News @ M-Media

Tag: malaysia

  • မလေးရှားနိုင်ငံ၌ မြေပြိုကျမှု ဖြစ်ပွါး

    မလေးရှားနိုင်ငံ kampung sungai gahal,hulu langat တွင်မနေ့က မြေပြိုမှု တစ်ခုဖြစ်ပွ့ါး ခဲ့ရာ မိဘမဲ့ကလေး ဂေဟာနှင့် မိဘမဲ့ကလေးများ ၏ဘာသာရေး စာသင်ကျောင်း မဒရ်ဆာ(အလ်သက်ဝါ)  တို့ အပေါ်သို့ ကံဆိုးစွာပင် ပြိုကျထိမှန်ခဲ့ပါတယ်………………..

    အဲ့ဒိ မိဘမဲ့ဂေဟာ နဲ့စာသင်ကျောင်းလေးမှာ ကျောင်းသား/သူ ဆရာဆရာမ ၂၅ဦးခန့်ရှိပြီး ၁၆ဦးသေဆုံးကာ ၉ဦးဒါဏ်ရာ

    ရရှိခဲ့ပါတယ်………..သေဆုံးသူများထဲမှ အများစုမှာ အသက်(၈)နှစ် မှ(၁၉)နှစ် အတွင်း ခလေးသူငယ်များဖြစ်ကြပြီး (more…)

  • မလေးရှားနိုင်ငံ ကဒါးဟ်ပြည်နယ် အလ်ဘူလ်ခါရီ နိုင်ငံတကာ တက္ကသိုလ် (AIU)၏ ပညာတော်သင်ဆု

    မလေးရှားနိုင်ငံ ကဒါးဟ်ပြည်နယ် အလ်ဘူလ်ခါရီ နိုင်ငံတကာ တက္ကသိုလ် (AIU)၏ ၂၀၁၁ စက်တင်ဘာ တွင်ဖွင့်မည့် တက္ကသိုလ်အကြိုသင်တန်းအတွက် မြန်မာကျောင်းသား ၁၀ယောက်အား ပညာသင်ဆု ပေးမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါသည်။

    ဤတက္ကသိုလ်သည် အဆင့်မြင့် တက္ကသိုလ် ပညာကို သင်ကြားရန် အကြောင်းကြောင်းကြောင့် အခွင့်မသာသော လူငယ်များအတွက် ဖွင့်လှစ်ထားသော ကုသိုလ်ဖြစ် တက္ကသိုလ် ဖြစ်ပါသည်

    AIU တက္ကသိုလ် တည်ထောင်သူ၏ ရည်ရွယ်ချက်မှာ နောင်တစ်ချိန်တွင် မိမိတို့ကဲ့သို့ ပညာသင်ကြားရန် အခွင့်အလမ်း နည်းပါးသော သူများကို ပြန်လည်ကူညီလိုစိတ်ရှိသည့် အောင်မြင်သော ပညာတတ်များကို မွေးထုတ်ပေးရန် ဖြစ်သည်။

    ဤပညာသင်ဆုသည် ကျောင်းလခ၊ လစဉ် အသုံးစရိတ်၊ အစားအသောက်၊ နေထိုင်မှု၊ ကျောင်းဝတ်စုံ၊ အာမခံ နှင့် ဆေးကုသစရိတ်တို့ကို ကျခံပေးမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသော ကျောင်းသားများသည် နောင်တစ်ချိန်တွင် မိမိတို့၏ လူမျိုးစု ပါတ်ဝန်းကျင်အတွက် ပညာတတ် ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

    ဤတက္ကသိုလ် အကြိုသင်တန်းသည် အချိန်အားဖြင့် ၁၂လ ကြာမြင့်မည် ဖြစ်ပြီး အဓိကအားဖြင့် အောက်ပါ အခြေခံ စွမ်းရည် ၅ခုကို အဓိကထား သင်ကြားပေးမည် ဖြစ်သည်။

    ၁။ သင်ကြားမှုနှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်

    ၂။ စကားပြော ဆက်ဆံနိုင်မှု အရည်အချင်း

    ၃။ သတင်း သိပ္ပံ (ကွန်ပျူတာ) ပညာရပ်

    ၄။ သချာင်္ နှင့်

    ၅။ အင်္ဂလိပ်ဘာသာရပ်တို့ကို သင်ကြားပေးမည် ဖြစ်ပါသည်။ ဤအကြိုသင်တန်းကို အောင်မြင်သည့် ကျောင်းသားများသည် AIUတက္ကသိုလ် သို့ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ပြီး အောက်ပါ ဘာသာရပ်များမှ နှစ်သက်ရာတစ်ခုကို ဆက်လက် ဆည်းပူခွင့်ရမည်ဖြစ်သည်။

    1. Bachelor in Computer Science (Networking) ကွန်ပျူတာ သိပ္ပံဘွဲ့ (ကွန်ယက် နည်းပညာ)
    2. Bachelor in Computer Science (Software Engineering) ကွန်ပျူတာ သိပ္ပံဘွဲ့ (ဆော့ဖ်ဝဲ)
    3. Bachelor in Business Administration (စီးပွားရေးနှင့် စီမံခံ့ခွဲရေး)
    4. Bachelor in Accounting (စာရင်းအင်းပညာ)

    ပညာသင်ဆု လျှောက်ထားသူများသည် အနည်းဆုံး GCE O-level/SPM စာမေးပွဲကို သချာင်္နှင့် အင်္ဂလိပ်အပါအဝင် အနည်းဆုံး ၅ဘာသာ ဖြင့် အောင်မြင်ထားရမည်ဖြစ်သည်။ GCE A-level/STPM/Grade 12 ပြီးသော ကျောင်းသားများကို ပို၍ အလေးထား စဉ်းစားပေးပါမည်။

    ဤတက္ကသိုလ် အကြိုသင်တန်းသည် အင်္ဂလိပ်လို သင်မှာ ဖြစ်တဲ့အတွက် ကျောင်းမတက်မှီ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည်။ IELTS 4.5 သို့မဟုတ် TOEFL 500မှတ် ရထားသောသူများကတော့ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် မလိုအပ်ပါ။

    လျှောက်ထားလိုသူသည် အသက်၂၂ နှစ်အောက်ဖြစ်ပြီး အိမ်ထောင်မရှိသေးသူ ဖြစ်ရပါမည်။ တက္ကသိုလ်ပညာသင်ကြားရန် အခွင့်မသာသော မိသားစုမျိုးမှ ကျောင်းသားများကို ဦးစားပေးပါမည်။ ပညာသင်ဆုကို လူမှုရေးလှုပ်ရှားမှုများ (၂၀%)၊ ပညာအရည်အချင်း (၄၀%)၊ ငွေကြေးမတတ်နိုင်မှု (၄၀%) အပေါ်မူတည်၍ ရွေးချယ်သွားမည် ဖြစ်ပါသည်။

    လျှောက်ထားလိုသူ ကျောင်းသားများသည် (http://www.aiu.edu.my/download.html) မှ ဖောင်ကို ဒေါင်းလုတ်ယူ၍ ဖြည့်ပြီးလျှင် အောက်ပါစာရွက်စာတမ်းများနှင့်တကွ အောက်ဆုံးတွင် ဖော်ပြထားသော လိပ်စာကို လိပ်မူ၍ မေလ ၃၁ ရက်မတိုင်ခင် ပေးပို့ရမည် ဖြစ်သည်။

    ၁။ နိုင်ငံသားမှတ်ပုံတင် (သို့) ပါတ်ပို့ မိတ္တူ

    ၂။ ၁၀တန်းအောင်လက်မှတ်မိတ္တူ

    ၃။ ထောက်ခံစာ ၂စောင် (ချိတ်ပိတ်ထားသော စာအိတ်ဖြင့်)

    ၄။ လတ်တလော ရိုက်ကူးထားသော ပါတ်ပို့ဓါတ်ပုံ လေးပုံ (အရောင်နှင့်)

    ၅။ သင်၏ အိမ် အတွင်းနှင့် အပြင်၏ ဓါတ်ပုံ

    ၆။ IELTS သို့ TOEFL အမှတ်စာရင်းစာရွက်

    ၇။ မိဘ၏ လစာစာရွက် (သုံးလအတွင်း)

    ၈။ အခြား စာရွက်စာတမ်းများ (မိဘတစ်ဦးဦး မရှိတော့ပါက သေစာရင်း စာရွက်၊ လူမှုရေး လှုပ်ရှားမှုများမှ ရရှိထားသော ဂုဏ်ပြုလွှာ၊ စသဖြင့်)

    ၉။ အခြား ထောက်ပံ့မည့် အဖွဲ့အစည်းများရှိလျှင် ထောက်ခံချက် တွဲပို့ရန်

    ပို့ရမည့် လိပ်စာ

    To/

    Dr. Syamsul A. Muhammad
    Associate Registrar
    Albukhary International University,
    Jalan Tun Abdul Razak
    054200 Kedah, Malaysia

    Tel : +604 7747 312
    Fax: +604 7747 310

    Email: [email protected]


    ဤပညာသင်ဆုအတွက် သင့်တော်မည့် ကျောင်းသားများဆီသို့ ဤအချက်အလက်များကို ဝေမျှပေးစေလိုပါသည်။

    ဖြည့်စွက်ချက်များ

    • ဒီနေရာမှာ နည်းနည်း ရှင်းပြလိုတာကတော့ GCE O-level/SPM ဆိုတာ မြန်မာနိုင်ငံရဲ့ ၁၀တန်း စာမေးပွဲနဲ့ တူပါတယ်။ မြန်မာပြည်မှာတော့ ဘာသာရပ် ရွေးလို့မရတဲ့အတွက် ခြောက်ဘာသာ သင်ရပါတယ်။ ၁၀တန်း စာမေးပွဲ အောင်ထားတဲ့ ကျောင်းသားအားလုံး လျှောက်လို့ရပါတယ်။ တက္ကသိုလ် စတက်နေတဲ့ ကျောင်းသားများလည်း လျှောက်ခွင့်ရှိပါတယ်။
    • အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ မဖြေရသေးရင်လည်း စိတ်ပူစရာမလိုပါဘူး။ လျှောက်လို့ရပါတယ်။ ကျောင်းရောက်ရင် အင်္ဂလိပ် အရည်အချင်းစစ် စာမေးပွဲ ပြန်ဖြေရပြီး အင်္ဂလိပ်စာ ပြန်သင်ပေးမှာ ဖြစ်ပါတယ်။
    • ထောက်ခံစာ ၂စောင်ဆိုတဲ့နေရာမှာ မိမိ အထက်တန်းတုန်းက ဆရာဖြစ်ဖြစ်၊ လက်ရှိ တက္ကသိုလ်က ဆရာ၊ အစ္စလာမ်အဖွဲ့အစည်းတွေထဲက လူကြီး တစ်ဦးဦး ဖြစ်ဖြစ် ရပါတယ်။
  • အစ္စလာမ်ငွေကြေးစနစ် မလေးရှားတွင် ပြန်လည်နိုးထလာပြီ

    တမန်တော်နှင့် ဆွဟာဗာသာဝက များလက်တော်က သုံးစွဲခဲ့သည့် အစ္စလာမ့်ဒီနာ ငွေကြေးစနစ်ကို ယနေ့ချိန် အခါတွင် မလေးလူမျိုးများ လိုလိုလားလား သုံးစွဲလျက်ရှိနေပါပြီ၊မလေးရှား အစ္စလာမ်မစ်ပါတီ ဖြစ်သော PASပါတီအားကောင်း ရာ ကလန်တန်းပြည်နယ်၌ သြဂုတ်လဆန်းပိုင်းတွင် ဒုတိယတန်းဝင် တရားဝင်ငွေကြေးစနစအနေနှင့် စတင်သုံးစွဲခဲ့သည်။ ကလန်တန်းပြည်နယ် ရွှေကုန်သည်များအသင်း မှာတ၀န်ရှိသူ Umar Ibrahim Vadillo က “စတင်သုံးစွဲတဲ့ လအတွင်းမှာ ရင်းဂစ် နှစ်သန်းတန်ဖိုးရှိတဲ့ဒီနာ၊ဒရ်ဟမ်တွေ ရောင်းချလိုက်ပါတယ် ။ ကီလန်တန်မှာဆိုရင် တက္ကဆီဒရိုင်ဘာ၊အုံနာ တွေ ကနေ စီးပွါးရေဆိုင်ရာ ငွေပေးငွေ ယူကိစ္စတွေအထိကို ဒီနာ၊ဒရ်ဟမ်ကိုသုံးစွဲနေတာပါ“ဟု ပြောဆိုသည်။ (more…)