News @ M-Media

Tag: Man U

  • မန်ယူတွင် စိတ်ပျက်နေပြီဟု ကွင်းလယ်လူ ပီရီရာပြော

    မန်ယူတွင် စိတ်ပျက်နေပြီဟု ကွင်းလယ်လူ ပီရီရာပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    man u

    – အသင်းတွင် ကစားခွင့်မရသည့်အတွက် စိတ်ပျက်မိပြီး အသင်းမှ ထွက်ခွာသွားချင်သည်ဟု မန်ယူကွင်းလယ်လူ အန်ဒရီယက်စ် ပီရီရာက ပြောကြားလိုက်သည်။

    အသက် ၂၀ အရွယ် ပီရီရာမှာ မန်ယူသို့ ရောက်ရှိလာပြီးကတည်းက ၇၈ မိနစ်သာကစားရသေးပြီး ကစားရသည့်ပွဲများမှာလည်း လိဂ်ဖလားပွဲများဖြစ်သည်။ လိဂ်ဖလားတွင် မန်ယူမှာ ၂ ပွဲကစားရပြီး ချန်ပီယံရှစ်အသင်း မစ်ဒယ်ဘရော့အား ပင်နယ်တီဖြင့်ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီဖြစ်သည်။ ပီရီရာကမူ မိမိအနေဖြင့် မန်ယူတွင် ကစားချင်သော်လည်း လက်ရှိအချိန်တွင် အငှားဖြင့် ထွက်ချင်သည်ဟု ဖွင့်ဟခဲ့သည်။

    “ကျွန်တော်ဟာ ယူနိုက်တက်အတွက် အလုပ်လုပ်နေတာပါ။ ဘရာဇီးလ်မှာ ပါဝင်ဖို့အတွက်လည်း ကျွန်တော် ခြေစွမ်းခြေစ ပြသရပါမယ်။ ဒါ့ကြောင့် ပိုမိုကစားဖို့နဲ့ အခွင့်အရေးပိုရဖို့လိုပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ကစားရဖို့ဆိုတာ ကြီးမားတဲ့ အိပ်မက်တစ်ခုပါ” ဟု ပီရီရာက ပြောကြားခဲ့သည်။

    မန်ယူတွင် ကစားခွင့်မရသော်လည်း ဗန်ဂါးလ်အား အပြစ်မတင်ဟု ဆိုသည်။

    “ဆက်ပြီးကြိုးစားဖို့ သူက ကျွန်တော့်ကို တိုက်တွန်းပါတယ်။ ဒါမှ အခွင့်အရေးဟာ တစ်နေ့ပေါ်လာမှာပါ။ တစ်ခါတစ်လေ ကျွန်တော် စိတ်ပျက်မိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် မကစားရဘူးလေ။ ဒါပေမယ့် နည်းပြကတော့ ကျွန်တော်နဲ့ အမြဲတမ်းစကားပြောပါတယ်”

    Ref: Goal

  • နည်းပြဘ၀အစက ကလော့ပ်ကဲ့သို့ ခုန်ပေါက်ပြေးလွှားဖူးသည်ဟု ဗန်ဂါးလ်ပြော

    နည်းပြဘ၀အစက ကလော့ပ်ကဲ့သို့ ခုန်ပေါက်ပြေးလွှားဖူးသည်ဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    van

    – မိမိမှာ ယခင်က လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကဲ့သို့ ကွင်းဘေးစည်းတွင် ခုန်ပေါက်ပြေးလွှားဖူးသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    အောက်တိုဘာလက လီဗာပူးလ်သို့ ရောက်ရှိလာခဲ့သည့် ကလော့ပ်မှာ အသင်းကစားသည့်ပွဲများတွင် ကစားပုံ၊ ဂိုးသွင်းပုံနှင့်ပတ်သက်၍ စိတ်လှုပ်ရှားကာ ခုန်ပေါက်ပြေးလွှားမှုများကို ထင်ထင်ရှားရှား ပြုလုပ်လေ့ရှိပြီး၊ ဒိုင်လူကြီးအား စောဒကတက်မှုများလည်း ရှိသည်။ ဗန်ဂါးလ်ကမူ ၎င်း၏ ငယ်ဘ၀ ထိုကဲ့သို့ စိတ်မထိန်းချုပ်နိုင်မှုကို ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ငယ်ငယ်ကလည်း ကလော့ပ်လိုပါပဲ။ အခုတော့ ကျွန်တော် ၆၄ နှစ်ရှိနေပြီး၊ ကျွန်တော့်စိတ်ကို ပိုပြီး ထိန်းချုပ်နိုင်ပါပြီ။ အင်္ဂလန်က ဒိုင်တွေက နည်းပြတွေနဲ့ ပရိတ်သတ်တွေရဲ့ လွှမ်းမိုးမှု ခံရတယ်လို့ ကျွန်တော်မထင်ပါဘူး။ နည်းပြတိုင်းမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်သညာ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင် ဒဿနတွေ ရှိကြပါယ်။ ကျွန်တော် နည်းပြဘ၀အစတုန်းက (ကလော့ပ်လိုပဲ) လုပ်တတ်ပါတယ်။ ဒါပေမယ့် ကွင်းဘေးစည်းကနေ ပွဲအပေါ် လွှမ်းမိုးနိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    မန်ယူနှင့် လီဗာပူးလ်မှာ ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

    Reef: Goal

  • မန်ယူနည်းပြဗန်ဂါးလ် မီဒီယာနှင့် ပြဿနာဖြစ်ပြန်

    မန်ယူနည်းပြဗန်ဂါးလ် မီဒီယာနှင့် ပြဿနာဖြစ်ပြန်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    van

    – အင်္ဂလိပ်မီဒီယာများနှင့် သဟဇာတဖြစ်အောင် မဆက်ဆံတတ်ဟု ဝေဖန်ခံနေရသည့် မန်ယူနည်းပြ ဗန်ဂါးလ်မှာ အသင်း၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးအား ကြိမ်မောင်းပြောဆိုခဲ့သည်ဟု သိရသည်။

    နယူးကာဆယ်အား ၃ ဂိုးစီသရေကျခဲ့သည့်ပွဲပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီဒီယာများက တိုက်စစ်မှူးရူနီအား “လူဝကြီး” ဟု ဝေဖန်ပြောဆိုမှုကို မကျေနပ်၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

    “ခင်ဗျားတို့ပဲ သူ့ကို ဝေဖန်နေတာလေ။ ကျွန်တော်က ဝေဖန်တာမဟုတ်ဘူး” ဟု ဂျာနယ်လစ်တစ်ယောက်ကို လက်ညှိုးထိုး၍ ပြောကြားခဲ့ပြီး “ခင်ဗျားလည်း ဘာထူးလဲ။ လူဝကြီးပဲ” ဟု ကြိမ်းမောင်းပြောဆိုကာ သတင်းစာရှင်းလင်းပွဲမှ ထွက်သွားခဲ့သည်။

    The Sun သတင်းစာ၏ ဂျာနယ်လစ်ဖြစ်သူ နီးလ် ကက်စ်တစ်က ဗန်ဂါးလ်လက်ညှိုးထိုး၍ ပြောခဲ့သူမှာ မိမိဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆိုရှယ်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ခင်ဗျားမှန်တယ် လူးဝစ်။ ကျွန်တော်က ဖက်တီးဖြစ်နေတယ်။ လွန်ခဲ့တဲ့လေးလလောက်က ကျွန်တော် ဒူးခေါင်းခွဲစိပ်လိုက်ရတယ်။ ဒါက ပြေးဖို့၊ ဂျင်မ်သွားကစားဖို့ ကျွန်တော့်ကို အဟန့်အတားဖြစ်စေခဲ့တယ်။ ရလဒ်ကတော့ နှစ်စတုံလောက် ၀ိတ်တက်လာတာပါပဲ။ အနည်းဆုံးတော့ ကျွန်တော့်အားနည်းချက်ကို ထုတ်ပြောနိုင်တယ်လေ။ ထုတ်မပြောနိုင်တဲ့ အခြားလူတွေကတော့ ရှက်စရာပေါ့ဗျာ”

    ဗန်ဂါးမှာ အင်္ဂလိပ်မီဒီယာများနှင့် ဆက်ဆံရေး အဆင်မပြေဟု ယခင်က သတင်းများထွက်ပေါ်ခဲ့ပြီး၊ မန်ယူအသင်း၏ ကျဆင်းမှုကို အကြောင်းခံကာ မီဒီယာများကလည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗန်ဂါးလ်အား ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။

    Ref: Goal

  • ဂိုးလွယ်လွယ်ပေးရသည့် အသင်းနောက်တန်းအား ရူနီအပြစ်တင်

    ဂိုးလွယ်လွယ်ပေးရသည့် အသင်းနောက်တန်းအား ရူနီအပြစ်တင်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    rooney

    – ယနေ့မနက်က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် မပေးသင့်သောဂိုးများကို ပေးလိုက်ရသည့်အတွက် အသင်း၏နောက်တန်းအား စိတ်ပျက်ရသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ဝေဖန်ပြောကြားလိုက်သည်။

    ထိုပွဲတွင် မန်ယူမှာ စောစောပိုင်းတွင် ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် ၃ ဂိုးစီ သရေကျခဲ့သည်။ ရူနီကမူ ထိုပွဲအတွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့ကာ ကျန်တစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ သို့သော်လည်း ၎င်း၏ အားထုတ်မှုများ အရာမထင်ခဲ့သည့်အတွက် နောက်တန်းကို အပြစ်တင်ခဲ့သည်။

    “၂ ဂိုးပြတ်နေတဲ့အချိန်မှာ ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို ပြန်လာခွင့် ကျွန်တော်တို့ ပေးခဲ့ရပါတယ်။ တတိယဂိုးရပြီး ချေပဂိုးပြန်ပေးလိုက်ရတာက ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ဂိုးတွေက တလွဲဂိုးတွေဖြစ်ပြီး မပေးသင့်တဲ့ ဂိုးတွေပါပဲ။ အဲဒီဂိုးတွေကြောင့် ကျွန်တော်တို့ ၂ မှတ် ပေးဆပ်လိုက်ရပြီး စိတ်ပျက်ဖို့ကောင်းပါတယ်” ဟု ရူနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ စိတ်ပျက်ဖွယ်ရာ ဂိုးသွင်းနှုန်းအတွက် ခက်ခက်ခဲခဲ ကြိုးစားနေရသည်ဟုလည်း ရူနီက ၀န်ခံခဲ့သည်။

    Ref: Goal

  • မန်ယူကစားသမားများ အလွန်ပျော့ညံ့သည်ဟု ဗန်ဂါးလ်ဝေဖန်

    မန်ယူကစားသမားများ အလွန်ပျော့ညံ့သည်ဟု ဗန်ဂါးလ်ဝေဖန်

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    van

    – အသင်း၏ ကစားသမားများမှာ အလွန်ပျော့ညံ့နေသည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါလ်းက ပြောကြားလိုက်ပြီး နိုင်လိုစိတ် ပိုမိုပြသရန်ရန်နှင့် တာဝန်ပိုမိုကျေပွန်ကြရန် တိုက်တွန်းခဲ့သည်။

    ဗန်ဂါးလ်၏ မန်ယူမှာ ယခုနှစ်တွင် ခက်ခဲသောရာသီကို ဖြတ်သန်းနေရပြီး ပြီးခဲ့သည့်လက ချန်ပီယံလိဂ်မှာ ထွက်ခွာခဲ့ရကာ၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ၈ ပွဲဆက် နိုင်ပွဲမရရှိခဲ့သည်အထိ အခြေအနေ ဆိုးရွားခဲ့သည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် မန်ယူ၏ ကစားပုံမှာ ပြန်လည် ကောင်းမွန်ခဲ့သည်။ ဗန်ဂါးလ်ကမူ ကစားသမားများအား ယခုထက်ပို၍ တိုးတက်စေချင်နေသည်။

    “သူတို့ရဲ့တာဝန်တွေက် ပိုပြီး လွယ်လွယ်ကူကူ ကျေပွန်နိုင်ဖို့ ကစားသမားတွေအပေါ် ချဉ်းကပ်မှုနည်းလမ်းကို ကျွန်တော်တို့ ပြောင်းလဲခဲ့ပါတယ်။ ဘောလုံးအကြောင်းသာ စဉ်းစားဖို့ သူတို့ကို ကျွန်တော် လှုံ့ဆော်ခဲ့ပါတယ်။ ဘောလုံးပွဲဟာ ဦးနှောက်နဲ့ကစားရတာပါ။ အခု သူတို့ကို ကိုယ်နဲ့အတူ တွေးတောစဉ်းစားဖို့ ခွင့်ပြုရပါမယ်။ ဒါမှသာ ချဉ်းကပ်မှုနည်းလမ်းကို ပြောင်းလဲနိုင်မှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal