မေ ၂၀၊ ၂၀၁၅
M-Media
– ဥရောပကလပ်အသင်းများအကြား ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP ကို လျော့ပေါ့ပေးရန် စီစဉ်နေသည်ကို မိမိအနေဖြင့် မအံ့သြမိဘဲ အဆိုပါ စည်းမျဥ်းမှာ လုံးဝ အလုပ်မဖြစ်ခဲ့ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေမှာ ကလပ်အသင်းများ ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးပမာဏထက် အလွန်အကျွံ ပိုမိုသုံးစွဲ၍ အသင်းအား ပြင်ဆင်ခြင်းကို တားမြစ်ရန်အတွက် အဆိုပါ FFP စည်းမျဉ်းကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း မန်စီးတီး၊ ပီအက်စ်ဂျီနှင့် အင်တာမီလန်တို့အား အဆိုပါစည်းမျဉ်းကို မလိုက်နာမှုအတွက် ဒဏ်ငွေများ အသီးသီးဆောင်ခဲ့ရသည်။
သို့သော်လည်း ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ မိမိတို့အနေဖြင့် အနာဂတ်တွင် အဆိုပါစည်းမျဉ်းကို လျော့ပေါ့ရန် အလားအလာရှိနေသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။ အသင်းများ ငွေကြေးအလွန်အကျွံမသုံးစွဲရေး ဆောင်ရွက်ရန် ယခင်ကတည်းက အဆိုပါပြုခဲ့သည့် အာဆင်ဝင်းဂါးကမူ FFP စည်းမျဉ်းမှာ အလုပ်မဖြစ်ခဲ့ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာရှိတဲ့ငွေကြေးကိုပဲ အမြဲတမ်း ကျွန်တော်တို့ သုံးစွဲတာကြောင့် ဒီစည်းမျဉ်းစည်းကမ်းဟာ ကျွန်တော်တို့ကို ထိခိုက်မှု မရှိပါဘူး။ FFP ကို ဘယ်တုန်းကမှ မလေးစားခဲ့တဲ့ ကလပ်အသင်းအချို့ ရှိပါတယ်။ ပြီးတော့ အခြားတိုင်းပြည်တွေမှာ
ရင်းနှီးမြှုပ်နှံသူတွေရဲ့ အလားအလာရှိတာကြောင့် ဒီစည်းမျဉ်းကို ပိုပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ နိုင်ငံတကာက ဖိအာပေးနေပုံပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် ယူအီးအက်ဖ်အေမှာ လွန်ခဲ့သည့် ၁၀ နှစ် ၁၅ နှစ်က သြဇာမျိုး မရှိတော့ကြောင်း အရာရာတိုင်းမှာ စိန်ခေါ်မှုများရှိနေပြီး ဥရောပဥပဒေအောက်ရှိ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန့်ကျင်သော တင်းကျပ်သည့် ဥပဒေများမှာ အံမ၀င်တော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.