ဆန့်ကျင်ကန့်ကွတ်မှုအများကြား နှာတစ်ဖျားသာ သောစွမ်းဆောင်ချက်များကြောင့် ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် (ဖီဖာ)မှ ၂၀၂၂ခုနှစ်အတွက် ကာတာနိုင်ငံအား ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်လိုက်ပါပြီ။ အရှေ့အလယ်ပိုင်းက ချမ်းသာ သောမွတ်စလင် နိုင်ငံ ကာတာတွင် ကျင်းပမည့် ကမ္ဘာဖလား ပြိုင်ပွဲက နေ ကမ္ဘာတစ်ဝှမ်းသို့ နူးညံသိမ်မွေ့ သည့် အစ္စ လာမ့် သင်ကြားချက်များ နှင်အာရဘ်တို့၏ အစဉ်လာများကို မိတ်ဆက်ပေးနိုင်မည့် အခွင့်အရေးအဖြစ် လေ့လာသူများက သုံးသပ်နေကြသည်။ အွန်လိုင်း စစ်တမ်းတစ်ရပ်ကောက်ခံမှုအရ ကာတာကမ္ဘာဖလားပြိုင်ပွဲသည် အာရဘ်နှင့် အစ္စလာမ်ယဉ်ကျေးမှုကို မြင့်တင့်နိုင်မည်ဟု ၈၀%က ယုံကြည်ကြောင်း သဘောထားပေးခဲ့ကြသည်။ မီဒီယာများ၏ အပျက်သဘောဆန်ဆန် ဖြင့် အစ္စလာမ်အား တင်ပြနေသည့်အပေါ် အထိုက်အလျောက် ခြေဖျက်နိုင် လိမ်မည်ဟု ပညာရှင်များစွာက ယုံကြည်နေကြသည်။
အထင်ကရအာလင်မ်တစ်ပါးဖြစ်သူ ရှိုခ်ယူစွဖ်ကရ်ဒွါဝီက အိမ်ရှင်အဖြစ် ကာတာကိုရွေးချယ်မယ်ဆို ဘယ်လိုမှားယွင်းကြောင်း သမ္မတအိုဘားမား ရဲ့ ထုတ်ပြန်ချက်ကို အရှိုက်ထိစေခဲ့ပါတယ် ဒါဟာ ကာတာ တင်မက မွတ်စလင် ကမ္ဘာတစ်ခုလုံးရဲ့ အောင်ပွဲ လည်းဖြစ်တယ် ဟု သူ၏ သောကြာခွသ်ဗာ တွင် ဟောကြား ခဲ့သည်။ အမေရိကန်သည် သူ၏ စူပါပါဝါကို အသုံးချကာ အားကားစာလောကတွင် အာရဘ်တို့အား ဖယ်ရှားပြီး တစ်ဦးတည် လွှမ်းမိုးချယ်လှယ် လို ပုံရှိနေကြောင်း စီးပွားရေး၊ စစ်ရေး၊ နယ်ပယ်များတွင်သာမက အားကစားနယ်ပယ် အထိ ဘေးထုတ်ထား စေချင်နေကြောင်း ရှိုခ်က ဝေဖန်ပြစ်တင်သွားပါသည်။ Alarabiya
Leave a Reply
You must be logged in to post a comment.