News @ M-Media

Tag: anti_Muslim_in_Myanmar

  • အင်္ဂပူမြို့၊ ကွင်းကောက်ရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး မှ တည်ငြိမ်မှုများရရန် ကြိုးစားဆောင်ရွက်နေ

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    သတင်း- ၀ါးပင်လေး

    Ingapu

    အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် ယခုလ ၂၂-ရက်နေ့က မတည်ငြိမ်မူများ ဖြစ်ပွားရာ ယခု မတ်လ၂၇ရက်နေ့တွင် အုပ်ချုပ်ရေးမှူးတို့မှ ထိန်းသိမ်း ကာကွယ်ခြင်းများ ပြုလုပ်ဆောင်ရွက် လာကြောင်း သတင်းရရှိသည်။

    အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင်  မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ အကြမ်းဖက်မူများ မဖြစ်ပွားစေရန် နှင့် တည်ငြိမ်အေးချမ်းစေရန် ကြိုးစား ဆောင်ရွက်ခြင်းကြောင့်  ဒေသခံ ဘာသာပေါင်းစုံ ရွာသူရွာသားအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်ရမည်ဟု မျှော်လင့်နေရ ကြောင်း သတင်းရရှိသည်။

    ထို့သို့ အခြေအနေ အရပ်ရပ် ထိန်းသိမ်းထားနိုင်ခြင်းအပေါ် ဆူပူအကြမ်းဖက်မူကို လိုလားသူများမှ အုပ်ချုပ်ရေးမှူးတို့ အာဏာပိုင်တို့အား ရွာသူရွာသား အချို့မှ လာဘ်ထိုးထားကြောင်း သွားပုပ်လေလွှင့် ပြောဆိုနေကြသူများ ရှိကြောင်း သိရသည်။

    အမှန်တကယ် ငြိမ်းအေးချမ်းသာစွာ နေထိုင်လိုသူများ၊ငြိမ်းချမ်းရေးကို မြတ်နိုးကြသူ ဒေသခံ ရွာသူရွာသားများ၏ စိုးရိမ်ထိတ်လန့်မူကို တာဝန်သိ အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်မီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မူ ပြုလုပ်နေသည်ကို မလိုလား မနှစ်သက်ကြသည့် လူတစ်စုမှ ပြောဆိုကြခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရရသည်။အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ထိုစွပ်စွဲပြောဆိုမူများ အဆက်အပြတ် ပေါ်ထွက်လာခြင်းကြောင့် တာဝန်ယူမူကို ပြန်လည် နောက်ဆုတ်သွားမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ် နေရကြောင်း စုံစမ်းသိရှိရသည်။

  • ဥက္ကံတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီးမည် ဆိုသောကြောင့် စိုးရိမ် ထိတ်လန့်နေကြ

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    Oak Kan
    ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်ဖျက်ဆီးမည်ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတင်းရရှိသည်။

    “ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်စာတွေ ပစ်ခံနေရပါတယ်။ အဲဒီအတွက် အားလုံးမှာ စိုးရိမ်နေကြတယ်။ ဥက္ကံမြို့ပေါ်က မွတ်စလင်မ် ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေကို ဘေးလွတ်ကင်းရာဘက်ကို ပို့ထားကြပြီး အမျိုးသားအများစုသာ ရှိနေကြပါတော့တယ်။ တရားပွဲပြီးမယ့် ၂၉-ရက်နေ့ကို အထူးစိုးရိမ်ပါတယ်”ဟု ဥက္ကံမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

  • နတ္တလင်းမြို့ အကြမ်းဖက်ဖျက်ဆီး လုယက်ခံရမှု နောက်ဆက်တွဲသတင်း

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    KK
    ပဲခူးတိုင်း၊ နတ္တလင်းမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များ အကြမ်းဖက်ဖျက်ဆီး လုယက်ခံရမှု နောက်ဆက်တွဲသတင်း

    Nattalin
    ပဲခူးတိုင်း ။ ။ ပဲခူးတိုင်း နတ္တလင်းမြို့တွင် ဗလီနှင့် မွတ်လင်မ်အိမ်များ အား အကြမ်းဖက်ဖျက်ဆီးခံရမှုအား မနေ့ညပိုင်းမှပင် သတင်းရရှိခဲ့ပြီးဖြစ်ပါသည်။

    ယခုထပ်မံသိရှိရသည်မှာ မနေ့ည ၁၁-နာရီခန့်မှ စတင်ဖျက်ဆီးခံရကြောင်း၊ ဗလီ(၁)လုံး၊ ဘာသာရေးစာသင်ကျောင်း(၁)ကျောင်း၊ မွတ်စလင်မ်ပိုင်ဆိုင်များဖြစ်သည့် တာပွန်လမ်းရှိ ဆန်စက်၊ အာရှကားဂိတ်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ စပီကာနှင့်ဘောက်ဆိုင်၊ ရေခဲစက်၊ ဂိုထောင်၊ အိမ်ဆိုင်(၂)ဆိုင်၊ ကြက်ဆိုင်(၂)ဆိုင်၊ စခန်မှူး(အငြိမ်းစား)အိမ်ကို ၉၆၉ အကြမ်းဖက်သမားများမှ ဖျက်ဆီးခဲ့ကြကြောင်း၊ ၎င်း အငြိမ်းစားစခန်းမှူးမှာ မွတ်စလင်မ်ဖြစ်ကြောင်း၊ ယင်း ၉၆၉ အကြမ်းဖက်သမားများသည် ကိုင်ဆောင်လာသောလက်နက်များမှာ တုတ်၊ ဓါး၊ ၁၀-ပေါင်တူ၊ အော်တိုလွှာစက်၊ လေးခွနှင့် ကားဘောစသည့် လက်နက်များကိုင်ဆောင်ထားကြပြီး မျက်နှာတွင်လည်း ပုဆိုးများဖြင့် ဖုံးကွယ်ထားပြီး မျက်နှာဖုံးများစွပ်ထားကြောင်းသိရသည်။

    ယမန်နေညက သတင်းဖတ်ရန်။ http://www.m-mediagroup.com/news/12188

  • ပဲခူးတိုင်း မင်းလှတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများ ဖျက်ဆီး

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    ဇာဏီ

    Minhal Pago

    မင်းလှမြို့ ။ ။ မင်းလှမြို့ရှိ မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ နေ့လည် ၂း၃၀ နာရီခွဲခန့်မှ စတင် ၀င်ရောက်ဖျက်ဆီးနေသည်ဟု သတင်းရရှိသည်။

    “စစ်ကွင်းမှာ ဒီနေ့ မနက်ကတည်းက တစ်ခါထပ်ပြီး ဖျက်ဆီးမှုတွေ လုပ်နေတယ်။ ဆိုင်ကယ် အစီး(၃၀)လောက်နဲ့ဝင်လာတယ်လို့ စစ်ကွင်းကပြောတယ်။ အဲဒီကနေ အခု မင်းလှကို ကူးလာနေပြီလို့ပြောတယ်။ မင်းလှမှာလည်း အားလုံးကို တပ်လှန့်နေတယ်။ စစ်တပ်နဲ့ ရဲကတော့ လှုံ့ဆော်နေတဲ့သူတွေနောက်ကို နောက်လိုက်တယ်။ အခုပြောနေတဲ့အချိန်မှာပဲ မြောက်ဘက်မြို့သစ်က အိမ်တစ်အိမ်ကို ဖျက်နေပြီ။”လို့ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

    ယခုအချိန်တွင် မင်းလှမြို့ မြောက်ဘက်မြို့သစ်၊ ၄-လမ်းမှ မွတ်စလင်မ်အိမ်တစ်အိမ်နှင့်၊ ဇေယျဝတီရပ်ကွက်မှ မွတ်စလင်မ်အိမ်တစ်အိမ် စုစုပေါင်း (၂)အိမ် ဖျက်ခံလိုက်ရပြီဖြစ်ကြောင်း၊ မင်းလှမြို့၏ နာမည်ကြီးဗလီဖြစ်သည့် တိုင်ရာကျော်ဗလီကို ဖျက်ဆီးမည်ဆိုသည်ကြောင့် လုံခြုံရေးချလိုက်ရာ ဖျက်ဆီးမည့် လူစုလူဝေးမှာ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

    မင်းလှမြို့တွင် ရှေးယခင်ကတည်းမှ ဗလီ(၃)လုံးရှိပြီး မွတ်စလင်မ်အိမ်ခြေ (၁၀၀)နီးပါး ရှိသည်ဟု သိရသည်။

    နောက်ဆုံးရရှိတဲ့ သတင်းအရ အကြမ်းဖက်သမား(၃၀၀)ကျော်လာပြီ၊ ဗလီတံခါးဖွင့်ပြီး တိုင်ရာကျော်ဗလီကိုဖျက်ဆီးနေကြကြောင်း လုံခြုံရေးလည်း မထိန်းနိုင်တော့ကြောင်းသတင်းရရှိပါသည်။

  • ထုံးဘိုမြို့တွင် အကြမ်းဖက်မည့် သတင်းကြောင့် မြို့နယ်မှူးမှ မွတ်စလင်မ်များကို ရှောင်နေရန် သတိပေး

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ကေကေ

    ပဲခူးတိုင်း၊ ထုံးဘိုမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများမှ ဖျက်မည်ဟုဆိုသောကြောင့် မွတ်စလင်မ်များကို ရှောင်နေရန် မြို့နယ်မှူးမှ သတိပေးပြောကြား

    Tonebo

    ပဲခူးတိုင်း ။ ။ ပဲခူးတိုင်း ထုံးဘိုမြို့တွင် ဗလီနှင့် မွတ်စလင်မ်များကို အဖျက်သမားများမှ လာရောက်ဖျက်ဆီးမည်ဟု သိရ၍ မွတ်စလင်မ်များမှ ရှောင်နေရန် မြို့နယ်မှူးမှ သတိပေးထားကြောင်း သတင်းရရှိသည်။

    “ထုံးဘိုမှာ ဗလီနဲ့မွတ်စလင်မ်အိမ်တွေကို လာဖျက်မယ်ဆိုတာကြောင့် မြို့နယ်မှူးက မွတ်စလင်မ်အိမ်တွေကို ရှောင်ခိုင်းထားပါတယ်။ အခုက ပြည်မှာ စစ်တပ်ချထားတာကြောင့် ပြည်မှာ ဘာမှ ဖြစ်ဖို့ မရှိဘူး။ ဒါကြောင့် နယ်ဘက်တွေကို လုပ်လာနိုင်တယ်။ ဒီအတွက်ကြောင့် မွတ်စလင်မ်အိမ်တွေကို ရှောင်ခိုင်းထားပါတယ်။”လို့ ထုံးဘိုမြို့ခံတစ်ဦးက M-Media ကို ပြောပြလာပါတယ်။

    “လုံးဝ အဓိပ္ပါယ်မရှိဘူးဗျာ။ လာဖျက်မယ်ဆိုတာ သူတို့ ကြိုပြီးသတင်းရနေပြီပဲ။ ဒါဆို လာဖျက်မယ့်သူတွေကို မဖျက်နိုင်အောင်တားလေ။ အဖျက်သမားတွေကို မတားပဲနဲ့ အပြစ်မရှိသူတွေကို ရှောင်နေခိုင်းတယ်ဆိုတာတော့ မဟုတ်သေးဘူး။”ဟု ထုံးဘိုနှင့် နီးစပ်သူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။