News @ M-Media

တောင်ကိုရီးယား သင်္ဘောနစ်မြှုပ်မှု အလောင်းများ ထပ်တွေ့ ၊ သေဆုံးသူ ၈၇ ဦးထိရှိလာ၊ တရုတ်နိုင်ငံသား ၂ဦးပါဝင်

ဧပြီ ၂၂၊ ၂၀၁၄
M-Media

– တိမ်းမှောက်သွားခဲ့သည့် တောင်ကိုရီးယားခရီးသည်တင်င်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများမှ ယနေ့တွင်လည်း အလောင်းများကို ဆက်လက် ဆယ်ယူရရှိနေသည်ဟု သိရသည်။

SEL804-South+Korea+Ship+Sin

ယနေ့နံနက်တွင် အလောင်း ငါးလောင်းနှင့် နေ့လည်တွင် အလောင်း ၁ လောင်းကို ဆယ်ယူရရှိခဲ့သည်။ အဆိုပါ ငါးထပ်သင်္ဘော၏ တတိယနှင့် စတုတ္ထထပ်များကို ရေငုပ် သင်္ဘောများက ယနေ့ညတွင် ပိုက်စိတ်တိုက်ရှာဖွေခဲ့ရာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၂၂ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး သေဆုံးသူဦးရေမှာ ၈၇ ဦးအထိ ရှိလာပြီဖြစ်သည်။

အဆိုပါ ၂၂ ဦးတွင် တရုတ်နိုင်ငံမှ အမျိုးသမီး ၂ ဦးပါဝင်နေပြီး ပျောက်ဆုံးသူများစာရင်းတွင် တရုတ်နိုင်ငံသားများ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ အတည်ပြုရခြင်း မရှိသေးပေ။

တောင်ကိုရီးယား အစိုးရကမူ ကမ်းခြေစောင့်တပ်များ ရေတပ်နှင့် ရေငုပ်သမားများကို အားဖြည့်ကာ ယနေ့ညနှင့် အင်္ဂါနေ့နံနက်တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ကြေညာထားသည်။

ထိုသင်္ဘောတွင် ခရီးသည် ၄၇၆ ဦး လိုက်ပါသွားခဲ့ပြီး ယခုအချိန်အထိ ၁၇၄ ဦးကိုသာ ကယ်တင်ထားနိုင်သည်။
ဆင်ဟွာ

Comments

Leave a Reply