News @ M-Media

Tag: malaysia

  • မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင်

    မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင်

    သြဂုတ်၊ ၁၅ ၊ ၂၀၁၂

    RFA-မြန်မာပိုင်း

    ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ခေါင်းဆောင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို နားထောင်လိုစိတ် ရှိပါတယ်လို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အကောင်းမြင်စကား ပြောကြားလိုက်ပါတယ်။

    မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။ Photo-UN

    ကွာလာလမ်ပူမြို့တော်မှာ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ – လက်ရှိ မြန်မာခေါင်းဆောင်တွေဟာ အရင် ခေါင်းဆောင်တွေနဲ့ ရပ်တည်ချက် သဘောထားချင်း မတူညီဘူးဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်က ပြသနေပါတယ်။

    ရိုဟင်ဂျာတွေကို လက်ခံရေး လုပ်ငန်းစဉ်ဟာ အချိန်အတန်ကြာ ယူရမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို လက်ခံလာမှာပါလို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောသွားခဲ့ပါတယ်။

  • Mahathir Urges Muslim Countries To Save Rohingya

    Mahathir Urges Muslim Countries To Save Rohingya

    KUALA LUMPUR, Aug 10 (Bernama) — Tun Dr Mahathir Mohamad has urged Islamic nations to jointly play a role to help end the misery of the Muslim Rohinyas in Myanmar.

    The former prime minister said Malaysian efforts alone could not solve the problem.

    “Nevertheless, if the effort comes from all Muslims, Islamic nations and other countries, I am confident the United Nations (UN) will take action to save the Rohingyas,” he told reporters after a symbolic handing over of clean water through the `WaqafWater4Gaza’ here today.

    He was asked to comment on a claim by the Saudi Arabian Government that Myanmar, whose populace was mostly Buddhists, was carrying out ethnic cleansing of the Muslim Rohingyas in the country.

    Dr Mahathir also hoped the Myanmar Government, which had now opened its doors to democracy, would be considerate over the fate befalling the Rohingyas.

    — BERNAMA

  • မလေးရှားဝန်ကြီးချုပ်မှ အနောက်တိုင်း ဝါဒအချို့၏ အန္တရာယ် သတိပေး

    မလေးရှားဝန်ကြီးချုပ်မှ အနောက်တိုင်း ဝါဒအချို့၏ အန္တရာယ် သတိပေး

    ဇူလိုင် ၂၂ရက်၊ ၂၀၁၂
ှSource: http://www.channelnewsasia.com

    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak)

    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak)က ပြုပြင်ပြောင်းလဲရေးဝါဒီအတိုက်အခံများသို့ “အလွန်အမင်းလွတ်လပ်မှုဟာ မွတ်စလင်အများစုရှိသည့် မလေးရှားနိုင်ငံအဖို့ အန္တရာယ်တစ်ရပ်ဖြစ်”ကြောင်း ပြန်လှန်ပြောကြားလိုက်ပါတယ်။

    ရာမသွာန်ဥပုတ်လ မစတင်မီ မွတ်စလင်ဘာသာရေးအကြီးအကဲ ၁၀၀၀၀-ကျော် တက်ရောက်လာတဲ့ စုံတွေ့ပွဲတစ်ခုမှာ မကြာမီရောက်ရှိလာတော့မယ့် ရွေးကောက်ပွဲအတွက် ရည်ညွှန်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ “လူ့အခွင့်အရေးများကို အစ္စလာမ်တရားတော် ဘောင်အတွင်းမှ သတ်မှတ်ပြဌာန်းခြင်းကို ထောက်ခံ”ကြောင်းလည်း ပြောကြားပါတယ်။

    “Pluralism၊ Liberalism အစရှိတဲ့ အနောက်တိုင်းဝါဒများဟာ အစ္စလာမ်တရားတော်နဲ့ ဆန့်ကျင်နေပြီး အဲဒီဝါဒတွေကို တိုက်ခိုက်ဖို့ရာ မလုပ်မနေရတာဝန်”  ဖြစ်တယ်လို့လည်း ထပ်လောင်းပြောသွားပါတယ်။ လာမည့်နှစ်ဦးပိုင်းမှာ ရွေးကောက်ပွဲကျင်းပရမှာဖြစ်ပြီး လက်ရှိအာဏာရအစိုးရဘက်လိုက် ဥပဒေများကို ပြုပြင်ရန်လိုကြောင်း အတိုက်အခံများရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်မှုများကို ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

    လူဦးရေ ၂၈-သန်းရှိ မလေးရှားနိုင်ငံမှာ မလေးလူမျိုး မွတ်စလင် ၆၀-ရာခိုင်နှုန်းရှိပြီး ကျန်မှာ တရုတ်လူမျိုးနဲ့ မွတ်စလင်မဟုတ်သူ အိန္ဒိယလူမျိုးများဖြစ်ကြပါတယ်။

     

    မောင်လှငွေ

    ကိုးကား http://www.channelnewsasia.com/stories/afp_asiapacific/view/1214491/1/.html

  • ဂျပန်စီးပွါးရေးပုံစံ အတုယူရန် ဒေါက်တာမဟာသီ တိုက်တွန်း

    ဂျပန်စီးပွါးရေးပုံစံ အတုယူရန် ဒေါက်တာမဟာသီ တိုက်တွန်း

    July,9 2012

    Source: New Straits Times

    “မွတ်စလင်နိုင်ငံများသည် စားသုံးသူသက်သက်သာဖြစ်နေကြပြီး အနောက်နိုင်ငံများမှ ကုန်စည်များကို ဝယ်ယူအသုံးပြုနေကြရ”သည်ဟု မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီမိုဟာမက်က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမြို့၌ပြုလုပ်ကျင်းပသော “ကမ္ဘာ့ အစ္စလာမ္မစ်နိုင်ငံများရှိ စီးပွါးရေး ပညာကျောင်းများ အဖွဲ့အစည်း ပထမဆုံးအကြိမ်ညီလာခံ” နှင့် “အစ္စလာမ္မစ်ဘဏ္ဍာရေး ပဉ္စမအခြေခံအုတ်မြစ် အထွေထွေညီလာခံ” ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်း၌ ပြောကြားလိုက်ပါတယ်။

    မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီမိုဟာမက်အား ကမ္ဘာ့ အစ္စလာမ္မစ်နိုင်ငံများရှိ စီးပွါးရေးပညာကျောင်းများ အဖွဲ့အစည်း ပထမဆုံးအကြိမ်ညီလာခံ တွင်တွေ့ရစဉ်

    “ငွေကြေးရောင်းခြင်း၊ အစုရှယ်ယာများဝယ်ခြင်း အစရှိသည်တို့မှာ စီးပွါးရေးလုပ်ငန်း အစစ်အမှန်မဟုတ်”ကြောင်းနှင့် “ဈေးကွက်အတွင်းသို့ ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ် ဖောက်ကားခြင်းကသာ တကယ့်စီးပွါးရေးလုပ်ငန်းဖြစ်”ကြောင်းကိုလည်း တင်ပြပြောဆိုပါတယ်။

    “ဟိုတယ်လုပ်ငန်း၊ အကြံပြုအမှုဆောင်လုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှုပေးသော လုပ်ငန်းများနှင့် ကုန်စည်ထုတ်လုပ်သော လုပ်ငန်းများမှာသာ အမှန်အစစ်စီးပွါးရေး လုပ်ငန်းများဖြစ်ကာ မွတ်စလင်နိုင်ငံများကို အကျိုးဖြစ်ထွန်းစေမည်”ဟုလည် ထည့်သွင်းပြောကြားသည်။

    ဆက်လက်ပြီး  ဒေါက်တာမဟာသီမိုဟာမက်က –

    “မွတ်စလင်နိုင်ငံများရှိ စီးပွါးရေးကျောင်းများသည် မိမိတို့၏ ကျောင်းသားများအား စီးပွါးရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရန် နည်းသစ်လမ်းသစ်များ သင်ကြားပြသပေးရန် လိုအပ်ပြီး ၄င်းတို့အား ကုန်စည် ထုတ်လုပ်သောလုပ်ငန်းများ လုပ်ကိုင်ကြဖို့ တိုက်တွန်းရန်လိုအပ်ကြောင်း၊ “အဆင့်မြင့် နည်းပညာများကိုလည်း သင်ယူ၊ အသုံးပြုရမည်”ဖြစ်ကြောင်းတို့ကိုလည်း တိုက်တွန်းပြောကြားသည်။

    “ဒီနေ ကျွန်ုပ်တို့ဟာ ဂလိုဘယ်ကမ္ဘာမှာ ရောက်ရှိနေကြတယ်။ အရာအားလုံး လွယ်ကူမှုရှိနေတယ်။ ကိုယ်ပိုင်နည်းပညာမရှိသေးဘူးဆိုရင် အရင်ပုံတူကူး၊ နောက်တော့ အဆင့်မြှင့်၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်။ တဖြည်းဖြည်းခြင်း အချိန်ယူ လေ့လာပြီး ဂျပန်နိုင်ငံလိုဖြစ်အောင် ကြိုးစားရမယ်။

    “ကနဦးပိုင်းမှာ ဂျပန်က ကိုယ်ပိုင်ကုန်စည် ထုတ်လုပ်ဖို့ရာ အနောက်တိုင်း နည်းပညာတွေကို ပုံတူကူးရတယ်။ နှစ်တွေရလာတဲ့အခါ သူတို့ လေ့လာသင်ယူရင်း တိုးတက်လာကြတယ်။ သူတို့ကိုယ်တိုင် ကိုယ်ပိုင်နည်းပညာတွေ တီထွင်လာနိုင်ခဲ့ကြပြီး ကမ္ဘာအနှံ့ ဖြန့်ဖြူးရောင်းချနိုင်ခဲ့တယ်။

    “မွတ်စလင်တို့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ကောင်းကျိုးယူ အသုံးချနိုင်ခြင်း မရှိရင်တော့ ဒါကံမကောင်းအကြောင်း မလှခြင်းပါပဲ။ ဆက်သွယ်ရေးနည်းလမ်း အသွယ်သွယ် အဖြာဖြာလည်း ရှိနေပါပြီ။” အစရှိသည်များကို တိုက်တွန်းပြောကြားသွားပါတယ်။

    ဤညီလာခံများသို့ နိုင်ငံပေါင်း ၃၂-နိုင်ငံမှ ကိုယ်စားလှယ်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။

     

    ဘာသာပြန်- မောင်လှငွေ

  • မလေးရောက် မြန်မာများ စုပေါင်းသွေးလှူဒါန်းပြီး အာဇာနည်နေ့ အကြိုဂုဏ်ပြု

    မလေးရောက် မြန်မာများ စုပေါင်းသွေးလှူဒါန်းပြီး အာဇာနည်နေ့ အကြိုဂုဏ်ပြု

    July,2 2012 11:30 AM KL
    MMSY News
    Kuala Lumpur


    ၂၀၁၂  ဇူလိုင်လ (၁၉ ) ရက်နေ့မှာ ကျရောက်မယ့် (၆၅) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  တတိယကြိမ်  နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့သွေးလှူပွဲနှင့် ဟောပြောပွဲက ဇူလိုင်လ ၁ ရက် ၂၀၁၂ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ SM ကုန်တိုက် ၆ လွှာမှာ  မနက် ၉ နာရီစ၍ ညနေ ၃ နာရီ အထိ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

    သွေးလှူဒါန်းပွဲတွင် သွေးပုလင်း ၃၀၀ ကျော်ရရှိပြီး  မလေးရှားနိုင်ငံ ယူနီဗါစီတီမာလာယာ UM ဆေးရုံမှ လာရောက်သွေးလက်ခံယူခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။  လှူဒါန်းပွဲမှာ မလေးရှားနိုင်ငံရောက် Permit ရှိသူ၊ UNHCR ကဒ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်လှူဒါန်းနိုင်အောင် စီစဉ်ခဲ့ကြကြောင်း သိရှိရပါတယ်။

    စုပေါင်းသွေးလှူဒါန်းပွဲတွင် ပါဝင်ခဲ့ကြသော မလေးရှားရောက်မြန်မာများ

     

    မြန်မာမွတ်စလင်မ်များ အသင်းလှူဒါန်းခဲ့သော  အလှူငွေ ဂုဏ်ပြုမှတ်တမ်းလွှာ

    သွေးလှူဒါန်းပွဲတွင် မလေးရှားရောက် မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံပါဝင်လှူဒါန်းခဲ့ကြောင်း နှင့်  မြန်မာမွတ်စလင်မ်များအသင်း (မလေးရှား) ၊ မလေးရှားရောက်မြန်မာမွတ်စလင်မ် စီးပွားရေးလုပ်ငန်းရှင်များမှ အလှူငွေနှင့် သွေးလှူဒါန်းပွဲတွင် အစားအသောက် အစီအစဉ်များအတွက် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။

    သွေးလှူပွဲမှာ တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြသူ မလေးရှား ဆေးရုံဝန်ထမ်း ဆရာဝန်၊ သူနာပြုများနှင့် တာဝန်ခံများ အမှတ်တရဓါတ်ပုံတွင် မလေး၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ လူမျိုးစုံနှင့် အစ္စလာမ်၊ ဗုဒ္ဒ၊ ခရစ်ယာန် ဘာသာစုံတို. လူသားဆန်တဲ့ စိတ်ဓါတ်များဖြင့် သွေးတစ်ပုလင်းမှ အသက်တစ်ချောင်း လှူနိုင်ကောင်း၏မို့ ပါဝင်ကူညီခဲ့ကြကြောင်း မှတ်တမ်းတင်ပါ၏။
    စုပေါင်းသွေးလှူဒါန်းပွဲမှ သွေးအလှူရှင်တစ်ဦး

     

    ယခု စုပေါင်းသွေးလှူဒါန်းပွဲတွင် မလေးရှားရောက် မြန်မာမွတ်လင်မ်များ ပါဝင်လှူဒါန်းခဲ့ကြောင်း မလေးရှားမှာ စုပေါင်းသွေးလှူခြင်းတွင် သွေးလှူအကြိမ်အရေအတွက် ဒုတိယ အများဆုံးလှူဒါန်းထားသူ မြန်မာမွတ်စလင်မ် ကိုပေါက် (၄၄ကြိမ်သွေးလှူရှင်၊ အိဒ္ဒြာစတိုးနှင့် စားသောက်ဆိုင်ဝန်ထမ်း) ဖြစ်ပြီး အကြိမ်ရေအတွက် အများဆုံးသူတစ်ဦး ၄၅ ကြိမ် သွေးလှူရှင်မှာလည်း မြန်မာမွတ်စလင်မ်တစ်ဦးပင်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

     

    သတင်းနှင့် ဓါတ်ပုံ

    ကိုမင်းမင်း