News @ M-Media

မက္ကဆီကိုတွင် မူးယစ်ဂိုဏ်းက လုံခြုံရေးတပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်

မေ ၃၂၊ ၂၀၁၅
M-Media

mxko

– မူးယစ်ဂိုဏ်းများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားရာ ဒေသဖြစ်သည့် မက္ကဆီကို အနောက်ပိုင်းတွင် ယမန်နေ့က လက်နက်ကိုင် အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားလိုက်သည်။

မီချိုအာကန်ပြည်နယ် တန်ဟွာတိုမြို့တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် ဖက်ဒရယ် ရဲတပ်ဖွဲ့နှင့် စစ်သားယာဉ်တန်းမှာ မူးယစ်ဂိုဏ်းသားများ၏ ယူဆရသူများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများတွင် အရပ်သား ၄၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ဖြစ်ကြကာ အဆိုပါ စာရင်းမှာ ကနဦးရရှိသည့် စာရင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီချိုအာကန်နှင့် ဂျာလစ္စကိုပြည်နယ်များမှာ ဂျာလစ္စကို မျိုးဆက်သစ်မူးယစ်ဂိုဏ်း ကြီးစိုးရာ ပြည်နယ်များဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဖက်ဒရယ်နှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များကို ကြီးမားသည့် တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့သည်။

တန်ဟွာတိုမြို့အနီးရှိ ယူရီကျူဝါရိုမြို့တွင် အုပ်ချုပ်ရေးမှူးနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ယခင်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းမှာ ပြီးခဲ့သည့်တစ်ပတ် မဲဆွယ်မှုအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

မီချိုအာကန်ပြည်နယ်ရှိ လယ်သမားများမှာ Knights Templar ဆိုသည့် မူးယစ်ဂိုဏ်းကို တိုက်ထုတ်ရန် ၂၀၁၃ ခုနှစ်က ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply