Category: ကြေငြာချက်
-
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်
စက်တင်ဘာ ၁၀ ၊ ၂၀၁၇
M-Media
သတင်း-သီဟမြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။
ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး အကြမ်းဖက်နှိမ်နှင်းရာမှာ အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။
ကြေညာချက် အပြည်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှ လက်ခံခဲ့ခြင်း မရှိပါ။ အစ္စလာမ်တရားတော်တွင် အပြစ်မဲ့ပြည်သူများ ထိခိုက်နှစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပါသည်။ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာကြရသူ အပြစ်မဲ့ပြည်သူများအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။
၂။ ထိုအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ၎င်းအကြမ်းဖက်အဖွဲ့အစည်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မနလေးအပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသဖြင့် လွန်စွာ စိုးရိမ်မကင်းဖြစ်ရပါသည်။ ယခုကဲ့သို့သော အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်အောင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှ လှုံ့ဆော်ရေးသားနေသည်များကိုလည်း အစိုးရအနေဖြင့် ကြပ်မတ် ကာကွယ်တာဆီး ဆောင်ရွက်ရန် လိုအပ်ပါသည်။
၃။ အကြမ်းဖက်မှုကို နှိမ်နှင်းရာတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်အပ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်တားဆီးရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသည် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူအားလုံးနှင့်အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။
အိုလမာ-သာသနာ့ပညာရှင်များအဖွဲ့
အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)
မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့ မ-မ-လ ဌာနချုပ်
မြန်မာမွတ်စလင် အမျိုးသားရေးရာဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ် -
စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှုအဖြစ် တယ်လီဖုန်း ငွေဖြည့်ကဒ်များ လက်ဆောင်ပေးအပ်မည့် အစီအစဉ်တရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်ကြေညာခဲ့ပါတယ်။အစီစဉ်မှာပါဝင်သည့်အတိုင်း စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ပြီး ၄င်းတို့ အနက်မှာ ကံထူးသူ (၂၀)ဦးအား Computer Program ဖြင့် Random ရွေးချယ်ခဲ့ပါတယ်။ဆုရရှိသူ (၂၀)ဦး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။1 Md Abdullah2 လူဆိုး လူဆို3း Mingalar House4 Naing Wynn5 Shahidar Su Mon6 Ko Bobo7 နေ ရထား8 Shine Khant Zin9 Khinmaung Gyi10 Zaw Ko Tun11 Kyawmyinttun Tun12 Mariah Aktar13 တွတ် တွတ်14 Myat Myat Htwe15 Linkhit Deno16 Maung Maung17 Aleaxandar Sain18 Royal Tin Myint19 Najmul Husaini20 Nyein Chan Aungစာရင်းမှာ ပါဝင်သူများ အသုံးပြုသည့် ဆင်းကဒ်အမျိုးအစားကို ဆက်သွယ်မေးမြန်းပြီး ငွေဖြည့်ကဒ် (၅၀၀၀) တန်ကို M-Media မှ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ပါတယ်။(နာမည်စာရင်းမှာ ပါဝင်သူများ အနေဖြင့်လည်း Message box မှ တဆင့် မိမိတို့ အသုံးပြုတဲ့ ဆင်းကဒ်အမျိုးအစားကို ပြောကြားပေးနိုင်ပါတယ်။)ယခု အစီအစဉ်မှာ ပါဝင်ခဲ့ပေးခဲ့ကြသူများနှင့် စာဖတ်ပရိတ်သတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ -
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်
၂၀၁၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ သတင်းမီဒီယာ ဝါသနာပါတဲ့ လူငယ်တချို့ စုပေါင်းပြီး M-Media လို့ ဖြစ်တည်လာမယ့် မီဒီယာကို အပျော်တမ်း မီဒီယာတစ်ခုအဖြစ်မှ စတင်၍ တည်ထောင်ဖြစ်ခဲ့ပါတယ်။
.
M-Media ဟာ လာမည့် ၂၀၁၇ သြဂုတ်လ ၁၂ ရက်နေ့ဆိုရင် ၇ နှစ် ပြည့်ပါပြီ။
.
M-Media ကို အစဉ်တစိုက် အားပေးခဲ့တဲ့ စာဖတ်ပရိတ်သတ်အတွက် နှစ်ပတ်လည် အခါသမယမှာ ကျေးဇူးတုံ့ပြန်ဖို့ အစီအစဉ်လေးတခု စီစဉ်ထားပါတယ်။
.
M-Media စာဖတ်ပရိတ်သတ်များမှ ကံထူရှင်(၂၀) ဦးကို ရွေးချယ်ပြီး (၁) ဦးလျှင် (၅၀၀၀) ကျပ်တန်ဖိုးရှိ တယ်လီဖုန်း ငွေဖြည့်တစ်ကဒ်စီ ချီးမြှင့်ပြီး ကျေးဇူးတုံ့ပြန်သွားပါမယ်။
.
ကံထူးရှင်ဖြစ်ဖို့အတွက်ကတော့ အောက်ဖော်ပြပါအချက်(၂) ချက်ကို ဆောင်ရွက်ပြိး ကံစမ်းနိုင်ပါတယ်။
.
၁။ ယခု ပိုစ်ကို Like လုပ်ပေးရပါမယ်။ (Share လုပ်ပေးစရာမလိုပါ ။ လုပ်ပေးရင်တော့ အထူးကျေးဇူးတင်ပါမယ်။)
.
၂။ M-Media ရဲ့ Facebook Page ကို Like လုပ်ထားပြီး See First ယူထားရပါမည်။ See First လုပ်ထားတဲ့ Screen Shot ကို ယခုပိုစ်ရဲ့ Comment တင်ပေး၍သော် လည်းကောင်း၊ M-Media ရဲ့ Facebook Page Message Box ကို Private Message ပေးပို့၍ သောလည်းကောင်း ပြုလုပ်ပေးရပါမည်။
.
သြဂုတ်လ (၁၂) ရက် မြန်မာစံတော်ချိန် ည (၁၂) နာရီ အထိသာ နောက်ဆုံး ပါဝင်ကံစမ်းနိုင်ပါတယ်။
.
ဖော်ပြပါ စည်းကမ်းချက်တွေ အတိုင်းဝင်ရောက်ကံစမ်းသူများအနက်မှာ ကံထူးရှင်(၂၀) က Random ရွေးချယ်ပြီး သြဂုတ်လ(၁၃) ရက်၊ တနင်္ဂနွေနေ့ ည (၈) နာရီ (မြန်မာစံတော်ချိန်) မှာ ကံထူးရှင်စာရင်းကို ကြေညာပေးသွားပါမယ်။
.
** မှတ်ချက် – ပြည်တွင်းပြည်ပ မည်သည့် နေရာတွင် မဆို နေထိုင်သည့် M-Media စာဖတ်ပရိတ်သတ်များ ပါဝင်နိုင်ပါတယ်။Website မှ ဝင်ရောက်ဖတ်ရှုသူများ ပါဝင်ကံစမ်းရန် ယခု Link ကို နှိပ်ပါ။