News @ M-Media

27th SEA Games ပြီးဆုံး နိုင်ငံအလိုက် ထိုင်းအသင်းဗိုလ်စွဲ၊ အိမ်ရှင်မြန်မာ ဒုတိယရ

ဒီဇင်ဘာ ၂၂၊ ၂၀၁၃
M-Media

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ပြီးဆုံး၊ နိုင်ငံအလိုက် ထိုင်းအသင်းဗိုလ်စွဲ၊ အိမ်ရှင်မြန်မာ ဒုတိယရ

final day

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇ ကြိမ်မြောက်အရှေ့အောင်အာရှ အားကစားပြိုင်ပွဲ ယနေ့ နောက်ဆုံးနေ့အဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲအားလုံးပြီးစီးတဲ့အချိန်မှာတော့ အိမ်နီးချင်းထိုင်းနိုင်ငံက ရွှေတံဆိပ် (၁၀၇) ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၂၈၂ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာကို ဆွတ်ခူးရရှိသွားပါတယ်။

အိမ်ရှင်မြန်မာကတော့ ရွှေတံဆိပ် (၈၆) ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် (၂၃၃)ဆု ဖြင့် ဒုတိယနေရာကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပြိုင်ပွဲမစတင်ခင် ရွှေတံဆိပ် (၁၀၀) ရရှိရန် ရည်မှန်းချက်ထားရှိကြောင်း မီဒီယာများကို အသိပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၈၆)% ပြည်မီ အောင်မြင်ခဲ့ပါတယ်။

အိမ်ရှင်မြန်မာအပေါ် ပြိုင်ဘက်ဒေသတွင်းနိုင်ငံတွေကြားမှာ ပွဲစီစဉ်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် အိမ်နီးချင်းနိုင်ငံများမှ သတင်းမီဒီယာတွေမှာ ချီးကျူးရေးသားနေကြတာကိုတွေ့ရပါတယ်။

လာမည့် ၂၀၁၅ ခုနှစ် ၂၈ ကြိမ်မြောက် အရှေ့တေင်အာရှ အားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

ပိတ်ပွဲ အခမ်းအနား ဓါတ်ပုံများကြည့်လိုလျှင် Click Here

Comments

Leave a Reply