News @ M-Media

စကော့တလန်ယာ့ဒ် ရဲ ဌာနချုပ် အဆောက်အဦးကို ယူအေအီး ကုမ္ပဏီမှ ဒေါ်လာ သန်း ၅၈၀ ဖြင့် ဝယ်ယူ

ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
M-Media

New Scotland Yard police headquarters is seen in London
– ကမ္ဘာကျော် ဗြိတိန်ရဲတပ်ဖွဲ့ စကော့တလန်ယာ့ဒ်၏ လန်ဒန်မြို့ရှိ ဌာနချုပ်အဆောက်အအုံကို ဇိမ်ခံလူနေတိုက်ခန်းအဖြစ် အသွင်ပြောင်းရန်အတွက် ပင်လယ်ကွေ့မှ ရင်းနှီးမြှုပ်နှံ သူများကို ရောင်းချလိုက်သည်ဟု သိရသည်။

၁၉၆၀ ပြည့်နှစ်များက ဆောက်လုပ်ထားသည့် အဆိုပါ အဆောက်အဦးအား အဘူဒါဘီ ဘဏ္ဍာရေး အုပ်စုသို့ ပေါင် သန်း ၃၇၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ ထိုအဆောက်အဦးအား လူများနေထိုင်ရာ အဆောက်အဦးအဖြစ် သတ်မှတ်ခဲ့သည်ဟု လန်ဒန်အုပ်ချုပ်ရေးမှူးရုံးမှ အင်္ဂါနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

စကော့တလန်ယာ့ဒ် ရဲတပ်ဖွဲ့ကမူ ၎င်းတို့၏ ကုန်ကျ စားရိတ်ကို လျော့ချရန် အတွက် အဆောက်ဦးဟောင်းထက် ပိုသေးသော နေရာ တစ်ခုကို ရွေးချယ်ခဲ့ပြီး၊ ရောင်းချမှုမှ ရရှိသော ငွေကြေးများကို ရဲအရာရှိများအသုံးပြုရန် နည်းပညာသစ်များအတွက် ရင်းနှီးမြှုပ်နှံ သွားမည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း စကော့တလန်ယာ့ဒ်အဖွဲ့၏ ဆိုင်းဘုတ်ဖြစ်သော New Scotland Yard ကိုမူ နဂိုအတိုင်းထားရှိသွားရန် စီစဉ်ထားသည်။

ထိုကဲ့သို့ရောင်းချမှုမှာ လန်ဒန်ရှိ အထင်ကရအဆောက်အဦးများကို ပင်လယ်ကွေ့ ရင်းနှီးမြှုပ်နှံသူများထံသို့ ရောင်းချမှုများထဲမှ တစ်ခုလည်း ဖြစ်သည်။

AP

Comments

Leave a Reply