News @ M-Media

Tag: UK

  • ဗြိတိန် မွတ်စလင်မ်များက ဗြိတိန်စီပွားရေး ဒေါ်လာသန်းထောင်ချီ မြင့်တက်စေ

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media

    M_Id_436377_muslims

    ဗြိတိန်တွင်နေထိုင်သည့် မွတ်စလင်မ် ၂.၈ သန်းမှာ ဗြိတိန်၏ စီးပွားရေးအား နှစ်စဉ် ပေါင် ၃၁ ဘီလီယံ မြင့်တက်စေသည်ဟု စစ်တမ်းကောက်ယူမှုများအရ သိရသည်။

    ဗြိတိန်မွတ်စလင်မ်ကောင်စီ(MCB) က စစ်တမ်းကောက်ယူကာ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာတွင် ဗြိတိန်ရှိ မွတ်စလင်မ် ၂.၈ သန်းတွင် ၁ သိန်းခန့်မှာ သန်းကြွယ်သူဌေးများဖြစ်ကြပြီး ဗြိတိန်စီးပွားရေးအား ပေါင် ၃၁ သန်းအထိ မြင့်တက်စေသည်ဟု ရေးသားထားသည်။ မကြာသေးမီက Sunday Times သတင်းစာမှ ၂၀၁၃ ခုနှစ် ဗြိတိန်၏ အချမ်းသားဆုံ လူ ၁၀၀ စာရင်းကိုထုတ်ပြန်ခဲ့ရာ မွတ်စလင်မ် ၁၂ ဦးမှာ ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

    ပြီးခဲ့သည့်တစ်ပါတ်က လန်ဒန်မြို့တွင် ၉ ကြိမ်မြောက် ကမ္ဘာ့အစ္စလာမ့်မစ်စီးပွားရေးဖိုရမ်(WIEF)ကို ကျင်းပခဲ့ပြီး ထိုဖိုရမ်မှထုတ်ပြန်သော အစီရင်ခံစာတွင် လန်ဒန်မြို့၌ မွတ်စလင်မ်ပိုင် စီးပွားရေလုပ်ငန်းများမှာ ၁၃၄၀၀ ရှိပြီး ထိုလုပ်ငန်းများမှ အလုပ်အကိုင်ပေါင်း ၇ သောင်းကျော်ကို ဖန်တီးပေးသည်ဟု ရေးသားဖော်ပြထားသည်။

    MCB အဖွဲ့တွင် ဗြိတိန်တစ်ဝှမ်းရှိ မွတ်စလင်မ်လူမှုရေးအသင်းအဖွဲ့များ၊ ဗလီဝတ်ကျောင်းတော်များ၊ အလှူဒါနပြုသည့်အဖွဲ့အစည်းများနှင့် စာသင်ကျောင်းများစသဖြင့် အသင်းအဖွဲ့ပေါင်း ၃၀၀ ကျော် အသင်းဝင်အဖြစ် ပါဝင်ထားကြသည်။

    Ref: The Financial Express

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် editor@m-mediagroup.com

  • မွတ်စ်လင်မ်စွန့်ဦး လုပ်ငန်းရှင်များအတွက် ယူကေမှ စတာလင်ပေါင် သန်း ၁၀၀ မ,တည်

    နိုဝင်ဘာ-၁ ၊ ၂၀၁၃
    M-Media

    Johnson Re-Elected London Mayor
    (ဓာတ်ပုံ – လန်ဒန်မြို့တော်ဝန် ဘောရစ္စ ဂျွန်ဆင်)

    ဗြိတိန်နိုင်ငံအတွင်း အစ္စလာမ့်နည်းကျနည်းပညာလုပ်ငန်းများကို စွန့်ဦးလုပ်ဆောင်လိုသူများတွက် နိုင်ငံတော်အစိုးရမှ စတာလင်ပေါင် သန်း ၁၀၀ ရံပုံငွေတစ်ရပ်ကို စီစဉ်ထားသည်ဟု လန်ဒန်မြို့တော်ဝန် ဘောရစ္စ ဂျွန်ဆင်မှ ကြေငြာလိုက်သည်။ အင်္ဂါနေ့က လန်ဒန်တွင်ပြုလုပ်သော အစ္စလာမ့်စီးပွားရေးကမ္ဘာ့ဖိုရမ် World Islamic Economic Forum ၌ ၄င်းမှ ယင်းအစီအစဉ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

    “ အစ္စလာမ်ကမ္ဘာမှာ ရေရှည်အမြင်ရှိတဲ့ လူငယ်စွန့်ဦးလုပ်ငန်းရှင်တွေ ရှိနေသလို ဗြိတိန်ဟာလည်း စက်မှုလုပ်ငန်းအတွက် ကမ္ဘာ့အချက်အချာဒေသတစ်ခုဖြစ်ပါတယ် ” ဟု သုကဆိုခဲ့ကြောင်း The National သတင်းစာမှ ဖော်ပြသည်။

    ယူအေအီး၊ ဆော်ဒီအာရေဗျ နှင့် မလေးရှားကဲ့သို့သော နိုင်ငံများနှင့်ချိတ်ဆက်ရန်အတွက်
    ရံပုံငွေထူထောင်ရေး၌ မဆိုစလောက်သောမတည်ငွေပင်ဖြစ်စေ အရေးပါသောကဏ္ဍ၌ ပါဝင်သည်။ အရှေ့အလယ်ပိုင်းမှ စွန့်ဦးလုပ်ငန်းရှင်များကိုလည်း ကျွမ်းကျင်မှုများရအောင် နည်းပညာဌာနများသို့လာရောက်စေမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံသို့ တစ်ပါတည်းပြန်လည်သယ်ဆောင်သွားရန် ရည်ရွယ်ထားသည်။

    The National သတင်းစာ၏အဆိုအရ စွန့်ဦးးလူငယ်များအား ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်အောင် လမ်းကြောင်းပေးသော ယူအေအီးအခြေစိုက် Emirates Foundation for Youth Development နှင့်လည်း တာဝန်ရှိသူများမှ ဆက်သွယ်ထားပြီးဖြစ်သည်ဟု သိရသည်။

    Source : Worldbulletin.net

  • အစ္စလာမ့်နည်းကျ ငွေကြေးဆိုင်ရာ စာချုပ်စနစ် အသုံးပြုမည့် ပထမဦးဆုံး မွတ်စလင်မဟုတ်သည့် နိုင်ငံ (သို့) ဗြိတိန်

    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media

    Cameron
    ဗြိတိန်သည် အစ္စလာမ့်နည်းကျစာချုပ်ကို ပထမဆုံးချုပ်ဆိုသည့် မွတ်စ်လင်မ် မဟုတ်သော တိုင်းပြည်တစ်ခု ဖြစ်လာမည်ဟု ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းမှ ကြေငြာလိုက်သည်။

    လန်ဒန်တွင် ကျင်းပပြုလုပ်သော အစ္စလာမ့်စီးပွားရေးကမ္ဘာ့ဖိုရမ် – World Islamic Economic Forum (WIEF) ၌ လန်ဒန်ငွေကြေး ဖလှယ်မှု စတော့ဈေးကွက်တွင် အစ္စလာမ့်နည်းကျ ကဏ္ဍသစ်တစ်ရပ် ထည့်သွင်းရေး အစီအစဉ်များကို သူမှ ကြေငြာခဲ့ခြင်းဖြစ်သည်။

    ဤသည်မှာ မိမိတို့၏ကုမ္ပဏီစံညွှန်းများနှင့် ကိုက်ညီကြောင်း သိရှိစေခြင်းဖြင့် အစ္စလာမ့်လောကမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် ရည်ရွယ်သည်။

    အစ္စလာမ့်စည်းကမ်းများအရ စီးပွားရေးလုပ်ငန်းတွင် အတိုးငွေ၊ အတိုးနှုန်းများ ပါဝင်ခွင့် မရှိချေ။

    ရောင်းဝယ်ရေးလုပ်ငန်းများကို ပကတိကုန်သွယ်မှုနှင့်စီးပွားရေး၌သာ အခြေခံမည်ဖြစ်ပြီး လောင်းကစား၊ အရက်သေစာ စသည့် ယှရီအဟ်ဥပဒေနှင့်မကင်းလွတ်သည့် မည်သည့်အရာမှ ပါဝင်စေမည်မဟုတ်ဟု ဆိုသည်။

    လွန်ခဲ့သည့် ၇ နှစ်အတွင်း အစ္စလာမ့်လောက၏ ရင်းနှီးမြှုပ်နှံမှုများမှာ ၁၅၀ ရာခိုင်နှုန်းအထိ တရှိန်ထိုးမြင့်တက်လာခဲ့ပြီး၊ လာမည့်နှစ်တွင် ပေါင်စတာလင် ၁.၃ ထရီလီယံ တန်ကြေးအထိရောက်ရှိမည်ဟု ခန့်မှန်းထားကြသောကြောင့် ဗြိတိန်ငွေကြေးလည်ပတ်မှုလုပ်ငန်းစဉ်အတွက် အစ္စလာမ့်နည်းကျ ငွေကြေးစီးဆင်းမှုက အခွင့်သာစေမည်ဟု မစ္စတာ ကင်မရွန်းက ယုံကြည်ထားသည်။

    “ လန်ဒန်ကို အနောက်ကမ္ဘာထဲက အစ္စလာမ့်နည်းကျ ငွေကြေးစံနစ်သုံး မြို့တော်ကြီးတစ်ခုဖြစ်လာယုံလောက် ကျွန်တော် လိုချင်တာမဟုတ်ဘူး။ ကမ္ဘာတစ်ဝှန်းမှာ အစ္စလာမ့်နည်းကျ ငွေကြေးစံနစ်သုံး မြို့တော်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဒူဘိုင်းနဲ့ ပခုံးချင်းယှဉ်ရပ်နိုင်တဲ့ အထိကို လန်ဒန်ကို ဖြစ်စေချင်တယ်။ ကမ္ဘာကပြောင်းလဲနေတဲ့ နည်းလမ်းကို အသိအမှတ်ပြုဖို့ ငြင်းဆန်တဲ့၊ ဒါ့ပြင် ပြည်တွင်းမှာဆုတ်ယုတ်နေတဲ့ တိုင်းပြည်တစ်ချို့ရှိနေကြတယ်။ ဒါပေမယ့် ဗြိတိန်ကတော့ ဒီလိုအမှားမျိုး လုပ်မှာမဟုတ်ဘူး ” ဟု ၄င်းမှ WIEF ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

    လာမည့်နှစ်ဆန်းပိုင်းတွင် ပေါင်စတာလင် သန်း ၂၀၀ တန်ကြေးရှိ အစ္စလာမ့်နည်းကျကုန်သွယ်ရေးစာချုပ် (စုကူးက်)ကို ချုပ်ဆိုနိုင်ရန် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ မျှော်လင့်ထားသည်။ အစ္စလာမ့်နည်းကျ ငွေကြေးလည်ပတ်မှု စည်းမျဉ်းများနှင့်အညီ အတိုး ကဏ္ဍမပါဝင်ဘဲ အကောင်အထည်ရှိပစ္စည်းဥစ္စာ သို့မဟုတ် လုပ်ငန်းခွင်မှ သတ်မှတ်ငွေကြေးဖလှယ်မှုဖော်ဆောင်ရန် ယင်းစာချုပ်အတွင်း၌ စီမံဆောင်ရွက်သွားမည်ဟု ဆိုသည်။

    Ref: BBC

  • UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    အောက်တိုဘာ ၂၈-၂၀၁၃
    M-Media
    A.N.lay

    UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့်  လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ဆွေးနွေး

    DSC01022

    ရန်ကုန်    ။          ။        UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့် လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ Park Royal Hotel, Padamya Room 3 တွင် အောက်တိုဘာ ၂၈-ရက် ညနေ ၅း၃၀ တွင်ပြုလုပ်ခဲ့ပါတယ်။

    ၎င်းဆွေးနွေးပွဲတွင် Mr.Chris Cobb ( Chief Operating Officer and University Secretary) က “ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်စပိုင်း လန်ဒန်တက္ကသိုလ် ကို မြန်မာနိုင်ငံက ပညာရေး အဆင့်မြင့် အဖွဲ့သွားရောက်ပါတယ်။ အဲ့ဒီကနေ ဆွေးနွေးခဲ့တာ တွေဟာ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဒီမှာ အကောင်အထည်ဖော်ဖို့ ရှိပါ တယ်။ ဘာလို့လဲဆိုတော့ ဒီမြန်မာနိုင်ငံ အစိုးရဟာ အဆင့်မြင့် ပညာရေး အောက်မှာရှိတဲ့ တက္ကသိုလ်များအားလုံးကို ပိုပြီးတော့ စွမ်းဆောင်နိုင်ဖို့ တိုးတက်လာဖို့ ပြန်ပြီး ရှင်သန်လာနိုင်ဖို့ကို အင်မတန်မှ ဆန္ဒပြင်းပြပါတယ်။ ဒါကိုလုပ်ဖို့လည်း ပြည်ပ အကူအညီများလိုပါတယ်။

    UK မှာ မြန်မာ ပညာရေးအဖွဲ့ သွားရောက် ဆွေးနွေးတဲ့ အခါမှာ ဒါတွေပဲပြောပြီးတော့ နောက်ဆက်တွဲကို အကောင်အထည်ဖော်ဖို့ အတွက် ကျွန်တော်တို့ ဒီကိုလာရောက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကတော့ ပညာရေးစနစ် တစ်ခုလုံးကို တိုးတက်အောင် ကောင်းမွန်အောင် ပြောင်းလဲစေချင်ပါတယ်။ အထူးသဖြင့် အခြေခံပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ တက္ကသိုလ်များ အနုပညာတက္ကသိုလ်များ၊ ဆေးပညာတက္ကသိုလ်များ ၊ စက်မှုဆိုင်ရာတက္ကသိုလ်များ အားလုံးကို တိုးတက်စေချင် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကိုလာတာကလည်း တက္ကသိုလ်များကိုတိုးတက်အောင် လုပ်ဖို့ ဆွေးနွေးတိုင်ပင်ပြီးတော့ ကူညီပံပိုးဖို့အတွက်လာတာဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ဖွံဖြိုးတိုးတက်ဖို့က ပညာရေးအဆင့်ဆင့်တိုင်း ကအရေးကြီးပါတယ်။ လက်ရှိကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုတွေ ၊ သဘာဝဘေး အန္တရယ်တွေ ကို ဖြေရှင်းနိုင်ဖို့က တက္ကသိုလ်အဆင့် ပညာရေးသာလျှင် ဒါကိုဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါကြောင့်ဒီကိုလာရောက်ခြင်းက တက္ကသိုလ်အဆင့် ပညာရေးကို တိုးတက်အောင် ကူညီပံပိုးပေးခြင်း ဖြစ်ပါတယ်။

    ပြသနာတိုင်းဟာ တစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ပါဘူး တစ်ကမ္ဘာတိုင်းမှာဖြစ်နေတဲ့ ပြဿနာဖြစ်တဲ့ အတွက်ကြောင့် တက္ကသိုလ်များမှာ သူတို့ရဲ့ ပညာရေးစနစ်ဖြင့် ဒီပြသနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီကိုလာရောက်ခြင်းအားဖြင့် တက္ကသိုလ်များနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို လာရောက် ကူညီဆောင်ရွှက်ပေးခြင်းဖြစ်ပါတယ်။ UK မှာတော့ ကျွန်တော်တို့ ပညာရေးအဖွဲ့ဟာ UK မှာရှိတဲ့ ပညာရေး ပြသနာ၊ အခက်အခဲပြသနာတွေကို နားလည်တယ်။ ဒါကိုဖြေရှင်းပေးမယ့် အင်အားတွေလည်းရှိတယ်။ အသိပညာတွေ အတတ်ပညာတွေလည်း ရှိပါတယ်။ ဒါပေမယ့် လည်း ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာမှာရှိတဲ့ နိုင်ငံများမှာရှိတဲ့ ပြဿနာများကို အသေးစိတ် မသိနိုင်ပါဘူး ဒါကြောင့်နိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ရဲ့ ဗြိတိကောင်စီ ဆိုတဲ့ အဖွဲ့ကိုစေလွတ်ထားပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံရဲ့ပညာရေး စနစ်တွေ အခက်အခဲတွေအားလုံးကိုလေ့လာပြီးတော့ အစီရင်ခံခဲ့ပြီး သိရှိ နားလည်တဲ့အခါမှာ ဒီနိုင်ငံကို လာပြီးတော့ တဖြည်းဖြည်း ညှိနှိုင်းရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
    ဆက်လက်ပြီး David J .Lock ( Director of International Projects) က “ကျွန်တော်တို့ဒီကိုလာရောက်ခြင်းဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးမှာ အထူးသဖြင့် ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကူညီပံ့ပိုးပေးဖို့ လက်တွဲဆောင်ရွက်ပေးဖို့ လာရောက်ခြင်းဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကူညီပံပိုးမှုပေးတာက ဘာလဲဆိုတော့ အင်္ဂလိပ်ဘာသာစကား နှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်ပါတယ်။ နောက်တစ်ခြား ပညာရေးကဏ္ဍများကိုလည်း ပံ့ပိုးမှုပေးပါတယ်။ အခုမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်တဲ့ CSR လို့ခေါ်တဲ့ပြီး ပြည့်စုံတဲ့ ပညာရေးကဏ္ဍမှာ အများကြီး ကူညီပံပိုးပြီးတော့ လက်တွဲဆောင်ရွက် နေပါတယ်။ အဲ့ဒါတွေမှာ ဒီဟာက အခြေခံပဲ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အဆင့်မြင့် ပညာရေး ဥပဒေကို ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ ဒီဟာကိုလည်း လွှတ်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးအဖွဲ့ ဆွေးနွေးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

    ၎င်းနောက်အဆိုပါ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက မီဒီယာများကို မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၆း၃၀ တွင် ရုပ်သိမ်းခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်သူ ၅၀-ဦးခန့်ရှိပါတယ်။

  • မွတ်စလင်မ် ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့မှု့အပေါ် အင်္ဂလိပ် မျိုးစောင့်အဖွဲ့ EDL တည်ထောင်သူ ခေါင်းဆောင်ဟောင်းမှ တောင်းပန်

    အောက်တိုဘာ၊ ၁၃
    M-Media

    Tommy Robinson

    လက်ျာစွန်းရောက်အုပ်စုတွင်းရှိ လူမျိုးကြီးဝါဒီတို့၏အန္တရာယ်များနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးပေးရန် ရဲဌာနသို့ တင်ပြပြောဆိုသွားမည်ဟု ဂါးဒီးယန်းအင်တာဗျူးတွင် EDL ခေါင်းဆောင်ဟောင်း တွန်မီ ရော်ဘင်ဆင်မှ ပြောကြားလိုက်သည်။

    ယင်းအင်တာဗျူး၌ ရော်ဘင်ဆင်က မိမိသည် EDL – English Defence League အဖွဲ့၌ရှိနေခဲ့စဉ်အတွင်း “ငါနှင့်မတူငါ့ရန်သူ” ၊ “မင်းတို့နှင့်ငါတို့” ကဲ့သို့သော မွတ်စ်လင်မ်ဆန့်ကျင်ရေးစကားလုံးများအသုံးပြု၍ ဗြိတိန်မွတ်စ်လင်မ်နှင့်လူ့အဖွဲ့အစည်းတို့အား ဒုက္ခပေးခဲ့မိခြင်းအပေါ် တောင်းပန်လိုက်သည်။

    ရော်ဘင်ဆင် (၃၀ နှစ်)၏အမည်မှန်မှာ Stephen Yaxley-Lennon ဖြစ်၍ ဇူလိုင်လ ၇ ရက်ဗုံးကွဲမှုနှင့်ပတ်သက်ပြီး မိမိယုံကြည်စွာလှုံ့ဆော်ခဲ့သော “မွတ်စ်လင်မ်မှန်သမျှဖယ်ရှားရေး”၊ အစ္စလာမ်သာသနာကို “ဖက်ဆစ်ဝါဒနှင့်အကြမ်းဖက်ဘာသာ” အဖြစ် ရှုတ်ချရေးတို့မှာ မှားယွင်းခဲ့ကြောင်း သိရပြီဟု ဆိုသည်။

    “ အဲ့လိုပြဿနာကိုဖန်တီးမိလို့ ကျွန်တော် စိတ်မကောင်းခြင်းများစွာနဲ့တောင်းပန်ပါတယ်။ ကျွန်တော့်အိမ်ထဲမှာလည်း ပြဿနာဝင်နေပါပြီ။ ကျွန်တော့်ဇာတိမြို့ Luton နဲ့ EDL က ကျွန်တော်ကိုယ်စားပြုခဲ့တဲ့လူတွေအကြားမှာ အစ္စလာမ့်အစွန်းရောက်တွေကြီးထွားလာတော့မယ်ဆိုပြီး စိုးရိမ်ကြောက်ရွံ့နေခဲ့ကြကုန်တယ်။ Lee Rigby သတ်ဖြတ်ခံရမှုအပေါ် ဒေါသအုံကြွပြီး ဥရောပရဲ့အကြီးမားဆုံးကန့်ကွက် ဆန္ဒပြမှုဖြစ်လာအောင် မီးမွှေးမှိုင်းတိုက်ပြောဆိုခဲ့စဉ်မှာ အရက်နဲ့စိတ်ကြွဆေးတွေကို သုံးစွဲလေ့ရှိခဲ့ပါတယ် ” ဟု ၄င်းမှ မချိတင်ကဲ ပြောဆိုရှင်းပြခဲ့သည်။

    အစ္စလာမ်အစွန်းရောက်အုပ်စု ဟိဇ်ဗုသ် သွာဟီးရ် ၏ ထင်ရှားသောအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ မဂျစ်ဒ် န၀ါ့ဇ်၏အနီးတွင်ထိုင်လျက် ရော်ဘင်ဆင်က မိမိသည် အကျဉ်းကျစဉ်၌ ယင်းသို့ကြံစည်စေခြင်းခံရကြောင်း၊ ယခုသော် ယင်းကဲ့သို့သော တစ်ဖက်စောင်းနင်းပေါက်ကွဲမှုနှင့်အမျက်တို့ကို ရပ်တန့်အောင်တားဆီးတော့မည်ဖြစ်ကြောင်း ပြောဆိုလိုက်၏။

    အစွန်းရောက်အတွေးအမြင်များကိုဆန့်ကျင်သည့် Quilliam Foundation ၏ ဦးဆောင်သူ န၀ါ့ဇ်သည် ကနဦးပိုင်းက ရော်ဘင်ဆင်သည် EDL အား စွန့်ခွာပြီဖြစ်ကြောင်း ထုတ်ဖော်မပြောမချင်း မိမိနှင့်အတူ ယှဉ်တွဲထိုင်ရန် လက်မခံခဲ့ချေ။

    မိမိတို့သည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖုန်းဖြင့် အကျယ်တ၀င့်ပြောဆိုဆွေးနွေးခဲ့ကြကြောင်း၊ ၄င်းနောက် သူသည် ပြီးခဲ့သည့် တနင်္လာနှင့်အင်္ဂါ နှစ်ရက်လုံး Quilliam သို့ ရောက်ရှိလာပြီး တစ်နေကုန်ရှိနေခဲ့ကြောင်း၊ အင်္ဂါနေ့ညဥ့်ရောက်လေလျှင် Quilliam မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် အရေးပေါ်စီစဉ်ကြောင်း၊ ၄င်း၌ ရော်ဘင်ဆင်က မိမိသည် EDL မှ စွန့်ခွာကျောခိုင်းမှုကိုကြေငြာခဲ့ကြောင်း န၀ါ့ဇ်မှ ပြောပြခဲ့သည်။ ဂါးဒီးယန်းနှင့် အင်တာဗျူးလုပ်သည့် ကြာသပတေးနေ့အထိ ရော်ဘင်ဆင်သည် မိမိ၏တစ်ချိန်ကလုပ်ရပ်အတွက် နောင်တစကား မဆိုခဲ့ပါ။ ယခုသော် အထက်ပါအတိုင်း ၀န်ခံတောင်းပန်လိုက်ပြီဖြစ်သည်။ သူ၏ အင်္ဂလိပ်(လူမျိုးကြီး)၀ါဒနှင့်စပ်လျဉ်း၍ မေးမြန်းသောအခါ ပြည်သူ၊ လူမျိုး၊ နိုင်ငံသည်တွဲလျက်ရှိနေသောကြောင့် မိမိ၏တိုင်းပြည်အပေါ်ရှိသည့်ခံစားချက်ဖြစ်သည်ဟု ၀န်ခံခဲ့သည်။ န၀ါ့ဇ်နှင့်ဆွေးနွေးပြီးနောက် လူမျိုးဘာသာယဉ်ကျေးမှုစုံ အတူတစ်ကွယှဉ်တွဲနေထိုင်ရေးအမြင်ကို ရော်ဘင်ဆင်မှ လက်ခံခဲ့၏။ သို့သော် အချို့သော အခွင့်ထူးခံအုပ်စုများကိုမူ မမြင်လိုပါဟု ဆိုသည်။

    ရော်ဘင်ဆင်ကို အစိုးရနှင့်ပြည်ထဲရေးရှိ မိမိအဆက်အသွယ်များနှင့် ချိတ်ဆက်ပေးပြီး ၄င်း၏ပြန်လည်ကုစားမှုလုပ်ဆောင်ချက်များအတွက် အစိုးရထောက်ပံ့မှုရရှိစေအောင် ဆောင်ရွက်သွားမည်ဟု အမြင်ကျယ်သည့် လစ်ဘရယ်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သူ န၀ါ့ဇ်မှ ဆိုသည်။ ရော်ဘင်ဆင်ကလည်း မိမိ၏အနာဂတ်လုပ်ငန်းစဉ်၌ အစွန်းရောက်မှုမှန်သမျှ အတိုက်အခံပြုသွားမည်၊ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုများကိုမူ ထောက်ခံသွားမည်မဟုတ်၊ အကြောင်းမှာ ၄င်းတို့သည် ကွန်မြူနစ်ဝါဒီနှင့်မင်းမဲ့ဝါဒီတို့အား ထောက်ပံ့နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လွန်ခဲ့သော ၄ နှစ်က သူဖွဲ့စည်းခဲ့သော အုပ်စုထဲမှ လူမျိုးကြီးဝါဒီဒုစရိုက်သမားတို့ကို ဖယ်ရှားရှင်းလင်းပစ်ရန် ရဲဌာနနှင့်ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဏာပိုင်များထံတင်ပြသွားတော့မည်ဟုဆိုလျက် ဤသို့ ပြောပြခဲ့သည်။

    “ ဖက်ဆစ်ဝါဒီ နှင့် အစ္စလာမ်အစွန်းရောက်တွေဟာ ဒင်္ဂါးပြားတစ်ခုထဲက ခေါင်းနဲ့ပန်းသာ ဖြစ်ပါတယ် ”။

    Ref: theguardian