News @ M-Media

Tag: DailySportsNews

  • ဘောလုံးသမား ဘ၀မှ အနားယူရန် စဉ်းစားနေသည်ဟု အီဗရာဟီမိုဗစ် ဖွင့်ဟ

    ဘောလုံးသမား ဘ၀မှ အနားယူရန် စဉ်းစားနေသည်ဟု အီဗရာဟီမိုဗစ် ဖွင့်ဟ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    457412_heroa
    – မိမိ၏ မိသားစုနှင့်အတူ အချိန်များကုန်ဆုံးရန် အတွက် ဘောလုံးလောကမှ အနားယူတော့မည်ဟု ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    ယခုလအတွင်း အသက် ၃၃ နှစ်ပြည့်တော့မည့် အီဗရာဟီမိုဗစ်မှာ ပြီးခဲ့သည့်ရာသီက ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်း ၄၁ ဂိုး သွင်းယူပေးခဲ့ပြီး၊ ယခုနှစ် ဘောလုံးရာသီတွင်လည်း ၅ ဂိုး သွင်းယူပေးထားနိုင်သည်။

    ၎င်း၏ အသက်အရွယ်အရ ဘောလုံးလောကမှ အနားယူတော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး အီဗရာဟီမိုဗစ် ကိုယ်တိုင်ကလည်း မိမိအနေဖြင့် ကစားသမားဘ၀မှ အနားယူရန် စိတ်အားထက်သန်နေသည်ဟု ပြောကြားခဲ့သည်။

    “(အနားယူဖို့အတွက်) ကျွန်တော်စဉ်းစားနေပါတယ်။ ဘောလုံးကစားရတဲ့အခါ အချိန်အများကြီးကို ဟိုတယ်တွေမှာ ကုန်ဆုံးခဲ့ရပြီး သူများထက် တစ်ပန်းရှုံးခဲ့ရပါတယ်။ ကျွန်တော့်ရဲ့အကြီးဆုံးသားက ၈ နှစ်ရှိပြီး အငယ်ဆုံးသားက ၆ နှစ်ရှိပါပြီ။ သူတို့ဘ၀မှာ ကျွန်တော်ဟာ နေ့တိုင်း အတူမရှိခဲ့ရပါဘူး။ ကျွန်တော့်မိသားစုနဲ့အတူနေချင်ပြီး၊ ကစားသမားဘ၀ ထိပ်ဆုံးအချိန်မှာ အနားယူချင်ပါတယ်” ဟု အီဗရာဟီမိုဗစ်က The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ အေဂျက်၊ ဂျူဗင်တပ်စ်၊ အင်တာ၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီတို့နှင့်အတူ လိဂ်ဖလား ၂၃ လုံးကို ဆွတ်ခူးရရှိခဲ့သည်။ သို့သော်လည်း ၎င်းက ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်ခြင်းမှာ မိမိဘ၀၏ အကြီးမားဆုံး ၀မ်းနည်းမှုဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

  • Financial Fiair Play စည်းမျဉ်းကို ချိုးဖောက်သည့် ကလပ်အသင်းစာရင်း မေလတွင် ကြေညာမည်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    389467_heroa

    – ဘောလုံးအသင်းများအကြား ဘဏ္ဍာရေးညီမှုစည်းမျဉ်း FFP အား ချိုးဖောက်သည့် အသင်းများ စာရင်းကို မေလတွင် ကြေညာမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ က ပြောကြားလိုက်သည်။

    ကလပ်အသင်းများ ဘဏ္ဍာငွေ ထိန်းချုပ်ရေးအဖွဲ့မှ စုံးစမ်းစစ်ဆေးရေး အဖွဲ့ဝင်များမှာ ယခုတစ်ပါတ် အစောပိုင်းက တွေ့ဆုံခဲ့ကြပြီး ဥရောပတစ်ဝှမ်း ကလပ်အသင်း ၇၆ ခု၏ ဘဏ္ဍာရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။  ယူအီးအက်ဖ်အေ၏ အသေးစိတ် စစ်ဆေးမှုများတွင် မန်ချက်စတာစီးတီးအသင်းနှင့် ပီအက်စ်ဂျီတို့ကဲ့သို့သော အသင်းများပါဝင်သည်ဟု သတင်းများက ဖော်ပြနေကြသည်။

    င်္FFP စည်းမျဉ်းအား ချိုးဖောက်သည့် မည်သည့်အသင်းမဆို ဥရောပပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခြင်းအား ပိတ်ပင်ခြင်းနှင့် ကြီးမြင့်သော ဒဏ်ကြေးများ ချမှတ်ခြင်း စသည်တို့ကို ရင်ဆိုင်ရဖွယ်ရှိနေသည်။

    ဥရောပရှိ ကလပ်အသင်းများ အသင်းတည်ဆောက်ရာတွင် ငွေကြေးလွန်ကဲစွာ သုံးစွဲမှုကို ကန့်သတ်ရန်အတွက် ယူအီးအက်ဖ်အေက FFP စည်းမျဉ်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

  • မိမိနှင့် ဆွာရက်ဇ်တို့မှာ ပရီးမီယားလိဂ်၏ မက်ဆီများဖြစ်ကြသည်ဟု အဂူရိုပြော

    မိမိနှင့် ဆွာရက်ဇ်တို့မှာ ပရီးမီယားလိဂ်၏ မက်ဆီများဖြစ်ကြသည်ဟု အဂူရိုပြော

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    -အာဂျင်တိုင်းဖြစ်သည့် မိမိနှင့် လိမ်ခေါက်မွှေနှောက်မှုကို နှစ်သက်ကြသည့်ဆွာရက်ဇ်တို့မှာ ပရီးမီးယားလိဂ်၏ မက်ဆီများ  ဖြစ်ကြသည်ဟု  မန်ချက်စတာစီးတီး  တိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းနှင့် လီဗာပူလ်းအသင်းတို့မှာ ပရီးမီးယားလိဂ်ဖလားအား ရယူရန် ကြိုးစားနေကြသော ပြိုင်ဘက်များဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ၂ ဦးအား လာလီဂါပြိုင်ဘက်များ ဖြစ်သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာကာတိုက်စစ်မှူး မက်ဆီတို့နှင့် နှိုင်းယှဉ်ပြောဆိုကြသော်လည်း အဂူရိုကမူ ၎င်းတို့ ၂ ဦးစလုံးမှာ မက်ဆီနှင့်သာ ပိုတူသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ၂ ဦစလုံးဟာ မက်ဆီတွေပါ။ ပြောချင်တာက ကျွန်တော်ဟာ အာဂျင်တီးနားသားဖြစ်တဲ့အတွက် သူ(မက်ဆီ) နဲ့ တူပါတယ်။ ဆွာရက်ဇ်ကတော့ တောင်အမေရိကသားဖြစ်ပြီး လိမ်ခေါက်တာကို နှစ်သက်ပါတယ်။ ဒါဆို ဘာ့ကြောင့် ကျွန်တော်တို့ နှစ်ယောက်ဟာ မက်ဆီတွေမဖြစ်ရမလဲ” ဟု FourFurTwo မဂ္ဂဇင်းသို့ အဂူရိုကပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားအောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မည်ဟုလည်း အဂူရိုက ထည့်သွင်း ပြောကြားခဲ့သည်။ အဂူရိုနှင့် ဆွာရက်ဇ်တို့မှာ မန်စီးတီးနှင့် လီဗာပူးလ်တို့အတွက် အရေးပါသော တိုက်စစ်မှူးများ ဖြစ်ကြသည်။

    Ref : Goal

  • အီဗရာအား လူမျိုးရေးခွဲခြားခဲ့မှုနှင့် ပက်သက်၍ တောင်းပန်မည်မဟုတ်ဟု ဆွာရက်ဇ်ဆို

    အီဗရာအား လူမျိုးရေးခွဲခြားခဲ့မှုနှင့် ပက်သက်၍ တောင်းပန်မည်မဟုတ်ဟု ဆွာရက်ဇ်ဆို

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media

    – ချယ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှုအတွက် တောင်းပန်ခဲ့သော်လည်း အီဗရာအား လူမျိုးရေးအရ ခွဲခြားပြောဆိုခဲ့မှုအတွက် တောင်းပန်မည် မဟုတ်ဟု လီဗာပူးလ်အသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဥရုဂွေး ရေဒီယိုနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလက မန်ယူနောက်ခံလူ အီဗရာအား လူမျိုးရေးခွဲခြားသော စကားများဖြင့်စော်ကားခဲ့သည်ဟု စွပ်စွဲချက်ဖြင့် FA က ၈ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကာ ပေါင် ၄ သောင်း ဒဏ်ရိုက်ခဲ့သည်။

    သို့သော်လည်း မိမိအနေဖြင့် မည်သည့်အမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဟု ဆွာရက်ဇ်က ရေဒီယို အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    “ပြောရမယ်ဆိုရင် ကျွန်တော့်ဘ၀မှာ အမှားနှစ်ခုသာ လုပ်ခဲ့ဖူးပါတယ်။ အေဂျက်မှာ ကစားခဲ့တုန်းက ပြိုင်ဘက်ကစားသမား(အော့တ်မန် ဘာကာလ်) ကို ကိုက်လိုက်တာနဲ့၊ ဒုတိယက အိုင်ဗန်နိုဗစ်ကို ကိုက်လိုက်တာပါ။ အီဗရာနဲ့ ပက်သက်လို့ကတော့ အားလုံးအမှားချည်းပါပဲ။ ကျွန်တော်ဟာ သက်သေ မရှိဘဲ စွပ်စွဲခံရတာပါ” ဟု Montevideo ရေဒီယိုသို့ ပြောကြားခဲ့သည်။

    အိုင်ဗန်နိုဗစ်အား ကိုက်ခဲ့မှုအတွက် ဆွာရက်ဇ်မှာ ၁၀ ပွဲပယ်ခံခဲ့ရသည်။ သို့သော်လည်း ထိုအချိန်များမှာ ၀မ်းနည်းဖွယ်ကောင်းသော အချိန်များဖြစ်ပြီး၊ ယခုအချိန်တွင် ပျော်ရွှင်မိကြောင်း၊ မိမိတွင် နောင်တရစရာ အကြောင်းများမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဆွာရက်ဇ်မှာ ခြေစွမ်းကောင်း များကို ပြသနိုင်သော်လည်း ၎င်း၏ ဆိုးရွားသော အပြုအမူတစ်ချို့ကြောင့် ပရီးမီးယားလိဂ်သို့ စတင်ရောက်ရှိစဉ်က ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    Ref : Dailymail

  • ၁၉၉၂ ဥရောပဖလားချန်ပီယံ ဒိန်းမတ်အသင်းနည်းပြဟောင်း ကွယ်လွန်

    ၁၉၉၂ ဥရောပဖလားချန်ပီယံ ဒိန်းမတ်အသင်းနည်းပြဟောင်း ကွယ်လွန်

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media

    – ဒိန်းမတ်နိုင်ငံ၏ ဘောလုံးသမိုင်းတွင် တစ်ခုတည်းသော အဓိကအောင်မြင်မှုအဖြစ် ၁၉၉၂ ဥရောပဖလားအား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် လက်ရွေးစင်နည်းပြဟောင်း ရစ်ချတ်မိုလာ နီလ်ဆင်မှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်သည့် နီလ်ဆင်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင် လကတည်းက ဦးနှောက်အမှေးယောင်ရောဂါ ခံစား နေရခြင်း ဖြစ်ပြီး ယမန်နေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

    ဒဏ်ရာကြောင့် ကစားသမားဘ၀ သက်တမ်းတိုခဲ့သော်လည်း နီလ်ဆင်မှာ ဒိန်းမတ်အသင်းအား ၁၉၉၀ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဥရောပဖလား ဗိုလ်လုပွဲတွင် ဂျာမနီအသင်းအား ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့ကာ ဒိန်းမတ်အသင်းအား ဥရောပဖလား ရရှိအောင် ညွှန်ကြား ပေးနိုင်ခဲ့သည်။ ဒိန်းမတ်အသင်းအား ၆ နှစ်ကြာ ကိုင်တွယ်ခဲ့စဉ်အတွင်း ၇၃ ပွဲတွင် ပွဲ ၄၀ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ထို့နောက် ဖင်လန်နှင့် အစ္စရေးအသင်းများ၏ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဘောလုံးလောကမှအနားယူခဲ့သည်။ ၁၉၉၆ ဥရောပ ဖလားချန်ပီယံ ဒိန်းမတ်အသင်း ဂိုးသမားဖြစ်ပြီး ထိုပြိုင်ပွဲအတွင်း အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မန်ယူဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က နီလ်ဆင်ကွယ်လွန်သွားခြင်းအတွက် ၀မ်းနည်းမိကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
    Ref : Goal