News @ M-Media

Tag: WiraThu

  • ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း

    ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း

    10678764_282805781912668_7184040548524533382_n
    တနင်္ဂနွေနေ့က ကိုလံဘိုလေဆိပ်မှာ တွေ့ရတဲ့ ဒေသခံ အစွန်းရောက် Bodu Bala Sena အုပ်စု နဲ့ ဦးဝီရသူ (Photo: Bodu Bala Sena Blog / Facebook)

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄

    ဦးဝီရသူက သီရိလင်္ကာမှာရှိတဲ့ မူဆလင်ဆန့်ကျင်ရေးအုပ်စုနဲ့ တွဲဖက် လုပ်ဆောင်မယ်လို့ ကြေညာ လိုက်ပါတယ်။

    သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့  ၉၆၉ လှုပ်ရှားမှု အင်အားစုတို့  လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

    Bodu Bala Sena (BBS) အင်အားစုက သီရိလင်္ကာမှာရှိတဲ့ မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ်လို့ စွပ်စွဲခံနေရပါတယ်။

    ဦးဝီရသူက သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ထောင်နဲ့ချီတဲ့ သံဃာတွေနဲ့ တွေ့ဆုံခဲ့တာပါ။

    မူဆလင် ဘာသာရေး၊ နိုင်ငံရေး အဖွဲ့တွေက ကန့်ကွက်နေပေမယ့်လည်း သီရိလင်္ကာ အာဏာပိုင်တွေက ဦးဝီရသူရဲ့ ခရီးစဉ်ကို ခွင့်ပြုခဲ့ပါတယ်။

    ဒါကတော့ ဧရာဝတီသတင်းစာမျက်နှာ
    http://www.irrawaddy.org/burma/burmas-wirathu-sri-lanka-buddhist-radicals-join-hands.html မှာ ဖော်ပြထားတဲ့
    Burma’s Wirathu and Sri Lanka Buddhist Radicals Join Hands ဆိုတဲ့ သတင်းကို ဆီလျော်အောင် ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။

    AFP သတင်းတပုဒ်မှာတော့
    ကမ္ဘာတလွှားမှာ အခြိမ်းခြောက်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ၉၆၉ လှုပ်ရှားမှုက BBS နဲ့ ပူးပေါင်းမယ် ဆောင်ရွက်မယ်၊
    ဗုဒ္ဓဘာသာဝင်တွေဟာ ဂျီဟတ်အုပ်စုတွေ ခြိမ်းခြောက်တာကို အကြီးအကျယ်ခံနေရတယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ သည်းခံမှုက အားနည်းချက်လို ဖြစ်နေပါပြီ၊ ဗုဒ္ဓဘာသာဝင်တွေကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ မိဒီယာအဖွဲ့အစည်းတွေက နည်းပညာတွေသုံးပြီး ပါဝင်နေကြတယ် လို့လည်း ဦးဝီရသူက မိန့်ကြားကြောင်း ရေးသားထားပါတယ်။

    ဧရာဝတီ ဘလောဂ်မှ ကူးယူဖော်ပြသည်။

    http://blog.irrawaddy.org/2014/09/blog-post_367.html

  • မွတ်စလင် ဆန့်ကျင်သူ ဦးဝီရသူ လာရောက်မှု  သီရိလင်္ကာ မွတ်စလင်ကောင်စီ စိုးရိမ်

    မွတ်စလင် ဆန့်ကျင်သူ ဦးဝီရသူ လာရောက်မှု သီရိလင်္ကာ မွတ်စလင်ကောင်စီ စိုးရိမ်

    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    10678764_282805781912668_7184040548524533382_n
    – မြန်မာနိုင်ငံမှ မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ အဖွဲ့ခေါင်းဆောင်ဆရာတော် ဦးဝီရသူအား သီရိလင်္ကာသို့ လာရောက်ရန် ဖိတ်ကြားခဲ့မှုကြောင့် ရိမ်မှုများ မြင့်တက်နေကြောင်း သီရိလင်္ကာ မွတ်စလင်ကောင်စီက  ကြေညာချက်ထုတ်ပြန်လိုက်သည်။

    မွတ်စလင်ဆန့်ကျင်ရေး ခေါင်းဆောင်ဖြစ်သည့် ဦးဝီရသူ၏ လှုံဆော်ခဲ့မှုများကြောင့် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာပြည်မှ မွတ်စလင်များ သတ်ဖြတ်ခဲ့မှု အတွက် တာဝန်ရှိသူ တစ်ဦးလည်းဖြစ်သည်။

    ဦးဝီရသူအား သီရီလင်္ကာ၌ ပြုလုပ်မည့် သံဃာကောင်စီသို့ တက်ရောက်ရန် အတွက် သီရိလင်္ကာရှိ Bodu Bala Sena  အဖွဲ့က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ သီရိလင်္ကာမွတ်စလင်ကောင်စီ ဥက္ကဌ မာဟင်ဒါ ရာဂျာပက်ဆာက  သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်စေထံ လိပ်မူပြီး ရေးသား ထားတဲ့ပေးစာမှာ မြန်မာမွတ်စလင်များ အပေါ် အကြမ်းဖက်မှုများစွာ ဖြစ်စေခဲ့သော ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှိနေခြင်းက သီရိလင်္ကာနိုင်ငံက ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုအတွက် ခြိမ်းခြောက်မှု ဖြစ်လာ လိမ့်မည်ဟု ဖော်ပြခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများကဆိုရင် သူဟာ  အစ္စလာမ်သာသနာ ကြီးထွားလာမှုက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုကို အန္တရာယ်ရှိစေတဲ့ဆိုတဲ့ မီးထိုးပေးတဲ့ တရားဟောပြောမှုတွေပြုလုပ်ကာ မြန်မာမွတ်စလင် လူနည်းစုတွေအပေါ် အကြမ်းဖက်မှုကျူးလွန်ဖို့ လှုံ့ဆော်သူအဖြစ် စွပ်စွဲခဲ့ကြပါတယ်။ သံဃာကောင်စီ အစည်းအဝေးမှာ သူရှိနေမှုနဲ့ သူ့ရဲ့မိန့်ခွန်းပြောမှုဟာ ဇွန်လ အတွင်းက Aluthgama နဲ့ Beruwela မှာ ပဋိပက္ခတွေကိုဖြစ်စေတဲ့ ဟောပြောမှုတွေလုပ်ခဲ့တဲ့ ဘုန်းကြီး Galabode Aththe Ganansara  ရဲ့ မိန့်ခွန်းလိုမျိုး မွတ်စလင်တွေ အပေါ် အကြမ်းဖက်မှုတွေ ဖြစ်လာဖို့ လှုံ့ဆော်တာ မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဦးဝီရသူသာ သီရိလင်္ကာကို ၀င်ရောက်ခွင့်ရခဲ့ရင် သိရိလင်္ကာအစိုးရဟာ တိုင်းပြည်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေ ဖြစ်အောင်လုပ်နေတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ့ နည်လမ်းတွေကို အားပေးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာနိုင်ပါတယ်” ဟု ထိုစာတွင် ရေးသားခဲ့သည်။

    ထို့ပြင် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် Bodu Bala Sena  နှင့် ၉၆၉ အဖွဲ့တို့၏ ဆက်စပ်မှုမှာ ပြီးခဲ့သည့်လအနည်းငယ်က Ven. Gnanasara Thero  မြန်မာနိုင်ငံသို့ သွာရောက်ပြီးနောက်ပိုင်း စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

    ထို့ပြင် ဦးဝီရသူအား သီရိလင်္ကာသို့ဝင်ရောက်ခွင့် ဗီဇာထုတ် မပေးရေးအတွက်လည်း သီရိလင်္ကာရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ ကိုယ်စား သီရိလင်္ကာမွတ်စလင်ကောင်စီက အစိုးရကို မေတ္တာရပ်ခံခဲ့သည်။

    သို့သော် ဦးဝီရသူများ ယနေ့ သိရိလင်္ကာနိုင်ငံသို့ေ၇ာက်ရှိသွားပြီဖြစ်ကြောင်းကို သိရိလင်္ကာသတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရှိရပါသည်။

    ref_ colombogazette

    ဓါတ်ပုံအညွှန်း- ဦးဝီရသူ ယနေ့ သီရိလင်္ကာနိုင်ငံ ကိုလံဘို လေဆိပ်သို့ ရောက်ရှိစဉ်

  • ဦးဥတ္တမနှစ်ပတ်လည်ကို မွတ်ဆလင်ဆန့်ကျင်ရေးအဖြစ် ဦးဝီရသူ အသုံးချ

    ဦးဥတ္တမနှစ်ပတ်လည်ကို မွတ်ဆလင်ဆန့်ကျင်ရေးအဖြစ် ဦးဝီရသူ အသုံးချ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    ကမာရွတ်မီဒီယာမှ ကူးယူဖော်ပြပါသည်။


    အာဏာနိုင်ငံရေးသမားတွေမှာသာ လောကဓံ အတက်အကျဆိုတာရှိပြီး အမျိုးသားနိုင်ငံရေးသမားတွေ အတွက်တော့ အတက်ပဲရှိတယ်လို့ အမျိုးသားရေးဝါဒီ ဦးဝီရသူက ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၅နှစ်ပြည့် စိန်ရတုအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ အမျိုးသားရေးဝါဒီတွေအတွက် လောကဓံဆိုတာ တကယ်ပဲ မရှိဘူးလား။

    ရန်ကုန်မြို့ MCC ခမ်းမမှာကျင်းပတဲ့ လူပေါင်းထောင်နဲ့ချီတက်ရောက်တဲ့ ဦးဥတ္တမ ကွယ်လွန်ခြင်း စိန်ရတု အခမ်းအနားဟာ အမျိုးသားနိုင်ငံရေးသမားတွေမှာ လောကဓံရဲ့ အကျဆိုတာ မရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ဦးဝီရသူက ဆိုပါတယ်။

    မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဥတ္တမနှစ်ယောက်ပဲ နိက္ခမပါရမီရင့်သန်သူတွေအဖြစ် သူ့အနေနဲ့ လက်ခံထားပြီး အမျိုးသားရေးလုပ်ရင် အစွန်းရောက်သူ၊ အကြမ်းဖက်သူလို့ စွပ်စွဲခံရပြီး ဗြိတိသျှခေတ်တုန်းက အမျိုးချစ်တဲ့သူဟာ သူရဲကောင်းလို့ သူကရှုမြင်တယ်လို့ ဆိုပါတယ်။ ဒီအခမ်းအနားကို သံဃာတွေ ရာနဲ့ချီတက်ရောက်သလို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားတွေ အများအပြား တက်ရောက်ခဲ့ပါတယ်။

    ၂၁ရာစုမှာ လွတ်လပ်ရေးဆုံးရှုံးနိုင်တဲ့နည်းလမ်းတွေ ပိုကျယ်ပြန့်လာတာကြောင့် လွတ်လပ်ရေး မဆုံးရှုံးဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပတာဖြစ်ပြီး အုပ်ချုပ်သူတွေအနေနဲ့ လက်တွေ့ကျတဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှိဖို့၊ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးပေးဖို့ ဦးဇော်အေးမောင်က တိုက်တွန်းခဲ့ပါတယ်။ ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် နာမည်ပြောင်းဖို့ကိုလည်း သူကတောင်းဆိုခဲ့ပါတယ်။

    လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးကွဲပြားခြားနားမှုကို အခြေခံပြီး အမုန်းတရားတွေ ဖြန့်ဖြူးနေတဲ့ ဦးဝီရသူက ဦးဥတ္တမဟာ အမျိုးဘာသာကို ချစ်မြတ်နိုးသူမို့ ဘူးသီးတောင်၊ မောင်တောကိုတွေ့ရင် ဘယ်လိုနေမလဲမသိဘူးလို့ အစချီပြီး ရခိုင်တိုင်းရင်းသားတွေက သူ့ကို ဦးဥတ္တမ ဝင်စားသလားလို့ ပြောပေမယ့် သူက အားကျစိတ်ရှိတာသာဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုခဲ့ပါတယ်။ စစ်တွေဟာ မွတ်တွေဖြစ်နေပြီလို့ တိုက်ခိုက်စွပ်စွဲခဲ့ပြီး ဦးဥတ္တမရင်ဆိုင်ခဲ့ရတာက ကုလားဖြူတွေဖြစ်ပေမယ့် သူရင်ဆိုင်နေရတာ ကုလားမည်းတွေဖြစ်သလို ဒီလူတွေဟာ ဦးနှောက်မရှိဘူးလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

    နိုင်ငံတကာမျက်နှာစာမှာ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ သိက္ခာကျခဲ့ရတယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်မှာ ဝန်ခံပြောခဲ့ပြီး တစ်ရက်အကြာမှာ မွတ်ဆလင်ဆန့်ကျင်ရေး၊ အသားအရောင်ကွဲပြားမှုကို ခွဲခြားတဲ့ ဦးဝီရသူဟာ အမုန်းတရားတွေကို ပြင်းပြင်းထန်ထန်ပြောဆိုပြီး သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။

     

    http://kamayutmedia.com/video/politics/1239

  • ဖေ့စ်ဘွတ် အသုံးပြုမှုကို ပြန်လည် ချေပနေရသော တို့မီးရှို့မီး မြန်မာ ဘုန်းတော်ကြီး ဦးဝီရသူ

    ဇူလိုင် ၁၃ ၊ ၂-၁၄
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

    BN-DQ610_MAWira_G_20140711015633
    ဇူလိုင်(၄)ရက်၊ မန္တလေးကျောင်းတိုက်တွင်ပြုလုပ်သည့် အင်တာဗျူး၌ အမျိုးသားရေးဝါဒီ တို့မီးရှို့မီးသံဃာ ဦးဝီရသူအား တွေ့ရစဉ် (ဓာတ်ပုံ – Agence France-Presse/Getty Images)

    ဖေ့စ်ဘွတ် ကိုအသုံးပြုနေသော တို့မီးရှို့မီး  မြန်မာဘုန်းတော်ကြီး အရှင်ဝီရသူမှာ ပြီးခဲ့သည့် ရက်သတ္တပတ် ရုန်းရင်းဆန်ခတ်မှု၏ အဓိကသော့ချက်ဖြစ်သည်ဟု လေ့လာသူတို့က ဆိုလိုက်သည့် အပေါ် မိမိ၏ဖေ့စ်ဘွတ် အသုံးချမှုသည် သာသနာ့ ကာကွယ်ရေး သတင်း အချက်အလက်ကိုဖော်ပြသည့် ပို့စ်များကိုသာ ရေးတင်ခြင်းဖြစ်သည်ဟု ပြန်လည် ကာကွယ်ချေပခဲ့သည်။

    “ဦးဇင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သတင်းမှန်တွေ မျှပေးယုံ သက်သက်ပါပဲ၊ ချဲ့ကားမှုဆိုလို့ တစ်စုံတစ်ရာ မရှိပါဘူး ” ဟု မန္တလေးရှိ သူ့ကျောင်းတိုက်တွင်ပြုသော အင်တာဗျူး တစ်ရပ်၌ ပြောကြားသည်။

    မွတ်စ်လင်မ်ဆန့်ကျင်ရေး မှိုငိးတိုက်မှုများ၊ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုများဖြင့် အလွန်လူသိများပြီး တန်ခိုးထွားနေသော ဤသံဃာသည် တစ်ချိန်က မွတ်စ်လင်မ်တို့အပေါ် ရက်စက်စွာ တိုက်ခိုက်အောင် လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ဗုဒ္ဓဘာသာ အမျိုးသမီး တစ်ဦးကို မွတ်စ်လင်မ် အမျိုးသားတို့မှ မုဒိန်းကျင့်သည်ဆိုသော မြန်မာဘာသာ ဘလော့ဂ် လင့်ခ်တစ်ခုကို လွန်ခဲ့သော ရက်သတ္တပတ်က ၎င်းမှ တင်ပြခဲ့၏။

    မန္တလေးရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်အား မုဒိန်းကောင်အဖြစ် ယိုးစွပ်ထားသည့် ယင်းတင်ပြချက်ကို သူ၏နောက်လိုက် ခြောက်ထောင်ကျော်မှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြသည်။

    ဦးဝီရသူမှ ယင်းပို့စ်အား ဖြန့်ဝေလိုက်ပြီးနောက် ဇူလိုင်(၁)ရက်တွင် ရာဂဏန်းရှိ ဗုဒ္ဓဘာသာဝင် လူစုက လက်ဖက်ရည်ဆိုင်ရှေ့၌ စုရုံးလာကြပြီး ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ၎င်းတို့သည် မုဒိန်းမှုကြောင့် ထိုနေရာသို့ စုရုံးရောက်ရှိကြောင်း ဆိုလျက် ဆိုင်ရှင်အား ပြင်ပသို့ ထုတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း မျက်မြင် သက်သေများက ပြောပြသည်။

    မျက်မြင်သက်သေနှင့် အာဏာပိုင်တို့၏အဆိုအရ ထိုညဥ့်နှောင်းပိုင်းတွင် ရဲတပ်ဖွဲ့မှ လူအုပ်ခွဲခဲ့သည်။ သို့သော် ယင်းလူစုသည် မြို့လယ် လမ်းမများဖက်သို့ ဦးလှည့်သွားကာ ဗုဒ္ဓဘာသာဝင် အမျိုးသား တစ်ဦးကို သတ်ဖြတ်လိုက်ပြီး နောက်တစ်နေ့တွင် မွတ်စ်လင်မ် အမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ပြန်သည်။ ရှေ့ဆက်လာသော ရုန်းရင်းဆန်ခတ်မှုကြောင့် လူပေါင်း အနည်းဆုံး (၁၂)ဦး ထိခိုက်ဒဏ်ရာရစေခဲ့ပြီး၊ အာဏာပိုင်များက ည(၉)နာရီမှ နံနက်(၅)နာရီအထိ ကာဖျူးအမိန့်ကို ထုတ်ပြန်လိုက်သည်။

    လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့်မဆုံတွေ့လိုက်ရသော်လည်း ၎င်း၏မိတ်ဆွေများက သူသည် ထိုကျူးလွန်မှုမှ ကင်းစင်ကြောင်း ဆိုကြ၏။ နိုင်ငံပိုင် မီဒီယာမှ ယင်းဖြစ်စဉ်ကိုဖော်ပြခဲ့သည်။ ထို့ပြင် မုဒိန်းကောင်အား လွန်ခဲ့သော ရက်သတ္တပတ်ကပင် အရေးယူပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ တရားလို အမျိုးသမီးထံမှ မှတ်ချက်များရယူရန် မရောက်နိုင်ခဲ့ပါ။ အထက်ပါအကြောင်း ရေးတင်ခဲ့သော သစ်ထူးလွင် ၀က်ဘ်ဆိုဒ်သည် နောင်သော် တောင်းပန်ချက်ထုတ်ပြန်၍ အဆိုပါရေးသားချက် မုဒိန်းမှု သတင်းကိုအား ပယ်ဖျက်လိုက်သည်။

    “ သစ်ထူးလွင်ကြောင့် မန္တလေးမြို့မှာ ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စ်လင်မ်တို့အကြား ပဋိပက္ခဖြစ်ကြောင်း ကြားသိရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒီလိုပြဿနာ ဖြစ်အောင် ကျွန်တော်တို့ မရည်ရွယ်ခဲ့ကြပါ ” ဟု ယင်းဆိုဒ်ပေါ်၌ ထုတ်ပြန်ကြေငြာခဲ့သည်။

    ဘာသာရေး အသွင်ဆောင် ရက်စက်သောအကြမ်းဖက်မှုကာလ လွန်မြောက်ပြီးနောက် – လွတ်လပ်ခွင့်ပေးထားသော မီဒီယာသည် နိုင်ငံတော်ကို အကျိုးမပြုဘဲ အမျိုးသားလုံခြုံရေး အပေါ် ခြိမ်းခြောက်မှုရှိကြောင်း သိရပါလျှင် အာဏာပိုင်များမှ အရေးယူမည်ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ၎င်းပြင် အကြမ်းဖက်မှုအား ရှုတ်ချပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်အောင် ယင်းဖြစ်ရပ်မှသင်ခန်းစာယူရန် ပြည်သူတို့ကို တိုက်တွန်းလိုက်သည်။

    လုံခြုံရေး မရှိခြင်းနှင့် မန္တလေးမွတ်စ်လင်မ် လူ့အဖွဲ့အစည်းမှ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ခြင်းအပေါ် အရှင်ဝီရသူက ပြစ်တင်ခဲ့သည်။

    မွတ်စ်လင်မ် အသိုင်းအ၀ိုင်းတို့သည် အမိန့်နာခံခြင်းကို မသိနားမလည်ကြဟု သူက ဆိုသည်။ သတင်းများ၊ မုဒိန်းမှုများအပါအ၀င် သူ၏ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှ ရေးသားချက်များကို ပညာမဲ့များ ဖတ်ရှုပြီး ခံစားချက်နောက်လိုက်ကာ အကြမ်းဖက်မှုများ ဖြစ်ပွား သွားစေခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

    မိမိ၏ဖေ့စ်ဘွတ် စာမျက်နှာ၌ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအပေါ် မွတ်စ်လင်မ် အမျိုးသားတို့၏ လိင်ပိုင်းဆိုင်ရာစော်ကားချက် သတင်းများကို ရေးတင်ခြင်းမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်ရေးနှင့် နိုးကြားစေရေး အကျိုးငှာသာ ဖြစ်ကြောင်း၊ သုံးနှစ်ကျော် အတွင်း အလားတူ အမှုမျိုး ရာနှင့်ချီပြီး ရေးတင်ခဲ့ကြောင်း ယင်းသံဃာကိုယ်တိုင်က ဆိုနေ၏။

    ယင်းသို့ ပစ်မှတ်ထား လက်တုံ့ပြန်တိုက်ခိုက်ခြင်းအပေါ် စိုးရိမ်စိတ်ကြီးမားလာသော အာဏာပိုင်များ၊ သုတေသီများနှင့် ဒေသခံ မွတ်စ်လင်မ်များက အဆိုပါ သတင်းဖြန့်ချိပုံဟန်မျိုးသည် ပြန်လည်ပြုပြင် တည်ဆောက်နေသည့် နိုင်ငံတော်အား မတည်မငြိမ်ဖြစ်စေလေ့ရှိကြောင်း ဆိုကြပေသည်။

    မုဒိန်းမှုပြဿနာတွေဟာ ရဲတပ်ဖွဲ့နဲ့ တရားရုံးအတွက် အရေးကိစ္စသာ ဖြစ်သင့်ပါတယ်။ ဘုန်းကြီးတွေ၊ လူရမ်းကားတွေရဲ့ အလုပ်မဟုတ်ပါဘူး။ တရားစီရင် အရေးယူမှုကို ရဲတွေက မကိုင်တွယ် မဖြေရှင်းဘဲ လူမိုက်အုပ်စုတွေက လုပ်နေကြပါတယ် ” ဟု မန္တလေးမှ မွတ်စ်လင်မ် အမျိုးသား တစ်ဦးဖြစ်သူ ဦးခင်မောင်လတ်က ပြောပြခဲ့သည်။

    သံတမန်များ၊ လေ့လာသူ သုတေသီများ၏အမြင်အရ အခိုင်အမာ ကတိပြုထားပြီးသော ပြန်လည်ပြုပြင် မွမ်းမံရေးလမ်းစဉ်၏ အပြင်းထန် အကြီးမားဆုံး ရင်ဆိုင်နေရသည့်ပြဿနာမှာ မြန်မာနိုင်ငံတစ်ဝှမ်း ဘာသာရေးအကြောင်းပြု အကြမ်းဖက်မှုများ ဖြစ်နေပါသည်။

    ဤနှစ်များအတွင်း ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်တို့အကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း(၂၀၀) အနည်းဆုံး အသေအပျောက်ရှိခဲ့ပြီး ထောင်ပေါင်းများစွာတို့မှာ အိုးမဲ့အိမ်မဲ့ဘ၀သို့ ရောက်ခဲ့ရသည်။ မတရားခံရသူအများစုမှာ မွတ်စ်လင်မ်များသာ ဖြစ်လျက်ရှိနေပေသည်။

    xxxxxxxxxxxxxxxxx
    The Wall Street Journal တွင်ဖော်ပြသော Shibani Mahtani ရေးသားသည့်  Myanmar’s Firebrand Monk Wirathu Defends Use of Facebook ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • “မွတ်စလင်တွေ မိုက်မဲလို့ သနားစရာ ကောင်းပါတယ်” လို့ပြောခဲ့တဲ့ ဦးဝီရသူ ပြောဆိုချက်ကို ခလီဖွှာ ဦးသိန်းဝင်းအောင်၏ တုန့်ပြန်ချက်

    ဇူလိုင် ၆ ၊ ၂၀၁၄
    ဗေဒါလမ်း FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
    U Thein Win Aung
    အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြိ့တွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် ငြိမ်းချမ်း လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပေါ်၌ ဦးဝီရသူမှ  “မွတ်စလင်တွေ မိုက်မဲလို့ သနားစရာ ကောင်းပါတယ်” လို့ပြောကြားချက်ကို အစ္စလာမ်ဘာသာဝင်များဘက်မှ တက်ရောက်လာတဲ့ ခလီဖွှာ ဦးသိန်းဝင်းအောင် မှ အောက်ပါအတိုင်း တုန့်ပြန်ပြောကြားခဲပပါတယ်။

    ဆရာတော် ဦးကာဝိယ ပြောတာတွေကအမှန်တွေဖြစ်ပါတယ်။ မိသားစုလိုနေပါတယ်။ဖြစ်ဖြစ်ချင်းဆရာတော်ဆီကိုဖုန်းဆက်တော့ ကားလေးစီးယူခဲ့ဆိုတော့ ကားလေးစီးနဲ့ အဲဒီနားမှာရှိနေပါတယ်။

    ဆရာတော်ရှိတဲ့အတွက်အားလုံးကလည်းထိုင်ရှိခိုးပါတယ်။တပည့်တော်ကိုလည်း မွတ်စလင်မှန်းသိပေမဲ့ မှဲ.တစ်ပေါက်မစွန်းခဲ့ပါဘူး။ ၂ ညလုံး အတူတူရှိပါတယ်။ဆရာတော်ကိုဗလီတွေကိုခေါ်သွားတာဟာ တပည့်တော် တာဝန်ခံပြီးခေါ်သွားတာဖြစ်ပါတယ်။

    ဆရာတော်ကို တစ်ခုခုဖြစ်လို့ ခုတ်မယ်ဆိုရင် တပည့်တော်ဆရာတော်ရှေ.ကနေအသက်ပေးမှာဖြစ်ပါတယ်။တာဝန်ယူနိုင်တဲ့နေရာတွေကိုခေါ်သွားဖြစ်ပါတယ်။ဆရာတော်ဦးကာဝိယ ဒါကိုယုံကြည်ပေးပါ။နောက်သိုးခြံကိစ္စဆိုရင်လည်း ၂ ခုဖြစ်ပါတယ်။

    သိုးခြံမှာဖမ်းမိတာမိုးကိုဆိုတဲ့သူသာဖြစ်ပါတယ်။ဖမ်းပေးတဲ့သူထဲမှာ ဗုဒ္ဓဘာသာအသင်းအဖွဲ.က ပုဂ္ဂိုလ်ပါတယ်။အရိုက်ခံရတာကအရက်ဆိုင်မှာ ရန်ဖြစ်တာ ၅၃(သို့) ၅၉ လမ်းမှာဖြစ်ပါတယ်။ ( မသဲကွဲသည့်အတွက် ၂ မျိုးရေးထားခြင်းဖြစ်ပါတယ်)။

    ဖေ့ဘုတ်မှာတင်တာတွေက ၂ ခုကို ၁ ခုပေါင်းပြီး အမှားတွေတင်နေတယ်။တပည့်တော်တို့အဖွဲ.သည် လူအင်မတန် နည်းပါတယ်။ အညတရ တွေပါ။ဆရာတော်တို့ရဲ.အကူအညီမပါဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ဝန်ကြီးချုပ်ပြောတာလည်း ဘာသာပေါင်းစုံခေါင်းဆောင်တွေ ပူးပေါင်းပြီး ငြီမ်းချမ်းရေး အတွက်ဆောင်ရွက်ပေးပါလို့မေတ္တာ ရပ်ခံထားပါတယ်။ဆရာတော်တွေ မပါဘဲနဲ့သွားရင် တပည့်တော်တို့ အမှုန့်ဖြစ်သွားပါမယ်။ ပိုက်ဆံလည်း မရှိပါဘူး။ ဒေါ်လာလည်းမရှိပါဘူး။ အာဏာလည်း မရှိပါဘူး၊ ပါဝါလည်း မရှိပါဘူး။ ဆရာတော်ဦးဝီရသူပြောတဲ့ စကား ဌားပြီးပြောတာပါ(ဦးဝီရသူက အဖွဲ.အစည်းအချို.ကို ဒေါ်လာစားများဟုပြောဆိုသည်ကို ပြန်လည် တုန့်ပြန်ခြင်းဖြစ်ပါသည်)။

    အုတ်တချပ် သဲတပွင့်အနေနဲ့ပဲ ပါဝင်တာဖြစ်တဲ့အတွက် ကြီးမားတဲ့ တာဝန်တွေလည်း မထမ်းဆောင်နိုင်ပါဘူး။ ဒါပေမဲ့ဖြစ်လာလို့ရှိရင်တော့ ဆရာတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဥပမာ-မိတ္ထီလာ၊ ထန်းကုန်း၊လားရှိုး စတဲ့မြို.တွေမှာ ဒီဆရာတော်တွေနဲ့ အတူသွားရောက်ပြီး ဖြေရှင်းခဲ့ပါတယ်။အောင်လည်း အောင်မြင်ခဲ့ပါတယ်။မန္တလေးမြို.ကြီး လည်း ဆရာတော်တွေရဲ .အေးရိပ်ကြောင့်၊  မေတ္တာကြောင့်၊ လုံ့လဝိရိယ ကြောင့်အေးချမ်းခဲ့ပါတယ်။ ဒီကိစ္စတွေဖြစ်တာကလည်း ၄၃၆ ကြောင့်ဖြစ်တာပါ။ ဒဲ့ပြောပါမယ်..၄၃၆ ရပ်သွားပြီး စစ်ဖိနပ် အောက်ရောက်သွားပါပြီ (လက်ခုတ်တီးသံများ)…တကယ်လုပ်တာလူတစ်စု ဆိုင်ကယ်အစီး ၄/၅ ဆယ်နဲ့ အရက်သောက်ပြီးမြှောက်ပေးနေတာ အကုန်မူးနေတဲ့သူတွေပါ။မြန်မာနိုင်ငံသည်အလွန်အေးချမ်းပါတယ်။မြန်မာလူမျိုးသည် အလွန်ကောင်းပါတယ်။

    ကျွန်တော်လည်းမြန်မာလူမျိုးအစစ်ပါ။မက္ကာကို ဘုရားဖူးသွားတုန်းကနဲ့ အီဂျစ်တက္ကသိုလ်မှာ စာသွားသင်တုန်းကလည်း ချဉ်ပေါင်ရွက်ကို အချောက်လှမ်းပြီးယူသွားတာ။အကျဉ်းချုံးပြောရင် မြန်မာလူမျိုးတွေစောင့်ရှောက်လို့ အစ္စလာမ် ဘာသာငြီမ်းချမ်းစွာနေထိုင်ရတာ ဟုတ်ပါတယ်။နောက် မန္တလေးမြို.ဟာ Heart Of The Myanmar မြန်မာနိုင်ငံရဲ.အသဲနှလုံး ။ ဒါပေမဲ့မြန်မာနိုင်ငံမှာ နိုင်ငံရေးလှည့်ကွက်ကြောင့် မန္တလေးမြို.ကြီးကိုပြာကျအောင်လုပ်တဲ့ ဇာတ်လမ်းမှာ ဆရာတော်တို့ မပါဝင်ဘူးဆိုလို့ရှိ ရင်မွတ်စလင်တွေတင် သနားစရာကောင်းမှာ မဟုတ်ပါဘူး… ဗုဒ္ဓဘာသာဝင်တွေလည်းသနားစရာကောင်း သွားပါ လီမ့်မယ်လို့ ဆရာတော်ဦးဝီရသူကို ရိုသေစွာလျှောက်ထားအပ်ပါတယ်။။။
    (လက်ခုတ်တီးသံများ)… .

    နေ့စွဲ-၆.၇.၂၀၁၄-
    နေရာ …မိုးကောင်းအလယ်တိုက်ကြီး

    ဓါတ်ပုံ အညွှန်း -ခလီဖဟ် ဦးသိန်းဝင်းအောင် -ပုသိမ်ကြီး ဥယျာဉ်ကျောင်းဆရာတော် နှင့် အာရှအလင်းရောင်ဆရာတော်