး စာမျက်နှာ ၅၀၀ လောက်ပါဝင်တဲ့ ဒီကျမ်းကို ၂၅ နှစ်လောက် စုဆောင်းရေးသားခဲ့ရတာ ဖြစ်ပါတယ်။ ဒီစာအုပ် လက်တင်ဘာသာပြန် De medicamentis simplicibus ဟာ သူ့ရဲ့ လက်ရာတွေထဲက တစ်ပိုင်းတစ်စသာ ဖြစ်ပါတယ်။

၁၃ ရာစု မာလာဂါက မွတ်စလင်ပညာရှင် အစ်ဗနေ့ အလ်-ဘေတာ (Ibn al-Baytar) ဟာ ထင်ရှားတဲ့ ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ ရှင်သန်နေတဲ့ ဆေးဝါးဗေဒဆိုင်ရာ အကြီးဆုံး စွမ်စုံကျမ်းကြီးကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ Dictionary of Simple Remedies and Food (ရိုးရှင်းသော ကုသနည်းများနှင့် အဟာရဆိုင်ရာ စွယ်စုံကျမ်း) လို့ အမည်ပေးထားတဲ့ ဒီကျမ်းကြီးထဲမှာ အပင်ပေါင်း ၃၀၀၀ လောက်ရဲ့အစွမ်းသတ္တိတွေကို အက္ခရာစဉ်အတိုင်း ဖော်ပြထားပါတယ်။ ဒီကျမ်းကြီးရဲ့ လက်တင်ဘာသာပြန်ကို ၁၇၅၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး၊ ပိုပြီးပြည့်စုံတဲ့ ဘာသာပြန်ဟာ ၁၈၄၂ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

ဥရောပက ဆေးဝါးဗေဒပညာရှင်ကြီးတွေဟာ မွတ်စလင်တွေရဲ့ ဒီလက်ရာတွေကို တော်တော်လေး လေးစားအားကျ၊ အတုယူခဲ့ကြပါတယ်။ ၁၅ ရာစု ဆေးဝါးပညာရှင်တစ်ဦးဖြစ်တဲ့ ဆာလာဒင် အော့ဖ် အက်စ်ကိုလို (Saladin of Ascolo) ဟာ အတွဲ ၇ တွဲပါဝင်တဲ့ Compendium aromatariorum ကျမ်းကြီးကို ရေးသားပြုစုခဲ့ပြီး ဘာသာရပ်တွေကို ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ပေးခဲ့တဲ့ အစောဆုံး မွတ်စလင် ဆေးပညာရှင်ကြီး ဖြစ်ပါတယ်။

‘ဖလိုရန်တိုင်း သမားတော်များကောလိပ်’ (Florentine College of Physicians) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမားတော် လူဒိုဗီကို ဒါလ် ပေါ့ဇို တိုစကန်နဲလ်လီ (Ludovico dal Pozzo Toscanelli) ဟာ ၁၇ ရာစုမှာ London Dispensatory ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသာခဲ့ပြီး အဲဒီထဲမှာ အပင်တွေ၊ သဘာဝသတ္တုတွေ၊ ခန္ဓကိုယ်အပြင်ပိုင်းနဲ့ အတွင်းပိုင်းအတွက် အသုံးပြုနိုင်မယ့် ဆေးဝါးတွေ၊ အဆီတွေ၊ ဆေးလုံးတွေနဲ့ အုံဆေးတွေအားလုံးဟာ မွတ်စလင်တွေရဲ့ ကြိုးပမ်းအာထုတ်မှုတွေနဲ့ ဆက်နွယ်နိုင်ဖွယ်ရှိတယ်လို့ ဖော်ထုတ်တင်ပြထားပါတယ်။

ဆးဝါးဗေဒမှာ တန်ဖိုးအရှိဆုံး စာအုပ် The Book of Pharmacology (ဆေးဝါးဗေဒဆိုင်ရာကျမ်း) ကို ရေးသားခဲ့သည့် အလ်-ဘီရူနီ

မွတ်စလင်တွေရဲ့ ဆေးဝါးဗေဒဆိုင်ရာ အမွေအနှစ်တစ်ခုဟာ အမေရိကန်သမိုင်းပညာရှင် မာတင် လီဗေး (Martin Levey) ကြောင့် မကြာသေးခင်ကပဲ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ၁၉၇၇ ခုနှစ် လီဗေးမကွယ်လွန်ခင်မှာ သူဟာ ဆေးဒြပ်ပေါင်းတွေ၊ ဆေးလုံး၊ ငုံဆေးပြား၊ ဆေးမှုန့်၊ ဆေးယို၊ လိမ်းဆေးအဆီ၊ ယားနာလိမ်းဆေးနဲ့ သွားတိုက်ဆေးတို့လို အနာရောဂါတွေကို ကုသတဲ့နည်းလမ်း မြောက်များစွာကို ဖော်ပြထားတဲ့ အာရဘီ ကျမ်းတစ်ခုကို ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။

၁၃ ရာစုမွတ်စလင် ဆေးပညာရှင် အလ်-ဘေတာ အသုံးပြုခဲ့သည့် ဆေးဝါးဆိုင်ရာ ဇယား။ အဆိုပါ ဇယားတွင် ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားသည့်နေရာ၊ ဆေးကုသမှုနည်းလမ်းနှင့် အသုံးပြုရမည့် ဆေးပမာဏတို့ကို ဖော်ပြထားပါတယ်။

၁၃ ရာစုမွတ်စလင် ဆေးပညာရှင် အလ်-ဘေတာ အသုံးပြုခဲ့သည့် ဆေးဝါးဆိုင်ရာ ဇယား။ အဆိုပါ ဇယားတွင် ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားသည့်နေရာ၊ ဆေးကုသမှုနည်းလမ်းနှင့် အသုံးပြုရမည့် ဆေးပမာဏတို့ကို ဖော်ပြထားပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

Comments are closed.