News @ M-Media

Muslim Youth Forum အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

နိုဝင်ဘာ ၂၆၊ ၂၀၁၃
M-Media
သုတ

1455197_3702151090122_553995314_n

ရန်ကုန် ။ ။ မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနက်ဖြန် နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် လူငယ်များအနေဖြင့် နိုင်ငံတော်မှ အကောင်အထည် ဖောင်ဆောင်နေသော လူငယ်များနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ အနာဂတ်ပညာရေး တို့တွင် ပိုမိုပါဝင်လာစေရန်ရည်ရွယ်သည့် Muslim Youth Forum နှင့် နိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်နိုင်ရန် ဖိတ်ကြားကြောင်း သိရပါတယ်။

အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲအား အမှတ်(၁၈၁)၊ ၃-လွှာ၊ ဗိုလ်မင်းရောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး သိလိုသည်များ ရှိပါက 09 421166101, 09 73103614, 09 49338651, 09 5032498, 09 73105364 တို့သို့ ဆက်သွယ်နိုင်ကြောင်းလည်း ထပ်မံ သိရှိရပါတယ်

Comments

Leave a Reply