
M-Media
ဂါဇာတွင် အကြီးအကျယ်သတ်ဖြတ်မှုများ အစ္စရေးက ပြန်လည်ပြုလုပ်
အစ္စရေးဟာ ဂါဇာကမ်းမြှောင်တစ်၀ှမ်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်အစောပိုင်းက လေကြောင်းကနေ တိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးဟာ အပစ်ရပ်ရေးသဘောတူညီချက်ကို တတ်ဖတ်သတ်အဆုံးသတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ ဇန်န၀ါရီလ ၁၉ ရက်နေ့က စပြီး အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ အပစ်ရပ်ရေး ကာလအတွင်းမှာလည်း အစ္စရေးဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အနည်းဆုံး လူ ၁၀၀ နီးပါး သေးဆုံးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြီး ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄၉၀၀၀ နီးပါး သေဆုံးထားပါတယ်။
ဆီးရီးယား ပြန်လည်တည်ဆောက်ရေး ဥရောပနိုင်ငံများ ကူညီမည်
၁၄ နှစ်ကြာ ပြည်တွင်းစစ်ဒဏ်ကို ခံစားခဲ့ရတဲ့ ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၆ ဘီလီယံကျော် ကူညီဖို့ ဥပရောပနိုင်ငံတွေက ကတိပြုလိုက်ပါတယ်။ မနေ့က ဘလ်ဂျီယံနိုင်ငံမှာ ဥရောပသမဂ္ဂက ဆီးရီးယားအရေး ဆွေးနွေးခဲ့ကြပြီး ဆီးရီးယားကြားဖြတ်အစိုးရရဲ့ နိုင်ငံခြားရေး၀န်ကြီး အာဆတ် ဟာဆန် အလ်-ရှိုင်ဘာနီ တက်ရောက်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လုပ်ဆောင်ဖို့လည်း ဥရောပနိုင်ငံတွေက တိုက်တွန်းခဲ့ပါတယ်။
ဂါဇာတွင် သေဆုံးသူအရေအတွက် မြင့်တက်လာ
ဒီကနေ့မနက် အစောပိုင်း ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၀၀ ကျော်လာခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်အမြောက်အများ ပါ၀င်ပါတယ်။ တိုက်ခိုက်မှုဟာ ဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထား ပြုလုပ်တာဖြစ်ပါတယ်။ ဟားမက်စ်က တိုက်ခိုက်ဖို့ စီစဥ်နေတဲ့အတွက် ကြိုတင်လက်ဦးမှု ရယူတာလို့ အစ္စရေးက ထုတ်ပြန်ထားပြီး ဟားမက်စ်က ဒီပြောဆိုချက်ဟာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။
အစ္စရေးမီဒီယာတွေက တိုက်ခိုက်မှုလုပ်ဖို့ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့တစ်ပတ်က ချမှတ်ခဲ့တာဖြစ်တယ်လို့ အစ္စရေးအစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။ ဟားမက်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေရဲ့ မိသားစု၀င်တွေက ၀န်ကြီးချုပ် နေတန်ယာဟုဟာ ဓားစာခံတွေကို ကယ်တင်ဖို့ ရည်ရွယ်မရှိဘူးလို့ ၀ေဖန်ခဲ့ပြီး ဂျေရုစလင်မှာ လူထုဆန္ဒပြပွဲတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။
Ref: Aljazeera