News @ M-Media

ဒီဇင်ဘာ ၄ အားကစားသတင်းများ

ဒီဇင်ဘာ ၄၊ ၂၀၁၃
M-Media

၂၀၁၄ ကမ္ဘာဖလားကျင်းပမည့် ဘရာဇီးရှိ ဘောလုံးကွင်း သုံးကွင်းပြီးစီးရမည့် နောက်ဆုံးရက်အား ဖီဖာ တိုးမြှင့်ပေး

လာမည့်နှစ်တွင်ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန်အတွက် ဘရာဇီးနိုင်ငံ၏ ဆောင်ရွက်မှုများ အဆင်သင့်ဖြစ်မဖြစ်နှင့် ပတ်သက်ပြီး ကောလဟာလများထွက်ပေါ်လာပြီးနောက် ပြိုင်းပွဲကျင်းပမည့် ကွင်း ၁၂ ကွင်းအနက် ၃ ကွင်းအား ပြင်ဆင်ချိန် နောက်ဆုံးရက်ကို ထပ်မံတိုးပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ ယမန်နေ့က သဘောတူလိုက်သည်ဟု သိရသည်။

ပုံမှန်အားဖြင့် ကွင်း ၁၂ ကွင်းစလုံးအား ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားကာ အဆင်သင့်ဖြစ်နေစေရမည်ဟု သတ်မှတ်ထားသော်လည်း ကျူရီတီဘာနှင့် ကျူအီယာဘာမြို့ရှိ ဘောလုံး ကွင်းများအား ဆောက်လုပ်ရေးလုပ်ငန်းများ မပြီးပြတ်သေးသောကြောင့် အဆင်သင့်ဖြစ်ရမည့်ရက်ကို လာမည့်နှစ် ဖေဖော်ဝါရီလအထိ တိုးမြှင့်ပေးလိုက်ပြီး၊ ယခင် တစ်ပါတ်က ကရိန်းလဲကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သားနှစ်ဦး သေဆုံးခဲ့ကာ ကွင်းအစိတ်အပိုင်းတစ်ချို့ ပျက်စီးသွားသည့် ဆော်ပေါ်လိုမြို့ရှိ ဘောလုံးကွင်းအား နောက်ဆုံးရက်ကို သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။

Ref:channelnewsasia

view-of-damages-at-the……………………

– ပီယာလို၊ ကန်ဒရီဗာနှင့် ဘာလော့တယ်လီတို့ကဲ့သို့ အဆင့်မြင့်ကစားသမားများပါဝင်သည့် အီတလီအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဘွဲ့အား စိန်ခေါ်သူအဖြစ် ယူဆ၍ ရသည်ဟု ချယ်ဆီးအသင်း၏ အီတလီနောက်ခံလူ ဒေးဗစ်လူးဝစ်က ဖွင့်ဟပြောကြားခဲ့သည်။ အီတလီအသင်းမှာ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွင် ရှုံးပွဲမရှိဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သော အသင်းဖြစ်သည်။ နည်းပြ ပရန်ဒယ်လီတွင် ကမ္ဘာ့ဖလား ၄ ကြိမ်ဗိုလ်စွဲထားသည့် အီတလီအသင်းအား၊ ငါးကြိမ်ရရှိထားသည့် ဘရာဇီးအသင်းနှင့် စံချိန်တူနိုင်အောင် စွမ်းဆောင်နိုင်သော ကစားသမားများပါဝင်သည့် အသင်းရှိနေသည်ဟု လူးဝစ်က ထည့်သွင်းပြောကြားခဲ့သည်။
……………………
– အေစီမီလန်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဘာလော့တယ်လီက ၎င်းအနေဖြင့် မိမိ၏ အပြုအမူများကို ပြောင်းလဲသွားမည်ဖြစ်ပြီး အသင်းတွင် ဆက်လက်ရှိနေမည်ဟု ပြောကြားလိုက်သည်။ ဘာလော့တယ်လီမှာ ယခုနှစ် အေစီမီလန်သို့ရောက်ရှိလာခဲ့ပြီးနောက် ၎င်း၏အပြုအမူများအတွက် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့သည့် တစ်ပါတ်က ကာတာနီယာနှင့်ပွဲတွင်လည်း လူမျိုးရေးခွဲခြားမှုလုပ်ရပ်တွင် ပါဝင်ခဲ့သည်။
……………………
– အသင်းရှိ ကစားသမားများအားလုံးမှာ နည်းပြဖြစ်သူ အန်ဒရီဗီလာဘိုအာ့စ်အား ထောက်ခံသည်ဟု စပါးအသင်း၏ ဂိုးသမားဖြစ်သူ ဘရဒ် ဖရီဒယ်ကပြောကြားလိုက်သည်။ တော့တင်ဟမ်အသင်းမှာ ယခုနောက်ပိုင်းပွဲစဉ်များတွင် ရလဒ်မကောင်းဖြစ်နေပြီး မန်စီးတီးအသင်းအား ၆ ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့ရသည်အထိ အခြေအနေဆိုးရွားခဲ့ကာ ပရီးမီယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၉ အထိ ကျဆင်းသွားသောကြောင့် နည်းပြ ဘိုအာ့စ်အနေဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။
………………………
– အဲဗာတန်အသင်းသို့ အငှားချထားသည့် အသင်း၏ လူငယ်တိုက်စစ်မှူး လူကာကူအား အသင်းမှ ဖိအားပေးကာ ထွက်ခွာစေခဲ့သည့် ဆိုသည့်သတင်းအား ချယ်ဆီးနည်းပြ မော်ရင်ဟိုက ငြင်းဆိုလိုက်ပြီး၊ ၎င်း၏အနာဂတ်အား မိမိသာလျှင် ဆုံးဖြတ်မည်ဟု သတိပေးပြောကြားလိုက်သည်။ နည်းပြမာတီနက်ဇ်၏ အဲဗာတန်အသင်းတွင် ပါဝင်ကစားခွင့်ရခဲ့သည့် လိဂ်ပွဲ ၉ ပွဲတွင် ၈ ဂိုးသွင်းယူပေးထားသည့် လူကာကူက မိမိအား ချယ်ဆီးအသင်းမှ ဖိအားပေးကာ အငှားချခဲ့သည်ဟု မကြာသေးမီက ပြောဆိုခဲ့ခြင်းကြောင့် မော်ရင်ဟိုက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်ည်။
………………………….
– အသက် ၂၁ နှစ်အောက် လူငယ်ကစားသမားများကိုသာ ချီးမြှင့်သော ၂၀၁၃ ခုနှစ် အကောင်းဆုံး လူငယ်ကစားသမားဆု (2013 Golden Boyဆု) ကို ဂျှူဗင်တပ်စ်အသင်း၏ ပြစ်သစ် လူငယ်တိုက်စစ်မှူး ပေါ့ဂါက ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။ အသက် ၂၀ အရွယ်သာရှိသေးသည့် ပေါ့ဂါမှာ အသက် ၂၀ အောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့်အတူ ဗိုလ်စွဲနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းသို့ ခေါ်ယူခြင်းခံခဲ့ရကာ ဂျူဗင်တပ်စ်အသင်းတွင်လည်း ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့သောကြောင့် အဲဗာတန်အသင်း၏ တိုက်စစ်မှူး လူကာကူကိုကျော်ဖြတ်ကာ ထိုဆုအား ရရှိခဲ့ခြင်းဖြစ်သည်။
………………………………..
– ဒဏ်ရာကြောင့် အနားယူနေရသော်လည်း ယခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုအား မက်ဆီသာရရှိမည်ဟု ဘရာဇီး ဂန္တ၀င် တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ထိုဆုအတွက် ဇကာတင်စာရင်းတွင် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရီဘာရီတို့၏နောက် မက်ဆီမှာ ဘွတ်ကီဒိုင်များ၏ တတိယဦးစားပေး ကစားသမား အနေဖြင့်သာ သတ်မှတ်ခြင်း ခံထားရသည်။
…………………………..
– ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှ ၎င်းရရှိခဲ့သည့် ဆုတံဆိပ်များကို ခင်းကျင်းပြသမည့် ကိုယ်ပိုင် ပြတိုက်တစ်ခုအား မွေးရပ်မြေ Madeira တွင် ယခုလအတွင်း ဖွင့်လှစ်တော့မည်ဟုသိရသည်။ ရော်နယ်ဒိုမှာ မကြာသေးမီကလည်း လာလီဂါ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်ပြီး ယခုအခါ ပေါ်တူဂီသို့ ရောက်ရှိနေကာ ပြတိုက်ဖွင့်လှစ်ရန် စီစဉ်နေသည်။

 

 

Comments

Leave a Reply