News @ M-Media

ဘန်လေနှင့်ပွဲမှ အသင်းတိုက်စစ်အား ဗန်ဂါးလ်ဝေဖန်

သြဂုတ် ၃၁ ၊ ၂၀၁၄
M-Media
450398_heroa
– ဘန်လေအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် အသင်းတိုက်စစ်၏ အဆုံးသတ်မှုနှင့် ပတ်သက်၍ မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်ပြောဆိုလိုက်သည်။

မန်ယူအသင်းမှာ ပရီးမီးယားလိဂ် ရာသီသစ်တွင် နိုင်ပွဲမရရှိသေးပဲ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း တိုက်စစ်မှူးများ၏ အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် တန်းတက်ဘန်လေအသင်းအား ဂိုးမရှိသရေကျခဲ့သည်။

“ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုရခဲ့ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးတွေကနေ ဂိုးရရမှာဖြစ်ပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ စိတ်ပျက်ဖွယ်ကောင်းတဲ့ ရလဒ်ပါပဲ” ဟု ပွဲအပြီးတွင် MUTV သို့ ဗန်ဂါးလ်က ပြောကြားခဲ့သည်။

ပွဲအစပိုင်းအတွင် ကစားသမားများမှာ ယုံကြည်မှုမရှိကြဟု ဗန်ဂါးလ်က ၀န်ခံခဲ့ပြီး ကစားသမားများမှာလည်း ကြောက်ရွံ့နေကြကြောင်း၊ ရာသီသစ်တွင် နိုင်ပွဲမရသေးသည့်အတွက် မိမိတို့တွင် ဖိအားများရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မန်ယူမှာ ထိုပွဲတွင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ထားသည့် အာဂျင်တိုင်း ကွင်းလယ်လူ ဒီမာရီယာကို လူစား ထည့်သွင်းကစားခဲ့သည်။

Comments

Leave a Reply