ဇန်န၀ါရီ ၁၃၊ ၂၀၁၄
M-Media

– ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မန်စီးတီးနည်းပြ ပယ်လီဂရီနီအား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့မှုအတွက် နယူးကာဆယ်နည်းပြ အလန်ပါဂျူးက လူသိ ရှင်ကြား ပြန်လည်တောင်းပန်လိုက်သည်။
၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခြင်းခံနေရသည့် နယူးကာဆယ်အသင်းမှာ ပထမပိုင်းပြီးကာနီးတွင် အလယ်တန်းကစားသမား တီယိုတီက ဂိုးသွင်းယူခဲ့ သော်လည်း ဒိုင်လူကြီးက ခွင့်ပြုခဲ့ခြင်းမရှိပေ။ ထိုအချိန်တွင် ပယ်လီဂရီနီနှင့် အလန်ပါဂျူးတို့ စကားများခဲ့ကြပြီး ပါဂျူးက “ခင်ဗျားအသံပိတ်ထား၊ *** အဖိုးကြီး” ဟု ဆဲဆိုခဲ့ပြီး ထိုဆဲဆိုမှုအား တိုက်ရိုက်ထုတ်လွှင်နေသည့် ကင်မရာမှာ ရိုက်ကူးထုတ်လွှင့်မိခဲ့သည်။
ထိုကိစ္စနှင့် ပက်သက်၍ ပါဂျူးက “ကျွန်တော်ပြောခဲ့တာကို ကျွန်တော်သိပါတယ်။ အဲဒီစကားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ထူပူနေတဲ့ အချိန်မို့လို့ ဒါမျိုးထွက်သွားတာပါ။ အခြေအနေတစ်ခုကိုရောက်လာရင် နည်းပြအားလုံး ဒီစကားလုံးကို သုံးကြပါတယ်။ ကျွန်တော် သူ့(ပယ်လီဂရီနီ)ကို တောင်းပန်ခဲ့ပြီး ကံကောင်းစွာပဲ သူကလည်း ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပါဂျူးက ပြောကြားခဲ့သည်။
Ref : Mirror

Leave a Reply
You must be logged in to post a comment.