News @ M-Media

ဂျီနိုဆိုက် ညီလာခံသို့ တက်ရောက်ဆွေးနွေးရန် ဦးရဲထွဋ်အား အမေရိကန်-မြန်မာ မွတ်စလင်မ် အသင်း တရားဝင် ဖိတ်ကြား

ဇွန်လ ၁၀ ရက်၊ ၂၀၁၄
M-Media
.ဝေယံ

10371910_239088702956736_7135746582443170806_n
ယခုလ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန် ဂျလိစ် မြို့တွင် ကျင်းပတော့မည့် “မြန်မာမွတ်စလင် မျိုးပြုန်း သုတ်သင်မှု အသိပေး ဟန့်တားရေး ဆိုင်ရာ ညီလာခံ ” သို့ မြန်မာအစိုးရ  ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န် ကြီး နှင့် နိုင်ငံတော် သမ္မတကြီး ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်  ဦးရဲထွဋ် လာရောက်ဆွေးနွေးရန် အမေရိကန် မြန်မာမွတ်စလင်မ် အသင်းမှ တရားဝင်ဖိတ်ကြားသည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အပါအ၀င် မြန်မာမွတ်စလင်မ် များအား မည်သို့မျှ ခွဲ ခြားဆက်ဆံမှု မရှိ တန်းတူညီမျှ  အခွင့်အရေးပေးထားပါသည် ဟု ထပ်ကာတလဲ ငြင်းဆို နေ ခဲ့သည့် ဦးရဲထွဋ် အား ညီလာခံ သို့ ကြွရောက်ပြီး မြန်မာအစိုးရဖက်မှ မည်သည့်မှားယွင်းမှုမျိုးမှ မရှိခဲ့ပါ ဆိုသည့် အကြောင်း အား ချေပရှင်းလင်းနိုင်ရန် စရိတ်စက အကုန်အကျခံပြီး ဖိတ်ခေါ်ပါမည့် အကြောင်း အမေရိကန် မြန်မာမွတ်စလင်မ် အသင်းမှ အတွင်းရေးမှုး ဦးနေလွင်က ပြောပါတယ်။

မြန်မာမွတ်စလင်မ် များအား မျိုးပြုန်းသုတ်သင်မှု သတိပေးဟန့်တားရေး ညီလာခံမှာ ဒုတိယ အကြိမ်မြောက်ကျင်းပတာ ဖြစ်ပြီး Panel Speakers များ အဖြစ်
၁။ ဒေါက်တာ ဂရီဂိုရီ အိပ်ခ်ျ စတင်တန် ( ဥက္ကဋ္ဌ Genocide Watch )
၂။ မစ္စတာ မက်သယူးစမစ်သ် ( အမှုဆောင် ညွှန်ကြားရေးမှုး Fortify Rights )
၃။ ဒေါက်တာ ၀ါကာအွဒ္ဒင်းန် ( ညွှန်ကြားရေးမှုးချူပ် All Rohingya Union ) နှင့် ပင်ဆီလ်ဗေး နီးယားပြည်နယ် တက္ကသိုလ် ပါမောက္ခ တက်ရောက်ပြောကြားမှာဖြစ်ပြီး Special Speaker အဖြစ် Jewish World Watch မှ လက်ထောက်ညွှန်ကြားရေး မှုး မစ္စ နာမာ ဟဗီးဗ် မှ တက်ရောက် စကားပြောကြားမည် ဖြစ်ကြောင်းသိရပါတယ်။

Comments

Leave a Reply