မတ် ၆၊ ၂၀၁၅
M-Media
– ဘောလုံးလောက၏ အချမ်းသာဆုံး ဘောလုံးသမားစာရင်းကို Goal.com မှ ထုတ်ပြန်ခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု သိရသည်။
စပွန်ဆာမှရရှိသည့် ၀င်ငွေ၊ လုပ်ခနှင့် ဘောနပ်စ်စုစုပေါင်း ပိုင်ဆိုင်မှု ပေါင် ၁၅၂.၃ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်ပြီး ဒုတိယနေရာမှ မက်ဆီနှင့် ၇ သန်း ပိုများနေသည်။ ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ် စာရင်းတွင်လည်း ထိပ်ဆုံး၌ ရှိနေခဲ့ပြီး ၁၂ လအတွင်း ၎င်း၏ ၀င်ငွေမှာ ပေါင် ၁၀ သန်းနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်ကာ ရီးယဲလ်နှင့် ချန်ပီယံလိဂ်၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားတို့ ရရှိခဲ့မှုအတွက် ဘောနပ်စ်များက ၎င်း၏ ၀င်ငွေကို မြင့်တက်စေခြင်းလည်း ဖြစ်သည်။
ဘာစီလိုနာတိုက်စစ်မှူးနေးမာမှာ ပေါင် ၉၇.၉ သန်းဖြင့် တတိယနေရာတွင်ရှိနေပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ၇၆.၁ သန်းဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။ Goal မှထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားများထဲမှ ထိပ်ဆုံး ၁၀ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ခရစ္စတီယာနို ရော်နယ်ဒို ပေါင် ၁၅၂.၃ သန်း
၂။ လီယွန်နယ် မက်ဆီ ပေါင် ၁၄၅ သန်း
၃။ နေးမာ ပေါင် ၉၇.၉ သန်း
၎။ အီဗရာဟီမိုဗစ် ပေါင် ၇၆.၁ သန်း
၅။ ၀ိန်းရူနီ ပေါင် ၇၄.၆ သန်း
၆။ ကာကာ ပေါင် ၆၉.၆ သန်း
၇။ ဆင်မြူယဲလ် အီတူး ပေါင် ၆၃.၁ သန်း
၈။ ရာအူလ်း ပေါင် ၆၁.၆ သန်း
၉။ ရော်နယ်ဒင်ဟို ပေါင် ၆၀.၂ သန်း
၁၀။ လမ်းပတ် ပေါင် ၅၈ သန်း
Ref: Goal.com
Leave a Reply
You must be logged in to post a comment.