News @ M-Media

Tag: EPL

  • ပြိုင်ဘက်အသင်းများ၏ ငွေကြေးသုံးစွဲမှုကို မော်ရင်ဟို ဂရုမစိုက်

    ပြိုင်ဘက်အသင်းများ၏ ငွေကြေးသုံးစွဲမှုကို မော်ရင်ဟို ဂရုမစိုက်

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    mrh

    – ပြိုင်ဘက်အသင်းများက အပြောင်းအရွှေ့ဈေးကွက်တွင် ငွေကြေးအမြောက်အများ သုံးစွဲနေသည်ကို ဂရုမစိုက်ဘဲ မိမိတို့အနေဖြင့် ထိုကဲ့သို့သုံးစွဲရန် မလိုအပ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်၌ မန်ယူနှင့် မန်စီးတီးအသင်းတို့မှာ အင်တိုက်အားတိုက်ဖြင့် အပြောင်းအရွှေ့ဈေးကွက်ကို လွှမ်းမိုးထားပြီး၊ ချယ်ဆီးမှာ တိုက်စစ်မှူး ဖယ်လ်ကာအိုနှင့် ဂိုးသမား အက်စ်မီ ဘီဂိုဗစ်တို့ ၂ ဦးကိုသာ ၀ယ်ယူထားသည်။ ယခုလက်ရှိတွင် မော်ရင်ဟိုမှာ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းအား ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းထားသည်။

    မောရင်ဟိုကမူ အသင်းမှာ ငွေကြေးအမြောက်အများ သုံးစွဲရန် မလိုအပ်ဟု ယုံကြည်နေသည်။ မန်ယူ၊ မန်စီးတီးတို့နှင့်ပတ်သက်၍ မော်ရင်ဟိုက “ကျွန်တော် မဝေဖန်ပါဘူး။ ကျွန်တော်နားလည်တယ်၊ လက်ခံပါတယ်။ ကြောက်မှာတော့ မဟုတ်ပါဘူး။ တစ်ကယ်လို့ တစ်ယောက်ယောက်က ‘ဂျိုဆေး ခင်ဗျား ဒါကို ရပ်တန့်နိုင်ပါတယ်’ လို့ပြောရင် ကျွန်ကလည်း ‘အင်း’ လို့ ပြောမှာပါ။ ၀ယ်တာကြီးပဲကို ကျွန်တော် တိုက်ရိုက် မဆန့်ကျင်ပါဘူး။ သူတို့ လူမ၀ယ်တာကို ကျွန်တော် ပိုကြိုက်ပါတယ်။ ဒါပေမယ့် သူတို့ကို ကျွန်တာ် တားလို့ မရဘူးလေ။ ကျွန်တော် ဂရုမစိုက်ပါဘူး” ဟုမော်ရင်ဟိုက ပြောကြားခဲ့သည်။

    သို့သော်လည်း လာမည့်နှစ်တွင် ချန်ပီယံဘွဲ့ကို ကာကွယ်ရန်အတွက် အသင်းမှာ ပိုမိုကောင်းမွန်ရမည်ဟု ၎င်းက ၀န်ခံခဲ့သည်။ ထို့ပြင် အသင်းနှင့် ၄ နှစ်ကြာ စာချုပ်တစ်ခုကို ချက်ခြင်း လက်မှတ်ရေးထိုးသွားရန် ရှိနေပြီး လာမည့် ၅ နှစ် သို့မဟုတ် ၁၀ နှစ်အထိ အသင်း၌ ဆက်ရှိနေရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

    Ref: Goal

  • တိုက်စစ်မှူးတစ်ဦးအား အံ့သြဖွယ်ခေါ်ယူနိုင်သည်ဟု ဗန်ဂါးလ်ပြော

    တိုက်စစ်မှူးတစ်ဦးအား အံ့သြဖွယ်ခေါ်ယူနိုင်သည်ဟု ဗန်ဂါးလ်ပြော

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    man u

    – တိုက်စစ်မှူးများဖြစ်သော ၀ိန်းရူနီ၊ ဂျာဗီယာ ဟာနန်ဒက်ဇ်၊ ဂျိမ်းစ်ဝီလ်ဆင်တို့နှင့်ပတ်သက်၍ ကျေနပ်သော်လည်း တိုက်စစ်မှူးတစ်ဦးကို အံ့သြဖွယ် ခေါ်ယူနိုင်ရှိသည်ဟု မန်ယူနည်းပြ လူးဝစ် ဗန်ဂါးလ်က အရိပ်အမြွက် ပြောကြားလိုက်သည်။

    ရာသီအကြို ခြေစမ်းပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ စီယက်တဲလ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဗန်ဂါလ်းမှာ ရူနီနှင့် လူငယ်တိုက်စစ်မှူး ဂျိမ်းစ်ဝီလ်ဆင်တို့ကို ပွဲထုတ်ခဲ့သည်။

    မန်ယူမှာ တိုက်စစ်မှူးဗန်ပါစီအား တူရကီကလပ် ဖီနာဘာချီသို့ ရောင်းချခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ၊ ဘိုင်ယန်ရှေ့တန်းလူ လီဝန်ဒေါ့စကီးတို့ကဲ့သို့ တိုက်စစ်မှူးများကို ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

    ဗန်ဂါးလ်ကမူ မိမိအနေဖြင့် အသင်း၏ တိုက်စစ်အခြေအနေအတွက် စိုးရိမ်မှုမရှိဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း စက်တင်ဘာ ၁ ရက်နေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်တွင် တိုက်စစ်မှူးတစ်ဦးအား ခေါ်ယူသွားနိုင်သည်ဟု ဆိုသည်။

    “ကျွန်တ်ာတို့မှာ ရူနီရှိတယ်။ သူက တိုက်စစ်မှူးနေရာမှာ ကစားနိုင်ပါတယ်။ ဟာနန်ဒက်ဇ်လည်း ဖြစ်နိုင်တယ်၊ ၀ီလ်ဆင်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ သြအံ့စရာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းစဉ်တစ်ခုပါ။ ကျွန်တော်ဟာ ဒီနေရာနဲ့ပတ်သက်လို့ မစိုးရိမ်ပါဘူး” ဟု ဗန်ဂါလ်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်မက်ဒရစ်သို့ အငှားချထားခြင်း ခံခဲ့ရသည့် မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်မှာ အိုးထရက်ဖို့ဒ်၌ ဆက်ရှိနေမည်ဖြစ်ပြီး ဗန်ပါစီနှင့် ဖယ်လ်ကာအိုတို့ ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းတွင် ပြန်လည်ပါဝင်ခွင့်ရဖွယ် ရှိနေသည်။

    Ref: Goal

  • မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော

    မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    mu

    – လာမည့် ပရီးမီးယားလိဂ်ရာသီတွင် မိမိတို့အသင်းမှာ ပိုမိုကောင်းမွန်စွာဖြင့် စတင်ရန်လိုအပ်သည်ဟု မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် နွေရာသီတွင် မန်ယူအသင်းမှာ ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲခဲ့သော်လည်း ရာသီအစ ၁၀ ပွဲတွင် ရမှတ် ၁၃ မှတ်သာ ရရှိခဲ့ပြီး ရာသီကုန်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည်။

    ယခုနှစ်အပြောင်းအရွှေ့တွင်လည်း ဗန်ဂါးလ်မှာ ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရှဝိုင်းစတိုင်ဂါ၊ မမ်ဖစ်ဒီပေးနှင့် မော်ဂန်ရှနိုက်ဒါလင်တို့အား ခေါ်ယူခဲ့သည်။ ရွိုင်ယန်ဂစ်ကမူ အသင်းအား ရာသီအသစ်၌ အောင်မြင်စေချင်နေသည်။

    “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချယ်ဆီးအသင်းဟာ တော်တော်ဝေးဝေးသွားနိုင်တာကို ခင်ဗျား တွေ့ခဲ့မှာပါ။ ပြီးတော့ ကျွန်တ်ေတို့ရဲ့ စဉ်းစားပုံကို ပြောင်းလဲရမှာဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ ရာသီအစ အထမနှေးရအောင် လုပ်ရပါမယ်။ စိန်ခေါ်သူတွေနဲ့ ပြိုင်ဘက်တွေအားလုံးက ထက်ထက်မြက်မြက်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ရွိုင်ယန်ဂစ်က Manchester Evenig News သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဗန်းဂါးလ်က ရမှတ် ၃၀ တွင် ၁၂ မှတ်သာရခြင်းမှာ မလုံလောက်ကြောင်း ထိုကဲ့သို့ အထနှေးမှုမှာ ခက်ခဲပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် ရာသီသစ်အား စတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဂစ်က ဆိုသည်။

    “ဒီရက်တွေမှာတော့မဟုတ်ပါဘူး။ ဖာဂူဆန်အရင်က ပြောခဲ့ဖူးတာက “နောက်ပိုင်းမှ ကစားတာပေါ့လို့ မျှော်လင့်လို့ မရဘူး။ ထိပ်ဆုံးရောက်နေရမယ်၊ ရာသီအစ ပထမဆုံးပွဲကတည်းက အဆင်သင့်ဖြစ်နေရမယ်” တဲ့။ ဒါမျိုး ကျွန်တော်တို့ လုပ်ရမှာပါ”

    Ref: Goal

  • ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော

    ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော

    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media

    mu

    – ဒဏ်ရာကြောင့် ဘွန်ဒစ်လီဂါတွင် ခြေစွမ်းမပြနိုင်ခြင်းကို ကျော်လွှားနိုင်ခဲ့ပြီး မန်ယူအသင်းမှာလည်း လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ကို ဆွတ်ခူးရရှိနိုင်သည်ဟု အသင်း၏ ကွင်လယ်လူသစ် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ်ရှိ ရှဝိုင်းစတိုင်ဂါကို မန်ယူက ပြီးခဲ့သည့် သီတင်းပတ်တွင် ကမ်းလှမ်းခဲ့ပြီးနောက် ယမန်နေ့က မန်ယူနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

    ၎င်းမှာ ဒဏ်ရာပြဿနာများကြောင့် ယမန်နှစ်က ဘိုင်ယန်မြူးနစ်အသင်းတွင် ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း မိမိမှာ ဒဏ်ရာပြဿနာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါက ဆိုသည်။

    “အားလုံးအေးဆေးပါပဲ။ မန်ယူအတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ ပြီးတော့ ဒီကိုရောက်လာတာ တကယ့်ကို ပျော်ပါတယ်။ တကယ်တော့ ကမ္ဘာ့ဖလားပွဲမှာ ကျွန်တော် ခက်ခဲခဲ့ပြီး အောက်တိုဘာလကုန်လောက်အထိ ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရှဝိန်းစတိုင်ဂါက MUTV သို့ ပြောကြားခဲ့သည်။

    ထို့ပြင် နောက်ပိုင်းတွင် ဘိုင်ယန်အသင်းနှင့် အချိန်ကောင်းများရခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိမှာ ကောင်းဆုံးဖြစ်နေသည်ဟု ခံစားရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ ဆုဖလားတွေရဖို့ ဒီကိုရောက်လာခဲ့တာပါ။ ပြီးတော့ ဆုဖလားရရှိခြင်းဆိုတာ မန်ယူက အသားကျနေတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ မန်ယူဂျာစီဝတ်ပြီး ကစားဖို့ စိတ်အားထက်သန်နေပါတယ်”

    Ref : Goal

  • စတာလင်အတွက် မန်စီးတီး၏ ကမ်းလှမ်းမှု လီဗာပူးလ် သဘောတူ

    စတာလင်အတွက် မန်စီးတီး၏ ကမ်းလှမ်းမှု လီဗာပူးလ် သဘောတူ

    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media

    sterling

    – အသင်းရှိ ကွင်းလယ်လူ စတာလင်အား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် မန်စီးတီအသင်းသို့ ရောင်းချရန် လီဗာပူးလ်က သဘောတူညီခဲ့သည်ဟု သိရသည်။

    စတာလင်မှာ ယခုနှစ်နွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း အသင်းမှ ထွက်ခွာချင်သည်ဟု နည်းပြ ဘရန်ဒန်ရော်ဂျာအား အသိပေးထားသူဖြစ်သည်။

    မိမိအနေဖြင့် ခရီးမသွားချင်သည့်အတွက် လီဗာပူလ်း၏ ရာသီအကြို ခြေစမ်းခရီးတွင် မပါဝင်ချင်ဟု စောစောပိုင်းက ပြောထားသော်လည်း စတာလင်မှာ နောက်ပိုင်းတွင် ပါဝင်ခဲ့ပြီး ယမန်နေ့တွင် နှုတ်ထွက်ခဲ့သည်။

    မန်စီးတီးမှာ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး တတိယအကြိမ်ကမ်းလှမ်းမှုလည်း ဖြစ်ခဲ့ကာ ကလပ်စံချိန်တွင် ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။ စတာလင် ကျူပီအာရ်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့စဉ် ချုပ်ဆိုထားသော စာချုပ်အရ ကျူပီအာရ်မှာ
    ပြောင်းရွှေ့ကြေး၏ ၂၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

    စတာလင်၏ အေးဂျင့်ဖြစ်သူကမူ ၎င်း၏ ကစားသမားနှင့် နည်းပြတို့အကြား ယုံကြည်မှု ပျက်သုံးသွားပြီဟု ပြောကြားခဲ့သော်လည်း နည်းပြ ရော်ဂျာက မည်သည့် အဖုအထစ်မှမရှိဟုဆိုပြီး အပြောင်းအရွှေ့အတွက်လည်း အတည်ပြုခဲ့သည်။

    “အခြေအနေက သိပ်ရှင်းပါတယ်။ အသင်းဟာ ရဟီးမ် (စတာလင်) အတွက် အခြားကလပ်အသင်းတစ်ခုနဲ့ သဘောတူခဲ့ပြီး ဆေးစစ်မှုတွေ ဆက်သွားတော့မှာပါ။ ရဟီးမ်နဲ့ ကျွန်တော်ဟာ အမြဲတမ်း ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး ကျွန်တော်တို့ ခွဲခွာပြီးတဲ့အခါမှာလည်း ဒီအတိုင်းပဲ ဆက်ရှိသွားမှာပါ။ ဘာပြဿနာမှ မရှိပါဘူး” ဟု ရော်ဂျာက ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal