News @ M-Media

Category: အာရှ-ပဖိဖိတ်

  • အိန္ဒိယရှိ  ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    အိန္ဒိယရှိ ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media

    India Sterilization Deaths
    ဝမ်းနည်းပူဆွေးနေသည့် ဆွေမျိုးသားချင်းများ

    – အိန္ဒိယရှိ အစိုးရဆေးရုံတစ်ခုတွင် အမျိုးသမီး ၈၀ ကျော်ကို သားကြောဖြတ်ရာမှ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး အများစုမှာလည်း စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အိန္ဒိယအလယ်ပိုင်း ချတ်တစ်ဂါပြည်နယ် ဘီလက်စ်ပူးရ်မြို့ရှိ ဆေးရုံတစ်ရုံတွင် စနေနေ့က အမျိုးသမီး ၈၄ ဦးကို သားကြောဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးများမှ အချို့မှာ ယမန်နေ့က သွေးပေါင်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှုပိုင်းဆိုင်ရာ ပြဿနာဖြစ်ခြင်း စသည့် ဝေဒနားများကို ခံစားခဲ့ရကာ ထိုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

    အိန္ဒိယ ရုပ်သံ NDTV ကမူ အဆိုပါ အမျိုးသမီး ၈၄ ဦးအား ဆရာဝန်များက ၅ နာရီအတွင်း သားကြောဖြတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ဘီလက်စ်ပူးရ် ခရိုင်၏ ကော်မရှင်နာဖြစ်သူ ဆန်မာနီ ဘိုရဟ်ကမူ ထိုအမျိုးသမီးများထဲမှ ၆၄ ဦးမှာ ရောဂါဝေဒနာများကြောင့် အခြားသော ဆေးရုံများတွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဆေးရုံးမှ သားကြောဖြတ်ပေးခဲ့သည့် ဆရာဝန်သုံးဦးကို အစိုးရက တာဝန်မှ ရပ်စဲလိုက်ပြီး သေဆုံးသွားသူများ၏ မိသားစုများကို နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၃၃၀၀၀ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဆင်းရဲမွဲတေမှုနှုန်းမြင့်မားသည့် အိန္ဒိယတွင် လူဦးရေ တိုးပွားလာမှုအား ထိန်းချုပ်ရန် အတွက် တရားဝင်သားကြောဖြတ်ခွင့်ကို အစိုးရးဆေးရုံများ တွင် ပြုလုပ်ခွင့်ပေးထားသည်။

    ref_ Al Jazeera and agencies

  • ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    09-11-14_Analysts-Deny-ISIL-Influence--in-Pakistan
    – ISIL အဖွဲ့မှာ အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်စွာ လှုပ်ရှားနေကြသော်လည်း မိမိတို့နိုင်ငံအတွင်း လွှမ်းမိုးမှု ရှိမည်မဟုတ်ဟု ပါကစ္စတန် ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာဆန်းစစ်သူများက ပြောကြားလိုက်သည်။

    “ပါကစ္စတန်နဲ့ အီရတ်၊ ဆီးရီးယားတို့ရဲ့ အခြေအနေဟာ လုံးဝ ကွဲပြားခြားနားပါတယ်။ ISIL အဖွဲ့ ပါကစ္စတန်မှာ အခြေစိုက်လို့မရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်” ဟု အစ္စလာမ်မာဘတ်အခြေစိုက် လုံခြုံရေး လေ့လာဆန်းစစ်သူ ကမားလ် ဟိုင်ဒါက ပြောကြားခဲ့သည်။

    အနောက်တိုင်း မီဒီယာများကမူ ISIL အဖွဲ့မှာ ပါကစ္စတန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အလားအလာရှိနေပြီဟု ဖော်ပြကြပြီး ဟိုင်ဒါကမူ ထိုဖော်ပြချက်မှာ အသိဥာဏ်မဲ့ခြင်းနှင့် ချဲ့ကားပြောဆိုခြင်းသာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ထို့ပြင် ISIL မှာ အီရတ်တွင် မာလီကီဦးဆောင်သော ရှီအာအစိုးရက နိုင်ငံအတွင်းရှိ စွန်နီများအပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ISIL ပေါ်လာတဲ့ နောက်ခံအကြောင်းအရင်းကို ခင်ဗျားတို့ နားလည်ထားရပါမယ်။ မာလီကီအစိုးရဟာ သူတို့ရဲ့ အခွင့်အရေးတွေကို လုယူသိမ်းပိုက်သွားတယ်လို့ အီရတ်မှာရှိတဲ့ စွန်နီလူ့အဖွဲ့အစည်းက ထင်နေကြပြီး ဒါ့ကြောင့်ပဲ ISIL ဟာ လူထုရဲ့ ထောက်ခံမှုကို ရခဲ့တာပါ။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အခြေအနေက လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဆွန်နီတွေဟာ နိုင်ငံ လူဦးရေရဲ့ ၈၀ ကနေ ၈၅ ရာခိုင်းနှုန်းအထိ ရှိပါတယ်။ ဒီက ရှီအာတွေကလည်း သူတို့ကို ခြိမ်းခြောက်မှုတွေမရှိတော့ စွန်နီတွေက ဘာ့ကြောင့် ISIL နဲ့ ဆက်သွယ်ရမှာလဲ” ဟု ဟိုင်ဒါကဆိုသည်။

    ထို့ပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် နယ်မြေများသိမ်းပိုက်နိုင်သကဲ့သို့ ပါကစ္စတန်တွင် သိမ်းပိုက်၍ မရဟုလည်း ဟိုင်ဒါက ထပ်လောင်းပြောကြားခဲ့သည်။

    “ပါကစ္စတန်မှာ မြောက်ဘက် ၀ါဇီရစ္စတန်မှာရှိတဲ့ တာလီဘန်တွေရဲ့ နောက်ဆုံးစခန်းကို အမြစ်ဖြုတ်ခဲ့တဲ့ တောင့်တင်းတဲ့ စစ်တပ်ရှိပါတယ်။

    ဒီကတာလီဘန်တွေဟာ ဒေသအတွင်း အစိတ်အပိုင်းအချို့ရဲ့ ထောက်ခံမှုရပေမယ့် စနစ်တကျဖွဲ့စည်းထားတဲ့ စစ်တပ်ကိုတော့ ပြန်မတိုက်နိုင်ပါဘူး။ ISIL က တော့ ဒီလိုထောက်ခံမှု မရပါဘူး”

    ref_ OnIslam

  • ဧပြီလက နစ်မြုပ်ခဲ့သည့် တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်အား ထောင် ၃၆ နှစ်ချမှတ်

    ဧပြီလက နစ်မြုပ်ခဲ့သည့် တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်အား ထောင် ၃၆ နှစ်ချမှတ်

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    141027102020-south-korea-ferry-captain-horizontal-gallery

    – ပြီးခဲ့သည့် ဧပြီလက နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယား ခရီးသည်တင် သင်္ဘော Sewol မှ သင်္ဘော ကပ္ပတိန် လီဂျွန်ဆွတ်အား တောင်ကိုရီးယား တရားရုံးမှ ထောင်ဒဏ် ၃၆ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

    အဆိုပါ သင်္ဘောနစ်မြုပ်မှုတွင် ဆယ်ကျော်သက် ကျောင်းသား အများစု အပါအ၀င် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးရခြင်း အကြောင်းအရင်းမှာ သင်္ဘောသားများ၏ လစ်လျူရှုမှုကြောင့် ဖြစ်သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    လီဂျွန်ဆွတ်နှင့်အတူ အဆိုပါ သဘောင်္၏ စက်ဆရာကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပြီး အခြား သင်္ဘောသားများအား ထောင်ဒဏ် ၅ နှစ်မှ နှစ် ၃၀ အထိ အသီးသီး ချမှတ်ခဲ့သည်။

    လီဂျွန်ဆွတ်ကမူ မိမိအနေဖြင့် သင်္ဘော နစ်မြုပ်ချိန်တွင် သင်္ဘောအား စွန့်ခွာခဲ့မှု အတွက် တောင်းပန်ကြောင်း၊ သေဆုံးသူ အရေအတွက်မှာ ထိုကဲ့သို့ များပြားမည်ကို မသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါသင်္ဘောမှာ အရှိန်ဖြင့်ကွေ့ရာမှ တိမ်းစောင်းနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ချိန်တွင် အတွေ့အကြုံမရှိသည့် လက်ထောက်ကပ္ပတိန်က သင်္ဘောအား မောင်းနှင်နေသည်။

    သေဆုံးသွားသော အလောင်းများရှာဖွေရာတွင် ၈ ဦးကျန်ရှိနေပြီး ရေငုပ်သမားများအတွက် အလွန်အန္တရာယ်ရှိသည့် အခြေအနေများ ဖြစ်လာသောကြောင့် ရှာဖွေမှုကို ပြီးခဲ့သည့် တစ်ပတ် အင်္ဂါနေ့က ရပ်နားခဲ့သည်။ သင်္ဘောဆယ်ယူမှုကိုမူ ဆက်လက် လုပ်ဆောင်နေသည်။

    ref_ Al Jazeera and agencies

  • အမေရိကန် အကျဉ်းသား ၂ ဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

    အမေရိကန် အကျဉ်းသား ၂ ဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    2014118195042204734_20
    – မြောက်ကိုရီးယားနိုင်ငံအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည့် အမေရိကန် နိုင်ငံသား ၂ ဦးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

    လွတ်မြောက်လာသူများမှာ မက်သယူးတော့ဒ်မီလာနှင့် ကန်နက်သ် ဘေးတို့ ဖြစ်ကြပြီး အမေရိကန်အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးမှာ နိုင်ငံ၏ အမြင့်ဆုံး ဦးစားပေးမှုဖြစ်ကြောင်း မိမိတို့နိုင်ငံသားများအား လွတ်မြောက်ရန်အတွက် မြောက်ကိုရီးယားကို အစဉ်တစိုက် တောင်းဆိုခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် ၎င်းတို့လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော ဆွီဒင်နိုင်ငံအား ကျေးဇူးတင်ကြောင်းနှင့် လွတ်မြောက်လာသူများအား မိသားစု၊ မိတ်ဆွေများနှင့်အတူ ကြိုဆိုသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    မီလာမှာ ပြီးခဲ့သည့် ဧပြီလက ပြုံးယမ်လေဆိပ်တွင် ၎င်း၏ ခရီးသွား ဗီဇာကို စုတ်ဖြဲကာ ခိုလှုံခွင့်တောင်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သူလျှိုမှုဖြင့် မြောက်ကိုရီးယား အစိုးရက ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

    ကိုရီးယား-အမေရိကန် နွယ်ဖွားဖြစ်သည့် ဘေးမှာ ခရစ်ယာန် သာသနာပြုအဖြစ် မြောက်ကိုရီးယားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ဆိုသော စွဲချက်ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရျသည်။

    ၎င်းတို့နှစ်ဦးမှာ မြောက်ကိုရီးယားမှ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားများထဲမှ နောက်ဆုံးလွတ်လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ခရစ် ဖိုဝဲလ်ကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့သည်။

  • အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်

    အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    Indonesian military troops stand in form
    – နိုင်ငံ၏ကာကွယ်ရေးအင်အား တောင့်တင်းစေရန်အတွက် ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်ဟု အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရာမီဇာဒ့် ရာယာကျူဒူက ပြောကြားလိုက်သည်။

    နိုင်ငံဘက်ဂျက်၏ ၀.၈ ရာခိုင်နှုန်း သုံးစွဲရာမှ ၁.၅ ရာခိုင်နှုန်းအထိ သုံးစွဲသွားမည်ဖြစ်ပြီး လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်းကို အခြားသော အာဆီယံနိုင်ငံများနှင့် တန်းတူဖြစ်စေရန်အတွက် လာမည့်နှစ်များအတွင်း ပြောင်းလဲရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရေမီဇာက ဆိုသည်။

    လက်ရှိသုံးစွဲနေသော ၀.၈ ရာခိုင်နှုန်းမှာ ကန်ဒေါ်လာ ၆.၈၁၅ ဘီလီယံရှိပြီး လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အခြားသော နိုင်ငံများအား အလွန်အမင်း မှီခိုနေရသည်။

    “လက်နက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ ကိုယ့်အားကိုယ်ကိုးဖို့ လိုပါတယ်။ တစ်ခြားတိုင်းပြည်တွေကို မှီခိုမှာ မဟုတ်ပါဘူး” ဟု ရေမီဇာဒ့်က ထည့်သွင်းပြောကြားခဲ့သည်။

    သမ္မတသစ် ဂျိုကို ၀ီဒိုဒိုကမူ ယခင်သမ္မတ ယူဒိုယိုနိုတာဝန်ယူခဲ့သည့် နိုင်ငံအတွင်း လက်နက်ပိုင်းဆိုင်ရာ ခေတ်မီအောင် ဆောင်ရွက်ခြင်းကို မိမိက ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အဓိကစိန်ခေါ်မှုများမှာ အကြမ်းဖက်ဝါဒ၊ လူကုန်ကူးခြင်း၊ ပုန်ကန်ထကြွမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုင်ဂိုဏ်မျာျးြဖစ်သည်။

     

    ref_ ဆင်ဟွာ