ပြစ်မှုအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသော အကျဉ်းသားများ အစ္စလာမ့်နှိုးကြားလာ၇န်ရည်ရွယ်ပြီး ကုရ်အာန် အာဂုံ ဆောင် သည့် ပမာဏအပေါ်မူတည်ပြီး ပြစ်ဒဏ်ပေါ့ပေးမည့် အစီစဉ်အား ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် စတင်နေပြီဟု moheet သတင်း တစ်ရပ် တွင်ဖေါ်ပြ ထားပါသည်။ ဒူဘိုင်းအကျဉ်းထောင်များရှိ အကျဉ်းသားပေါင်း၅၀၄၀ဦးအနက် ၁၄၄၇ဦးမှာ ကုရ် အာန် အာဂုံဆောင် နိုင်ကြသဖြင့် ပြစ်ဒဏ်မှ လျှော့ပေါ့ သက်သာခွင့်များရရှိခဲ့ကြသည်။ အဆိုပါအစီစဉ် အားကြီးကြပ်သူ Said Sheikh Abdel Wahab Al-Haddad က အကျဉ်းသား ၁၂ဦးက ကုရ်အာန်ကျမ်းအစောင် ၃၀လုံးကို အာဂုံဆောင်နိုင်ခဲ့လို့ ထောင်ဒဏ် ၂၀နှစ်ထိသက်သာခွင့်ရသွားရပါတယ် ၊ ဒီအစီစဉ်ကိုကျေးဇူးတင်ရပါမယ် ဟူ ပြောပါ သည်။ အကျဉ်း သားများ အနေဖြင့် ကုရ်အာန် ကျမ်းအစောင်၃၀အာဂုံဆောင်နိုင်ပါက အနှစ် ၂၀နှစလည်းကောင်း ၊အစောင် ၂၀ဆိုလျှင် ၁၅နှစ်ဟု လည်းကောင်း၊ ၁၅စောင် ဆိုလျှင် ၁၀နှစ်ဟုလည်းကောင်း ၊၁၀စောင် ဆိုလျှင် ၅နှစ်ဟုလည်းကောင်း အသီးသီးပြစ် ဒဏ်မှ လျှော ပေါ့ သက်သာခွင့်ပေးထားသည်။ http://gulfnews.com
Leave a Reply
You must be logged in to post a comment.