News @ M-Media

Tag: Man U

  • ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး

    ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    roney

    – တနင်္ဂနွေနေ့ အဲဗာတန်အသင်းနှင့် FA ဖလား ဆီမီးဖိုင်နယ်ပွဲတွင် ပါဝင်ခွင့်ရရှိရန်အတွက် ကြားရက်တွင်ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ခြေစွမ်းတိုးတက်အောင် ဆောင်ရွက်ရမည်ဟု မန်ယူနည်းပြဗန်ဂါးလ်က တိုက်စစ်မှူး ၀ိန်း ရူနီအား ပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရူနီမှာ ဒူးဒဏ်ရာကြောင့် ၂ လတာ အနားယူခဲ့ရပြီး ယခုတွင် ပြန်လည်ကစားရန် တာဆူနေသည်။ ထိုသို့အနားယူရခြင်းမှာ ယခုနှစ်အတွင်း ဒဏ်ရာကြောင့် ဒုတိယအကြိမ်မြောက် အနားယူရခြင်းလည်း ဖြစ်သည်။

    ဗန်ဂါးလ်ကမူ ရူနီမှာ ပုံမှန်နေရာရရှိရန်အတွက် ထိုက်တန်သော ခြေစွမ်းကို ပြသရန် လိုအပ်သည်ဟု ဆိုသည်။

    “အခြားကစားသမားတွေလို သူလည်းပဲ နေရာရဖို့အတွက် ခြေစွမ်းဘယ်လောက်ပြနိုင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ စနေနေ့ပွဲမှာ သူကစားမလားဆိုပြီး ခင်ဗျားတို့က ယူဆနေကြမှာပါ။ အက်စတွန်ဗီလာနဲ့ပွဲ ပထမပိုင်းမှာ သူ တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ ဟိုက်လာပြီး မိနစ် ၆၀ လောက်အထိတော့ ခြေစွမ်းကို သူ ထိန်းထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ သူ လေ့ကျင့်ခန်းပြန်ဆင်းတယ်။ သူ နာလန်ပြန်ထလာပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ ဒုတိယပိုင်းမှာ သူဘယ်လို ကစားလဲဆိုတာ ကြည့်ရပါမယ်။ ကစားပုံကောင်းဖို့တော့ လိုပါတယ်” ဟု ဗန်ဂါးလ်ကပြောကြားခဲ့ပါတယ်။

    Ref : Goal

  • ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    harnendaz

    – မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖာဂူဆန်၏နေရာကို အစားထိုးနိုင်မည့် နည်းပြမျိုးကို လာမည့်နှစ် ၁၀၀ အတွင်း ရှာမတွေ့နိုင်ဟု တိုက်စစ်မှူးဟောင်း ဂျာဗီယာ ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။

    လက်ရှိတွင် မန်ယူမှာ အဆင့် ၄ နေရာနှင့် ၅ မှတ်အကွာ အဆင့် ၅ နေရာတွင် ရှိနေပြီး နည်းပြဗန်ဂါးလ်၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများထွက်ပေါ်နေသည်။ ဗန်ဂါးလ်နေရာကို အစားထိုးရန် ရွိုင်ယန်ဂစ်နှင့် မော်ရင်ဟိုတို့က တစ်ပြေးနေသည်။

    ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်း မန်ယူသို့ ရောက်ရှိလာခဲ့သည့် နည်းပြ မိုယက်စ်နှင့် ဗန်ဂါးလ်တို့မှာ ဖာဂူဆန်၏ ခြေရာကို နင်းနိုင်ခြင်း မရှိပေ။

    “ရိုးရိုးသားသားပြောရရင် ဗန်ဂါးလ်ဟာ နည်းပြကောင်းတစ်ယောက်ပါ။ ကမ္ဘာပေါ်က နည်းပြတွေလိုမျိုး သူ့မှာ ကိုယ်ပိုင် နည်းစနစ်တွေ ရှိပါတယ်။ ဖာဂူဆန်လို ပုဂ္ဂိုလ်မျိုးကို နောက်ထပ် နှစ် ၅၀၊ ၁၀၀ လောက်နေရင်လည်း ရှာတွေ့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဗန်ဂါးလ်က လုပ်နိုင်စွမ်းရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ဘောလုံးမှာ အချိန်နဲ့ရလဒ်တွေက စကားပြောပါတယ်” ဟု ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ ယခုနှစ်ဘောလုံးရာသီအစက မန်ယူမှ လေဗာကူဆင်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော

    အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    man u

    – မန်ယူအနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းရှိ ကစားသမားများ အစုလိုက်အပြုံလိုက် ထွက်သွားမည်ဟု မိမိအနေဖြင့် မမျှော်လင့်ကြောင်း နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က အဆင့် ၄ ဖြင့် ရာသီသိမ်းခဲ့သည့် မန်ယူမှာ ကစားရန် ၆ ပွဲသာကျန်ရှိသည့် လက်ရှိအချိန်တွင် စတုတ္ထနေရာမှ မန်စီးတီးထက် ၄ မှတ်လျော့ကာ အဆင့် ၅ နေရာတွင် ရှိနေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ရုန်းကန်နေရသည်။

    ရာသီကုန်တွင် ဗန်ဂါးလ်နေရာ၌ မော်ရင်ဟိုဖြင့် အစားထိုးမည်ဟု သတင်းများထွက်ပေါ်နေပြီး မန်ယူအသင်းသမား အများအပြားမှာလည်း အသင်းမှ ထွက်ခွာချင်နေသည်ဟု သတင်းများက ဖော်ပြကြသည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ ထိုကဲ့သို့ မယူဆပေ။

    “ဘယ်ကစားသမားကမှ အသင်းကနေ ထွက်မသွားချင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မန်ယူရဲ့ လိုက်လျောမှုကို မကျေနပ်နိုင်တဲ့ နာမည်ကြီးကစားသမာတွေကို အခြားအသင်းက ကမ်းလှမ်းလာတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် ဒါကလည်း ဘုတ်အဖွဲ့အပေါ်မှာ မူတည်ပါတယ်။ ဘယ်ကစားသမားက အသင်းကနေ ထွက်သွားရမလဲဆိုတာကို သူတို့ ဆုံးဖြတ်မှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ရူနီမှာ အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ ပြော

    ရူနီမှာ အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ ပြော

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    rooney

    – စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လက်စတာတိုက်စစ်မှူး ဂျာမိန်းဗာဒီတို့မှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေသော်လည်း မိမိတို့ တိုက်စစ်မှူး ရူနီမှာ ၎င်းတို့ထက် ပိုသာပြီး အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ လူးဝစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    စပါးနှင့် လက်စတာတို့ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားမှုနှင့်အတူ ဟယ်ရီကိန်းမှာ သွင်းဂိုး ၂၂ ဖြင့်လည်းကောင်း၊ ဗာဒီမှာ ၁၉ ဂိုးဖြင့်လည်းကောင်း ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ဦးဆောင်ထားနိုင်သည်။ ဒူးဒဏ်ရာကြောင့် ၂ လခန့် အနားယူနေရသည့် ရူနီမှာ ပရီးမီးယားလိဂ်တွင် ၁၁ ဂိုးသာ သွင်းယူထားနိုင်ပြီး နိုင်ငံအသင်းအတွက် ဦးစားပေးမှုတွင်လည်း ၎င်းတို့ ၂ ဦး၏နောက်တွင်သာ ရှိနေသည်။

    ဗန်ဂါးလ်ကမူ အသက် ၃၀ အရွယ်ရှိ ၎င်းတို့တိုက်စစ်မှူးမှာ အင်္ဂလန်၏ ထိပ်တန်း တိုက်စစ်မှူးစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။

    “လူတိုင်းက ကစားပုံကိုလိုက်ပြီး အတက်အကျရှိတာကြောင့် သူတို့ရဲ့ ပုံစံကောင်းအပေါ်မူတည်ပြီး သတ်မှတ်ရပါတယ်။ အမြဲတမ်း ဒီလိုပါပဲ။ ၀ိန်းဟာ သာမန်အားဖြင့် အကောင်းဆုံး တိုက်စစ်မှူးပါ။ ဒါပေမယ့် ဟယ်ရီကိန်း ဘယ်လောက်ဂိုးသွင်းလဲဆိုတာ ကြည့်ရင် ရူနီကိုလည်း ဒီလို ကြည့်ရမှာပါ။ ဒါက အသင်း ဘယ်လောက် ကောင်းကောင်းကစားနိုင်လဲဆိုတာအပါ် မူတည်ပါတယ်။ ရူနီကောင်းလား မကောင်းဘူးဆိုတာကို လွယ်လွယ်ဆုံးဖြတ်လို့တော့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်ဆိုတာ တွေ့ရမှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • လာမည့်ရာသီတွင် သုံးစွဲရန် မန်ယူက ဗန်ဂါးလ်အား သန်း ၁၀၀ ပေးမည်ဟု သတင်းထွက်ပေါ်

    လာမည့်ရာသီတွင် သုံးစွဲရန် မန်ယူက ဗန်ဂါးလ်အား သန်း ၁၀၀ ပေးမည်ဟု သတင်းထွက်ပေါ်

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    Van gal

    – လာမည့်ရာသီအကြို အပြောင်းအရွှေ့ဈေးကွက်တွင် သုံးစွဲရန်အတွက် မန်ယူက နည်းပြဗန်ဂါးလ်အား ယူရိုသန်း ၁၀၀ ပေးရန် စီစဉ်ထားပြီး၊ အဲဗာတန်အသင်းမှ တိုက်စစ်မှူး လူကာကူမှာ မန်ယူ၏ ထိပ်ဆုံးပစ်မှတ်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ဗန်ဂါးလ် စတင်ရောက်ရှိစဉ် ၂၀၁၄ ခုနှစ်က မန်ယူမှာ ငွေကြေးအမြောက်အများသုံးကာ နာမည်ကြီးကစားသမားများကို ခေါ်ယူခဲ့သော်လည်း အသင်းမှာ တည်ငြိမ်ခြင်းမရှိဘဲ လက်ရှိတွင်လည်း ဗန်ဂါးလ်၏ အခြေအနေမှာ မရေရာမသေချာ ဖြစ်နေသည်။ ဗန်ဂါးလ်ကိုတိုယ်ကလည်း ၎င်းမှာ ယခုနှစ်နွေရာသီတွင် အသင်းမှ ထွက်ခွာကောင်း ထွက်ခွာနိုင်သည်ဟု ပြောကြားထားသည်။

    သို့သော်လည်း ယခုထွက်ပေါ်လာသည့် သတင်းများအရ မန်ယူမှာ ဗန်ဂါးလ်အား အသင်း၌ ဆက်ရှိနေစေချင်ပြီး လာမည့်ရာသီသတ်အတွက် ကြီးကြီးမားမား ပြောင်းလဲချင်နေဟု ဆိုသည်။

    ပရီးမီးယားလိဂ်တွင် ပွဲ ၃၀ ကစားပြီး ၁၈ ဂိုးသွင်းယူထားနိုင်သည့် အဲဗာတန်တိုက်စစ်မှူး လူကာကူကို ဥရောပ ထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေပြီး မန်ယူကလည်း ထိုအထဲတွင် ပါဝင်နေသည်။ သို့သော်လည်း အဲဗာတန်အသင်းကမူ လူကာကူအတွက် အနိမ့်ဆုံး ယူရို သန်း ၇၀ ရရှိမှာသာ ဆွေးနွေးမှုများ ပြုလုပ်ချင်နေသည်။

    Ref : Goal