News @ M-Media

Tag: India

  • အိန္ဒိယရှိ  ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    အိန္ဒိယရှိ ဆေးရုံတခုတွင် သားကြောဖြတ်ရာမှ အမျိုးသမီး ၈ ဦး တစ်ရက်ထဲမှာ သေဆုံးခဲ့

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media

    India Sterilization Deaths
    ဝမ်းနည်းပူဆွေးနေသည့် ဆွေမျိုးသားချင်းများ

    – အိန္ဒိယရှိ အစိုးရဆေးရုံတစ်ခုတွင် အမျိုးသမီး ၈၀ ကျော်ကို သားကြောဖြတ်ရာမှ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး အများစုမှာလည်း စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အိန္ဒိယအလယ်ပိုင်း ချတ်တစ်ဂါပြည်နယ် ဘီလက်စ်ပူးရ်မြို့ရှိ ဆေးရုံတစ်ရုံတွင် စနေနေ့က အမျိုးသမီး ၈၄ ဦးကို သားကြောဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးများမှ အချို့မှာ ယမန်နေ့က သွေးပေါင်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှုပိုင်းဆိုင်ရာ ပြဿနာဖြစ်ခြင်း စသည့် ဝေဒနားများကို ခံစားခဲ့ရကာ ထိုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

    အိန္ဒိယ ရုပ်သံ NDTV ကမူ အဆိုပါ အမျိုးသမီး ၈၄ ဦးအား ဆရာဝန်များက ၅ နာရီအတွင်း သားကြောဖြတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ဘီလက်စ်ပူးရ် ခရိုင်၏ ကော်မရှင်နာဖြစ်သူ ဆန်မာနီ ဘိုရဟ်ကမူ ထိုအမျိုးသမီးများထဲမှ ၆၄ ဦးမှာ ရောဂါဝေဒနာများကြောင့် အခြားသော ဆေးရုံများတွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဆေးရုံးမှ သားကြောဖြတ်ပေးခဲ့သည့် ဆရာဝန်သုံးဦးကို အစိုးရက တာဝန်မှ ရပ်စဲလိုက်ပြီး သေဆုံးသွားသူများ၏ မိသားစုများကို နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၃၃၀၀၀ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဆင်းရဲမွဲတေမှုနှုန်းမြင့်မားသည့် အိန္ဒိယတွင် လူဦးရေ တိုးပွားလာမှုအား ထိန်းချုပ်ရန် အတွက် တရားဝင်သားကြောဖြတ်ခွင့်ကို အစိုးရးဆေးရုံများ တွင် ပြုလုပ်ခွင့်ပေးထားသည်။

    ref_ Al Jazeera and agencies

  • အိန္ဒိယတွင် သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူကို အဖေမှ ထမင်းဖိတ်ကျွေးပြီး လက်စားချေ  သတ်ဖြတ်

    အိန္ဒိယတွင် သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူကို အဖေမှ ထမင်းဖိတ်ကျွေးပြီး လက်စားချေ သတ်ဖြတ်

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    Father_cooked_dinner_for_his_daughter_s_rapist_before_torturing_and_killing_him_-_Asia_-_World_-_The_Independent_-_2014-11-06_16.47.02
    – သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူအား ညစာ ဖိတ်ကျွေးပြီး သတ်ဖြတ်လက်စားချေခဲ့သည့် အမျိုးသား တစ်ဦးကို ဒေလီရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၅၀ ကျော် အရွယ် အမျိုးသားက ရဲစခန်းသို့ သွားရောက် ၀န်ခံခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးက အဓမ္မပြု ကျင့်ခဲ့ခြင်းကို မကျေနပ်သောကြောင့် အဓမ္မပြုကျင့်သူ၏ လိင်အင်္ဂါကို မီးဖြင့်ရှို့ခြင်း စသဖြင့် နှိပ်စက်ညှင်းပန်းကာ မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည့်ကို ဖြောင့်ချက်ပေးခဲ့သည်။

    အဓမ္မကျင့်ခံရမှုမှာ ၁၄ နှစ်အရွယ် သမီးဖြစ်သူ အိမ်တွင် တစ်ယောက်တည်းရှိနေချိန် လွန်ခဲ့သည့် ၂ လ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်သူက ထိုကိစ္စအား မည်သူ့ကိုမှ မပြောရန်နှင့် ပြောခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်သွားမည်ဟု အဆိုပါ မိန်းကလေးအား ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

    သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရကြောင်းကို ကိုယ်ဝန်ရှိသည့်အခါမှ သိရကြောင်း၊ ထိုပြဿနာကြောင့် သမီးဖြစ်သူတွင် ပျော်ရွှင်မှုလည်း ပျောက်ဆုံးကာ အစားသောက်များလည်း စားသောက်ခြင်း မရှိတော့ကြောင်း မိခင်ဖြစ်သူက ထည့်သွင်းပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ဥပဒေရေး အကြောင်းများကြောင့် ပြစ်မှုကျူးလွန်သူ၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ အသတ်ခံရသူ၏ အလောင်းအား ဆေးရုံသို့ ယူဆောင်ကာ စစ်ဆးမှုများ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ref_ Independent

  • ဂိုးသွင်းပြီးနောက် ကျွမ်းထိုး အောင်ပွဲခံရာမှ ပြုတ်ကျပြီး အိန္ဒိယ ဘောလုံးသမား တစ်ဦး သေဆုံး

    ဂိုးသွင်းပြီးနောက် ကျွမ်းထိုး အောင်ပွဲခံရာမှ ပြုတ်ကျပြီး အိန္ဒိယ ဘောလုံးသမား တစ်ဦး သေဆုံး

    အောက်တိုဘာ ၂၁ ၊ ၂၀၁၄
    M-Media
    PETER-FOOTBALL2
    – အိန္ဒိယ ဘောလုံးကလပ်အသင်းတစ်ခုမှ ကစားသမားတစ်ဦးမှာ ဂိုးသွင်းပြီးနောက် ကျွမ်းထိုးအောင်ပွဲခံရာမှ သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့က မီဇိုရမ်ပရီးမီယားလိဂ် MPL တတိယတန်းပွဲစဉ်အဖြစ် Chanmari West FC အသင်းနှင့် Vengthlang FC တို့ ကစားခဲ့ရာ Bethlehem အသင်းမှ  အသက် ၂၃ နှစ်အရွယ် အလယ်တန်းကစားသမား Peter Biaksangzuala မှာ ချေပဂိုးသွင်းပြီးနောက် အောင်ပွဲခံရာ၌ ကျွမ်းထိုးခဲ့ပြီး ပြန်အကျတွင် သတိလစ်သွားခဲ့သည်။

    ထို့နောက် မီဇိုရမ်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သော်လည်း ကျောရိုးရှိ နာဗ့်ကြောမကြီးကို ဆိုးရွားစွာ ထိခိုက်သွားသည့် Peter မှာ ပြန်လည်သက်သာခြင်းမရှိဘဲ တနင်္ဂနွေနေ့တွင် သေဆုံးသွားခဲ့သည်။

    “ဒီအဖြစ်အပျက်အတွက် ကျွန်တော်တို့တုန်လှုပ်ခဲ့ပါတယ်။ မီဇိုရမ် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သလောက်ဆောင်ရွက်ခဲ့ပေမယ့် သူ့ရဲ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး” ဟု MFA အတွင်းရေးမှူး Lalnghinglova Hmar က ပြောကြားခဲ့သည်။

    ဆေးရုံသို့ရောက်ရှိခဲ့ပြီးနောက် ပီတာမှာ သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေပြီး စကားအနည်းငယ်သာပြောနိုင်ကြောင်း၊ ဒေလီသို့ခေါ်ဆောင်၍ ဆေးကုသရန် စီစဉ်ခဲ့သော်လည်း Peter ၏ အခြေအနေက အလွန်ဆိုးရွားနေသောကြောင့် မခေါ်သွားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Bethlehem အသင်းကမူ Peter အား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းဝတ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၂၁ ဂျာစီအား လုံးဝ အနားပေးလိုက်သည်ဟု ကြေညာခဲ့သည်။

  • အိန္ဒိယတွင် မုဒိမ်းကျင့်ရန် ကြံစည်သူအား ဒေသခံများက လိင်အင်္ဂါ ဖြတ်ပစ်

    အိန္ဒိယတွင် မုဒိမ်းကျင့်ရန် ကြံစည်သူအား ဒေသခံများက လိင်အင်္ဂါ ဖြတ်ပစ်

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media
    attempted-rapist-main
    – ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့်ရန် ကြံစည်သူ အိန္ဒိယအမျိုးသားတစ်ဦး၏ လိင်အင်္ဂါကို ဒေသခံများက ဖြတ်တောက်မှုတစ်ခု အိန္ဒိယ နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဂန်နာဂါမြို့တွင် အသက် ၄၀ အရွယ် ဆူရက်ရှ်ကူးမားရ်ဆိုသည့် အမျိုးသားမှာ လမ်းကြားတစ်ခုတွင် ဆယ်ကျော်သက်အမျိုးသမီးအား မုဒိမ်းကျင့်ရန် ကြံစည်ရာမှ ဒေသခံများက တွေ့ရှိပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဒေသခံများမှာ ကူးမားရ်အား အနီးရှိ သားသတ်ရုံသို့ ခေါ်သွားခဲ့ပြီး တစ်နာရီခန့် ရိုက်နှက်ခဲ့ပြီးနောက် နောက်ဆုံးတွင် သားလှီးဓားဖြင့် ၎င်း၏ လိင်အင်္ဂါအား ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

    “လူတွေက ဘယ်သူမှ မတားကြပါဘူ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူရဲ့ လိင်အင်္ဂါကို လမ်းပေါ်မှာတွေ့ရပြီး ဒါဟာ လိင်ပိုင်းဆိုင်ရာ ကိစ္စအတွက် အပြစ်ပေးတယ်ဆိုတာ သိကြပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သိပ်မကြာခင်ကပဲ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ၊ ကြိုးဆွဲချခံရတာ၊ ဗလက္ကာယပြုခံရတာတွေ စတဲ့ သည်းမခံနိုင်စရာ အမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အခုဒါမျိုးဟာ ဒီလိုလုပ်ချင်သူတွေအတွက် ပြင်းထန်တဲ့ သတင်းပေးမှုဖြစ်ပြီး တကယ်လို့ ဒါမျိုးလုပ်ရင် ဒီလိုအပြစ်ပေးခံရပါမယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် ဒါဝမ်ဆိုသူက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကမူ ထိုကဲ့သို့ မနှစ်မြို့ဖွယ်ရာ ရာဇ၀တ်မှုများအတွက် တရားဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့စိတ်ကြိုက် ဆောင်ရွက်၍ မရကြောင်း၊ ကူးမားရ်အပေါ် ကျူးလွန်ခဲ့သူများမှာ လာရောက်၍ အဖမ်းခံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုကို ကျူးလွန်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ လိုက်မရှာခင် လာရောက်အဖမ်းခံဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

    လိင်င်္ဂါဖြတ်တောက်ခြင်း ခံခဲ့ရသည့် ကူးမားရ်အား ဆေးရုံတွင် ကုသမှုများပြုလုပ်နေပြီး စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။ မုဒိမ်းပြုကျင့်ရန် ကြံစည်ခြင်းခံခဲ့ရသူ အမျိုးသမီးငယ်ကိုလည်း ထိတ်လန့်မှုများကြောင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

    ref_ The Mirror

  • ရေနစ်သူ ဟိန္ဒူ  မိန်းကလေးကို ကယ်တင်ရင်း မွတ်စ်လင်မ် လူငယ်နှစ်ဦး သေဆုံး

    ရေနစ်သူ ဟိန္ဒူ မိန်းကလေးကို ကယ်တင်ရင်း မွတ်စ်လင်မ် လူငယ်နှစ်ဦး သေဆုံး

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    two-muslim-boys-died-saving-a-hindu-girl-from-drowning
    ပြီးခဲ့သည့် တနင်္လာနေ့က လူမျိုးရေးဆိုင်ရာ အကဲဆတ်လွန်းသော ဤမြို့၌ လူ့အဖွဲ့အစည်းဝင်အားလုံး တူညီစွာ ၀မ်းနည်းပူဆွေးမှုတစ်ရပ် ဖြစ်ခဲ့သည်။ ၎င်းမှာ ရေနစ်နေသော ဟိန္ဒူမိန်းမငယ်တစ်ဦးကို ကယ်တင်ရန်ကြိုးစားရာမှ မွတ်စ်လင်မ်လူငယ်နှစ်ဦး အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းဈာပနသို့ လူ့အဖွဲ့အစည်းဝင်အသီးသီးက တက်ရောက်ခဲ့ကြသည်။

    ဆူမန်း အမည်ရှိ မိန်းကလေးသည် ဟင်းလင်းပွင့်နေသော မြောင်းကြီးအတွင်းသို့ မတော်တဆကျသွားရာ ဒါနိရှ် နှင့် နုအ်မာန်း တို့မှ သူမအား ဆင်းဆယ်ကယ်တင်ရန် ကြိုးစားကြသည်။  တနင်္ဂနွေနေ့တွင် ၎င်းတို့သုံးဦးလုံး၏ ရုပ်အလောင်းကို စစ်တပ်မှ ရှာဖွေတွေ့ရှိသည်။ ဒါနိရှ် နှင့် နုအ်မာန်းတို့မှာ  သူရဲကောင်းပီသစွာ သေဆုံးရသည်ဟု ဟိန္ဒူနှင့် မွတ်စလင်မ် နှစ်ဖက်စလုံး အမြင်ရှိကြသည်။ သူတို့၏ရုပ်ကလာပ်အား အမျိုးသားများက မြို့လယ်လမ်းတစ်လျှောက် ပုခုံးထမ်းလိုက်ပို့ကြစဉ်  ဟိန္ဒူအမျိုးသမီးများက ခေါင်မိုးပေါ်မှ ပန်းများကြဲချနေကြသည့်မြင်ကွင်းကို တွေ့ကြရသည်။

    “ ကျွန်မအဖို့ သူတို့နှစ်ဦးဟာ လက်တွေ့မျက်တွေ့ သူရဲကောင်းတွေပါပဲ။ လမ်းပေါ်မှာ တစ်စုံတစ်ယောက်မှ အသက်ငင်နေတာတောင် ဒီမြို့ကလူတွေဟာ နှုတ်ပိတ်လက်ပိုက်ကြည့်နေလေ့ရှိကြတယ်။ လူ့အသက်တစ်ချောင်းဟာ ဘာသာရေးကွဲပြားမှုထက် အရေးကြီးတယ်ဆိုတာကို ဒီလူငယ်လေးနှစ်ယောက်က သက်သေပြလိုက်တာပါပဲရှင် ” ဟု မြို့ခံတစ်ဦးဖြစ်သူ Sakshi Mehrotra မှ ဆိုသည်။

    ယင်းလူငယ်နှစ်ဦးအတွက် ဈာပနဆုတောင်းဝတ်ပြုမှု စတင်ပြုလုပ်ပြီး မရှေးမနှောင်းတွင် ထိုအခမ်းအနားအတွက် ရဲအင်အား ထူထပ်စွာ ချခဲ့ကြသည်။ ဆူမန်း၏မိသားစုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ခဲ့သော တပ်မတော်သားများအတွက်လည်း ဓမ္မဆရာများက ထည့်သွင်းဆုတောင်းပေးခဲ့သည်။

    ဒေသတွင်းခေါင်းဆောင်ဖြစ်သူ အစ်က်ရာမ် ကုရိုင်းရှီမှ “ဒီအဖြစ်အပျက်က တွန်းပို့လိုက်တဲ့ လူမျိုးရေးချစ်ကြည်မှုဟာ ဒီမြို့မှာ ရေရှည်တည်တံ့ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။ ကွယ်လွန်သေဆုံးသူတို့၏ မိသားစုအသီးသီးကို နှစ်သိမ့်ငွေ ငါးသိန်း ချီးမြှင့်ပြီး မိသားစုဝင်တစ်ဦးချင်းကို အစိုးရအလုပ်အကိုင်တစ်ရပ်စီ ခန့်အပ်ပေးမည်ဟု အာဏာပိုင်များထံမှ သိရသည်။

    Ref : Hindustan Times