မတ်လ ၂၂၊ ၂၀၁၂
M-Media
ထွန်းတောက်
ဝမ်းတွင်း ။ ။ ၀မ်းတွင်းနှင့် သဲတောမြို့ရှိ ဗလီများအား ၂၁.၃.၂၀၁၃ ကြာသပတေး ည ၁၂-နာရီဝန်းကျင်က အကြမ်းဖက်လူတစ်စုမှ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိပါသည်။
ယင်းသတင်းအား တိကျခိုင်မာစေရန် M-Media မှ ဆက်သွယ်နေခဲ့ရာ ဖုန်းလိုင်းများမကောင်း၍ ယခု ဆက်သွယ်ရချိန်တွင် အတည်ပြု နိုင်ခဲ့ပါသည်။
ယမန်နေ့ ၂၁-ရက် ည ၁၂-နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်သမားတစ်စု ရောက်ရှိလာပြီး ၀မ်းတွင်းမြို့ရှိဗလီအား ၀ိုင်းဝန်းဖျက်ဆီးလိုက်ကြကြောင်း၊ ယင်းနောက် သဲတောမြို့ရှိ ဗလီအားလည်း ဖျက်ဆီးသွားကြောင်း၊ ယင်းဖျက်ဆီးမှုကြောင့် ဗလီများသည် ရစရာမရှိအောင် ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။
ဝမ်းတွင်းတွင် ယင်း ဗလီတစ်လုံးသာ ခေတ်အဆက်ဆက်ကတည်းမှ ရှိလာခဲ့ခြင်းဖြစ်ပြီး သဲတောတွင်လည်း ယင်းဗလီတစ်လုံးသာ ရှိခြင်းဖြစ်သည်။ ၀မ်းတွင်းမြို့တွင် မွတ်စလင်မ် အိမ်ခြေ ၃၀-ခန့်သာရှိပြီး မွတ်စလင်မ်အိမ်တချို့လည်း ဖျက်ဆီးခံလိုက်ရသောကြောင့် ယခုအခါ ၀မ်းတွင်းနှင့်သဲတောမှ မွတ်စလင်မ်များသည် အိမ်များတွင် မနေရဲကြတော့ပဲ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တချို့မှာ ရဲစခန်းဝင်းအတွင်းမှာ ရောက်ရှိနေကြောင်းသိရသည်။
ဝမ်းတွင်းမြို့သည် မိတ္ထီလာမြို့မှ ကားစီးသွားလျှင် တစ်နာရီခန့်မျှ အကွာအဝေးတွင်တည်ရှိကြောင်း၊ ဗုဒ္ဓဘာသာအား နာမည်ပျက်၊ ယုံကြည်မှုပျက်ပြားမှာကို မလိုလားသော ၀မ်းတွင်းမြို့ခံများနှင့် သံဃာများက ရပ်ကွက်လုံခြုံရေးကို တာဝန်ယူထားကြောင်း၊ ၀မ်းတွင်းနှင့် သဲတောမြို့တွင် အကြမ်းဖက်ဖျက်ဆီးမှုများကိုလုပ်ဆောင်နေသည်မှာ လူ(၁၀၀)၀န်းကျင်ခန့်ရှိကြောင်းနှင့် အကြမ်းဖက်မှု စတင်ဖြစ်ပွားချိန်ကတည်းက ပြဿနာမဖြစ်စေရန် ထိန်းသိမ်းသွားနိုင်ရနိုင်ပြီး ယင်းပြဿနာရပ်များအား နောက်ကွယ်မှ ကြိုးကိုင်နေသူကို သိရှိပါလျက် ထိုအကြမ်းဖက်လူစုအား ရဲများမှ မထိန်းသိမ်းနိုင်ခြင်းကိုလည်း အံ့သြမိကြောင်း ကိုလည်း M-Media ကို ပြောပြလာပါတယ်။
Leave a Reply
You must be logged in to post a comment.