ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
– ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာ သုံးစွဲနေသော Facebook ပို့စ်များတွင် dislike စာတန်းထည့်သွင်းရန် အယူအဆကို မိမိအနေဖြင့် သဘောမကျဟု Facebook တည်ထောင်သူ ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။
ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ Facebook ရုံးချုပ်တွင် သောကြာနေ့က ပြုလုပ်ခဲ့သော ပရိတ်သတ်များနှင့် အွန်လိုင်း အမေးအဖြေတွင် ဇူကာဘာ့ဂ်က ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ပြီး feeling များ ထပ်မံ ထည့်သွင်းခြင်းကိုမူ ထောက်ခံခဲ့သည်။
`(dislike ထည်တာဟာ) ကမ္ဘာ့ကြီး အတွက် ကောင်းတယ်လို့ ကျွန်တော်တို့ ထင်ထဲ အထဲက တစ်ခုမဟုတ်ပါဘူး။ အရမ်း တန်ဖိုးရှိမယ့်အရာလို့ ကျွန်တော်ထင်တာက လူတွေဟာ ခံစားချက်တွေကို ပိုမိုဖော်ပြချင်လာတာပဲ ဖြစ်ပါတယ်´ ဟု like၊ dislike နှင့်ပတ်သက်သည့် မေးခွန်တွင် ဇူကာဘာ့ဂ်က ပြန်လည်ဖြေကြားခဲ့သည်။
Facebook ၏ လူသိများသည့် like စာတန်းမှာ ပို့စ် အများအတွက် ထောက်ခံမှုနှင့် အားကျမှုကို လွယ်ကူစွာ ဖော်ပြနိုင်သော်လည်း အချို့သူများကမူ အဆိုပါ စာတန်းမှာသေဆုံးသော သတင်း၊ သူငယ်ချင်းမိတ်ဆွေများ၏ ၀မ်းနည်းဖွယ်သတင်းများ စသည်တို့အတွက် မလိုက်ဖက်ဟု ထောက်ပြခဲ့ကြသည်။
ဇူကာဘာ့ဂ်မူ စိတ်ခံစားများကို ဖော်ပြရန် ပြည်သူများ အတွက် မှန်ကန်သော နည်းလမ်းအကြောင်းကိုသာ ပြောဆိုဆွေးနွေးကြောင်း၊ ထို့ပြင် မှန်ကန်စွာ လုပ်ကိုင်ရန် ဆန်းစစ်လေ့လာနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
AFP
Leave a Reply
You must be logged in to post a comment.