News @ M-Media

Blog

  • ဒီနေ့ မနက် အိုးဘိုထောင် ရှေက မန်းလေးမွတ်စလင်များ ပူပေါင်းကူညီမှု မြင်ကွင်းများ

    အိုးဘိုထောင်ရှေက  ကြော်ငြာစာ

    စစ်ကိုင်းတန်းဗလီက  ကူညီဖို့ အသင့်စောင့်နေတဲ့  ကား…

    ကားဂိတ်တွေ လိုက်ပို့ဖို့နဲ့  လွတ်မြောက်လာသူတွေ ကို ပေးဖို့

    ရေသန့်ဘူး  အချိုရည်ဘူးတွေ ကားပေါ်မှာပါတယ်။

    ကားဂိတ်ကို သွားဖို့ စောင့်နေပုံ

    ကားခနဲ့ လမ်းသုံးစရိတ်များ ပေးအပ်နေစဉ်

    ကိုယ်အိမ်ကို ပြန်ကြလေပြီး…..

    Photo Credit to  ကိုရဲရင့်ကျော်

  • မမလဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ ၈ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)
    အဌမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲ

     မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)က စီစဉ်ကျင်းပမည့် အဌမအကြိမ်မြောက်စုပေါင်းသွေးလှုဒါန်းပွဲ ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် သွေးလိုအပ်နေသော လူနာများကို မိမိသွေးဖြင့် လှုဒါန်းကူညီလိုသူအစ္စလာမ်ဘာသာဝင်အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ပါဝင်၍ သွေးလှုဒါန်းခြင်းဖြင့် ကုသိုလ်ယူနိုင်ကြမည် ဖြစ်ပါသည်။

    သွေးလှုဒါန်းပွဲအစီအစဉ်
    နေ့ရက်    – ၈-၁-၂၀၁၂(တနင်္ဂနွေနေ့)
    အချိန်    – နံနက် ၉း၀၀ နာရီမှ ၁၂း၀၀နာရီအထိ
    နေရာ    – အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊
    လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

    မြန်မာမွတ်စလင်မ် ညီအစ်ကိုမောင်နှမများ အနေဖြင့် အထက်ပါသွေးလှုဒါန်းမှုအစီအစဉ်တွင် ပါဝင်၍ သွေးလှုဒါန်းလိုပါက မမမဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ အခန်းအမှတ်(၄-A)တွင် (၅-၁-၂၀၁၂) (ကြာသပတေးနေ့) နောက်ဆုံးထား၍  ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

    ဖုံးဖြင့် ဆက်သွယ်၍ အမည်စာရင်းပေးသွင်းလိုပါက ၀၁-၂၄၁၂၁၂၊ ၀၁-၂၅၂၇၉၉တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။

  • ဦးအောင်သင်း (M.A., B.L., K.S.M)

    အထက်လွှတ်တော်အမတ် ၀တ်လုံတော်ရမင်း

    ၁၉၃၀-ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့မှ ၁၉၃၁-ခု ဇန်န၀ါရီလ (၁၉)ရက်နေ့အထိ ဘိလပ်တွင် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့  တက်ရောက်ရန် မြန်မာပြည်မှ ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ခဲ့ပါသည်။

    (၁) ဦးဘဖေ၊  (၂) ဦးမောင်မောင်အုန်းခိုင်၊  (၃) ဆာဂလန်ဘီနှင့်  (၄) ဦးအောင်သင်းတို့ တက်ရောက်ခဲ့ပါသည်။

    ထိုအစည်းအဝေးမှ မြန်မာနိုင်ငံအုပ်ချုပ်ရေးကို ပြောင်းလဲပေးနိုင်ရန်အတွက် အစီရင်ခံစာ တစ်စောင်ရေးရန် (၁၄)ဦးပါသည့် ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပါသည်။ ၁၄-ဦးကော်မတီက တင်ပြသည့် အချက်(၆)ချက်ကို မျက်နှာစုံညီဆွေးနွေးကြရန် မြန်မာပြည်မှ ကိုယ်စားလှယ် (၁၄)ဦးကို ဘိလပ်ပါလီမန်က ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာပြည်မှ တက်ရောက်သည့် အဆိုပါ ကိုယ်စားလှယ် (၁၄)ဦးတွင် ဦးအောင်သင်း ပါဝင်ပါသည်။

    အထက်လွှတ်တော်အမတ် ဦးအောင်သင်းမှာ တိုင်းရင်းသား အစ္စလာဘာသာဝင် ဗမာမွတ်စလင်မ်တစ်ဦး ဖြစ်ပါသည်။

    —————–

    (ရန်ကုန်တက္ကသိုလ် မွတ်စလင်(မ်)မဂ္ဂဇင်း သမိုင်း၊ စာမျက်နှာ-၁၄၄)

  • ဗိုလ်ချုပ်က​တော် ကွယ်လွန်ခြင်း​အထိမ်း​အမှတ် ဘာသာ​ပေါင်း​စုံ ဆု​တောင်း​ပွဲ ကျင်း​ပ

    အမျိုး​သား​ ခေါင်း​ဆောင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ဇနီး​ ​ဒေါ်ခင်ကြည် ကွယ်လွန်တဲ့​ ၂၃ နှစ်​မြောက် အထိမ်း​အမှတ်​နေ့​အဖြစ် ဘာသာ​ပေါင်း​စုံ ဆု​တောင်း​ပွဲကို သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ဒီက​နေ့​ ကျင်း​ပခဲ့​ပါတယ်။

    မနက်ပိုင်း​ မှာ ​ရွှေ​တောင်ကုန်း​ ​ကျောင်း​တိုက်နဲ့​ ချမ်း​မြ​ကျောင်း​တိုက်က သံဃာ​တော်​တွေကို ​နေ့​ဆွမ်း​ ဆက်ကပ်ခဲ့​ပြီး​ ည​နေပိုင်း​မှာ ခရစ်ယာန်နှစ်ဖွဲ့​၊​ မွတ်စလင်၊​ ဟိန္ဒု၊​ ဂျုး၊​ ဘဟာဒီ ဘာသာ​ရေး​အဖွဲ့​တို့​က​နေ လာ​ရောက် ကုသိုလ်ပြု ဆု​တောင်း​ကြတယ်လို့​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့​ ပထမဦး​ဆုံး​ အမျိုး​သမီး​သံအမတ်ကြီး​ဖြစ်တဲ့​ ​ဒေါ်ခင်ကြည်ဟာ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်​နေ့​မှာ ကွယ်လွန်ခဲ့​တာပါ။

    ကွယ်လွန်ချိန်မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အ​မေရိကန်နိုင်ငံသား​ ဦး​အောင်ဆန်း​ဦး​တို့​ သား​သမီး​ နှစ်ဦး​ ကျန်ရစ်ခဲ့​ပါတယ်။

    DVB မှ ကူးယူဖော်ပြပါသည်။

  • ဟာ့ဂ်ျသွားသူများ အာမခံချက် အပြည့်အ၀ရှိစေမည့် ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းမည်


    မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ခရီးစဉ်တစ်ခုဖြစ်သည့် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် ခရီးသည်များအတွက် အာမခံချက် အပြည့်အ၀ ရှိစေမည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံ အစိုးရမှ တရားဝင် စေလွှတ်သော ဟာ့ဂ်ျအဖွဲ့ခေါင်းဆောင် ဦးအေးလွင်ကပြောသည်။

    “အိန္ဒိယနိုင်ငံမှာဆိုရင် ဟာ့ဂ်ျကော်မတီ အက်ဥပဒေဆိုပြီး ပြဋ္ဌာန်းထားတာရှိတယ်။ အဲဒီ ဥပဒေကို ၂၀၀၂ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာ၊ တော်တော်ပြည့်စုံတယ်။ အဲဒီလို ဥပဒေကို မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းနိုင်ရင် အစ္စလာမ် ဘာသာဝင်တွေရဲ့ ဟာ့ဂ်ျခရီးစဉ်အတွက် တိကျသေချာတဲ့ အာမခံချက်ရရှိမှာပါ” ဟု ၄င်းကပြောသည်။

    ထိုကဲ့သို့ ဥပဒေကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းနိုင်ရန် ဥပဒေရေးရာ ပညာရှင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း ၊ အသေးစိတ် အချက်အလက်အျားညှိနှိုင်းဆောင်ရွက်ပြီးပါက လွှတ်တော်တွင် အဆိုတင်သွင်းပြီး ဥပဒေ တစ်ရပ်ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

    ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် အစ္စလာမ်ဘာသာဝင်များသည် လေယာဉ်လက်မှတ် အခက်အခဲ ၊ ဗီဇာအခက်အခဲများကြောင့် လေယာဉ်ကွက်းရောက်မှ ခရီးစဉ်ပျက်ပြယ်သွားခဲ့ရခြင်းများရှိပြီး၊ ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် လျော်ကြေးသို့မဟုတ် ကုန်ကျငွေများကို ပြန်လည်မရရှိခြင်းများမှာ ခိုင်မာသော ဥပဒေတစ်ရပ် မရှိခြင်းကြောင့်ဖြစ်ကြောင်း အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဝင်းမောင်က သုံးသပ်သည်။

    “အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ ငွေကြေးပြည့်စုံရင် ဆော်ဒီအာရေဗျာနိုင်ငံ မက္ကာမြို့ကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်အောင် သွားပြီး သတ်မှတ်ထားတဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းကျင့်စဉ်တွေကို ဆောင်ရွက်ရမယ်ဆိုတဲ့ ဘာသာရေး ယုံကြည်ချက်ကို ခုတုံးလုပ်ပြီးတော့ တစ်ချို့ ဟာ့ဂ်ျခရီးသွား အေဂျင်စီတွေက ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

    ယခုနှစ်တွင် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် အစ္စလာမ် ဘာသာဝင်ခရီးသည် ၁၂၀၀ခန့်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သောင်တင်ခဲ့ကြပြီး ခရီးစဉ်ပျက်ပြယ်ကာ ငွေကြေး မြောက်မြားစွာ ဆုံးရှုံး နစ်နာခဲ့ရသည်။ ယင်းကဲ့သို့ ဖြစ်စဉ်များ လာမည့်နှစ်တွင် ထပ်မံ မဖြစ်ပွားစေရေးအတွက် စောင့်ကြည့်အဖွဲ့များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း အဆိုပါ စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ ဟာဂျီဦးမောင်မောင်က ပြောသည်။

    စောလင်းထက်
    True New True New Journal ၊ အတွဲ ၄ ၊ အမှတ်၁၄ ၊ ၂၇ ဒီဇင်ဘာ

    ကိုခင်မောင်ထွေး ပြန်လည်မျှဝေချက်ဖြစ်ပါသည်။

    2-12-2011(ဗုဒ္ဓဟူးနေ့)က ရန်ကုန်မြို့ စီတီးစတားဟော်တယ် တွင်  ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့တာဝန်ရှိသူများ မှ စာနယ်ဇင်း၊သတင်းထောက်များနှင့် တွေ့ဆုံ၍ ယခုနှစ် ဟာဂ်ျခရီးသွားရာသီတွင် ဖြစ်ပေါ်ခဲ့သော မြန်မာမွတ်စလင်မ် လူထု အတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်များကို ဟာဂ်ျပြုလုပ်ရန်သွားရောက်ကြမည့် ဟာဂျီလောင်းများအပေါ် ပြုမူဆောင်ခဲ့ကြသောသူများနှင့် ပါတ်သက်သော အကြောင်းအရာများ၊ဟာဂ်ျလေ့လာစောင့်ကြည့်ရေးအဖွဲ့  ဖွဲ့စည်းရခြင်းရည်ရွယ်ချက်များ ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ပါတယ်။
    ယင်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဟာဂျီဦးခင်မောင်သန်း မှ ဆောင်ရွက်ပြီး ဆရာဦးဝင်းငြိမ်းမှ အမှာစကားပြောကြားပေးခဲ့ပါတယ် ၊ ဒီနောက် အလ်ဟာဂ်ျ ဆရာဦးအေးလွင်မှာ ၄င်းအား သက်ဆိုင်ရာမှ မြန်မာဟာဂ်ျအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့စဉ်က ဆောင်ရွက်ခဲ့စဉ်က အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ၊ ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ ဟာဂျီဦးမောင်မောင်မှ ယခုနှစ် ဖြစ်ပေါ်ခဲ့အဖြစ်အပျက်များနှင့် ပါတ်သက်သည်များ ယခုနှစ် ဟာဂ်ျပြုလုပ်ရန် မသွားဖြစ်လိုက်ရသောသူများ၏ စိတ်ပိုင်းဆိုင်နှစ်နာဆုံးရှုံးမှုများ ၊ ငွေကြေးဆုံးရှုံးများနှင့် ပါတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြခဲ့သည့်အပေါ် သိလိုသည်များကို တက်ရောက်လာကြသော စာနယ်ဇင်းမှာ ပုဂ္ဂိုလ်များက သေးစိတ် မေးမြန်းခဲ့ကြရာ ဥက္ကဌ ဟာဂျီဦးမောင်မောင် နှင့် အလ်ဟာဂ်ျ ဦးအေးလွင်တို့ မှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြပါသည်။