သြဂုတ် ၃၁ ၊ ၂၀၁၄
M-Media
– သန့်ရှင်းရေး ဥပေဒများအား ချိုးဖောက်သည်ဟုဆိုကာ ရုရှားရှိ McDonald အသင့်စား အစားသောက် အရောင်း ဆိုင်ခွဲ ၁၂ ခုကို ပိတ်ပစ်ရန် ရုရှား အစားအသောက် အန္တရာယ်ကင်းရှင်းရေး ဌာနက အမိန့်ပေးခဲ့ပြီး အခြားဆိုင်ခွဲ ၁၀၀ ကိုလည်း စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ရုရှားတွင် McDonald ဆိုင်ခွဲ ၄၀၀ ကျော်ရှိပြီး ယခုကဲ့သို့ ပိတ်ပစ်မှုမှာ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို ရုရှားမှ တုံ့ပြန်ခြင်းဖြစ်သည် ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုခဲ့သည်။
McDonald ကလည်း ဆိုင်ခွဲများ ပိတ်ပင်ခံရသည်မှာ မှန်ကန်ကြောင်း ယမန်နေ့တွင် ကြေညာချက် ထုတ်ခဲ့ပြီး ရုရှားတွင် ဆိုင်များပြန်ဖွင့်ခွင့်ရအောင် တတ်နိုင်သမျှ အားလုံး ဆောင်ရွက် သွားမည်ဟု ပြောကြား ခဲ့သည်။
“ဆိုင်တွေကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဘာတွေလုပ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အစားအသောက် ဌာနက စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားတာတွေကို ကျွန်တော်တို့လေ့လာနေ ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လက်မခံပါဘူး။ ဥပဒေဘောင်အတွင်းက သတ်မှတ်ထားတဲ့
လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန်သွားမှာပါ” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်မှုတွင် ရုရှားမှပါဝင်ပတ်သက်သည်ဟု ဆိုကာ အမေရိကန်နှင့် အနောက်နိုင်ငံများက ရုရှားအား စီးပွားရေးပိတ်ဆို့မှု အချို့ ပြုလုပ်ထားပြီး၊ ရုရှားကလည်း ထိုပိတ်ပင်မှုကို တုံ့ပြန်သောအားဖြင့် မကြာသေးမီက ဥရောပမှ အစားအသောက်များ တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။
Press TV
Leave a Reply
You must be logged in to post a comment.