News @ M-Media
Tag: India
  • အိန္ဒိယတွင် အအေးလွန်ကဲမှုကြောင့် ၂၄ နာရီအတွင်း လူ ၆ ဦး သေဆုံး
    အိန္ဒိယတွင် အအေးလွန်ကဲမှုကြောင့် ၂၄ နာရီအတွင်း လူ ၆ ဦး သေဆုံး
    ဒီဇင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    6-killed-by-cold-weather-in-north-india-1418110551-2546
    – နိုင်ငံမြောက်ပိုင်းရှိ အူတာ ပရာဒက်ရှ်ပြည်နယ်တွင် အအေးလွန်ကဲမှုကြောင့် တင်္လာနေ့မှ အင်္ဂါနေ့အတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့သည်ဟု အိန္ဒိယ ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    သေဆုံးသူများမှာ ပြည်နယ်အရှေ့ပိုင်း ပူရ်ဗန်ချယ်လ်ခရိုင်မှဖြစ်ပြီး သေဆုံးခဲ့ရသည့် အခြေအနေများကို တိတိကျကျ ဖော်ပြထားခြင်းမရှိချေ။ အဆိုပါ ခရိုင်တွင် ယခုတစ်ပတ်အတွင်းမှ စတင်ကာ အလွန်အေးလာခဲ့ပြီး ဆီးနှင်းများလည်း ထူထပ်စွာ ကျနေခဲ့သည်။
    ထိုကဲ့သို့ ဆိုးရွားသည့် ရာသီဥတုကြောင့် ပြည်နယ်တစ်ဝှမ်းကျောင်းများကိုလည်း အချိန်ရွှေ့ထားရပြီး၊ မြင်နိုင်စွမ်းကျဆင်းမှုကြောင့် ကားလမ်းများလည်း ပိတ်ထားရကာ ရထားခရီးစဉ်များကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။
    အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသမှာ နှစ်စဉ် ဆောင်းရာသီရောက်ချိန်၌ အအေးဒဏ်ကို ဆိုးရွားစွာ ခံစားရပြီး တစ်ခါတစ်ရံတွင် သာမန်မဟုတ်သော ရာသီဥတုအခြေအနေမျိုးရှိသော ဒေသဖြစ်သည်။
    ဆင်ဟွာ
  • ခွဲစိတ် ကုသမှု မသန့်ရှင်းသောကြောင့်  အိန္ဒိယတွင် မျက်စိဝေဒနာရှင်များ အမြင် အာရုံဆုံးရှုံး
    ခွဲစိတ် ကုသမှု မသန့်ရှင်းသောကြောင့် အိန္ဒိယတွင် မျက်စိဝေဒနာရှင်များ အမြင် အာရုံဆုံးရှုံး
    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    India A Forgotten People
    – အိန္ဒိယတွင် တိမ်စွဲနေသည့် မျက်စိဝေဒနရှင်များကို အန်ဂျီအိုအဖွဲ့တစ်ဖွဲ့မှ ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရာ မသန့်ရှင်းသည့် အခြေအနေများကြောင့် ထိုအထဲမှ အနည်းဆုံး ၁၅ ဦးမှာ အမြင်အာရုံ ဆုံးရှုံးခဲ့သည်ဟု သိရသည်။
    ပန်ဂျပ်ပြည်နယ် ဂါဒက်စ်ပူရ်း ခရိုင်ရှိ အန်ဂျီအိုအဖွဲ့ ဂုရုနာနက်မှ ဦးဆောင်ကာ ယမေန်နေ့က အဆိုပါ ခွဲစိတ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျက်စိဝေဒနာရှင် ၆၂ ဦး ခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    အစိုးရ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ရာဂျစ်ဗ်က The Indian Express သတင်းစာသို့ ပြောကြားရာတွင် အဆိုပါခွဲစိတ်ကုသမှုကို ဆောင်ရွက်ရာ၌ လိုအပ်သော သန့်ရှင်းမှု အခြေအနေမျိုး မရှိခဲ့ဟု ဆိုသည်။
    အဆိုပါ အန်ဂျီအိုအဖွဲ့မှာ ပြီးခဲ့သည့်လမှစတင်ကာ ပန်ဂျပ်ပြည်နယ်တွင် မျက်စိခွဲစိတ်ကုသရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    ယမန်နေ့က ခွဲစိတ်ကုသမှုအတွင်း အမြင်အာရုံဆုံးရှုံးခဲ့သူများမှာ အဆိုပါ ဂုရုနာနက်အဖွဲ့နှင့် ခွဲစိတ်ကုသမှုတွင် ပါဝင်ခဲ့သူ ဆရာဝန်များကို တရားစွဲဆိုထားသည်။
    အိန္ဒိယတွင် ခွဲစိတ်ကုမှုများပြုလုပ်ရာ၌ ပစ္စည်းကိရိယာမပြည့်စုံခြင်း၊ လိုအပ်သော ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုများကို စံချိန်မီအောင် မပြုလုပ်ခြင်းတို့ကြောင့် မတော်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
    ပြီးခဲ့သည့်လကလည်း ချက်တစ်ဂါ့သ်ပြည်နယ်တွင် အမျိုးသမီး ၈၃ ဦအား ဗိုက်ခွဲ၍ သားကြောဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦး သေဆုံးခဲ့သည်။
     Al Jazeera and agencies
  • ဓာတုစွန့်ပစ် ပစ္စည်းကြောင့် အိန္ဒိယတွင် လူ ၃၀၀ ကျော် အဆိပ်သင့်
    ဓာတုစွန့်ပစ် ပစ္စည်းကြောင့် အိန္ဒိယတွင် လူ ၃၀၀ ကျော် အဆိပ်သင့်
    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    ulhasnagar_chemical_leak_650
    – အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးရှိ ရေနှုတ်မြောင်းအတွင်း စွန့်ပစ်ခဲ့သော ဓာတုစွန့်ပစ် ပစ္စည်းများကြောင့် လူ ၃၀၀ ကျော်မှာ အဆိပ်သင့်ကာ ဆေးကုသမှုခံယူခဲ့ရသည်ဟု သိရသည်။
    သိမ်းခရိုင်ရှိ ရေနှုတ်မြောင်အတွင်းတွင် လောင်စာတင်ကားတစ်စီးမှ ဓာတုစွန့်ပစ်ပစ္စည်းများကို ယမန်နေ့က စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများမှာ နေထိုင် မကောင်းခြင်း၊ အော့အန်ခြင်း၊ အသက်ရှုရခက်ခြင်း စသည်ဝေဒနာများကို ခံစားခဲ့ရကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် လူ ၅၀ ခန့်ကို ယနေ့တွင် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။
    ရဲတပ်ဖွဲ့ကမူ ရေနှုတ်မြောင်းအတွင်းရှိ အဆိုပါ စွန်ပစ် ပစ္စည်းများ၏ နမူနာကိုယူကာ မည်သည့် ဓာတုစွန့်ပစ် ပစ္စည်းဖြစ်သည်ကို စမ်းသပ်နေပြီး ဓာတု စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခဲ့သည့် လောင်စာတင် ကား၏ ပိုင်ရှင်ကို သိရှိရန် စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေသည်။
    စက်မှုလုပ်ငန်းများ၏ လုံခြုံရေးနှင့် ထိုမတော်တဆမှုများကို လုံလောက်သော စောင့်ကြည့်လေ့လာမှုများ အားနည်းသောကြောင့် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများမှာ အိန္ဒိယတွင် အမြဲလိုလို ဖြစ်ပွားနေသည်။
    ဆင်ဟွာ
  • ဘာသာရေးခေါင်းဆောင် ရသေ့ ကို လူသတ်မှုဖြင့်  ဝင်ဖမ်းရာ နောက်ထပ် အလောင်းများ ထပ်တွေ့
    ဘာသာရေးခေါင်းဆောင် ရသေ့ ကို လူသတ်မှုဖြင့် ဝင်ဖမ်းရာ နောက်ထပ် အလောင်းများ ထပ်တွေ့
    နိုဝင်ဘာ ၂၁ ၊ ၂၀၁၄
    M-Media
    _79142356_79142351
    – အိန္ဒိယနိုင်ငံတွင် လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဘာသာရေးခေါင်းဆောင် ရသေ့တစ်ပါးအား ၎င်း၏တရားကျင့်ရာနေရာသို့ ၀င်ရောက်ဖမ်းဆီးရာ အမျိုးသမီး ၄ ဦးနှင့် ကလေးငယ်တစ်ဦး၏ အလောင်းများအား တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    အဆိုပါ ရသေ့မှာ အသက် ၆၃ နှစ်အရွယ်ရှိ ဆန့် ရမ်ပဲလ်ဆိုသူဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူ တစ်ယောက်ဖြစ်သည်။ ၎င်းအား နိုဝင်ဘာ ၁၇ ရက်နေ့  ရုံးချိန်းလာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသောကြောင့် ရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်း ဟာယနပြည်နယ် ဟီဆာရ်ခရိုင်ရှိ ၎င်းတရားကျင့်ရာနေရာသို့ အောက်တိုဘာ ၁၈ ရက်နေ့က ၀င်ရောက်စီးနင်းခဲ့သည်။
    ၁၂ ဧက ကျယ်ဝန်းသည့် အဆိုပါ တရားကျင့်ရာ နေရာကို ရမ်ပဲလ်၏နောက်လိုက် ထောင်ပေါင်းများစွာက စောင့်ကြပ်ထားပြီး အချို့တွင် လက်နက်များကိုင်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    2014111993628676734_20
    ရမ်ပဲလ်မှာ ထိုနေရာတွင်ရှိနေမည်ဟု ယုံကြည်ရပြီး ရဲတပ်ဖွဲ့များ ၀င်ရောက်စီးနင်းစဉ် ရမ်ပဲလ်၏ နောက်လိုက်များက ကျောက်ခဲများ၊ ဓာတ်ဆီဗုံးများနှင့် အခြားသောလက်နက်များဖြင့် ခုခံတိုက်ခိုက်ခဲ့ကြသောကြောင့် ရဲတပ်ဖွဲ့က ရေပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် နံပါတ်တုတ်များ အသုံးပြုခဲ့ရသည်။ သို့သော်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လည်ပိုင်းအထိ ထိုနေရာအား အပြီးတိုင် စီးနင်းနိုင်ခြင်းမရှိသေးပေ။
    သေဆုံးသူအမျိုးသမီးများမှာ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့သည်ကို သိရှိရခြင်းမရှိသေးပဲ အလောင်းများကို စစ်ဆေးနေရာ အသက် ၁၈ လအရွယ် ကလေးငယ်မှာ ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်းဖြစ်မည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
    ထိုသို့ ၀င်ရောက်စီးနင်းစဉ်အတွင်း ထိုနေရာမှ လူအများအပြား ထွက်လာသည်ကိုလည်း တွေ့ရှိခဲ့ရပြီး ထိုသူများက မိမိတို့မှာ ကိုယ်ပိုင်ဆန္ဒနှင့်ဆန့်ကျင်ကာ ထိုနေရာတွင် နေထိုင်နေရသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်းက ရမ်ပဲလ်အား ကိုးကွယ်သူအုပ်စုနှင့် အခြားအုပ်စုတို့အကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရမ်ပဲလ်နှင့် အခြား ၃၈ ဦးမှာ လူသတ်မှုနှင့် အခြားသောပြစ်မှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။
ုသို့သော်လည်း ၎င်း၏ နောက်လိုက်များက တရားရုံးအတွင်းသို့ ၀င်ရောက်ကာ ရှေ့နေများအား ခြိမ်းခြောက်ခဲ့သောကြောင့် အမှုအား ရပ်ဆိုင်းခဲ့ရသည်။ ၂၀၁၀ ခုနှစ်တွင်လည်း ရမ်ပဲလ်အား တရားရုံးက ၄၃ ကြိမ်ဆင့်ခေါ်ခဲ့ရာ ၎င်းက သွားရောက်ခဲ့ခြင်းမရှိချေ။
    ref_Agencies
  • အိန္ဒိယ ကလေးများတွင် ဆီးချိုရောဂါ ဖြစ်ပွားမှု မြင့်တက်လာ
    အိန္ဒိယ ကလေးများတွင် ဆီးချိုရောဂါ ဖြစ်ပွားမှု မြင့်တက်လာ
    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    india-diabetes-day
    – အိန္ဒိယနိုင်ငံရှိ ကလေးငယ်များတွင် ဆီးချိုရောဂါဖြစ်ပွားမှုမှာ မြင့်တက်လာခဲ့ပြီး ထိုအရာက ဆိုးရွားသော ကျန်းမာရေး ပြဿနာဖြစ်လာပြီဟု ဆီးချိုရောဂါနှင့် ပတ်သက်၍ သုတေသနပြုလုပ်နေသော အမေရိကန်အခြေစိုက် JDRF အဖွဲ့က ပြောကြားလိုက်သည်။
    JDRF အဖွဲ့မှ လေ့လာမှုများအရ ဆီးချိုးရောဂါဖြစ်ပွားသည့် ကလေးငယ် အရေအတွက်မှာ အိန္ဒိယတွင် ၁ သန်းနီးပါး ရှိလာပြီး အသက် ၁၀ နှစ်အရွယ်ရှိ ကလေးများတွင်ပင် ဆီးချိုရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ ကလေးများ၏ ၉၀ ရာခိုင်နှုန်းမှာ အဖြစ်နည်းသော Type-1 ဆီးချိုးရောဂါ ဖြစ်ပွားနေပြီး၊ Type 2 ဆီးချိုရောဂါ ဖြစ်ပွားသော ကလေးငယ်ဦးရေမှာ ၄၀၀၀၀ ခန့် ရှိနေသည်။
    အိန္ဒိယ ဆီချိုးရောဂါ ဖောင်ဒေးရှင်းကမူ အိန္ဒိယတွင် ဆီးချိုးရောဂါဖြစ်ပွားသူ ဦးရေမှာ ၂၀၂၅ ခုနှစ်တွင် သန်း ၈၀ ခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ထိုကဲ့သို့ဖြစ်လာပါက အိန္ဒိယမှာ ကမ္ဘာ့ဆီးချိုရောဂါသည်အများဆုံး နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
    ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကမူ Type-1 ဆီးချိုရောဂါမှာ ကလေးများတွင် ဖြစ်ပွားမှုနှုန်းမြန်ဆန်ပြီး လူကြီးများတွင် ကုသခြင်းထက် ပိုမိုခက်ခဲသည်ဟုဆိုသည်။
    အိန္ဓိယအစိုးရကမူ ဆီးချိုရောဂါ အန္တရာယ်အား ရှောင်လွှဲရန်အတွက် အစီအစဉ်များစွာကို ပြုလုပ်ဆောင်ရွက်နေသော်လည်း ရောဂါစစ်ဆေးခြင်းနှင့် အချိန်မီကုသခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
    ref_ CNA/ec