News @ M-Media

၀ူဟန်နှင့် တရုတ်မြို့တစ်ချို့ကို လော့ဒေါင်းပြန်ချ

အောက်တိုဘာ ၂၉၊ ၂၀၂၂

M-Media

-ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့ရာ ၀ူဟန်အပါအ၀င် မြို့အချို့ကို တရုတ်က လော့ဒေါင်းပြန်ချလိုက်ပါတယ်။ 

တစ်ရက်ကို ကိုဗစ်ကူးစက်မှု တစ်ထောင်ကျော် ၃ ရက်ဆက်တိုက် တွေ့ရပြီးနောက်ပိုင်း တရုတ်အာဏာပိုင်တွေက အခုလို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာ ဖြစ်ပါတယ်။   

ကမ္ဘာ့အကြီးဆုံး အိုင်ဖုန်းထုတ်ရာမြို့ဖြစ်တဲ့ ကျန်ကျိုးမြို့လည်း လော့ဒေါင်းစာရင်းမှာ ပါ၀င်လာပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်ထိန်းချုပ်ရေး စည်းမျဥ်းစည်းကမ်းတွေကို လျှော့ချမှာမဟုတ်ဘဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမယ်လို့ အခုလအတွင်း ပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်း ကိုဗစ်လော့ဒေါင်း ချထားတဲ့ မြို့ ၂၈ မြို့ရှိပြီး စုစုပေါင်း လူဦးရေ ၂၀၇ သန်းလောက်ရှိပါတယ်။ 

Ref: BBC