News @ M-Media
Tag: EPL
  • ပရီးမီးယားလိဂ် တစ်နှစ်တာအပြောင်းအရွှေ့ စံချိန်တင်
    ပရီးမီးယားလိဂ် တစ်နှစ်တာအပြောင်းအရွှေ့ စံချိန်တင်
    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media
    pml 1
    – ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ရာသီမှစ၍ ဆောင်းရာသီအပြောင်းအရွှေ့အတွင်း ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် သန်း ၉၅၀ ရှိပြီး တစ်နှစ်အတွင်း စံချိန်တင် သုံးစွဲသည့်ငွေလည်း ဖြစ်လာခဲ့သည်။
    ကမ္ဘာ့ဒုတိယအချမ်းသာဆုံး မန်ချက်စတာယူနိုက်တက်အသင်းကမူ ဒီမာရီယာ၊ ဟာရဲရား၊ လုခ်ရှောတို့အတွက် စုစုပေါင်း ပေါင် သန်း ၁၅၀ ကျော် အသုံးပြုခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းမျာ ယခုနှစ်ရာသီ အပြောင်းအရွှေ့အသုံးစားရိတ်တွင် ထိပ်ဆုံး၌ ရပ်တည်နေသည်။
    ယခုဆောင်းရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ စုစုပေါင်း အသုံးစားရိတ်မှာ ပေါင် သန်း ၁၃၀ ရှိပြီး ၂၀၁၄ ဆောင်းရာသီအပြောင်းအရွှေ့နှင့် တန်းတူရှိနေသည်။ ဆောင်းရာသီအပြောင်းအရွှေ့အသုံးစားရိတ် အမြင့်ဆုံးရာသီမှာ ၂၀၁၁ ခုနှစ်ဖြစ်ပြီး ပေါင် ၂၂၅ သန်း ရှိနေသည်။
    ဆွမ်ဆီးမှ တိုက်စစ်မှူးဘိုနီအား ပေါင် ၂၈ သန်းဖြင့် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ၂၀၁၅ ဆောင်းရာသီအပြောင်းအရွှေ့အတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်ပြီး၊ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှ ဂျူအန် ကူဒရာဒိုကို ချယ်ဆီးက ပေါင် ၂၄.၈ သန်းဖြင့် ၀ယ်ယူခြင်းမှာ ဒုတိယနေရာတွင် ရှိနေသည်။
    အသင်းကြီးများ လှုပ်ရှားခြင်းမရှိခဲ့သော်လည်း ဆောင်းရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများ သုံးစွဲငွေမှာ ပေါင် ၄၅ သန်းရှိပြီး မနှစ်ကထက် ပေါင် ၁၀ သန်းကျော် ပိုနေသည်။
    Ref:goal.com
  • ထိပ်ဆုံး ၂ သင်းသရေကျ၊ အာဆင်နယ်ဂိုးမြူးပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ အမှားမရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃
    ထိပ်ဆုံး ၂ သင်းသရေကျ၊ အာဆင်နယ်ဂိုးမြူးပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ အမှားမရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃
    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media
    pl 3
    – ဒီတစ်ပတ်ရီးမီးယာလိဂ်မှာတော့ အာဆင်နယ် ဂိုးမြူးခဲ့ပြီး မန်ယူ၊ လီဗာပူးလ်တို့လည်း အနိုင်ရခဲ့ကာ ထိပ်ဆုံးက ချယ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲမှာတော့ သရေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
    စနေနေ့က အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်တို့ ကစားပုံကောင်းခဲ့ပြီး စတာလင်နဲ့ စတားရစ်ခ်ျတို့ရဲ့သွင်းဂိုးတွေနဲ့ ၀က်စ်ဟမ်းကို အနိုင်ရခဲ့ပါတယ်။ ဒဏ်ရာကြောင့် သြဂုတ်လထဲက အနားယူနေရတဲ့ စတားရစ်ခ်ျတစ်ယောက် ပထမဆုံးကစားနိုင်တဲ့ပွဲမှာ ဂိုးသွင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်တို့ ဒီထက်ဂိုးပိုရမယ့်အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၂ ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ လိဂ်ဖလားမှာ ချယ်ဆီးကိုရှုံးပြီးထွက်ခဲ့ရတဲ့ လီဗာပူးလ်တို့ ဒီပွဲအနိုင်ဟာ ဖြေသိမ့်စရာလည်း ဖြစ်ခဲ့ပါတယ်။ ၀က်စ်ဟမ်းနည်းပြ ဆမ်အလာဒိုက်စ်ကတော့ အသင်းမှာ ဒဏ်ရာရကစားသမားတွေ များနေတာကြောင့် ရလဒ်မကောင်းခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    မန်ယူက ပထမအကျော့ အဝေးကွင်းမှာ ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးထာတဲ့ လက်စတာကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ ကစားပုံ သိပ်မကောင်းခဲ့ပါဘူး။ လက်စတာကလည်း မန်ယူနောက်တန်းကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်းမရှိတာကြောင့် မန်ယူတို့ သက်သာရာရခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကိုတော့ ၂၇ မိနစ်မှာ ဗန်ပါစီနဲ့ ၃၂ မိနစ်မှာ ဖယ်လ်ကာအိုတို့က သွင်းပေးခဲ့ပြီး ၄၄ မိနစ်မှာ လက်စတာက ၀က်စ်မော်ဂန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၁ ဂိုး ထပ်ရခဲ့ပါတယ်။ လက်စတာအတွက် နှစ်သိမ့်ဂိုးကိုတော့ မိနစ် ၈၀ မှာ ၀ါစီလ်ဝက်စ်ကီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒီတစ်ပတ်ရဲ့ Match of the Week ဖြစ်တဲ့ ချယ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ပွဲမှာတော့ ၁ ဂိုးစီ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာကစားပေမယ့် ပယ်လီဂရီနီရဲ့ မန်စီးတီးတို့ကသာ အသာစီးရခဲ့တာပါ။ အားထားရတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တာကလည်း ချယ်ဆီးအတွက် အားနည်းချက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးကို ၄၁ မိနစ်မှာ အိမ်ရှင်တို့စရခဲ့ပြီး လိုအစ်ရီမီက သွင်းပေးခဲ့ပါတယ်။ ၄ မိနစ်အကြာမှာပဲ မန်စီးတီးတို့ချေပဂိုးရပြီး ဒေးဗစ်ဆေးလ်းဗားကသွင်းပေးခဲ့တာပါ။ နောက်ပိုင်းမှာ မန်စီးတီးတို့ အပိုင်ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ထိပ်ဆုံးက ချယ်ဆီးနဲ့ အမှတ်ကွာဟမှု လျှော့ချနိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
    အာဆင်နယ်ကတော့ ကွင်းလယ်လူအိုဇေးလ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ သက်တောင့်သက်သာကစားခဲ့ပြီး ၅ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
    ခရစ္စတယ်ပဲလေ့စ်ကတော့ နည်းပြသစ် ပါဂျူးရဲ့လက်ထက်မှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့ပြီး၊ နယူးကာဆယ်ကလည်း အဝေးကွင်းမှာ ဟားလ်စီးတီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဇယားအောက်ခြေက အသင်းတွေထဲမှာတော့ ဒီတစ်ပတ် တစ်သင်းမှ အနိုင်မရခဲ့ပါဘူး။
    ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဟားလ်စီး ၀-၃ နယူးကာဆယ်
    ခရစ္စတယ်ပဲလေ့စ် ၀-၁ အဲဗာတန်
    လီဗာပူးလ် ၂-၀ ၀က်စ်ဟမ်း
    မန်ယူ ၃-၁ လက်စတာ
    စတုတ် ၃-၁ ကျူပီအာ
    ဆန်းဒါးလန်း ၂-၀ ဘန်လေ
    ချယ်ဆီး ၁-၁ မန်စီးတီး
    အာဆင်နယ် ၅-၀ အက်စတွန်ဗီလာ
    ဆောက်သက်တမ် ၀-၁ ဆွမ်ဆီး
  • အာဆင်နယ်မှာ အဓိကဖလားတစ်လုံး ရနိုင်မည်ဟု နောက်ခံလူ ဂစ်ဘ်ပြော
    အာဆင်နယ်မှာ အဓိကဖလားတစ်လုံး ရနိုင်မည်ဟု နောက်ခံလူ ဂစ်ဘ်ပြော
    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media
    ars
    – ရာသီအစက ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လည်တည်ငြိမ်လာသည့် မိမိတို့အသင်းမှာ ယခုနှစ်တွင် အဓိကဖလားတစ်လုံးကို ရယူနိုင်မည်ဟု အာဆင်နယ်နောက်ခံလူ ကီရန် ဂစ်ဘ်က ပြောကြားလိုက်သည်။
    နောက်ဆုံးကစားသော ပရီးမီးယားလိဂ် ၇ ပွဲတွင် ၁ ပွဲသာရှုံးခဲ့သည့် အာဆင်နယ်မှာ ယခုလက်ရှိတွင် အဆင့် ၅ နေရာ၌ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည့် အဆင့် ၄ နေရာနှင့် ၁ မှတ်သာကွာနေသည်။ ထို့ပြင် FA ဖလား ပဉ္စမအဆင့်သို့ရောက်နေကာ၊ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်နေသည်။
    ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းပြနေသည့် ဂစ်ဘ်ကမူ မိမိတို့မှာ ဖလားရရှိရေး မျှော်လင့်ချက်ရှိနေပြီး ပရီးမီးယားလိဂ်ကိုပင် မျက်စောင်းထိုးနေသည်။
    `ပြီးခဲ့တဲ့ရာသီကိုကြည့်လိုက်ရန် အချိန်အများစုမှာ ကျွန်တော်တို့က ဇယားထိပ်ဆုံးမှာ ရှိခဲ့တာပါ။ ဒါပေမယ့် အဆုံးမှာတော့ မှေးမှိန်ခဲ့ရပါတယ်။ အခုကျွန်တော်တို့မှာ ဒီလိုပုံစံဖြစ်ဖို့ အခွင့်အရေးရှိနေပြီး ဘယ်နေရာမှာဆုံးမလဲဆိုတာကို ကျွန်တော်တို့ မြင်နေပါတယ်´ ဟု ဂစ်ဘ်က The Mirror သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ကစားရမည့်ပွဲများရှိနေပြီး မိမိတို့အနေဖြင့် အောင်ပွဲရအောင် ကြိးစားသွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်းကလည်း အလှည့်အပြောင်းဖြစ်သွားနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: goal.com
  • ဂျရတ်မှာ တစ်နေ့တွင် လီဗာပူးလ်နည်းပြဖြစ်လာမည်ဟု စတားရစ်ခ်ျဆို
    ဂျရတ်မှာ တစ်နေ့တွင် လီဗာပူးလ်နည်းပြဖြစ်လာမည်ဟု စတားရစ်ခ်ျဆို
    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media
    grd
    – လာမည့်ရာသီတွင် အမေရိကန်မေဂျာလိဂ်ကလပ် LA Glaxy အသင်းသို့ ပြောင်းရွှေ့တော့မည့် ဂျရတ်အနေဖြင့် လီဗာပူးလ်အသင်းသို့ တစ်နေ့တွင် နည်းပြအဖြစ်ပြန်လာမည်ဟု ယုံကြည်ကြောင်း အသင်းဖော် ဒန်နီယဲလ် စတားရစ်ခ်ျက ပြောကြားလိုက်သည်။
    ဂျရတ်၏ လက်ရှိသက်တမ်းမှာ လာမည့် ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးရန် လီဗာပူးလ်က ကမ်းလှမ်းခဲ့သော်လည်း ဂျရတ်က ပယ်ချခဲ့သည်။ စတားရစ်ခ်ျကမူ ဂျရတ်အနေဖြင့် လီဗာပူးလ်က ထွက်ခွာမည်ဆိုခြင်းနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိပြီး တစ်နေ့တွင် အသင်းသို့ နည်းပြအဖြစ် ပြန်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
    `လီဗာပူလ်းနဲ့ နိုင်ငံအတွက် သူစွမ်းဆောင်းပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူး။ သူဟာ ကျွန်တော့်အတွက် လေးစားအားကျစရာ ကစားသမားပါ။ ကျွန်တော်သူ့ကိုကြည့်ပြီး ကျွန်တော်ပိုကောင်းလာတာဖြစ်ပြီး အသင်းက ကျန်တဲ့ကစားသမားတွေလည်း ဒီလိုပဲလို့ ကျွန်တော်ထင်ပါတယ်´ ဟု စတားရစ်ခ်ျက ပြောကြားခဲ့သည်။
    စတားရစ်ခ်ျမှာ ပြီးခဲ့သည့် သြဂုတ်လကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး မနက်ဖြန်တွင်ကစားမည့် ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိနေသည်။
    စတားရစ်ခ်ျကမူ အသင်းတွင်ပါဝင်ကစားရန်အတွက် စိတ်အားထက်သန်နေပြီး မစောင့်နိုင်တော့ကြောင်း ထိုကဲ့သို့ အနားယူနေရခြင်းမှာ မိမိ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်ခဲ့ပြီး မိမိအနေဖြင့် တိုးတက်လာပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    Ref: goal.com
  • ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအား FA က တရားစွဲ
    ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအား FA က တရားစွဲ
    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media
    dcs
    – အင်္ဂါနေ့က ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လိဂ်ဖလား ဒုတိအကျော့ပွဲစဉ်တွင် လီဗာပူးလ်နောက်ခံလူ အမ်ရီကန်၏ ခြေထောက်ကို တက်နင်းခဲ့သည့် ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအား FA က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သည့် အဆိုပါပွဲ၏ ပွဲအစ ၁၂ မိနစ်မှာပင် ဘေးစည်းနား၌ အမ်ရီကန်က ကော်စတာထံမှာ ဘောလုံးရယူရန် ကြိုးစားရာတွင် ကော်စတာက သိသိသာသာပင် ခြေထောက်အား တက်နင်းခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း ကွင်းလယ်ဒိုင်က ထိုအဖြစ်အပျက်အား မမြင်ခဲ့သောကြောင့် ပွဲအတွင်း အရေးယူမှုများ မပြုလုပ်နိုင်ခဲ့သော်လည်း FA က ဗီဒီယိုကို ပြန်လည်ကြည့်ရှုပြီးနောက်ပိုင်း ထိုကဲ့သို့ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    `ဒီယေဂိုကော်စတာရဲ့ ကြမ်းတမ်းတဲ့ အပြုအမူအတွက် FA က တရားစွဲဆိုခဲ့ပါတယ်။ ကွင်းအတွင်းမှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို တာဝန်ရှိသူတွေက မမြင်ခဲ့ပေမယ့် ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ဒီတရားစွဲဆိုမှုဟာ ယမန်နေ့ (အင်္ဂါနေ့)ညက စတမ်းဖို့ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့ ပထမပိုင်း ၁၂ မိနစ်မှာ ချယ်ဆီးရှေ့တန်းကစားသမားနဲ့ လီဗာပူးလ်က အမ်ရီကန်တို့အကြား ဖြစ်ပွားတဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်နေပါတယ်´ ဟု FA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    ဒီယေဂိုကော်စတာအနေဖြင့် ထိုတရားစွဲဆိုမှုကို အင်္ဂလန်စံတော်ချိန် ဇန်န၀ါရီ ၂၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ တုံ့ပြန်ရမည်ဖြစ်သည်။
    ကော်စတာမှာ ထိုပွဲ၏ဒုတိယပိုင်းတွင် လီဗာပူးလ်နောက်ခံလူ စကာတဲလ်ကိုလည်း ထိုကဲ့သို့ ကျူးလွန်ခဲ့ပြီး ထိုဖြစ်ရပ်ကိုလည်း ဒိုင်လူကြီးက မမြင်ခဲ့ပေ။ FA ကမူ ထိုကိစ္စနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိချေ။
    Ref: goal.com