News @ M-Media

Tag: SaudiArabia

  • ကုရ်အာန် ဘာသာပြန် စောင်ရေ ၂ သိန်းခွဲ ဖြန့်ချိမည်

    ဇူလိုင်-၂၆-၂၀၁၃
    M-Media

    Qur'an
    မဒီနာမြို့မှ ကုရ်အာန်ပုံနှိပ် ထုတ်ဝေသည့် နေရာ

    နိုင်ငံတော် အစ္စလာမ့်ရေးရာဝန်ကြီးဌာန၊ မတည်လှူဒါန်းမှုဌာန၊ သာသနာဖြန့်ချိဖိတ်ခေါ်မှုဌာနများနှင့် ချိတ်ဆက်လျက်ရှိသော အစ္စလာမ့်ရေးရာ သင်ပေးသင်ယူဌာနများ နှင့် ရုံးများသို့ ကျမ်းမြတ်ကုရ်အာန် ဘာသာပြန် စောင်ရေ ၂ သိန်းခွဲအား ဖြန့်ချိပေးပို့ရန် မြင့်မြတ်ကျောင်းတော်နှစ်ခု၏ ထိန်းသိမ်းစောင့်ရှောက်သူ ဘုရင် အဗ်ဒုလ္လာဟ်မှ အမိန့်ပေးခဲ့သည် ဟု ဆော်ဒီအာရေဗျ၊ အစ္စလာမ့်ရေးရာ ၀န်ကြီး ဆွာလိဟ် အလ် အရှ်ရှိုင်းခ် မှ ထုတ်ပြန်ပြောကြားသည်။

    ဤကျမ်းစာအုပ်များမှာ မဒီနဟ်မြို့ရှိ ဘုရင် ဖဟ်ဒ် ပုံနှိပ်တိုက်မှ ထုတ်ဝေထားခြင်းဖြစ်သည်။ နိုင်ငံတကာဝန်ကြီးရုံးများထံ သယ်ယူပို့ဆောင်သွားရန်လည်း ဘုရင် အဗ်ဒုလ္လာဟ်မှ ဆော်ဒီအာရေဗျလေကြောင်းလိုင်းများအား အမိန့်ထုတ်ထားကြောင်း SPA ၏ အစီရင်ခံမှုအရ သိရသည်။

    ဘုရင် ဖဟ်ဒ် ပုံနှိပ်တိုက်၊ ကျမ်းမြတ်ကုရ်အာန်ဘာသာပြန်ခြင်း၊ အနက်ဖွင့်ခြင်း၊ ပုံနှိပ်ခြင်း နှင့် အစ္စလာမ့်ကျမ်းဂန်များ ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများအား အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနမှ ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိသည်။

    Ref:ARAB NEWS

  • ဒုက္ခသည်အဖြစ် ကြာမြင့်စွာ နေထိုင်နေသူများ နိုင်ငံသားအဖြစ် လက်ခံမည်ဟု ဆော်ဒီပြော

    မတ်လ ၁၀ ၊ ၂၀၁၃
    M-Media
    Ref: ARAB NEWS

    Hope-for-refugees-Prince-Khaled-

    ဂျစ်ဒါ ။                ။ မင်းသား ခါလစ် အလ် ဖိုင်ဆယ်လ်က ဆော်ဒီအာရေဗျဘုရင့် နယ်မြေအတွင်း နှစ်ပေါင်းများစွာ အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် နေထိုင်နေသော ဒုက္ခသည်များကို ၄င်းတို့၏အခြေချမှု အနေအထားအရ နိုင်ငံသားပြုခွင့်ပေးတော့မည် ဟု ပြောကြားလိုက်သည်။

    ဤစီမံချက်သည် မက္ကာဟ်ဝန်းကျင်ဒေသမှ ဖရိုဖရဲဖြစ်နေသည့် လူနေအခြေချခရိုင်များ၌ အဓိကနေထိုင်နေသောပြည်ပဒုက္ခသည်များ၊ အထူးသဖြင့် မြန်မာဒုက္ခသည်များအတွက် ရည်ရွယ်ကြောင်း ကို ထိုဒေသများဖွံဖြိုးတိုးတက်လာစေရေး ဆွေးနွေးသည့် ဖိုရမ်တစ်ခုတွင် မင်းသားခါလစ်က ပြောကြားခဲ့သည်။

    “ သူတို့အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ သဘောတူညီချက် ရထားပါပြီ။ ဒီဒေသမှာ နေထိုင်သူတွေက တစ်နေ့ကျရင် နိုင်ငံသားကောင်းတွေ ဖြစ်လာကြမယ်။ သူတို့ကို ထည့်သွင်းအသုံးပြုကြဖို့ဆိုပြီး ဒီဒေသတွင်းစီမံချက်အကောင်အထည်ဖော်မယ့် ကုမ္ပဏီကြီးတွေဆီလည်း ကျွန်တော်တို့ ပြောဆိုခဲ့ပါတယ် ” ဟု မြို့တော်ဝန်မှ ပြောကြားသည်။

    “ ဒီစီမံကိန်းဟာ ထူးမြတ်တဲ့ ၀တ်ကျောင်းတော်ကြီးနှစ်ခုကို ထိန်းသိမ်းရေးအတွက် ဖြစ်တယ်။ ပြီးတော့ ဒီလူတွေရဲ့အခြေအနေတွေကို ကောင်းမွန်စေလိုတဲ့ ဘုရင်မင်းမြတ်ရဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။  ဒါဟာ ဒီနိုင်ငံရဲ့ တာဝန်ယူမှုတစ်ခုပါ။ သူတို့ကို ဒီနိုင်ငံက သူတို့ရဲ့အခွင့်အရေးတစ်ခု အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ် ” ဟုလည်း ရှင်းလင်းခဲ့သည်။

    နိုင်ငံခြားသားတစ်ဦး၏ နေရာတွင် ဒေသတွင်း၌ အဆင့်သင့်ရှိနေသော ဒုက္ခသည်များ အနက် မြန်မာ၊ တာကစ္စတန် နှင့် ပါလက်စတိုင်းမှ မှ လေးဦးစီကို အလုပ်အကိုင် အမြန်ခန့်အပ်ရန် ပုဂ္ဂလိက ကုမ္ပဏီများအား တိုက်တွန်းလိုက်သည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ကြေငြာထားသည်။

    “ ဒေသတွင်း ဖရိုဖရဲဖြစ်မှုတွေဟာ မက္ကဟ် သို့မဟုတ် ဆော်ဒီအာရေဗျ တစ်ခုထဲကြုံရတာ မဟုတ်ပါဘူး၊ နိုင်ငံတကာနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပါ။ ကမ္ဘာ့မြို့ကြီးပြကြီးတွေမှာလဲ တွေ့မြင်နိုင်ပါတယ် ” ဟု မက္ကဟ်မြို့၊ အွန်းမု ကုရာ့ တက္ကသိုလ်၌ ကျင်းပသော ထိုဖိုရမ်၏ အဖွင့်၌ မင်းသားမှ ပြောခဲ့သည်။

    ယင်းသို့ဖြစ်ရခြင်းမှာ – တစ်ချိန်က ဟဂ်ျ နှင့် အွမ္မရဟ်ပြုရန် လာရောက်ကြသူများအနက် ထောင်နှင့်ချီသော ဘုရားဖူးဧည့်သည်တို့သည် ဗီဇာသက်တမ်း ကုန်ဆုံးသော်လည်း ချန်ရစ်နေထိုင်ခဲ့သောကြောင့်ဖြစ်သည်။ ၄င်းတို့အတွင်း ဘာသာရေးနှိပ်ကွပ်ညှင်းပန်းမှုများကြောင့် မိမိတို့နိုင်ငံမှ အလွတ်ရုန်း ထွက်ပြေးလာကြသူများလည်း ပါဝင်ကြသည်။

    မက္ကဟ် နှင့် ဒေသတွင်းအခြားမြို့များတွင် အကွဲကွဲအပြားပြား နေထိုင်နေကြသည့် ဒုက္ခသည်များကို မိမိတို့၏အနေအထားအသစ်မှပြန် စတင်ရန်အတွက် နှိုးဆော်မှုပေးရန် လိုအပ်ကြောင်း၊ ၄င်းတို့အား အလုပ်အကိုင်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ “ ဒီဒေသတွင်းပြန်လည် တည်ဆောက်မှုအစီအစဉ် မဆောင်ရွက်ခင်မှာ ကျွန်တော်တို့က သူတို့ကို ပညာသင်ကြား ပေးဖို့ နဲ့ လုပ်ငန်းခွင်ဆိုင်ရာသင်တန်းပေးဖို့လည်း လိုအပ်ပါတယ် ” ဟုလည်း ဖြည့်စွက်ပြောဆိုသည်။ မင်းသားခါလစ် က ဤဒေသတွင်းရှိ အဆောက်အဦဟောင်းများကို ဖယ်ရန်နှင့်လမ်းသစ်များ ဖောက်လုပ်ရန်ဆိုသည်ထက် ဤဒေသတွင်း နေထိုင်နေသူများ၏ လူနေမှုဘ၀ အခြေအနေ တိုးတက်မြင့်မားလာရန်ကိုသာ အစိုးရမှ အဓိကဦးတည်ခြင်းဖြစ်၏ ဟု ဆိုသည်။

    ဤဒေသတွင်း နေထိုင်ကြသူ တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုများသော်လည်းကောင်း ၄င်းတို့၏အိုမင်းဟောင်းနွမ်းသည် အိမ်ရာများ မဖြိုဖျက်မှီ ၄င်းတို့အား အလှည့်ကျစီ နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်သည်။ ဤနှစ်ရက်ကြာဖိုရမ်ကို မက္ကဟ်မြို့၊ အဗီဒီယဟ် ရှိ တက္ကသိုလ်ပရ၀ုဏ်အတွင်း ကျင်းပခဲ့သည်။

  • ရခိုင်မှ မွတ်စလင်မ် ဒုက္ခသည်များပြန်လည်နေရာ ချထားရေးဆော်ဒီ ဘုရင်မှဒေါ်လာ ၁.၈၈ သန်း လှူ

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media

    KSA gives

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ၏ နေရာထိုင်ခင်းအတွက် UNHCR မှ ဆောင်ရွက်ပေးနေသော လူသားချင်း စာနာထောက်ထားရေးအစီအစဉ်ထံသို့ ဒေါ်လာ ၁.၈၈ သန်းကို ပေးပို့လှူဒါန်းကြောင်း ဆော်ဒီအာရေဗျမှ ကြေညာလိုက်သည်။

    ဤအရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဆော်ဒီအာရေဗျ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ရံပုံငွေအဖွဲ့မှ ယူစွတ်ဖ် အလ်ဘတ်စမ် (Yousef Al-Bassam) နှင့် ရိယဒ်မြို့၊ UNHCR ဌာနေကိုယ်စားလှယ် အင်မ်ရာန် ရီဇာ (Imran Riza) တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

    ရခိုင်ပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေသူများစွာ၏ ဘ၀အနေအထားများ တိုးတက်လာရေး၌ ဤသို့ ငွေပင်ငွေရင်း၊ အချိန် နှင့် ရည်ရွယ်မှုများဖြင့် ကူညီပါဝင်ခြင်း၏ အရေးကြီးပုံကို ရီဇာမှ သဘောတူလက်မှတ်ရေးထိုးပြီးနောက် အလေးအနက် ထားပြောကြားသည်။

    အထူးကော်မရှင်နာမင်းကြီး အန်တိုနီယို ဂူတာရက်စ်(Antonio Guterres) ကိုယ်စား ရီဇာက ကမ္ဘာ့အမြင့်မြတ်ဆုံး ၀တ်ကျောင်းတော်နှစ်ခုအား ထိန်းသိမ်းစောင့်ရှောက်နေသူ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ရက်ရောသော ဤအလှူဒါနအပေါ် အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ လူသားချင်းစာနာရေး၌ ဆော်ဒီ၏ ဦးဆောင်ကူညီခြင်း အခန်းကဏ္ဍကို ပေါ်လွင်ထင်ရှားစေကြောင်း ဆက်လက်တင်ပြခဲ့သည်။

    ယင်းအိုးအိမ်မဲ့ ဒုက္ခသည် ပြည်သူများအား အခိုင်အမာနေရာ ချထားပေးရေးအတွက် ဆော်ဒီအာရေဗျ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ရံပုံငွေအဖွဲ့သည် ပါကစ္စတန်နှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

    Ref: ARAB NEWS

  • ဆော်ဒီတွင် ဒုက္ခရောက်နေသည့် မြန်မာအလုပ်သမား ၂၆ ယောက်၏ သတင်းအမှန်

    ဇန်နဝါရီ ၁၀၊၂၀၁၃

    Truth of 26 Burmese worker in Saudi Arabia
    ဆော်ဒီအာရေးဗီးနိုင်ငံတွင် အလုပ်လုပ်ရန် ရောက်ရှိနေကြသော မြန်မာနိုင်ငံသာ ၂၆ ဦး (ဗုဒ္ဓဘာသာဝင် ၁၂ ဦး ပါဝင်) အဆင်မပြေဖြစ်ပြီး ဒုက္ခရောက်နေလျက်ရှိကြပါသည်။ ၄င်းတို့တွင် မြန်မာမွတ်စလင်မ်များနှင့် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင် များပါဝင်ကြပြီး စားရေးသောက်ရေးပင် အခက်အခဲကြုံနေကြကြောင်းနှင့် ဆော်ဒီနိုင်ငံသို့ အလုပ်လုပ်ရန် ရောက်ရှိနေကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများက ၄င်းတို့အား အကူညီပေးကြကြောင်းကို အင်တာဗျူးတွင်ဖြေကြားခဲ့သည်


    via RohingyaVision